Insights by Moe Thwe

Insights by Moe Thwe Información de contacto, mapa y direcciones, formulario de contacto, horario de apertura, servicios, puntuaciones, fotos, videos y anuncios de Insights by Moe Thwe, Asesor comercial, Barcelona.

Marketing System တွေနဲ့ ရေရှည်တည်တံ့တဲ့
Digital Business ကို တည်ဆောက်ဖို့ ကူညီပေးနေပါတယ်။ 🎁💸

Telegram:
https://t.me/moethwe_content

https://t.me/insights_by_moe_thwe

24/05/2026

ဒီ Skill ဒီ Experience

ဒါပေမဲ့…

တချို့က တစ်လ ၅ သိန်းပဲ ရနေတယ်။

တချို့က တစ်လ သိန်းရာချီ ရနေတယ်။ 🔥

ကွာသွားတာက…

ဘယ်လို Position ချထားလဲ။

ဘာ Offer ပေးလဲ။

Client ကို ဘယ်လို ရှာလဲ။

ဆိုတာပဲ။

တကယ်တော့…

ဒီခေတ်မှာ
“တော်တာ” တစ်ခုတည်းနဲ့ မလုံလောက်တော့ဘူး။

ကိုယ့်ကိုယ်ကို
ဘယ်လို မြင်အောင်လုပ်လဲဆိုတာက ပိုအရေးကြီးလာပြီ။

——-
အခု ကျွန်မ လုပ်နေတဲ့ ပုံစံက
လမ်းမှန်ပေါ် ရောက်နေတယ်လို့ ထင်တယ်။

ဘာလို့လဲဆိုတော့…

Visual Result ကို တိုက်ရိုက် မြင်နေရလို့ပါ။



Marketing Service ကို စိတ်ဝင်စားတဲ့သူတွေအတွက်…

One on One Consultation ရှိပါတယ်။

ဒါပေမဲ့…

June အတွက် Marketing Special Package ကို
Client ၁ ယောက်ပဲ ထပ်လက်ခံတော့မှာပါ။

ပုံမှန်ဆို တစ်လ ၂ ယောက်ပဲ လက်ခံပါတယ်။

May လအတွက်ပြည့်သွားပြီမလို့ပါ။

June အတွက် ၁ နေရာပဲ ကျန်တော့တယ်။ 🔥

ပြီးတော့

Digital Business ကိုစိတ်ဝင်စားပြီး

“ကျွန်မ လုပ်သလို လုပ်ချင်တဲ့သူ”

ဒါမှမဟုတ်…

“ဒီထက်ပိုပြီး လုပ်ချင်တဲ့သူ” တွေအတွက်…

7 Days Digital Business Bootcamp လည်း ရှိပါတယ်။

ချက်ချင်း စပြီး လေ့လာလို့ရတယ်။

ဒါပေမဲ့…

ဒီ Bootcamp က
ဒီတိုင်းစာဘဲလုပ်ရတဲ့ Course မဟုတ်ဘူး။

သင်နေရင်း လက်တွေ့တန်းလုပ်ရမယ်။

တကယ် စလုပ်ဖို့ Ready ဖြစ်နေတဲ့သူတွေအတွက်ပဲရည်ရွယ်ပါတယ်ရှင့်။

23/05/2026

Manipulate လုပ်ဖို့အတွက်
Online ပေါ်မှာ အသုံးအများဆုံး နည်း ၂ မျိုးရှိတယ်။

Guru တွေတင် မဟုတ်ဘူး။

Brand ကြီးတွေ…
Luxury Brand တွေ…
Beauty Clinic တွေ…
Tech Company တွေ…

အားလုံးနီးပါး ဒီနည်းကို သုံးကြတာဘဲ။

(1) Identity တစ်ခု ဖန်တီးတယ်။

“ငါက ဒီလိုလူမျိုး” ဆိုတဲ့ ခံစားချက်ကို ပေးတယ်။

ပြီးရင်…

ဆန့်ကျင်ဘက် လူအုပ်ကို
မကြိုက်ချင်အောင် လုပ်တယ်။

ဥပမာ…

Uniqlo က အဝတ်ရောင်းတာထက်…

“ရှင်းရှင်းနေတဲ့သူ”
“သေသပ်တဲ့သူ”
“ကိုယ်ဝယ်တာကို သေချာတွေးခေါ်တဲ့သူ”

