株式会社 AKARY

株式会社  AKARY 株式会社 AKARY, コンサルティング会社, 東京都, Adachi-kuの連絡先情報、マップ、方向、お問い合わせフォーム、営業時間、サービス、評価、写真、動画、お知らせ。

入管業務の経験と人材管理会社での経験を活かし、在日ミャンマー人の皆様へビザ申請サポートと、通訳・翻訳などのトータルサポートを提供いたします。
နယူကန် (Immigration) နှင့်ခုမိအအိလုပ်သက်အတွေအကြုံများဖြင့် ဂျပန်ရောက် မြန်မာများအတွက် ဗီဇာ၊ အလုပ်အကိုင်နှင့် စကားပြန်ဝန်ဆောင်မှုများကို စနစ်တကျ အကောင်းဆုံး ဝန်ဆောင်မှုပေးနေပါသည်။

25/08/2026

【求人票】အလုပ်ခေါ်စာ

【အလုပ်နေရာ / ဧရိယာ】

❗️နေရာ: Shin-Kiba Station (新木場駅) မှ အခမဲ့ ကြို/ပို့ ဘတ်စ်ကားဖြင့် ၉ မိနစ်

❌အဆောင်: မရှိပါ။ (သို့သော် နေထိုင်မည့် အခန်းနေရာ ရှာဖွေရာတွင် သေချာစွာ လိုက်လံ ကူညီရှာဖွေပေးပါမည်။)
✅【အလုပ်အကိုင် အမျိုးအစားနှင့် လိုအပ်သော လိုင်စင်】
✅အလုပ်အကိုင်: 解体 (အဆောက်အအုံ ဖျက်ဆီးရေး/ဖြိုဖျက်ရေး လုပ်ငန်း)
🔴လိုအပ်သော လိုင်စင်:
ユンボ (Yumbo / Excavator 免許 - ကျင်းတူးစက်/မြေကူးစက် လိုင်စင်)
フォークリフト (Forklift 免許 - ဖောခ်လစ်ဖ် လိုင်စင်)

【လုပ်ခလစာနှင့် ခံစားခွင့်များ】
နာရီလုပ်ခ: ၁,၇၀၀ ယန်း / နာရီ (時給 1,700 円)
လမ်းစရိတ်: သီးခြား ထောက်ပံ့ပေးမည် (交通費支給)
လူမှုဖူလုံရေး: 社会保険 (Social Insurance) အပြည့်အဝ ဝင်ပေးမည်

【အလုပ်ချိန်နှင့် ပိတ်ရက်】
အလုပ်ဆင်းရမည့်ရက်: တနင်္လာ မှ သောကြာ + တစ်ပတ်ခြား စနေနေ့ (月〜金+隔週土曜日)
အလုပ်ချိန် (၂ အလှည့်ကျ - 二交替):
1. ① 08:00 ~ 17:00
2. ② 12:00 ~ 21:00
(① နှင့် ② ကို အလှည့်ကျ ဆင်းပေးရပါမည်)
【အလုပ်စတင်နိုင်မည့်ကာလ】
ချက်ချင်း အလုပ်စတင်နိုင်သူများ (すぐスタート可能)

မြန်မာနိုင်ငံမှ ဂျပန်သို့ တိုက်ရိုက် ကျောင်းလျှောက်ချင်သူများနှင့် မိတ်ဖက် သင်တန်းကျောင်းများအတွက် သတင်းကောင်း! 🇲🇲🇯🇵"ဂျပ...
10/08/2026

မြန်မာနိုင်ငံမှ ဂျပန်သို့ တိုက်ရိုက် ကျောင်းလျှောက်ချင်သူများနှင့် မိတ်ဖက် သင်တန်းကျောင်းများအတွက် သတင်းကောင်း! 🇲🇲🇯🇵
"ဂျပန်မှာ တကယ်ရှိတဲ့ ကုမ္ပဏီနဲ့ပဲ တိုက်ရိုက် စိတ်အေးချမ်းသာစွာ လျှောက်ချင်တယ်" ဆိုသည့် ကျောင်းသား/မိဘများနှင့် မိမိတို့ သင်တန်းကျောင်းမှ ကျောင်းသားများကို ဂျပန်သို့ စိတ်ချယုံကြည်စွာ စေလွှတ်လိုသည့် ဂျပန်စာသင်တန်းကျောင်းများ၊ အေးဂျင့်များအတွက် 株式会社AKARY မှ ၂၀၂၇ ခုနှစ် ဧပြီလ ကျောင်းဝင်ခွင့် (April 2027 Intake) အတွက် လျှောက်လွှာများ စတင်လက်ခံပေးနေပါပြီ။
💡 AKARY နှင့် တိုက်ရိုက် လက်တွဲလျှောက်ထားရသည့် အဓိက အားသာချက်များ -

