Krystal Waves

Krystal Waves Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Krystal Waves, Business consultant, Dubai.

၂၀၂၃ရဲ့ ထိပ်တန်းတိုက်စစ်မှူး၅ဦးဘယ်သူတွေကျန်ခဲ့လဲ၊ ဒီကစားသမား၅ယောက် ဖြစ်သင့်လား
04/01/2024

၂၀၂၃ရဲ့ ထိပ်တန်းတိုက်စစ်မှူး၅ဦး

ဘယ်သူတွေကျန်ခဲ့လဲ၊ ဒီကစားသမား၅ယောက် ဖြစ်သင့်လား

ချန်ပီယံလိဂ်ဖိုင်နယ် နောက်ဆုံးဆယ်နှစ် ရလဒ်များဒီနှစ်မှာ ဘယ်သူတွေ ဗိုလ်လုပွဲတက်မလဲ၊ ဘယ်သူတွေ ချန်ပီယံဖြစ်မလဲ
02/01/2024

ချန်ပီယံလိဂ်ဖိုင်နယ် နောက်ဆုံးဆယ်နှစ် ရလဒ်များ

ဒီနှစ်မှာ ဘယ်သူတွေ ဗိုလ်လုပွဲတက်မလဲ၊ ဘယ်သူတွေ ချန်ပီယံဖြစ်မလဲ


၂၀၂၃မှာ ဘောလုံးသမားဘ၀ကနေ အနားယူသွားသူများဟာဇက်က ၃၂နှစ်နဲ့ အငယ်ဆုံးကစားသမားဖြစ်ခဲ့ပြီး ဘတ်ဖွန်ကတော့ ၄၅နှစ်နဲ့ အသက်အကြီးဆု...
28/12/2023

၂၀၂၃မှာ ဘောလုံးသမားဘ၀ကနေ အနားယူသွားသူများ

ဟာဇက်က ၃၂နှစ်နဲ့ အငယ်ဆုံးကစားသမားဖြစ်ခဲ့ပြီး ဘတ်ဖွန်ကတော့ ၄၅နှစ်နဲ့ အသက်အကြီးဆုံး ကစားသမားဖြစ်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်မှာ ပွဲဆက်အများဆုံး ဂိုးသွင်းနိုင်ခဲ့တဲ့ အသင်းများ
22/12/2023

ပရီးမီးယားလိဂ်မှာ ပွဲဆက်အများဆုံး ဂိုးသွင်းနိုင်ခဲ့တဲ့ အသင်းများ


ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရဖို့ ရေပန်းစားနေတဲ့ အသင်းများဘယ်သူက ရာသီကုန်မှာ ချန်ပီယံဆုကို သိမ်းပိုက်သွားမလဲ
15/12/2023

ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရဖို့ ရေပန်းစားနေတဲ့ အသင်းများ

ဘယ်သူက ရာသီကုန်မှာ ချန်ပီယံဆုကို သိမ်းပိုက်သွားမလဲ


ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲစဉ်အပြီး အုပ်စုအဆင့်ရပ်တည်မှုများယူနိုက်တက်၊ ဆီ‌ဗီးလားနဲ့ နယူးကာဆယ်တို့ကတော့ အုပ်စုအောက်ဆ...
14/12/2023

ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲစဉ်အပြီး အုပ်စုအဆင့်ရပ်တည်မှုများ

ယူနိုက်တက်၊ ဆီ‌ဗီးလားနဲ့ နယူးကာဆယ်တို့ကတော့ အုပ်စုအောက်ဆုံးနေရာတွေနဲ့ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။

ဘင်ဖီကာ၊ ဖီယင်နော့၊ အေစီမီလန်၊ ဂါလာတာစရေး၊ လန်းစ်တို့ကတော့ ယူရိုပါလိဂ်ကို ခရီးဆက်ပါလိမ့်မယ်။ ရာနှုန်းပြည့်နိုင်ပွဲတွေနဲ့ နောက်တစ်ဆင့်တက်နိုင်ခဲ့တာကတော့ မန်စီးတီးနဲ့ရီးရဲလ်မက်ဒရစ်ပါပဲ.

၁၆သင်းအဆင့်မှာ ဘယ်သူတွေ ထိပ်တိုက်တွေ့ဆုံမလဲ

Photo Credit to One Football


ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲ ဒုတိယည ပွဲပြီးရလဒ်များ
13/12/2023

ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲ ဒုတိယည ပွဲပြီးရလဒ်များ

ပြီးခဲ့တဲ့လက အဲဗာတန်ဟာ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းတွေကို လိုက်နာခြင်းမရှိဘူးဆိုတဲ့ စွဲချက်နဲ့ ၁၀မှတ်လျှော့ပြစ်ဒဏ် ခံယူခဲ့ရ...
11/12/2023