ဆိုတဲ့ ပုံစံကို ရောင်းတာ။

(2) မကောင်းတဲ့ စိတ်ခံစားချက်ကို ဖန်တီးတယ်။

“ငါ မလုံလောက်သေးဘူး”
“ငါ နောက်ကျနေပြီ”
“ငါ မလှဘူး”

ဆိုတဲ့ Feeling ကို ပေးတယ်။

ပြီးမှ…

သူတို့ Product ကို
အဖြေလို ပြန်ရောင်းတယ်။

တကယ်တော့…

ဒါတွေက Marketing Trick တွေပဲ။

ကောင်းလား…
မကောင်းဘူးလား ဆိုတာက…

ဘယ်လောက်ထိ သုံးလဲ။

ဘာအတွက် သုံးလဲ။

ဘယ်လို သုံးလဲ။

ဆိုတာပေါ် မူတည်တယ်။

ကိုယ့် Brand မှာ
“ရန်သူ” မရှိဘူးဆိုရင်…

ဒါမှမဟုတ်…

“ဘယ်လိုလူမျိုးကို တကယ်ရောင်းနေတာလဲ”
ဆိုတာ မရှင်းဘူးဆိုရင်…

အမြဲ Generic Brand ပဲ ဖြစ်နေမှာ။

ကြည့်လိုက်…

Brand ကြီးတိုင်း…
နာမည်ကြီး Creator တိုင်း…

ဒီ ၂ ခု ရှိတယ်။

“ငါတို့က ဘယ်လိုလူမျိုးလဲ”

ပြီးတော့…

“ငါတို့က ဘယ်လိုလူမျိုး မဟုတ်ဘူးလဲ”

လူတွေက Product ကိုပဲ မဝယ်ဘူး။

သူတို့နဲ့ ကိုက်တဲ့ Identity ကို ဝယ်တာ။

22/05/2026

အရည်အချင်းမပြည့်ဝတာမဟုတ်ဘူး အသုံးမချတတ်တာ !

ကိုယ့်မှာ skill တစ်မျိုးမျိုး၊ passion တစ်ခုခု ရှိတယ်။ အဲ့ပေါ်မူတည်ပြီး Digital Business နဲ့ရပ်တည်ချင်ရင် Digital Business in 7 days Bootcamp ရှိပါတယ်။

18/05/2026

ရှင်းရှင်းလေးပဲ… 👀

ကိုယ်က “ရောင်း” နေလို့
လူတွေက “ဝယ်” တာ မဟုတ်ဘူး။

တခြားလူတွေ ဝိုင်းဝယ်နေကြလို့
လိုက်ဝယ်ကြတာ။ 🔥

ရှည်လျားတဲ့ လူတန်းကြီးတွေ… 👥
“SOLD OUT” ဆိုတဲ့ ဆိုင်းဘုတ်တွေ… 🚫
အလှူပေးသလို စည်ကားနေတဲ့ ကောင်တာတွေ… 🏪
အဆက်မပြတ် ဝင်နေတဲ့ Order Video တွေ… 📦

ပုံမှန် content တွေထက်
ဒီ Content တွေက
လူတွေရဲ့ ခေါင်းထဲမှာ
ပိုအလုပ်လုပ်တယ်။

(1) Social Proof ✅
“လူတွေ ဒီလောက်တောင် ဝိုင်းလုနေမှတော့…
တကယ်ကောင်းလို့ပဲ ဖြစ်မယ်”

“ကောင်းတာတစ်ခုခုရှိရမယ်”

“ တန်လို့ထင်တယ်”

“ တော်တော်ကောင်းမဲ့ပုံဘဲ”

ရှင်းပြစရာမလို customer က ချက်ချင်းသိတယ်။

(2) Halo Effect ✨
မစားရသေးဘူး။
မသုံးရသေးဘူး။

ဒါပေမဲ့ မြင်လိုက်တာနဲ့
“ဒီဟာ Quality ကောင်းမှာပဲ” လို့
ခေါင်းထဲမှာ Auto သတ်မှတ်ပြီးသား။

(3) Urgency ⏳
“စောစောမသွားရင် မရတော့ဘူး”

“နောက်ကျရင် လွတ်သွားမယ်”

