Pie Poe

Pie Poe 💝💝💝💝💝

01/01/2026

✨ကျန်းမာတဲ့သူက ပိုနုပျိုတယ်တဲ့✨

သက်မဲ့ပစ္စည်းတွေကို
Upgrade လုပ်တယ်
ကိုယ့်ကိုကျတော့ upgrade လုပ်ဖို့မေ့နေတယ်

Upgrade လုပ်တာ brand တွေဝတ်တာ
Authentic clinic သွားတာ မဟုတ်ဘူး

ခန္ဓာကိုယ် ကျန်းမာအောင်
ရှိရင်းစွဲထက် ပိုနုပျိုအောင် သဘာဝအတိုင်း
အချိန်ပေး အပင်ပန်းခံပြီး exercise regularly လုပ်တာ👌✌️✊

မလုပ်ချင်ရင် reasons ကအများကြီး
လုပ်သလိုမဖြစ်ရင် အဆင်ပြေသလို
ရအောင်လုပ်ပါ ဖြစ်ပါတယ်
လေ့လာပါ ရှာဖွေပါ

ဘယ်သူ ဘယ်လိုက
ဘယ်လောက်ကောင်းပါတယ်ပြော
ကိုယ်တိုင်လုပ်မှဖြစ်တာပါ
တကယ်လုပ်နိုင်ရင် ကိုယ်တိုင်တော့လို့ပါ
အကောင်းဆုံးကိုရှာဖွေတာထက်
လုပ်နိုင်တဲ့အရာက အကောင်းဆုံးပဲ
လုပ်ချင်စိတ်က လုပ်နိုင်စွမ်းကို
ပိုတိုးတက်စေတယ်
ပြောတာက လွယ်တယ်
အပြောနဲ့ညီဖို့က ခက်တာ

ကြားနေကျစကားတခု
မ6၁၁ခင်စားရတာ စားသာစား😄

အဲ့ ပါးစပ်လေးတပေါက်ကို
ဆင်ခြင်တာ ခက်ပေမဲ့
အကျင့်လေးလုပ်ပေးရင်ရတယ်။

အဲ့တော့ ကိုယ်ရဲ့ နေထိုင်စားသောက်မှုပုံစံကို
ပုံမှန်လေး ထိန်းသိမ်းသွားရင်
ကိုယ့်ရဲ့ quality လဲလျော့မသွားဘူး
အရွယ်တခုမှာ body ကိုထိန်းထားနိုင်တာ
Value တခုပဲ

ဘယ်အရာမှ လွယ်မနေဘူး။

30/12/2025

လူတယောက်ကို သဘောကျရင်
Mental ပိုင်းက စသဘောကျရတာ
လေးနက်မှု ပိုခံစားရတယ်။

မြင်ချင်း ချစ်တာ
စွဲလမ်းတာက
Physical ပိုင်းဆိုတော့
အရေပြားအလှရဲ့
ခဏတာ ခံစားမှု

မေတ္တာကိုချဉ်းကပ်ရင်
ကိုယ်လိုလူဖြစ်ဖို့ထက်
ကွဲပြားခြားနားမှုကို
လက်ခံနိုင်အောင် အရင်လုပ်ပါ။

ချစ်ခြင်းက ပေးပြီးရင်
ပြန်ရုတ်သိမ်းရခက်လို့
ပုံဖော်မယ်ဆို
သေချာရဲ့လား
ထပ်ထပ်စစ်ဆေးပါ။

ချစ်ခြင်းမေတ္တာကိုပုံဖော်ရင်
ထပ်တူကျဖို့ထက်
နီးစပ်မှုကို အရင်ခံစားရတယ်။

အပြောမစောပါနဲ့
သိပ်ချစ်တာ
သိပ်ကောင်းတာ
တဘဝလုံးလက်တွဲမှာတို့

လက်ရှိအချိန်ကိုပဲ ခံစားပါ
အသက်ဝင်ပါ
နောင်အချိန်တွေ
သူ့ဟာသူ စကားပြောလိမ့်မယ်။

30/12/2025

ခဏခဏ ဆွဲခေါ်ရလေ
လွှတ်ပေးရတော့မယ် ဆိုတာ
ပိုသိလာတယ်

အမြဲဆွဲခဲ့တဲ့အတွက်
လွှတ်ပေးလိုက်ရရင်
နောင်တမရှိသူက
ကိုယ်ဖြစ်နေမယ်

ခပ်တင်းတင်းဆွဲရတဲ့လက်က
ပိုလွှတ်ချရမြန်တယ်

Address

Melbourne, VIC
3977

Telephone

+61414439923

Website

Alerts

Be the first to know and let us send you an email when Pie Poe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Pie Poe:

Shortcuts

Share

Category