Claire Thu

Website Service kontaktieren

Claire Thu Helping people building system and structure for sustainable growth
Grounded Growth Lead

🔔𝗟𝗮𝘀𝘁 𝗖𝗮𝗹𝗹 𝗳𝗼𝗿 𝗘𝗺𝗯𝗿𝗮𝗰𝗲 𝗬𝗼𝘂𝗿 𝗥𝗲𝗮𝗹𝗶𝘁𝘆 | 𝗠𝗶𝗻𝗶 𝗖𝗹𝗮𝘀𝘀🔔ဒီနေ့ည‌နေ (၃) နာရီမှာ Embrace Your Reality Mini Class ကိုYouTube ကနေ Li...
10/10/2026

🔔𝗟𝗮𝘀𝘁 𝗖𝗮𝗹𝗹 𝗳𝗼𝗿 𝗘𝗺𝗯𝗿𝗮𝗰𝗲 𝗬𝗼𝘂𝗿 𝗥𝗲𝗮𝗹𝗶𝘁𝘆 | 𝗠𝗶𝗻𝗶 𝗖𝗹𝗮𝘀𝘀🔔

ဒီနေ့ည‌နေ (၃) နာရီမှာ Embrace Your Reality Mini Class ကို
YouTube ကနေ Live ပြုလုပ်သွားပါမယ်။

ဒီ Live Mini Class ဟာ Meditation Circle Members သမားများအတွက် သီးသန့်ပြုလုပ်ပေးတာဖြစ်လို Membership ကို Join ချင်တယ်ဆိုရင် အခုဘဲ Join လုပ်နိုင်ပါပြီ။

💳 လစဉ်/နှစ်စဉ်အလိုက် ပေးသွင်းနိုင်မယ့် Option များရှိတာမို အသေးစိတ်ကို အောက်ပါ Link တွေကနေတစ်ဆင့် စုံစမ်းလေ့လာနိုင်ပါတယ်။ 👇

Int'l Payment: https://www.youtube.com//join
MM Payment: https://forms.gle/Lws6d4PJLzXJWKbTA

✨ 𝗘𝗺𝗯𝗿𝗮𝗰𝗲 𝗬𝗼𝘂𝗿 𝗥𝗲𝗮𝗹𝗶𝘁𝘆 | 𝗠𝗶𝗻𝗶 𝗖𝗹𝗮𝘀𝘀 ✨
📅 𝗗𝗮𝘁𝗲 : 𝗢𝗰𝘁𝗼𝗯𝗲𝗿 𝟭𝟬𝘁𝗵, 𝟮𝟬𝟮𝟲
⏰ 𝗧𝗶𝗺𝗲 :
𝟯:𝟬𝟬 𝗽𝗺 (𝗠𝗠𝗧)
𝟯:𝟯𝟬 𝗽𝗺 (𝗕𝗞𝗞)
𝟰:𝟯𝟬 𝗽𝗺 (𝗦𝗚𝗧)
𝟵:𝟯𝟬 𝗮𝗺 (𝗖𝗘𝗧)

09/10/2026

မနက်ဖြန် ည‌နေ (၃) နာရီမှာ Embrace Your Reality Mini Class ကို
စပါတော့မယ်။

ဒီ Mini Class မှာ ဘာတွေလုပ်သွားမလဲဆိုရင်_

🌿 𝗥𝗼𝗼𝘁 𝗖𝗵𝗮𝗸𝗿𝗮 𝗛𝗲𝗮𝗹𝗶𝗻𝗴:
ဘဝမှာ လုံခြုံပြီး 𝗚𝗿𝗼𝘂𝗻𝗱𝗲𝗱 ဖြစ်နိုင်ဖို့ အခြေခံကို ပြန်တည်ဆောက်မယ်။

🌿 𝗡𝗲𝗿𝘃𝗼𝘂𝘀 𝗦𝘆𝘀𝘁𝗲𝗺 𝗥𝗲𝘀𝗲𝘁:
အမြဲတမ်း လှုပ်ရှားရုန်းကန်နေရတဲ့ 𝗣𝗮𝘁𝘁𝗲𝗿𝗻 ကနေ ခဏရပ်ပြီး သင့်ခန္ဓာကိုယ်နဲ့ ပြန်ချိတ်ဆက်ပြီး သင့်ရဲ့ Nervous System ကို လုံခြုံမှု ပြန်ပေးသွားမယ်။