၁။ တိုကျိုရုံးချုပ်နှင့် တိုက်ရိုက် ပွင့်လင်းမြင်သာစွာ ဆွေးနွေးနိုင်ခြင်း
ကြားခံ မလိုဘဲ ဂျပန်ရုံးချုပ်နှင့် တိုက်ရိုက် ပွင့်လင်းမြင်သာစွာ ဆွေးနွေး လျှောက်ထားနိုင်ပါသည်။

၂။ ဂျပန်နိုင်ငံရှိ ကျောင်းများ၏ ဝင်ခွင့်နေရာ (Quota) အသင့်ရှိခြင်း
တိုကျို၊ ဆိုင်းတမ၊ အိုဆာကာ စသည့် ဂျပန်နိုင်ငံ မြို့ကြီးများရှိ ဂျပန်စာသင်တန်းကျောင်းများနှင့် တိုက်ရိုက် ချိတ်ဆက်ထားပြီး ကျောင်းသား ၁၀၀ ကျော်စာ ဝင်ခွင့်နေရာ သီးသန့် ရရှိထားပါသည်။

၃။ COE (အရည်အချင်းစစ်လက်မှတ်) ရရှိရန် စိတ်ချရခြင်း
စာရွက်စာတမ်းများကို လူဝင်မှုကြီးကြပ်ရေး အတွေ့အကြုံရှိ အထူးကျွမ်းကျင်သူများက အသေးစိတ် တိုက်ရိုက် စိစစ်ပေးသဖြင့် COE ရရှိရန် စိတ်ချရပါသည်။

၄။ ဂျပန်ရောက်သည်နှင့် တိုကျိုရုံးချုပ်မှ တိုက်ရိုက် တာဝန်ယူ စောင့်ရှောက်ခြင်း
လေဆိပ်ကြိုဆိုခြင်း၊ နေထိုင်ရေး၊ ဘဏ်အကောင့်၊ ဖုန်းကဒ် လုပ်ဆောင်ပေးခြင်း။
တရားဝင် အလုပ်အကိုင် (アルバイト) ချိတ်ဆက်ပေးရုံမက ကျောင်းပြီးပါကလည်း သင့်တော်သော အလုပ်အကိုင်များ မိတ်ဆက်ပေးခြင်းနှင့် ကျန်းမာရေး/လူမှုရေး စောင့်ရှောက်မှုများကို တိုကျိုရုံးချုပ်မှ တိုက်ရိုက် တာဝန်ယူပေးပါသည်။

🤝 မြန်မာနိုင်ငံရှိ ဂျပန်စာသင်တန်းကျောင်းများနှင့် အေးဂျင့်များအတွက် -
မိမိတို့ ကျောင်းမှ ကျောင်းသားများကို ဂျပန်နိုင်ငံသို့ စနစ်တကျ စေလွှတ်လိုပါက Sub-agent / Partner အဖြစ်ယုံကြည်ခိုင်မာသော ဝန်ဆောင်မှုများဖြင့် ပူးပေါင်းဆောင်ရွက်ဖို့လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။
🎓 ကျောင်းသားများ လျှောက်ထားနိုင်သည့် အရည်အချင်း -
ဂျပန်စာ N5 / N4 အဆင့်ရှိသူ သို့မဟုတ် လက်ရှိ သင်ယူနေသူများ။
ဂျပန်နိုင်ငံတွင် စနစ်တကျ ပညာသင်ယူလိုပြီး အနာဂတ်အတွက် ခိုင်မာသော အိမ်မက်ရှိသူများ။
(ကျောင်းဝင်ခွင့် နေရာ အရေအတွက် အကန့်အသတ်ရှိသဖြင့် အမြန်ဆုံး ဆက်သွယ် မေးမြန်းနိုင်ပါသည်)
📩 တိုက်ရိုက် ဆက်သွယ် မေးမြန်းရန် -
Page Messenger: direct message (Chat Box) မှတစ်ဆင့် တိုက်ရိုက် ဆက်သွယ်နိုင်ပါသည်။
Email: [email protected]
Website: https://akary.jp/
Phone (Japan): 080-8855-1450 /080-9020-4169
Address (Japan): 〒121-0071 東京都足立区東六月町 6-19
Company Name: 株式会社AKARY
#留学生
#ဂျပန်စာသင်တန်းကျောင်း
#ဂျပန်သို့ကျောင်းဖြင့်လာချင်သူများ
#ဂျပန်စာလေ့လာချင်သူများ

ကျွမ်းကျင်မှုနှင့် ယုံကြည်စိတ်ချရသော ဝန်ဆောင်မှုဖြင့်၊ ယခင် လူဝင်မှုကြီးကြပ်ရေး သတင်းအချက်အလက်စင်တာ အတို...