ဆိုတဲ့ Fear of Missing Out ကို ဖြစ်စေတယ်။ 😵‍💫



တန်းစီတဲ့ လူအုပ်ကြီး မရှိသေးဘူးလား… 🤔

ရပါတယ်။

Demand ကို ပြတဲ့ နည်းက
တစ်မျိုးတည်း မဟုတ်ဘူး။

ဒီလိုပြလို့ရတယ်… 👇

• “ဒီနေ့ ၃ နာရီတည်းက Sold Out ဖြစ်သွားပါပြီ” 🚫

• Order တွေ အများကြီး ထုပ်ပိုးနေတဲ့ video

• Behind the scenes Production 🎥

• Customer Feedback Video ❤️

• Repeat Customer တွေအကြောင်း

• Chatbox မှာ Order တဖွဲဖွဲ ဝင်နေတဲ့ Screenshot 💬

• ခဏလေးနဲ့ ပြောင်သွားတဲ့/ ကုန်သွားတဲ့ Shelf / Tray 🍞

• မနားတမ်း အလုပ်ရှုပ်နေတဲ့ Staff 🏃

• “Batch 2 Coming Soon” 🔥

• “၅ ခုပဲ ကျန်တော့တယ်” ⚠️

ဒါတွေနဲ့ “ဝယ်လိုအား”ကိုပြလို့ရတယ်။

ဒီ Marketing နည်းလမ်းကရှင်းတယ်။

Product ကို မကြော်ငြာနဲ့။

အဲဒီ Product ကို
လူတွေ ဘယ်လောက် လိုချင်နေကြလဲဆိုတဲ့

“Demand” ကိုပဲ ကြော်ငြာပါ။ 🚀

📍📍marketer တစ်ဦးအနေနဲ့ ရောင်းအားကောင်းနေတဲ့ စီးပွါးရေးတစ်ခုကို ဥပမာအနေနဲ့ရှင်းပြတာပါ။ Video ကထဲ Bakery ကတော့ Motto Bakery ပါ။

15/05/2026

စပိန်နိုင်ငံမှာ တနေ့တနေ့ဘာတွေလုပ်ဖြစ်နေလဲ ?

15/05/2026

Founder Marketing က 👇👇

1. ယုံကြည်မှု' က အရောင်းကို မြန်စေတယ်။
လူတွေက ပိုက်ဆံမထုတ်ခင် ယုံကြည်ချင်ကြတာ။ ပိုင်ရှင်ကိုယ်တိုင် မျက်နှာထွက်ပြတဲ့အခါ "ဒီလူ တကယ်တတ်တယ်၊ ယုံရတယ်" ဆိုတဲ့ ခံစားချက်ကို ချက်ချင်းရစေတယ်။ ပြိုင်ဘက်တွေများပြီး ရှုပ်ယှက်ခတ်နေတဲ့ ဈေးကွက်ထဲမှာဆိုရင် ဒီ 'ယုံကြည်မှု' ကပဲ ကိုယ့်စီးပွါးရေးကို တခြားသူတွေနဲ့ ကွဲထွက်သွားစေမယ့် အဓိကအချက်ပဲ။

2. ပုံပြင်တွေက ရင်ဘတ်ထဲ ပိုရောက်တယ်။
ရောင်းတဲ့ပစ္စည်းမှာ ဘာတွေပါလဲဆိုတဲ့ အချက်အလက်တွေထက်... ဒီလုပ်ငန်းကို ဘာလို့လုပ်တာလဲ ဆိုတဲ့ ခံယူချက်နဲ့ ပ်ုင်ရှင်ရဲ့ စရိုက်ပုံစံ၊ စကာပြောပုံလေးတွေကို လူတွေက ပိုမှတ်မိကြတယ်။ ပိုင်ရှင်ကိုယ်တိုင် ရှေ့ထွက်ပြောတဲ့အခါ လုပ်ငန်းရဲ့ နေရာယူမှုက ပိုရှင်းလင်းသွားပြီး လူတွေရဲ့ ရင်ထဲမှာ တစ်ခါတည်း စွဲကျန်ခဲ့လိမ့်မယ်။

၃။ ခိုင်မာတဲ့ ပရိသတ်အမာခံတွေ ရလာမယ်။
ပိုင်ရှင်ရဲ့ ခံယူချက်တွေကို သဘောကျသွားတဲ့ သူတွေက တစ်ခါဝယ်ပြီး ရပ်မသွားတော့ဘူး။ ရေရှည်အားပေးမယ့် ပရိသတ်တွေ ဖြစ်လာတယ်။ သူတို့က ဆက်ဝယ်တဲ့အပြင် သူများတွေကိုပါ လိုက်ပြီးညွှန်းပေးတတ်တယ်။ ဒါလုပ်ငန်းတစ်ခုအရေးကြီးဆုံး Retention ပါ။