ပြီးခဲ့တဲ့လက အဲဗာတန်ဟာ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းတွေကို လိုက်နာခြင်းမရှိဘူးဆိုတဲ့ စွဲချက်နဲ့ ၁၀မှတ်လျှော့ပြစ်ဒဏ် ခံယူခဲ့ရပြီးနောက် တန်းဆင်းဇုန်ထဲ ရောက်သွားခဲ့ပါတယ်။

ဒါပေမယ့် အဲဗာတန်ဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်၃ပွဲဆက် အနိုင်ရခဲ့ပြ တန်းဆင်းဇုန်ထဲကနေ ရုန်းထွက်ပြခဲ့ပါပြီ။တကယ်လို့ အဲ‌ဗာတန်သာ ၁၀မှတ်လျှော့ ပြစ်ဒဏ်မခံယူထားရရင် ရမှတ်၂၃မှတ်နဲ့ အဆင့်၁၀နေရာမှာ ရှိနေမှာဖြစ်ပြီး ချဲလ်ဆီးအသင်းထက် ရမှတ်ပိုများနေမှာပါ။

တကယ်လို့ ချဲလ်ဆီးသာ ၁၀မှတ်လျှော့ပြစ်ဒဏ်ခံယူခဲ့ရရင် တန်းဆင်းဇုန်ထဲက လူတန်တောင်းနဲ့ ရမှတ်တူဖြစ်သွားပြီး တန်းမဆင်းရဖို့တောင် ရုန်းကန်ရနိုင်ချေရှိပါတယ်။




ပြီးခဲ့တဲ့ weekend က မန်ချက်စတာယူနိုက်တက်ဟာ အိုးထရက်ဖို့ဒ်မှာ ဘုန်းမောက်ကို အသင်းရဲ့သမိုင်းတစ်လျှောက် ပထမဆုံးရှုံးနိမ့်ခ...
11/12/2023

ပြီးခဲ့တဲ့ weekend က မန်ချက်စတာယူနိုက်တက်ဟာ အိုးထရက်ဖို့ဒ်မှာ ဘုန်းမောက်ကို အသင်းရဲ့သမိုင်းတစ်လျှောက် ပထမဆုံးရှုံးနိမ့်ခဲ့ပါတယ်။

ဒီရှုံးပွဲကြောင့် ယူနိုက်တက်ဟာ ဒီရာသီမှာ ‌၄ကြိမ်မြောက် ပရီးမီးယားလိဂ် အိမ်ကွင်းရှူံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပါပြီ။ ဒါ့အပြင် ပြိုင်ပွဲစုံမှာလည်း အိုးထရက်ဖို့ဒ်မှာ (၃-၀)နဲ့ ၃ပွဲအထိ ရှူံးနိမ့်ထားခဲ့ပါပြီ။

ဖာဂူဆန် အလွန် ၊ ဒေးဗစ်မိုရက်စ်ကနေစပြီး ဒီနေ့ အဲရစ်တန်ဟက်ဂ်လက်ထက်အထိ၊ ဆယ်စုနှစ်အတွင်းမှာ ယူနိုက်တက်ဟာ အိမ်ကွင်းပရီးမီးယားလိဂ်ပွဲစဉ် ၁၉၉ပွဲကစားထားခဲ့ပြီး ၃၅ပွဲအထိ ရှူံးနိမ့်ထားခဲ့ပါတယ်။

မန်ယူနိုက်တက်ဟာ ဖာဂူဆန်ရဲ့လက်အောက်၊ နှစ်ပေါင်း၂၇နှစ်နီးပါးအတွင်း ပရီးမီးယားလိဂ်အိမ်ကွက်းပွဲစဉ် ၄၀၅ပွဲမှာ ၃၄ပွဲသာ ရှူံးနိမ့်ခဲ့တာပါ။




ဘုန်းမောက်ပြန်လာပြီရာသီအဖွင့်၉ပွဲဆက် အရေးနိမ့်ထားပြီး တန်းဆင်းရတော့မလားထင်ရတဲ့ ဘုန်းမောက်ကတော့ နောက်ပိုင်းပွဲစဉ်တွေမှာ တ...
10/12/2023

ဘုန်းမောက်ပြန်လာပြီ

ရာသီအဖွင့်၉ပွဲဆက် အရေးနိမ့်ထားပြီး တန်းဆင်းရတော့မလားထင်ရတဲ့ ဘုန်းမောက်ကတော့ နောက်ပိုင်းပွဲစဉ်တွေမှာ တကယ်ကို ခြေစွမ်းထက်နေခဲ့ပါတယ်။ မနေ့ညကလည်း ယူနိုက်တက် ကို ၃ဂိုးပြတ်နဲ့အနိုင်ယူပြီး အသင်းရဲ့သမိုင်းတစ်လျှောက် ပထမဆုံးအနေနဲ့ အိုးထရက်ဖို့ဒ်မှာ နိုင်ပွဲရခဲ့ပါတယ်။