🌿 𝗔𝗯𝘂𝗻𝗱𝗮𝗻𝗰𝗲 𝗠𝗶𝗻𝗱𝘀𝗲𝘁 :
ပိုလုပ်မှ၊ ပိုရမှ၊ ပိုဖြစ်လာမှ ငါအဆင်ပြေမယ် ဆိုတဲ့ 𝗠𝗶𝗻𝗱𝘀𝗲𝘁 ကနေ ရှိနေတဲ့နေရာမှာတောင် လုံလောက်တယ်လို့ ခံစားနိုင်ဖို့ ပြန်လေ့ကျင့်မယ်။

✨ 𝗘𝗺𝗯𝗿𝗮𝗰𝗲 𝗬𝗼𝘂𝗿 𝗥𝗲𝗮𝗹𝗶𝘁𝘆 | 𝗠𝗶𝗻𝗶 𝗖𝗹𝗮𝘀𝘀 ✨
📅 𝗗𝗮𝘁𝗲 : 𝗢𝗰𝘁𝗼𝗯𝗲𝗿 𝟭𝟬𝘁𝗵, 𝟮𝟬𝟮𝟲
⏰ 𝗧𝗶𝗺𝗲 :
𝟯:𝟬𝟬 𝗽𝗺 (𝗠𝗠𝗧)
𝟯:𝟯𝟬 𝗽𝗺 (𝗕𝗞𝗞)
𝟰:𝟯𝟬 𝗽𝗺 (𝗦𝗚𝗧)
𝟵:𝟯𝟬 𝗮𝗺 (𝗖𝗘𝗧)

This is exclusive class for Meditation Circle Members.

Meditation Circle မန်ဘာဝင်လိုသူများ leave the comment or DM. Admin will contact you.

08/10/2026

Abundance ကို တိတ်တိတ်လေး ခံစားမိစေတဲ့
Luxury Moments လေးတွေ

၁။ နောက်တစ်ပတ်ဝတ်မယ့်အဝတ်တွေကို ကြိုစီစဉ်ထားနိုင်တာ။ 👗

၂။ မိတ်ဆွေ၊ သူငယ်ချင်းနဲ့ တွေ့ဖို့ကို တစ်လလောက်ကြိုပြီး ချိန်းထားနိုင်တာ။ 📅

၃။ တစ်ပတ်စာ ဘာစားမလဲဆိုတာ Meal Prep ကို ကြိုပြီး ပြင်ဆင်ထားနိုင်တာ။ 🍝

၄။ အပတ်စဉ် Gym Routine, German စာလေ့လာတဲ့ Routine တွေ မပျက်ကွက်ဘဲ လုပ်နိုင်လာတာ။🏋🏼‍♀️

၅။ လိုချင်တာလေးတွေကို ချက်ချင်းမဝယ်ဘဲ
ပိုက်ဆံလေးတွေစုပြီး Guilty စိတ်မဖြစ်ဘဲနဲ့ သုံးရဲ၊ ဝယ်ရဲလာတာ။ 🛍️

၆။ ခရီးသွားမယ်ဆိုရင်လည်း သုံးမယ့်ငွေကို Budget ကြိုစီမံထားပြီး ခရီးမှာ စိတ်လွတ်ကိုယ်လွတ်သုံးနိုင်တာ။ 🧳

၇။ နောက်တစ်ပတ် ဘာလုပ်မလဲဆိုတာ ကြိုစဉ်းစားထားနိုင်ပေမယ့် အဲ့ဒီ Plan တွေကြောင့် ဖိအားမခံစားရတာ။

ဒါတွေက ကျွန်မအတွက် Abundance ဖြစ်တယ်လို့
ခံစားရတဲ့အချိန်လေးတွေပါ။ ✨

ဘာကြောင့်လဲဆိုတော့
ကျွန်မကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်က
အနာဂတ်ကို အေးအေးဆေးဆေး ကြိုစီစဉ်နိုင်ဖို့တောင်
အရမ်းမလွယ်ခဲ့တဲ့ အခြေအနေက ဖြတ်သန်းလာခဲ့ရလို့ပါ။

အခုတော့“ရှေ့မှာ ဘာဖြစ်မလဲ”
ဆိုတာကို မသိသေးရင်တောင်_

တစ်ပတ်စာ၊ တစ်လစာ၊ (၃) လစာ ကြိုတင်စီစဉ်ရဲလာတဲ့အခါ "ဘာဖြစ်လာလာ ငါရင်ဆိုင်နိုင်တယ်” ဆိုတဲ့ ယုံကြည်မှုလေး ရှိလာပြီ။ 💪🏼