ဘယ်သူမှ မသိသေးတဲ့ အရေးကြီးတဲ့ အကြောင်းပြချက်တစ်ခုကတော့ 👇

၁။ ကြော်ငြာခတွေ သိသိသာသာ သက်သာသွားမယ်။

Facebook တို့ TikTok တို့ရဲ့ နောက်ကွယ်က ကစားကွက်က ရှင်းရှင်းလေးပဲ။ သူတို့က လူတွေကို App ပေါ်မှာ အကြာကြီး စွဲနေစေချင်သလို၊ လုပ်ငန်းတွေကိုလည်း ပိုက်ဆံပေးပြီး ကြော်ငြာ (Ads) သုံးစေချင်တယ်။

အဲဒီတော့ သူတို့ ဘာလုပ်လဲ? စီးပွားရေး Page တွေကနေ တင်သမျှကို လူမမြင်အောင် တမင် ဖိချပစ်လိုက်တယ်။ ဒါမှ လုပ်ငန်းတွေက မတတ်သာဘဲ Ads ပြေးသွင်းကြမှာကိုး။
ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ လူတွေသဘောကျတဲ့ content တွေကျတွန်းတင်ပေးတယ်။ အဲ့ကျမှ လူတွေကို App ပေါ်မှာ အကြာကြီး ဆွဲထားနိုင်တာကိုး။ ဒါကြောင့် ကိုယ်တိုင် ရှေ့ထွက်တာက ကြော်ငြာခချည်း ဖိသုံးနေရတဲ့ သံသရာကနေ လွတ်ပြီး ကုန်ကျစရိတ်ကို အများကြီး ကျသွားစေပါတယ်။

📍လုပ်ငန်းရှေ့ရောက်တိုးတက်ဖို့ အရောင်းမြင့်တင်ရေးပိုင်းဝန်ဆောင်မှုတွေအကြောင်း page မှာစုံစမ်းနိုင်ပါပြီရှင့်။

video ထဲက လုပ်ငန်းရှင်တွေကတော့





12/05/2026

Viral video ပေါင်း 7️⃣0️⃣0️⃣။
လုပ်ငန်းပေါင်း 3️⃣0️⃣0️⃣ ကျော်ရဲ့ Marketing Strategy။

ဒါက ကျွန်မ နာရီပေါင်း ၃၀၀ ရင်းပြီး လေ့လာခဲ့တာတွေပါ။

View များသွားရတဲ့ အပေါ်ယံအကြောင်းအရင်းတွေကို ထိုင်ကြည့်နေတာမျိုး မဟုတ်ဘဲ

📌 1. ဈေးကွက်မှာ ဘယ်လိုနေရာယူနေလဲ ?

📌 2. လူတွေရဲ့ ရင်ဘတ်ထဲကို စကားလုံးတွေနဲ့ ဘယ်လို ထိုးဖောက်လဲ ?

📌 3. မြင်သွားတဲ့သူတွေကို ဝယ်တဲ့သူတွေဖြစ်အောင် ဘယ်လို ဖမ်းဆွဲလဲ ?

ဒါကိုပဲ အဓိက လေ့လာလိုက်တဲ့အခါမှာ သိလိုက်ရတဲ့ အဖြေက တစ်ခုတည်းပဲ။

📍📍 “မြန်မာနိုင်ငံက လုပ်ငန်းရှင်တွေ ပိုက်ဆံတွေအကုန်ခံ Marketing ဆင်းပြီး view တွေသာရသွားတယ် ရောင်းအားတိုးမလားဘူး။” 📍📍

အခုလုပ်ငန်းက လည်တော့လည်နေတယ်၊
ဒါပေမဲ့ အရောင်းက တက်လိုက်ကျလိုက် ဖြစ်နေတယ် ဆိုပါစို့။