🎉 【ဝမ်းမြောက်ဖွယ်ရာ အသိပေးကြေညာပါရစေ】 🎉株式会社AKARY သည် 職業紹介事業許可 (တရားဝင် အလုပ်အကိုင်မိတ်ဆက်ပေးခွင့် လိုင်စင်) ရရှိထားပြီးဖ...
09/08/2026

🎉 【ဝမ်းမြောက်ဖွယ်ရာ အသိပေးကြေညာပါရစေ】 🎉
株式会社AKARY သည် 職業紹介事業許可 (တရားဝင် အလုပ်အကိုင်မိတ်ဆက်ပေးခွင့် လိုင်စင်) ရရှိထားပြီးဖြစ်သည့်အပြင်၊ ယခုအခါ 出入国在留管理庁 မှ 登録支援機関 (တရားဝင် မှတ်ပုံတင်ထားသော ထောက်ပံ့ကူညီရေး အဖွဲ့အစည်း) အဖြစ်လည်း ခွင့်ပြုချက် ကျလာခဲ့ပါပြီ။

ထို့ပြင် လွန်ခဲ့သည့် ၂ လကျော်က လျှောက်ထားပေးခဲ့တဲ့ညီလေးတစ်ယောက်ရဲ့技人国 (အင်ဂျင်နီယာ/ရုံးပိုင်း/နိုင်ငံတကာဝန်ဆောင်မှု ဗီဇာ) လည်း အောင်မြင်စွာ ကျလာခဲ့ပါသည်။

ကျွန်တော်တို့ 株式会社AKARY မှ 特定技能 (SSW) နှင့် 技人国 (အင်ဂျင်နီယာ/ရုံးပိုင်း/နိုင်ငံတကာဝန်ဆောင်မှု ဗီဇာ) အပါအဝင် ဗီဇာအမျိုးအစားအသီးသီးဖြင့် ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်လိုကြသော မြန်မာလူငယ်များအတွက် သင့်တော်ရာ အလုပ်အကိုင်များ မိတ်ဆက်ပေးခြင်း၊ ဗီဇာလျှောက်ထားခြင်းနှင့် လိုအပ်သော ကူညီထောက်ပံ့မှု ဝန်ဆောင်မှုများကို တိကျမှန်ကန်စွာ ဆောင်ရွက်ပေးအပ်သွားမည်ဖြစ်ပါသဖြင့် ဂျပန်နိုင်ငံမှာ အောင်မြင်တဲ့ အနာဂတ်ကို အတူတကွ တည်ဆောက်ဖို့ ယုံကြည်စိတ်ချစွာ လက်တွဲလိုက်ကြရအောင် 🤝

#職業紹介事業
#登録支援機関
#အလုပ်အကိုင်မိတ်ဆက်
#အလုပ်အကိုင်ရှာဖွေရေး
#တိုခုတဲအိဂီနိုး
#ကျွမ်းကျင်လုပ်သား
#ဂျပန်စာသင်တန်းကျောင်း

မြန်မာနိုင်ငံမှ ဂျပန်သို့ တိုက်ရိုက် ကျောင်းလျှောက်ချင်သူများနှင့် မိတ်ဖက် သင်တန်းကျောင်းများအတွက် သတင်းကောင်း! 🇲🇲🇯🇵"ဂျပ...
06/08/2026

မြန်မာနိုင်ငံမှ ဂျပန်သို့ တိုက်ရိုက် ကျောင်းလျှောက်ချင်သူများနှင့် မိတ်ဖက် သင်တန်းကျောင်းများအတွက် သတင်းကောင်း! 🇲🇲🇯🇵
"ဂျပန်မှာ တကယ်ရှိတဲ့ ကုမ္ပဏီနဲ့ပဲ တိုက်ရိုက် စိတ်အေးချမ်းသာစွာ လျှောက်ချင်တယ်" ဆိုသည့် ကျောင်းသား/မိဘများနှင့် မိမိတို့ သင်တန်းကျောင်းမှ ကျောင်းသားများကို ဂျပန်သို့ စိတ်ချယုံကြည်စွာ စေလွှတ်လိုသည့် ဂျပန်စာသင်တန်းကျောင်းများ၊ အေးဂျင့်များအတွက် 株式会社AKARY မှ ၂၀၂၇ ခုနှစ် ဧပြီလ ကျောင်းဝင်ခွင့် (April 2027 Intake) အတွက် လျှောက်လွှာများ စတင်လက်ခံပေးနေပါပြီ။
💡 AKARY နှင့် တိုက်ရိုက် လက်တွဲလျှောက်ထားရသည့် အဓိက အားသာချက်များ -