ဒါဟာ ကျွန်မအတွက်တော့ Root Chakra ကပေးတဲ့
ကြွယ်ဝမှုရဲ့ ပုံစံတစ်မျိုးပါပဲ။ ✨

“ငါ ပိုက်ဆံတွေပိုရှာနိုင်လာတယ်" "ပိုအောင်မြင်လာတယ်" ဆိုတာတွေထက် “ငါ့ခန္ဓာကိုယ်က ဘဝကို ပိုလုံခြုံတယ်လို့ ယုံကြည်လာပြီ” ဆိုတဲ့ Quiet Luxury လို ခံစားလာရတယ်။

𝗔𝗻𝗱 𝘁𝗵𝗶𝘀 𝗺𝗮𝗱𝗲 𝗺𝗲 𝗿𝗲𝗮𝗹𝗶𝘇𝗲—
𝗔𝗯𝘂𝗻𝗱𝗮𝗻𝗰𝗲 𝗶𝘀𝗻❜𝘁 𝗮𝗹𝘄𝗮𝘆𝘀 𝗮𝗯𝗼𝘂𝘁 𝗵𝗮𝘃𝗶𝗻𝗴 𝗺𝗼𝗿𝗲.
𝗦𝗼𝗺𝗲𝘁𝗶𝗺𝗲𝘀, 𝗮𝗯𝘂𝗻𝗱𝗮𝗻𝗰𝗲 𝗶𝘀 𝗳𝗶𝗻𝗮𝗹𝗹𝘆 𝗳𝗲𝗲𝗹𝗶𝗻𝗴 𝘀𝗮𝗳𝗲 𝗲𝗻𝗼𝘂𝗴𝗵 𝘁𝗼 𝗽𝗹𝗮𝗻 𝗳𝗼𝗿 𝗺𝗼𝗿𝗲.

ဘဝမှာ အမြဲတမ်း Rush ဖြစ်နေတယ်၊
မသေချာမရေရာမှု တစ်ပတ်စာ Plan မချရဲဘူးဖြစ်နေတယ်
ပိုက်ဆံ တွေနောက်ကိုသာ လိုက်နပေမယ့်

တစ်ခါတလေ ပြဿနာက Goal အသစ်တွေချဖို့မဟုတ်ဘဲ
ကိုယ့်ခန္ဓာကိုယ်က Safety & Stability ကို
ဘယ်လောက်ထိ ခံစားနိုင်သလဲ ဆိုတာ ဖြစ်နိုင်ပါတယ်။ 👐🏼

ဒါ‌ကြောင့် ဘဝထဲမှာ စိတ်ချလက်ချနေရဲပြီး
အနာဂတ်ကို ကြိုတင် စီစဉ်ပြင်ဆင်နိုင်တဲ့
လုံခြုံအေးချမ်းတဲ့ ဘဝနေထိုင်မှုတစ်ခုကို ပြန်လည်တည်ဆောက်ချင်တဲ့သူတွေအတွက်_

𝗘𝗺𝗯𝗿𝗮𝗰𝗲 𝗬𝗼𝘂𝗿 𝗥𝗲𝗮𝗹𝗶𝘁𝘆 𝗠𝗶𝗻𝗶 𝗖𝗹𝗮𝘀𝘀 ကို
ဖန်တီးဖြစ်သွားပါတယ်။

လာမယ့် စနေ‌နေ့မှာ ပြုလုပ်သွားမှာဖြစ်လို့
Embrace Your Reality Mini Class အကြောင်း
အသေးစိတ်ကို Comment မှာ ချပေးထားပါတယ်။ 👇🏼

07/10/2026

အခြေအနေမှန်ကို မမြင်နိုင်ရင်
ဘဝကို ပြောင်းလဲဖို့ ခက်ပါတယ်။ 👐🏼

ကျွန်မကိုယ်တိုင်လည်း
Yangon ကနေ Singapore
Singapore ကနေ Kalaw
Kalaw ကနေ Switzerland ဆိုပြီး
နေရာတွေပြောင်း၊ နိုင်ငံပြောင်းပြီး
ဘဝက တစ်ဆင့်ပြီးတစ်ဆင့် ဖြတ်သန်းလာပြီးမှ
ဒီအရာကို တဖြည်းဖြည်း နားလည်လာခဲ့တာပါ။

Reality ကို လက်ခံတယ်ဆိုတာ
“ဒါပဲရှိတာပဲ” ဆိုပြီး အရှုံးပေးတာ မဟုတ်ပါဘူး။

ကိုယ်မကြိုက်တာကို “မကြိုက်ဘူး” လို့ သိနိုင်ဖို့၊
မသိသေးတာကို “မသိသေးဘူး” လို့ ဝန်ခံနိုင်ဖို့၊
အရာတွေက မျှော်လင့်ထားသလို မဖြစ်တဲ့အခါ—

“ဒါမဖြစ်သင့်ဘူး” လို့ ဆက်တွန်းနေမယ့်အစား
“အခု တကယ်ဖြစ်နေတာက ဘာလဲ?”
လို့ ပြန်ကြည့်နိုင်ဖို့ပါ။

Growth ဆိုတာ နောက်တစ်ဆင့်ကို
အမြဲပြင်ဆင်နေဖို့ပဲ မဟုတ်ပါဘူး။

အခု ကိုယ်ဘယ်မှာရှိနေတယ်ဆိုတာကို
ရိုးရိုးသားသား မြင်နိုင်ဖို့လည်း လိုပါတယ်။

Because you can only change
what you’re willing to see.

