04/09/2026
🎯 Customer Journey — Customer တစ်ယောက်ရဲ့ ဝယ်ယူမှုခရီးစဉ်
Customer တစ်ယောက်က Product တစ်ခုကို မြင်တာနဲ့ ချက်ချင်းဝယ်တာ မဟုတ်ပါဘူး။ သူ့မှာ သိလာခြင်း → စိတ်ဝင်စားခြင်း → စဉ်းစားခြင်း → ဝယ်ယူခြင်း → ပြန်ဝယ်ခြင်း ဆိုတဲ့ Customer Journey တစ်ခု ရှိပါတယ်။ Business Owner တစ်ယောက်အနေနဲ့ ဒီ Journey ကို နားမလည်ဘူးဆိုရင် Customer မဝယ်တဲ့အချိန်တိုင်း “ဈေးကြီးလို့” ဒါမှမဟုတ် “Product မကောင်းလို့” လို့ပဲ ထင်မိနိုင်ပါတယ်။
🗣️Awareness | သိလာခြင်း
Customer က ကိုယ့် Brand ဒါမှမဟုတ် Product ကို ပထမဆုံး သိလာတဲ့အဆင့်ပါ။ ဒီအဆင့်မှာ Brand Awareness နဲ့ Content က အရေးကြီးပါတယ်။
🤝Interest & Consideration | စိတ်ဝင်စားပြီး စဉ်းစားခြင်း
Customer က Price, Quality, Reviews, Features နဲ့ Competitors တွေကို နှိုင်းယှဉ်လာပါတယ်။ ဒီအချိန်မှာ Customer ရဲ့ မေးခွန်းတွေကို ဖြေရှင်းပေးပြီး Trust တည်ဆောက်ဖို့ အရေးကြီးပါတယ်။
🛍️Purchase | ဝယ်ယူခြင်း
Customer က ယုံကြည်မှုရှိလာပြီး ဝယ်ဖို့ ဆုံးဖြတ်တဲ့အဆင့်ပါ။
ဒီအချိန်မှာ Price, Service, Payment နဲ့ Purchase Process ရဲ့ လွယ်ကူမှုက အရေးကြီးပါတယ်။
ပြန်လည်ရွေးချယ်ခြင်း
Customer ဝယ်ပြီးသွားတာနဲ့ Business ရဲ့ အလုပ်မပြီးသေးပါဘူး။ ကောင်းမွန်တဲ့ Service နဲ့ Customer Experience ကို ပေးပြီး Repeat Customer ဖြစ်အောင် တည်ဆောက်ရပါတယ်။
နောက်ဆုံးမှာ ကိုယ့် Brand ကို အခြားသူတွေကို ပြန်လည်အကြံပြုပေးတဲ့ Brand Advocate ဖြစ်လာနိုင်ပါတယ်။
Vazu KoKo Aung ကို Follow လုပ်ထားလိုက်ပါ။နေ့စဉ် Motivation၊ Business Wisdom၊ Marketing Insights နဲ့ Finance Knowledge တွေကို မျှဝေပေးနေပါတယ်။