၁။ တိုကျိုရုံးချုပ်နှင့် တိုက်ရိုက် ပွင့်လင်းမြင်သာစွာ ဆွေးနွေးနိုင်ခြင်း
ကြားခံ မလိုဘဲ ဂျပန်ရုံးချုပ်နှင့် တိုက်ရိုက် ပွင့်လင်းမြင်သာစွာ ဆွေးနွေး လျှောက်ထားနိုင်ပါသည်။

၂။ ဂျပန်နိုင်ငံရှိ ကျောင်းများ၏ ဝင်ခွင့်နေရာ (Quota) အသင့်ရှိခြင်း
တိုကျို၊ ဆိုင်းတမ၊ အိုဆာကာ စသည့် ဂျပန်နိုင်ငံ မြို့ကြီးများရှိ ဂျပန်စာသင်တန်းကျောင်းများနှင့် တိုက်ရိုက် ချိတ်ဆက်ထားပြီး ကျောင်းသား ၁၀၀ ကျော်စာ ဝင်ခွင့်နေရာ သီးသန့် ရရှိထားပါသည်။

၃။ COE (အရည်အချင်းစစ်လက်မှတ်) ရရှိရန် စိတ်ချရခြင်း
စာရွက်စာတမ်းများကို လူဝင်မှုကြီးကြပ်ရေး အတွေ့အကြုံရှိ အထူးကျွမ်းကျင်သူများက အသေးစိတ် တိုက်ရိုက် စိစစ်ပေးသဖြင့် COE ရရှိရန် စိတ်ချရပါသည်။

၄။ ဂျပန်ရောက်သည်နှင့် တိုကျိုရုံးချုပ်မှ တိုက်ရိုက် တာဝန်ယူ စောင့်ရှောက်ခြင်း
လေဆိပ်ကြိုဆိုခြင်း၊ နေထိုင်ရေး၊ ဘဏ်အကောင့်၊ ဖုန်းကဒ် လုပ်ဆောင်ပေးခြင်း။
တရားဝင် အလုပ်အကိုင် (アルバイト) ချိတ်ဆက်ပေးရုံမက ကျောင်းပြီးပါကလည်း သင့်တော်သော အလုပ်အကိုင်များ မိတ်ဆက်ပေးခြင်းနှင့် ကျန်းမာရေး/လူမှုရေး စောင့်ရှောက်မှုများကို တိုကျိုရုံးချုပ်မှ တိုက်ရိုက် တာဝန်ယူပေးပါသည်။

🤝 မြန်မာနိုင်ငံရှိ ဂျပန်စာသင်တန်းကျောင်းများနှင့် အေးဂျင့်များအတွက် -
မိမိတို့ ကျောင်းမှ ကျောင်းသားများကို ဂျပန်နိုင်ငံသို့ စနစ်တကျ စေလွှတ်လိုပါက Sub-agent / Partner အဖြစ်ယုံကြည်ခိုင်မာသော ဝန်ဆောင်မှုများဖြင့် ပူးပေါင်းဆောင်ရွက်ဖို့လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။
🎓 ကျောင်းသားများ လျှောက်ထားနိုင်သည့် အရည်အချင်း -
ဂျပန်စာ N5 / N4 အဆင့်ရှိသူ သို့မဟုတ် လက်ရှိ သင်ယူနေသူများ။
ဂျပန်နိုင်ငံတွင် စနစ်တကျ ပညာသင်ယူလိုပြီး အနာဂတ်အတွက် ခိုင်မာသော အိမ်မက်ရှိသူများ။
(ကျောင်းဝင်ခွင့် နေရာ အရေအတွက် အကန့်အသတ်ရှိသဖြင့် အမြန်ဆုံး ဆက်သွယ် မေးမြန်းနိုင်ပါသည်)
📩 တိုက်ရိုက် ဆက်သွယ် မေးမြန်းရန် -
Page Messenger: direct message (Chat Box) မှတစ်ဆင့် တိုက်ရိုက် ဆက်သွယ်နိုင်ပါသည်။
Email: [email protected]
Website: https://akary.jp/
Phone (Japan): 080-8855-1450 /080-9020-4169
Address (Japan): 〒121-0071 東京都足立区東六月町 6-19
Company Name: 株式会社AKARY
#留学生
#ဂျပန်စာသင်တန်းကျောင်း
#ဂျပန်သို့ကျောင်းဖြင့်လာချင်သူများ
#ဂျပန်စာလေ့လာချင်သူများ