ဒီနှစ်မှာ သင့်ရဲ့ Reality ကနေ ပုန်းရှောင်ပြီး
အဆင်ပြေသလိုပဲ ဖြတ်သန်းနေမိတယ်ဆိုရင်—

“အခု ငါ့ဘဝမှာ တကယ်ဖြစ်နေတာက ဘာလဲ?”
ဆိုတဲ့မေးခွန်းနဲ့ စကြည့်ပါ။

ကျွန်မနဲ့အတူ ကိုယ့်ရဲ့ Reality ကို ပြန်ကြည့်ပြီး
၂၀၂၆ ကို ပိုရဲရဲဝင့်ဝင့် နေထိုင်ဖို့
𝗘𝗺𝗯𝗿𝗮𝗰𝗲 𝗬𝗼𝘂𝗿 𝗥𝗲𝗮𝗹𝗶𝘁𝘆 𝗠𝗶𝗻𝗶 𝗖𝗹𝗮𝘀𝘀
မှာ တွေ့ကြမယ်။ 🤍

Mini Class အသေးစိတ်ကို Comment မှာ ချထားပေးပါတယ်။ 👇🏼

06/10/2026

မသိရင်တော့ ဘဝက တိုးတက်နေသလိုလိုနဲ့
တကယ်က တစ်နေရာတည်းမှာ ပိတ်မိနေတက်တယ်။

ဒီမေးခွန်းတွေထဲက တစ်ခုက
သင်နဲ့ ကိုက်ညီနေတဲ့ ဆိုရင်တော့ _
Yes, you are just surviving your life. Not living it. 🌿

ဘဝကို အမြဲတမ်း Survival Mode နဲ့ ရုန်းကန်ရှင်သန်နေရတာမျိုး မဟုတ်ဘဲ၊ လက်ရှိ Reality ထဲမှာ တကယ်ကို အေးချမ်းစွာ တည်ရှိပြီး ရဲရဲဝင့်ဝင့်နေထိုင်သွားချင်တယ်ဆိုရင်တော့ 𝗘𝗺𝗯𝗿𝗮𝗰𝗲 𝗬𝗼𝘂𝗿 𝗥𝗲𝗮𝗹𝗶𝘁𝘆 | 𝗠𝗶𝗻𝗶 𝗖𝗹𝗮𝘀𝘀 ထဲမှာ ပြောပြသွားပါမယ်။

ဒီ Mini Class မှာ ဘဝရဲ့ Next Steps တွေ၊ Next Goals တွေနောက်ကို
မနားတမ်း ပြေးလိုက်နေတာကနေ ခဏရပ်လိုက်မယ်…

🔍လက်ရှိ ကိုယ့်ဘဝထဲမှာ ဘာတွေ တကယ်ဖြစ်ပျက်နေတာလဲ?
💭ဘယ်လို ခံစားချက်နဲ့ ပြဿနာတွေကို ရှောင်လွှဲမနေဘဲ ဖြေရှင်းဖို့ လိုအပ်နေတာလဲ?
🌱အမြဲရုန်းကန်နေထိုင်ရတဲ့ အလေ့အကျင့်တွေကို ဘယ်လိုပြောင်းလဲမလဲ?
ဆိုတာတွေကို Root Chakra & Nervous System Healing နဲ့ အတူတူ ပြန်လည်ဆန်းစစ်ပြီး Inner Safety ကို ပြန်တည်ဆောက်သွားကြပါမယ်။ 🍃

This is exclusive workshop for Meditation Circle.
📌 Meditation Circle အကြောင်း 👇 https://www.youtube.com//join

𝗘𝗺𝗯𝗿𝗮𝗰𝗲 𝗬𝗼𝘂𝗿 𝗥𝗲𝗮𝗹𝗶𝘁𝘆 | 𝗠𝗶𝗻𝗶 𝗖𝗹𝗮𝘀𝘀
Date: October 10th, 2026
Time:
3:00 pm (MMT)
3:30 pm (BKK)
4:30 pm (SGT)
9:30 am (CET)

ဘဝမှာ ရှေ့ကိုပဲ ဆက်သွားနေရပေမယ့်… ဘာလို့ တစ်နေရာတည်းမှာပဲ ပြန်ပြန်ရောက်နေသလို ခံစားနေရတာလဲ?Goal တစ်ခုချတယ်။ အောင်မြင်အော...
05/10/2026

ဘဝမှာ ရှေ့ကိုပဲ ဆက်သွားနေရပေမယ့်… ဘာလို့ တစ်နေရာတည်းမှာပဲ ပြန်ပြန်ရောက်နေသလို ခံစားနေရတာလဲ?