ယူနိုက်တက်ကို အနိုင်ယူနိုင်ခဲ့ပြီးနောက် ဘုန်းမောက်ဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်၅ပွဲမှာ ၄ပွဲအထိ အနိုင်ရထားခဲ့ပါပြီ။ နယူးကာဆယ်၊ ယူနိုက်တက်တို့ကို အနိုင်ရထားခဲ့ပြီး အက်စ်တွန်ဗီလာကို သရေကစားနိုင်ခဲ့တဲ့ ချယ်ရီတွေရဲ့ ခြေစွမ်းကို အသိအမှတ်ပြုရမှာပါ။

ဒီလိုရလဒ်ကောင်းတွေကြောင့် တန်းဆင်းရတော့မလားလို့ ထင်ခဲ့ရတဲ့အသင်းက အခုဆို တန်းဆင်းဇုန်နဲ့ ၁၀မှတ်အကွာ၊ အဆင့်၁၃နေရာအထိ တက်လှမ်းလာခဲ့ပါပြီ။


" ကယ်လ်ဗင်အတွက် ကျွန်တော် စိတ်မကောင်းပါဘူး။ ဒါက ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် တစ်ခုခုကို စိတ်ကူးပုံဖော်မိလို့ပဲ၊ ကျွန်တေ...
09/12/2023

" ကယ်လ်ဗင်အတွက် ကျွန်တော် စိတ်မကောင်းပါဘူး။ ဒါက ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် တစ်ခုခုကို စိတ်ကူးပုံဖော်မိလို့ပဲ၊ ကျွန်တော်လိုချင်တဲ့ အသင်းကို စိတ်ကူးပုံဖော်ကြည့်တဲ့အခါ သူ့ကိုတွေ့ဖို့ ခက်နေတယ်.. ဒါပါပဲ။"

“ကိုယ်ရည်ကိုယ်သွေးကောင်း၊ အကျင့်စာရိတ္တကောင်း စတဲ့အရည်အသွေးတွေကို ကျွန်တော် တောင်းဆိုတာပါ။ ကယ်ဗင်မှာ ဒီလိုအရည်အသွေးတွေရှိပါတယ်။ ဒါ့ကြောင့် ကျွန်တော် စိတ်မကောင်းပါဘူး။"

လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ကယ်ဗင်ဖီးလစ်ဟာ မန်စီးတီးအသင်းကနေ ထွက်ခွာဖို့ သေချာသွားပါပြီ။ ဒါကို မန်စီးတီးမန်နေဂျာ ပက်ဂွာဒီယိုလာက ခုလို အတည်ပြုလာခဲ့ပါတယ်။

ကယ်ဗင်ဖီးလစ်ဟာ ၂၀၂၂နွေမှာ လိဒ်စ်ယူနိုက်တက်ကနေ မန်စီးတီးကို ပေါင်၄၅သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာပါ။ အသင်းနဲ့အတူ ပထမဆုံးရာသီမှာ ဒဏ်ရာပြဿာနာတွေနဲ့ ရုန်းကန်ခဲ့ရပါတယ်။ ဒဏ်ရာကနေ သက်သာလာခဲ့ပြီးနောက် ကယ်ဗင်ဟာ ဝိတ်တက်နေတယ်လို့ ပက်က မှတ်ချက်ပေးဖူးပါတယ်။




အကောင်းဆုံးဆုတွေ သိမ်းပိုက်ခဲ့တဲ့ ဆရာတပည့်နို၀င်ဘာလအတွက် တစ်လတာအကောင်းဆုံး ပရီးမီးယားလိဂမမန်နေဂျာဆုကိုတော့ ယူနိုက်တက် မန...
08/12/2023

အကောင်းဆုံးဆုတွေ သိမ်းပိုက်ခဲ့တဲ့ ဆရာတပည့်

နို၀င်ဘာလအတွက် တစ်လတာအကောင်းဆုံး ပရီးမီးယားလိဂမမန်နေဂျာဆုကိုတော့ ယူနိုက်တက် မန်နေဂျာ အဲရစ်တန်ဟက်ဂ်က ရရှိခဲ့ပြီး တစ်လတာအကောင်းဆုံးကစားသမားဆုကို ယူနိုက်တက်နောက်ခံလူ ဟယ်ရီမက်ဂွိုင်းယားတို့က ရရှိခဲ့ပါတယ်။

အထူးသတိပြုရန် 📢🚨

စိတ်၀င်စားစရာကောင်းတဲ့ ဘောလုံးသတင်းနဲ့ဆောင်းပါးးတွေကို ဖတ်ဖို့ ကျွန်တော်တို့ရဲ့ Pageလေးကို like , follow လုပ်ခဲ့ပေးဖို့ အနူးအညွတ်တောင်းဆိုပါတယ်ဗျ။




Address

Dubai

Website

Alerts

Be the first to know and let us send you an email when Krystal Waves posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share