05/08/2026

📢 日本語学院 (Japanese Language School) တွင် မြန်မာဘာသာစကားဖြင့် ကူညီပေးနိုင်မည့် ဝန်ထမ်း (Part-time / アルバイト) အမြန်ခေါ်ယူနေပါတယ်ခင်ဗျာ

ဂျပန်နိုင်ငံ ရောက်ရှိနေပြီး ဂျပန်စာ အတန်အသင့် ရရှိသူများ၊ မြန်မာကျောင်းသား/သူများကို ကူညီပေးချင်သူများအတွက် အခွင့်အလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။ အချိန်ပိုင်း (Part-time) ဖြစ်၍ ညှိနှိုင်းလုပ်ကိုင်နိုင်ပါသည်။

🔹 မြန်မာဘာသာစကား ကျွမ်းကျင် ဝန်ထမ်း (Part-time)
🔹 【လုပ်ငန်းတာဝန်များ (Job Description)】မြန်မာ-ဂျပန် ဘာသာပြန် နှင့် စကားပြန်ပြုလုပ်ပေးခြင်း ဂျပန်ရောက် မြန်မာကျောင်းသား/သူများ၏ ကျောင်းပညာရေးနှင့် နေထိုင်မှု ဘဝကို ကူညီပံ့ပိုးပေးခြင်း စာရွက်စာတမ်းများ ဘာသာပြန်ရာတွင် ကူညီပေးခြင်း ကျောင်း၏ အခြားအထွေထွေ စီမံခန့်ခွဲမှု လုပ်ငန်းများတွင် ကူညီပေးခြင်း
🔹 【လျှောက်ထားနိုင်သည့် အရည်အချင်း (Requirements)】ဂျပန်နိုင်ငံတွင် တရားဝင် အလုပ်လုပ်ကိုင်ခွင့် ဗီဇာရှိသူ (Working Visa / Student / Dependent စသည်) မြန်မာဘာသာ နှင့် ဂျပန်ဘာသာဖြင့် သေချာစွာ ပြောဆို ဆက်သွယ်နိုင်သူ Computer အခြေခံ (Word, Excel, Email) သုံးစွဲနိုင်သူ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာ လုပ်ကိုင်နိုင်သူ
🔹 【ဦးစားပေးစဉ်းစားမည့် အချက်များ (Welcome Conditions)】ဂျပန်နိုင်ငံတွင် ကျောင်းတက်ဖူးသည့် အတွေ့အကြုံရှိသူ (日本語学校 / 専門学校 / 大学 စသည်) ဂျပန်စာ အရည်အချင်း JLPT N2 နှင့်အထက် စကားပြန် / ဘာသာပြန် အတွေ့အကြုံရှိသူ
💰 【လစာ (Salary)】နာရီခ အနည်းဆုံး JPY 1,300 ~ (အတွေ့အကြုံနှင့် အရည်အချင်းပေါ် မူတည်၍ ညှိနှိုင်းပေးမည်)

📍 【အလုပ်လုပ်ရမည့်နေရာ (Location)】大原日本語学院 (Ohara Japanese Language School) 東京都江戸川区船堀 1-4-14 (船堀駅 အနီး)
⏰ 【အလုပ်ချိန် (Working Hours)】ညှိနှိုင်းနိုင်ပါသည် (応相談) 📩 【လျှောက်ထားနည်း (How to Apply)】
ဓာတ်ပုံပါဝင်သော CV (履歴書) ကို အောက်ပါ Email သို့ စာပို့လျှောက်ထားနိုင်ပါသည်။

ကျောင်းဘက်မှ စာရွက်စာတမ်းများ စိစစ်ပြီးပါက လူတွေ့စစ်ဆေးမည့်ရက် (Interview) ကို ပြန်လည် ဆက်သွယ်ပေးပါမည်။
📞 【ဆက်သွယ်ရန် အချက်အလက် (Contact Info)】日本語学院
မက်ဆင်ဂျာနှင့်E-mail: [email protected]တို့မှတိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ🙏