Goal တစ်ခုချတယ်။ အောင်မြင်အောင်လုပ်တယ်။
ပြီးရင် နောက်ထပ် Goal တစ်ခု ထပ်ချတယ်။

Healing လုပ်တယ်။ ပိုကောင်းလာသလို ခံစားရတယ်။
ပြီးတော့ တစ်ခုခု Trigger ဖြစ်လာတဲ့အခါ နောက်ထပ် Healing တစ်ခုကို ထပ်ရှာတယ်။

အလုပ်တွေ ပိုလုပ်တယ်။
ကိုယ့်ဘဝထဲက မကြည့်ချင်တဲ့အရာတွေကို ခဏမေ့သွားတယ်။
ဒါပေမယ့် ခဏကြာရင် အဲ့ဒီ Feeling က ပြန်ရောက်လာတယ်။
ပြီးတော့ အရာအားလုံးက အစကနေ ပြန်စတယ်။

ဒါဟာ တစ်ခါတလေ ကိုယ်က ဘဝမှာ ရှေ့မဆက်နိုင်လို့ မဟုတ်ပါဘူး။
ရင်ဆိုင်ရမယ့် Reality တစ်ခုကို ကျော်ပြီး ရှေ့ကိုပဲ ပြေးနေမိလို့ ဖြစ်နိုင်ပါတယ်။

သင်ရင်မဆိုင်ချင်တဲ့ ပြဿနာ တစ်ခုရှိနေတယ်။
မခံစားချင်တဲ့ Feeling တစ်ခုရှိနေတယ်။
မဝန်ခံချင်တဲ့ အမှန်တရားတစ်ခုရှိနေတယ်။

ဒါကြောင့် we move forward.
New goal.
New project.
New relationship.
New healing.
New version of ourselves.

သင်က တိုးတက်နေတယ်လို့ ခံစားရတယ် ဒါပေမယ့် သင့်ဘဝကတော့ Loop ထဲမှာပဲ လည်နေတယ်။

ဘာကြောင့်လဲဆိုတော့ what we don’t face, we tend to repeat.

သင်မရင်ဆိုင်ချင်တဲ့ Reality တစ်ခုက ဘဝရဲ့ နောက်တစ်ဆင့်တိုင်းမှာ အရိပ်လိုပဲ ပုံစံတစ်မျိုးမျိုးနဲ့ ပြန်ပေါ်လာတတ်လို့ပါ။

Run → Achieve → Feel Empty → Heal → Feel Better → Run Again. You keep moving, but you never really arrive.

ဒါကြောင့် Embrace Your Reality Workshop မှာ
သင့်ဘဝကို ထပ်ပြီး Push Forward လုပ်မယ့်အစား
ဘာကြောင့် ဒီ Loop ထဲကို ထပ်ခါထပ်ခါ ပြန်ရောက်နေရလဲ ဆိုတာကို ပြန်ကြည့်သွားပါမယ်။

🌿 𝗥𝗼𝗼𝘁 𝗖𝗵𝗮𝗸𝗿𝗮 𝗛𝗲𝗮𝗹𝗶𝗻𝗴: ဘဝမှာ လုံခြုံပြီး 𝗚𝗿𝗼𝘂𝗻𝗱𝗲𝗱 ဖြစ်နိုင်ဖို့ အခြေခံကို ပြန်တည်ဆောက်မယ်။

🌿 𝗡𝗲𝗿𝘃𝗼𝘂𝘀 𝗦𝘆𝘀𝘁𝗲𝗺 𝗥𝗲𝘀𝗲𝘁: အမြဲတမ်း လှုပ်ရှားရုန်းကန်နေရတဲ့ 𝗣𝗮𝘁𝘁𝗲𝗿𝗻 ကနေ ခဏရပ်ပြီး သင့်ခန္ဓာကိုယ်နဲ့ ပြန်ချိတ်ဆက်ပြီး သင့်ရဲ့ Nervous System ကို လုံခြုံမှု ပြန်ပေးသွားမယ်။