အဲဒါ Content တွေ ထပ်မလုပ်နိုင်လို့ မဟုတ်ဘူး။

📍 1. ပြိုင်ဘက်တွေကြားမှာ ကိုယ်က ဘာလဲဆိုတာ (Positioning) မပြတ်သားဘူး။

📍 2. ရမ်းပြီးအော်ပြောနေတဲ့ စကားတွေက ဝယ်မယ့်သူရဲ့ နားထဲကို လုံးဝ မဝင်ဘူး။

📍 3. လူတွေ စိတ်ဝင်စားလာရင်တောင် အရောင်းအဖြစ် သိမ်းမယ့် Flow မရှိဘူး။



ဒီ ၃ ချက်ကိုပဲ ကျွန်မ ဖြေရှင်းပေးချင်တယ်။

🔹 1:1 Marketing Consultation

လက်ရှိ သွားနေတဲ့ပုံစံကို ခွဲခြမ်းစိတ်ဖြာကြည့်မယ်။
ဘယ်နေရာကနေ Customer တွေ လွတ်ထွက်နေလဲ။

“ဘာကို ပြင်၊ ဘယ်လို ဆက်သွား” ဆိုတာကို အကြံပေးမယ်။

Content ပိုင်းလား ?
AI for Marketing လား ?
automation လား ?

လုပ်ငန်းအတွက် အလိုအပ်ဆုံးကို တစ်ခါတည်း ရှင်းပြပေးမယ်။

🔹 3-week Special Marketing Program

ဒါက အပေါ်ယံမဟုတ်ဘဲ
Marketing System တစ်ခုလုံးကို အသစ်ပြန်ချဖို့ / ပြင်ဆင်ဖို့ပါ။

(၃) ပတ်အတွင်း…

• ဘယ်သူ့ကို ရောင်းမှာလဲ၊ ဘယ်လို နေရာယူမှာလဲ ?
• ဘယ်လို စကားမျိုးပြောရင် လူတွေက ပိုက်ဆံထုတ်ပေးမလဲ ?
• အာရုံစိုက်ခံရမှုကို အရောင်းအဖြစ် ဘယ်လို သိမ်းမလဲ ?
• လုပ်ငန်းပြိုင်ဘက်တွေ ဘာတွေလုပ်နေလဲ ?

ဒါ့အပြင်

🔁 ထပ်ခါထပ်ခါ အခါ (၁၀၀) ကျော် ပြန်သုံးလို့ရမယ့်
Script System (၁၀) မျိုးပါဝင်ပါမယ်။

Idea ဘဲမဟုတ်ဘဲ
ချက်ချင်း စလုပ်လို့ရမယ့်

🎯 “Marketing Direction” တစ်ခု အသေအချာ ရသွားမယ်။

Idea လေးဘဲ လိုချင်တဲ့သူတွေအတွက်ကတော့
program စျေးက တန်းမှာ မဟုတ်ပါဘူး။



ဒီ Marketing ဝန်ဆောင်မှုတွေက

တစ်လကို…
Consultation (၅) ယောက်၊
3-Step Special Marketing Program (၂) ယောက်ပဲ

အကန့်အသတ်နဲ့ လက်ခံသွားမှာပါရှင့်။

🔥 ဒီမေလအတွက်တော့
(၃) ပတ် Program မှာ (၁) နေရာသာ ကျန်ပါတော့တယ်ရှင့်။

_____________

ဆက်ပြီး စမ်းတဝါးဝါးနဲ့
ပိုက်ဆံတွေ၊ အချိန်တွေ မီးရှို့နေမလား။

ဒါမှမဟုတ်
အုတ်မြစ်ကို သေချာချပြီး
အလုပ်ဖြစ်တဲ့ လမ်းကနေ တည့်တည့်သွားမလား ???

ရွေးချယ်လို့ရပါတယ်။

08/05/2026

“စီးပွါးရေးလုပ်ရင် စေတနာနဲ့လုပ်” ဆိုတဲ့စကားရဲ့ နောက်ကွယ်က အကြောင်းအရင်း ❤️

06/05/2026

စီးပွါးရေးမကောင်းလေ တန်းဖိုးကြီးပစ္စည်းတွေရောင်းရလေ 💰

04/05/2026

Content Creator တွေရဲ့ အဓိကဝင်ငွေလမ်းကြောင်းက ???

02/05/2026

တကယ့် content creator တွေ celebrity တွေက ကိုယ်ပိုင် brand ဘာလို့ထုတ်ကြတာလဲ ?

Dirección

Barcelona

Notificaciones

Sé el primero en enterarse y déjanos enviarle un correo electrónico cuando Insights by Moe Thwe publique noticias y promociones. Su dirección de correo electrónico no se utilizará para ningún otro fin, y puede darse de baja en cualquier momento.

Contacto La Empresa

Enviar un mensaje a Insights by Moe Thwe:

Compartir

Categoría