#アルバイト募集

18/07/2026
チケット入手困難!日本三大花火大会へ… 🎟️✨လက်မှတ်ရဖို့ လုံးဝမလွယ်ကူတဲ့ ဂျပန်ရဲ့ Top 3 ကမ္ဘာကျော် မီးပန်းပွဲကြီးဆီသို့... 🎟️✨သွားချင်ပေမယ့် ...
18/07/2026

チケット入手困難!日本三大花火大会へ… 🎟️✨
လက်မှတ်ရဖို့ လုံးဝမလွယ်ကူတဲ့ ဂျပန်ရဲ့ Top 3 ကမ္ဘာကျော် မီးပန်းပွဲကြီးဆီသို့... 🎟️✨
သွားချင်ပေမယ့် ရဖို့ခက်ခဲလှတဲ့ လက်မှတ်အတွက်တော့ လုံးဝစိတ်မပူနဲ့နော်! 🔥💯

ကျွန်တော်တို့ ခရီးစဉ်က လူအများကြီးနဲ့မဟုတ်ဘဲ ၈ ယောက်စီး VIP ကားသီးသန့် များဖြင့် စနစ်တကျ စီစဉ်ပေးထားတာဖြစ်လို့ ပထမဆုံးကား (First Car) အပြည့်အမှီ လိုက်ပါနိုင်ဖို့ နောက်ဆုံး ၄ နေရာပဲ လွတ်ပါတော့တယ်ခင်ဗျာ။

(လူဦးရေ ထပ်တိုးလာပါကလည်း VIP ကားအပိုများဖြင့် စနစ်တကျ ထပ်မံတိုးချဲ့ လိုက်ပါပေးသွားမည့်အပြင် စုစုပေါင်း VIP ဖျာနေရာ ၁၂ စောင်စာ အပြည့်အဝ အရန်သင့် ရှိနေတာမို့လို့ စိတ်ချလက်ချ စာရင်းပေးသွင်းနိုင်ပါတယ်)

🎆 ၃ ရက်တိုင်တိုင် စဉ်းစားခဲ့ရတဲ့ ဒဏ္ဍာရီလာလက်ရာ: Nagaoka မီးပန်းပွဲရဲ့ အဓိကပြယုဂ်ဖြစ်တဲ့ 'နိုင်အာဂရာ' (Niagara) မီးပန်းကြီးကို ဒဏ္ဍာရီလာ မီးပန်းပညာရှင်ကြီး Seiji Kase က (၃) ရက်တိုင်တိုင် အပြင်းအထန် စဉ်းစားပြီးမှ အသစ်ထွင်ဖန်တီးခဲ့တာဖြစ်လို့ ဒီလို သမိုင်းဝင်မီးပန်းအလှကို အနီးကပ်ဆုံးနေရာကနေ မျက်ဝါးထင်ထင် ငေးမောခွင့်ရမှာပါ။

📸 စစ်မှန်တဲ့ POV ခံစားချက်: ခုံကျဉ်းကျဉ်းလေးတွေပေါ်မှာ မဟုတ်ဘဲ VIP ဖျာနေရာကျယ်ကျယ် (Masu Seat) ပေါ်မှာ အေးဆေးထိုင်ရင်း၊ မီးပန်းတွေ ရွှေမိုးငွေမိုးရွာသလို ခမ်းနားမှုကို ကိုယ့်မျက်စိရှေ့တည့်တည့် အနီးကပ်ဆုံး POV မြင်ကွင်းအတိုင်း အမိအရ ခံစားရမှာပါ။

🤝 ၁ ယောက်တည်းသမားများ လုံးဝအားမနာပါနှင့်: အခုစာရင်းသွင်းထားတဲ့အထဲမှာလည်း ၁ ယောက်တည်းသမားတွေ ပါဝင်လို့ အတူတူ ပျော်ပျော်ပါးပါး မိတ်ဆွေဖွဲ့လို့ ရပါတယ်ခင်ဗျာ။

🚗 အပြန်လမ်းအတွက် စိတ်မပူရ: ညဉ့်နက်လို့ တိုကျိုပြန်ရောက်ရင် အပြန်ရထားမရှိတော့မှာကို စိတ်ပူစရာမလိုဘဲ မိမိအိမ်ရဲ့အနီးဆုံးနေရာများအထိ ကားနဲ့ တိုက်ရိုက် လိုက်လံပို့ဆောင်ပေးဦးမှာပါ။

အလုပ်ပိတ်ရက် အိမ်မှာအေးဆေးနားရင်း ခရီးစဉ်လေးကို စဉ်းစားပြီး နေရာမပြည့်ခင် မက်ဆင်ဂျာကနေ အခုပဲ မြန်မြန်လှမ်းခဲ့တော့နော်ခင်ဗျာ။ ✨