🌿 𝗔𝗯𝘂𝗻𝗱𝗮𝗻𝗰𝗲 𝗠𝗶𝗻𝗱𝘀𝗲𝘁 : ❞ပိုလုပ်မှ၊ ပိုရမှ၊ ပိုဖြစ်လာမှ ငါအဆင်ပြေမယ်❞ ဆိုတဲ့ 𝗠𝗶𝗻𝗱𝘀𝗲𝘁 ကနေ ရှိနေတဲ့နေရာမှာတောင် လုံလောက်တယ်လို့ ခံစားနိုင်ဖို့ ပြန်လေ့ကျင့်မယ်။

ဒီတစ်ခါတော့—
We stop running.
We come back into our bodies.
We face our present reality.
And we practice staying there — grounded, present, and brave enough to embrace it.

ဘဝကို ပြောင်းလဲဖို့အတွက် အမြဲတမ်း ရှေ့ကိုပဲ ပြေးနေစရာမလိုပါဘူး။

တစ်ခါတလေ ရပ်ပြီး သင့်ရဲ့ လက်ရှိ ရောက်နေတဲ့
Reality ကို ရင်ဆိုင်လိုက်တာက
Loop တစ်ခုကို အဆုံးသတ်ဖို့
ပထမဆုံးခြေလှမ်း ဖြစ်နိုင်ပါတယ်။

This is exclusive workshop for Meditation Circle.

📌 Meditation Circle အကြောင်း 👇

https://www.youtube.com//join

𝗘𝗺𝗯𝗿𝗮𝗰𝗲 𝗬𝗼𝘂𝗿 𝗥𝗲𝗮𝗹𝗶𝘁𝘆 | 𝗠𝗶𝗻𝗶 𝗖𝗹𝗮𝘀𝘀
Date: October 10th, 2026
Time:
3:00 pm (MMT)
3:30 pm (BKK)
4:30 pm (SGT)
9:30 am (CET)

03/10/2026

ဒီနှစ်ထဲ ငါဘာတွေပြောင်းလဲသွားလဲ❓

နှစ်ကုန်ခါနီးတိုင်း 👇🏼

တချို့က—
“ဒီနှစ်မကုန်ခင် ဒါတွေ အကုန်ပြီးအောင်လုပ်ရမယ်”

ဆိုပြီး မပြီးသေးတာတွေကို အတင်း Forced လုပ်ပြီး အပြီးသတ်ချင်နေတတ်တယ်။

တချို့ကတော့—
“ဒီနှစ်ကတော့ ထားလိုက်တော့။
နောက်နှစ်မှပဲ စတော့မယ်”

ဆိုပြီး မလုပ်ရသေးတဲ့ New Year Resolution တွေကို
နောက်နှစ်ဆီ ရွှေ့ထားချင်တတ်တယ်။

တချို့က—
“သူများတွေက တစ်နှစ်အတွင်း အများကြီးပြောင်းလဲသွားပြီ။ ငါကတော့ ဘာမှဖြစ်မလာဘူး”

ဆိုပြီး ကိုယ့်ဘဝကို သူများတွေနဲ့ နှိုင်းယှဉ်ရင်း
ကိုယ့်ကိုယ်ကို အပြစ်တင်နေတတ်တယ်။

ဒါပေမယ့်…
နှစ်သစ်တစ်နှစ် စဖို့မပြင်ဆင်ခင်
အရင်ဆုံး လက်ရှိ Reality ကို ရင်ဆိုင်ဖို့လိုပါတယ်။

အရာအားလုံးကို ပြီးအောင်လုပ်ဖို့ မလိုဘူး။
အရာအားလုံးကို နောက်နှစ်ဆီ
ရွှေ့ထားဖို့လည်း မလိုဘူး။
သူများတွေနဲ့ ကိုယ့် Progress ကို
တိုင်းတာဖို့လည်း မလိုဘူး။

တစ်ခါတလေ သင်လိုအပ်နေတာက_
WHERE AM I RIGHT NOW? ဆိုတဲ့
"ငါအခုဘယ်နေရာမှာ ရှိနေလဲ"
ဆိုတာကို ရိုးရိုးသားသား ကြည့်ရဲဖို့ပါ။

ဒီလို သင့်ရဲ့ အရှိကိုအရှိတိုင်းလက်ခံနိုင်စွမ်းရှိတာဟာ
ကျွန်မတို့ Root Chakra ရဲ့ အင်အားတစ်ခုပါ။

သင့်ရဲ့ Reality ကို
အတင်းကြီးပြောင်းလဲစရာမလိုဘဲ_

“ငါ လုပ်ချင်တာတွေကို ဒီ‌နေ့၊
ဒီနေရာကနေ စလို့ရတယ်”

