15/05/2026
လူကတာ Passport ပျောက်နေတာ
Visa သက်တမ်းတိုးတဲ့အပြင် 資格外活動(သတ်မှတ်ထားတဲ့ Visaအပြင်, အခြားလုပ်ကိုင်ခွင့်)ပါ
လျှောက်ပြစ်လိုက်တယ်
တော်တော်နဲ့တော်တော် 通知書ရောက်မလာတဲ့အပြင်ဖုန်းတွေဆက်ပြီးပါ အရစ်ခံထိလို့ ကဒ်ဖောက်ခံရပြီထင်နေတာ...
မောင်မင်းကြီးသားက 2လလောက်ကြာမှရောက်ချလာတယ်
6000¥ယူလာပြီး ကဒ်လာထုတ်ပါတဲ့
ကျွန်တော်ကလည်း ကျွန်တော်ပဲ
Visa ကတာ Kaigo
資格外活動လျှောက်ပြီး လုပ်နေတာက စုံနေတာပဲ
ပြီးတော့ ဘဏ်ထဲဝင်ငွေ၊ထွက်ငွေများတော့ ရစ်ခံထိတာပေါ့
ဒီကြားထဲ Passport ကပျောက်နေသေးတယ်လေ😑
ဒါပေမယ့်
အလုပ်တိုင်းကို တရားဝင်လုပ်တယ်
အခွန်သေချာဆောင်တယ်၊ သတ်မှတ်ထားတဲ့စည်းကမ်းလိုက်နာတယ်
ကိုယ့်ဘက်က ဘာအမှားမှမရှိတော့ သက်တမ်းတိုးလို့မရမှာ စိတ်မပူဘူး၊ စောင့်ရတာ စိတ်မရှည်တာပဲရှိတယ်
ကိုယ့်နဲ့ဂျပန်ကိုအတူတူလာ၊ အတူတူအလုပ်လုပ်နေတဲ့သူတွေကျ
5နှစ်ရပြီး ကိုယ်ပဲ3နှစ်ရတာကတော့ နည်းနည်းFeelငုတ်တာပေါ့
ဒါကလည်း လက်ခံလို့ရပါတယ်
ကိုယ်ကတာဘာမှမပြည့်စုံတာ၊ တောင်းဆိုတာတွေကများလွန်းနေတယ်လေ😆
Immigrationဘက်ကကြည့်ရင် ကျွန်တော့်အခြေအနေက
-Passport မရှိဘူး
-ငွေဝင်၊ငွေထွက်များတယ်
-Main အလုပ်အပြင်၊ တခြားအလုပ်တွေပါလုပ်နေတယ်
-資格外活動ပါလျှောက်ထားတယ်
ဒီလိုအခြေအနေမှာ 1နှစ်လောက်ပဲ Visa သက်တမ်းချပေးရင်တောင် မလွန်ဘူး။
3နှစ်ဆိုတာ တော်တော်ကံကောင်းတယ်ပြောရပါမယ်။
#在留カード
#ビザ