👇 ခရီးစဉ်အသေးစိတ် စုံစမ်းရန်နှင့် ခုံနေရာ အမြန်ရယူရန် Messenger ကနေ ဆက်သွယ်လိုက်ပါ။

#မြန်မာအဖွဲ့သီးသန့်ခရီးစဉ်
#ဂျပန်ခရီးသွား

ယခုတစ်ခေါက်တွင် ကျွန်တော်တို့ Akary Co., Ltd. မှ "သဘာဝပင်လယ်ကျောက်ဂုံးကောင် (Rock Oyster)" များကို စတင်ရောင်းချခွင့် ရရှ...
17/07/2026

ယခုတစ်ခေါက်တွင် ကျွန်တော်တို့ Akary Co., Ltd. မှ "သဘာဝပင်လယ်ကျောက်ဂုံးကောင် (Rock Oyster)" များကို စတင်ရောင်းချခွင့် ရရှိခဲ့ပြီဖြစ်ကြောင်း ဝမ်းမြောက်စွာ အသိပေးအပ်အပ်ပါသည်။ 🦪✨
ဂျပန်နိုင်ငံ Kyoto မြို့၊ Miyazu ဒေသထွက် "ပင်လယ်ပြင်ရဲ့ နို့ရည်" လို့ တင်စားရလောက်အောင် အလွန်လတ်ဆတ်ပြီး အရသာထူးကဲလှတဲ့ သဘာဝပင်လယ်ကျောက်ဂုံးကောင်တွေကို အားပေးမြည်းစမ်းကြည့်ဖို့ ဖိတ်ခေါ်အပ်ပါတယ်။ 😋🌊

【မှာယူရန် အချက်အလက်များ】
📅 မှာယူလိုသည့်ရက် မတိုင်မီ (၅) ရက်အလိုတွင် ကျွန်တော်တို့ဆီသို့ ဆက်သွယ်ပေးပါရန်။
💰 ဈေးနှုန်း - တစ်ကောင်1000ယန်း

🚚 ပို့ဆောင်မှု - ပစ္စည်းလက်ကျန်ရှိမရှိ စစ်ဆေးပြီးနောက် ငွေလွှဲဝင်သည်နှင့်တစ်ပြိုင်နက် ချက်ချင်းအမြန်ဆုံး ပို့ဆောင်ပေးသွားပါမည်။

⚠️ အရေးကြီးမေတ္တာရပ်ခံချက်
ရာသီဥတုဆိုးရွားပါက ဂုံးကောင်များ ဖမ်းယူရရှိနိုင်ခြင်းမရှိသဖြင့် ပို့ဆောင်မည့်ရက် အပြောင်းအလဲရှိနိုင်ပါသည်။ ယင်းအတွက် ကြိုတင်နားလည်ပေးပါရန် လေးစားစွာ ပန်ကြားအပ်ပါသည်။

【ဆက်သွယ်မှာယူရန်】
💬 Facebook Messenger မှတစ်ဆင့်လည်း တိုက်ရိုက်ဆက်သွယ်မှာယူနိုင်ပါသည်။

🏢 ကုမ္ပဏီအမည် - 株式会社Akary (Akary Co., Ltd.)
အရသာရှိပြီး လတ်ဆတ်လွန်းတဲ့ ပင်လယ်ကျောက်ဂုံးကောင်တွေကို မြည်းစမ်းကြည့်ဖို့ အခုပဲ ဆက်သွယ်မှာယူလိုက်စို့နော်။ 😋🦪✨

#ပင်လယ်ကျောက်ဂုံးကောင်
#သဘာဝကျောက်ဂုံးကောင်
#ဂျပန်ကျောက်ဂုံးကောင်

この度弊社、株式会社Akaryは、天然の岩牡蠣を販売できることになりました。🦪✨
京都府宮津産の「海のミルク」といわれた岩牡蠣をぜひお召し上がり下さい。😋🌊

【ご注文方法】
📅 ご購入の方は、希望日の5日前までに弊社までご連絡お願いいたします。

💰 販売価格: 1個 1000円
🚚 発送について:在庫確認後、お振込みが確認でき次第発送いたします。

⚠️ ご注意とお願い
なお悪天候により入荷できない時は、予定変更となります。ご理解よろしくお願いいたします。

【ご注文・お問い合わせ】
💬 Facebookメッセンジャーから直接ご注文いただけます。
🏢 会社名: 株式会社Akary

美味しい岩牡蠣をお届けします!皆様からのご連絡を心よりお待ちしております!😋🦪✨
#岩牡蠣
#天然岩牡蠣
#京都宮津産

#海のミルク

"Nagaoka မီးပန်းပွဲ VIP ခရီးစဉ်အတွက် အားလုံးအဆင်သင့်ဖြစ်ပါပြီ! 🎟️✨"​ဩဂုတ်လ (၃) ရက်နေ့မှာ သွားမယ့် Nagaoka မီးပန်းပွဲတော်...
14/07/2026