“ငါလုပ်စရာရှိတာတွေကို ငါရဲ့ပုံစံ၊
ငါ့ရဲ့ Timeline နဲ့လုပ်နိုင်တယ်"

"ငါဖန်တီးနေတဲ့အရာ၊ လိုချင်တဲ့အရာတွေ
အကောင်အထည်ပေါ်လာဖို့ ငါဟာစိတ်ရှည်တယ်"

ဆိုတဲ့ သင့်ရဲ့ ကိုယ်ပိုင် Root Chakra ရဲ့ အားတစ်ခုကို
ပြန်လည်မွေးမြူဖို့လိုပါတယ်။

၂၀၂၆ မှာ မအောင်မြင်ခဲ့တဲ့ အရာတွေကို
နောက်နှစ် New Year Resolution တွေအထိ
သယ်သွားဖို့ မကြိုးစားပါနဲ့ဦး။

အခုလက် ရှိရောက်နေတဲ့ အခြေအနေကို
ရဲရဲဝင့်ဝင့်ကြည့်ရဲ လက်ခံရဲလာတာနဲ့
သင်ဘာဆက်လုပ်ရမလဲဆိုတဲ့ အဖြေတွေကို
Right in the moment မှာတင် ရှာတွေ့လာပါလိမ့်မယ်

“ဘဝကို ဘယ်လိုပြောင်းမလဲ” ထက်
“အခုရှိနေတဲ့ ဘဝကို ဘယ်လိုရင်ဆိုင်ပြီး
အခြေချမလဲ” ကို အရင်ကြိုးစားကြည့်ချင်တယ်ဆိုရင်တော့__

Comment မှာ "EMBRACE" လို့ရေးခဲ့ပါ 👇🏼

02/10/2026

ကြိုးစားနေလျက် ဘာလို့အရာမထင်တာလဲ 💸💭

အဖြေက သင့်ရဲ့ Receiving Capacity ဆိုတဲ့ လက်ခံရယူနိုင်စွမ်း မရှိလို့ပါ။

Spiritual Journey ကိုလျှောက်ကြတဲ့ ရည်ရွယ်ချက်က
ပိုကောင်းတဲ့အရာတွေ၊ ပိုကောင်းတဲ့ ဘဝကို ဖန်တီးတည်ဆောက်နိုင်ဖို့ ဖြစ်ပေမယ့်....

ဒီလိုကောင်းမွန်တဲ့ အရာတွေကို လက်ခံတည်ဆောက်နိုင်တဲ့
Capacity တွေရှိဖို့ဆိုရင် သင့်ရဲ့ Root Chakra တွေက ခိုင်မြဲနေဖို့လိုပါတယ်။

ဒါကြောင့် အရင်ဦးဆုံး သင့်ရဲ့ Root Chakra အတွက်လိုအပ်တဲ့ နေ့စဉ်အလေ့အကျင့်တွေ၊ ဘယ်လို Routine တွေကို
တည်ဆောက်ထားပြီးပြီလဲဆိုတာကို ပြန် ဆန်းစစ်ကြည့်ပါ။

ဆန်းစစ်ကြည့်ပြီးတဲ့အခါ သင့်ရဲ့ လက်ရှိအခြေအ‌နေတစ်ခုကို ပြောင်းလဲချင်တယ်ဆိုရင် Comment မှာ "EMBRACE' လို့ရေးခဲ့ပါ။ 👇🏼

LIFE OF A SPIRITUAL TEACHER 🌿Yoga ဆရာမလေးဘဝကနေ အခုလို Spiritual Wisdom တွေကို မျှဝေပေးလာတာ (၇) နှစ်တိတိရှိသွားပါပြီ။ ဒီ ...
30/09/2026

LIFE OF A SPIRITUAL TEACHER 🌿

Yoga ဆရာမလေးဘဝကနေ အခုလို Spiritual Wisdom တွေကို မျှဝေပေးလာတာ
(၇) နှစ်တိတိရှိသွားပါပြီ။

ဒီ Journey တောက်လျှောက်မှာ_
✨ကျွန်မကိုယ်တိုင်လည်း သူများတွေကို လမ်းပြပေးရင်း မိမိကိုယ်တိုင်လည်း သင်ယူနေရဆဲ…
✨လူတွေကို Healing လုပ်ပေးခဲ့သလို ကိုယ့်ရဲ့အတွင်း စိတ်ဒဏ်ရာတွေကိုလည်း ကုစားနေရဆဲ…
✨ လမ်းတွေလျှောက်ရင်း လမ်းပျောက်လိုက်၊ တစ်ကနေပြန်စလိုက်နဲ့....သူတစ်ဦးပါဘဲ။

Spirit Journey isn’t a straight line.
Your Soul Journey always brings lessons, challenges, and timing needed for your next level.

Don’t give up—allow yourself to fully embrace your own life and new experiences. 🌿

Spiritual Journey မှာ ဗျာများနေရတဲ့သူတွေအတွက် ...1️⃣Meditation, Breathwork, Crystal, Tarot... နည်းလမ်းတွေထဲက ဘယ်ဟာရွေးရမ...
28/09/2026

Spiritual Journey မှာ ဗျာများနေရတဲ့သူတွေအတွက် ...

1️⃣Meditation, Breathwork, Crystal, Tarot... နည်းလမ်းတွေထဲက ဘယ်ဟာရွေးရမလဲ?

သင်နဲ့ အကိုက်ညီဆုံးဖြစ်မယ့် နည်းလမ်းတစ်မျိုးတည်းကိုပဲ ရွေးပါ။ ရွေးထားတဲ့ နည်းလမ်းကို အနည်းဆုံး (၃) ပတ်လောက် လေ့ကျင့်ပါ။ အချိန်ပေးမှ နည်းလမ်းရဲ့ အကျိုးသက်ရောက်မှုကို ခံစားရမှာပါ။

2️⃣ Spiritual နည်းလမ်းတွေထဲက ဘယ်နည်းလမ်းက အမှန်ဆုံးလဲ?

အမှန်ဆုံးဆိုတာ မရှိပါဘူး။
ဘယ်နည်းလမ်းက အကိုက်ညီဆုံးဖြစ်မလဲဆိုတာကိုပဲ
ရွေးရမှာပါ။ သင်နဲ့ အကိုက်ညီဆုံးဖြစ်မယ့် နည်းလမ်းဆိုတာ သင်ရောက်ရှိနေတဲ့နေရာ၊ Consciousness Level
ဒါတွေပေါ် အခြေခံပြီး ရွေးချယ်ရမှာပါ။

3️⃣ Healed ဖြစ်သွားအောင် ဘယ်လိုလုပ်ရမလဲ?

Healing ဆိုတာ ဘယ်နှစ်ကြိမ် လုပ်လုပ် မပြီးနိုင်ပါဘူး။
အရာအားလုံးကိုလည်း Healing လိုက်လုပ်နေစရာ မလိုပါဘူး။ Heal မဖြစ်သေးလို့ သင့်ဘဝက တကယ် ရှေ့မဆက်နိုင် ဖြစ်နေတာလား၊ သင့်ကိုယ်တိုင် လုပ်စရာရှိတဲ့ အလုပ်တွေကို မလုပ်ဘဲ ရှောင်ပြေးချင်လို့ Healing ကို
အကြောင်းပြနေတာလားဆိုတာ ဆန်းစစ်ကြည့်ပါ။

4️⃣ Spiritual လုပ်နေပေမဲ့ ဘာလို့ စိုးရိမ်စိတ်တွေ၊ ငွေကြေးတွေက အဆင်မပြေနေတာလဲ?

သင့်ရဲ့ Root Chakra အားနည်း‌နေလို့ပါ။ Spiritual လုပ်တယ်ဆိုတာ လက်တွေ့ဘဝထဲက ပြဿနာတွေကို ထွက်ပြေးဖို့ မဟုတ်ပါဘူး။ သင့်ရဲ့ အခြေခံ Basic Needs တွေဖြစ်တဲ့ ကျန်းမာရေး၊ နေရေးထိုင်ရေး၊ ငွေကြေး ဒါတွေကို လက်တွေ့ကျကျ ဖြေရှင်းမှသာ Spiritual ရဲ့ ငြိမ်းချမ်းမှုကို အပြည့်အဝ ခံစားနိုင်မှာပါ။

ဒီအချက်တွေထဲက ဘယ်အချက်တွေက
သင့်ရဲ့ Spiritual Journey မှာ ရှေ့မဆက်နိုင်ဘဲ
ဖြစ်နေလဲဆိုတာ Comment မှာ ပြောခဲ့ပါဦးနော်။ 👇🏻

Adresse

Baden

Benachrichtigungen

Erfahren Sie als Erste/r von Neuigkeiten und Aktionen: Wir schicken Ihnen eine E-Mail, wenn Claire Thu etwas veröffentlicht. Ihre E-Mail-Adresse wird für keinen anderen Zweck verwendet, und Sie können sich jederzeit abmelden.

Service Kontaktieren

Nachricht an Claire Thu senden:

Verknüpfungen

Teilen