"Nagaoka မီးပန်းပွဲ VIP ခရီးစဉ်အတွက် အားလုံးအဆင်သင့်ဖြစ်ပါပြီ! 🎟️✨"

​ဩဂုတ်လ (၃) ရက်နေ့မှာ သွားမယ့် Nagaoka မီးပန်းပွဲတော်အတွက် VIP ဖျာနေရာ (Masu Seat) တွေကို ကြိုတင်ဘိုကင်တင်ပြီး လက်မှတ်တွေအားလုံး စီစဉ်ရရှိပြီးစီးသွားပါပြီခင်ဗျာ။

​ဒီနေရာက ခုံကျဉ်းကျဉ်းတွေနဲ့ မဟုတ်ဘဲ ဖျာတစ်ချပ်မှာ ၆ ယောက် ပျော်ပျော်ပါးပါး ထိုင်နိုင်မယ့် VIP နေရာကျယ်ကြီး ဖြစ်လို့ အဖွဲ့သားတွေနဲ့ ပိုပြီး ရင်းရင်းနှီးနှီး ခံစားနိုင်မှာပါ။ နေရာကောင်းတွေကို ရယူထားတာမို့လို့ မီးပန်းပွဲရဲ့ အလှဆုံးမြင်ကွင်းကို စိတ်ကြိုက်ခံစားရမှာ အသေအချာပါပဲ။

​အခုလက်ရှိမှာ ခရီးစဉ်အတွက် နောက်ထပ် (၈) နေရာသာ ကျန်ရှိတော့လို့ စိတ်ဝင်စားသူများ အမြန်ဆုံး စာရင်းပေးသွင်းဖို့ ဖိတ်ခေါ်အပ်ပါတယ်။

​၁ ယောက်တည်းသမားများလည်း လွတ်လပ်စွာ လိုက်ပါနိုင်ပါတယ်! (အခုလည်း အဖွဲ့ထဲမှာ ၁ ယောက်တည်းသမားတွေ ပါဝင်လို့ အားနာစရာ လုံးဝမလိုပါဘူးနော်)

သီးသန့်မိသားစု သူငယ်ချင်း Private Tourအနေနဲ့လည်းသီးသန့်အထူးဖျာနေရာများစီစဉ်ထားလို့မိမိအဖွဲ့မိသားစုသီးသန့်သမားများအတွက်လည်း၄ယောက်မှစတင်လို့၇ယောက်အထိသီးသန့်ကားစင်းလုံးလည်းစီစဉ်ပေးထားလို့မက်ဆင်ဂျာမှတဆင့်အသေးစိတ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ
အသွားလမ်းခုလတ်မှာလည်းလမ်းကြုံဝင်မည့် Kiyotsu Gorge (ဥမင်လိုဏ်ခေါင်း) ရဲ့အလှဆုံးသဘာဝရှုခင်းနေရာတွေလည်းလိုက်ပို့ပေးအုံးမှာပါခင်ဗျာ🌿

ညဉ့်နက်လို့အပြန်ရထားမရှိတော့မှာလည်းစိုးရိမ်စရာမလိုဘဲ အနီးဆုံးနေရာအထိ တိုက်ရိုက် လိုက်လံပို့ဆောင်ပေးဦးမှာပါ။

​နေရာကန့်သတ်ချက်ရှိတာမို့လို့ စိတ်ဝင်စားရင် မက်ဆင်ဂျာကနေ အမြန်ဆုံး ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

​(ရင်သပ်ရှုမောဖွယ် မီးပန်းပွဲ ဗီဒီယိုကိုတော့ ပထမဆုံး Comment မှာ ကြည့်နိုင်ပါတယ်) 👇

#ဂျပန်ခရီးသွား
#မြန်မာအဖွဲ့သီးသန့်ခရီးစဉ်

住所

東京都
Adachi-ku, Tokyo
1210071

電話番号

+818088551450

ウェブサイト

アラート

株式会社 AKARYがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

事業に問い合わせをする

株式会社 AKARYにメッセージを送信:

ショートカット

共有する