ဂျပန်ရောက် ြမန်မာများအတွက်အလုပ်အကိုင်/home wifi/SIM/အိမ်ဝန်ဆောင်မှု

  • ホーム
  • 日本
  • Kawaguchi-shi, Saitama
  • ဂျပန်ရောက် ြမန်မာများအတွက်အလုပ်အကိုင်/home wifi/SIM/အိမ်ဝန်ဆောင်မှု

ဂျပန်ရောက် ြမန်မာများအတွက်အလုပ်အကိုင်/home wifi/SIM/အိမ်ဝန်ဆောင်မှု အလုပ်အကိုင်/အိမ်/home wifi/ simcard/

-1GBPS ရှိတဲ့internet speed-လူ၈-၁၄ယောက်ထိသံုးလို့ရPROMOTION🎁✅၁၅၀၀၀ယန်း-၂၀၀၀၀ယန်း cashbackရှိ✅router free✅၂လအတွင်းအိမ် ေြ...
05/08/2023

-1GBPS ရှိတဲ့internet speed
-လူ၈-၁၄ယောက်ထိသံုးလို့ရ

PROMOTION🎁
✅၁၅၀၀၀ယန်း-၂၀၀၀၀ယန်း cashbackရှိ
✅router free
✅၂လအတွင်းအိမ် ေြပါင်းထား
လျှင်၇လ ေြမာက်ကနေ၁၁၀၀ယန်း割引

လူြကီးမင်းတို့အားလံုးအတွက်ICHIBAN

ဂျပန် လာပါငွေလာမရှာနဲ့ ဘဝရဲ့ အာမခံချက်ကို ရယူပါအခွန်ဆောင်ပါ တရား ဝင်နေပါတရားရုံးတက်တဲ့အမှူမဖြစ်စေနဲ့ကျနော် ဒီနေ့ စာအကြမ်...
03/08/2023

ဂျပန် လာပါ
ငွေလာမရှာနဲ့
ဘဝရဲ့ အာမခံချက်ကို ရယူပါ

အခွန်ဆောင်ပါ
တရား ဝင်နေပါ
တရားရုံးတက်တဲ့အမှူမဖြစ်စေနဲ့

ကျနော် ဒီနေ့ စာအကြမ်းရေးပါ့မယ်

ဂျပန်ကို နည်းအမျိူးမျိူး နဲ့ Visa အမျိူးမျိူးနဲ့ လာကြတာ အာဏာသိမ်းပီး ကတည်းက ပိုများလာတာပါ
အများအားဖြင့် ဂျပန်လာတယ် ဆိုရင် ငွေ လာရှာကြတယ်လို့ ထင်နေရင် ခင်ဗျားတို့မှားပြီ

ဂျပန် မှာ ငွေ နဲ့ ပညာ( အသက်မှူဝမ်းကျောင်း ပညာ) ကို မရှာတတ်ရင် မြန်မာပြည်မှာ နေပီး
ခေတ်မကောင်းချိန် ကားဝယ်ရောင်းလုပ်နေတာက ဂျပန်လာတဲ့ ငွေ ထက်ပိုပွားမြန်ပါတယ်

ယနေ့ခေတ် ဂျပန် လာကြတဲ့ သူတွေထဲမှာ
Trainning Visa
တိုကုဒေး ဗီဇာ
Student Visa
အစရှိသည့် Visa တွေနဲ့လာကြပေမဲ့
အချိန်တန်ပြန်ရင် တော့ ဘာမှမထူးဘူး
ဂျပန်မှာ ဆက်နေနိုင်ဖို့ အတွက်ကြိုးစားထားမှတော်ရုံကျမှာပါ
အထူးသဖြင့် Student Visa ကိုပြောရမယ်ဆိုရင်
ယနေ့ခေတ် US$ 10000 ကျော်ကုန်တယ်
(ကျောင်းလခ တစ်နှစ်စာအပါပေါ့)
ကျောင်းနဲ့ လာရင် ၂၈ နာရီအလုပ်ချိန် ကန့်သတ်ထားသလို
အဆင်ပြေသလို ၂ နှစ် ကြိုးစားကြပီး
ဝါ သနာပါတဲ့
Collage & University ကို ရွေးကြတာဘဲ့

ဒီအချိန်က Main Point ဘဲ့
ကျနော်တို့မြန်မာတွေက ငယ်ကတည်းက ဘာဝါသနာပါလဲ ဆိုတာမသိကြဘူး
သူများညွန်ကြားတာ ကောင်းတယ်ထင်ရင် လုပ်ကြတယ်

မြန်မာပြည်မှာဆို ၆ ဘာသာဂုဏ်ထူး ရှင်က ဆရာဝန်အမှတ်မှီနေတာကို
Computer ကျောင်းတက်ရင်
မိဘ ဆွေမျိူးတွေက ဝိုင်းဆူကြတယ် 😀

စာကျက်လို့ရလာတဲ့အမှတ်နဲ့
ဘဝအတွက်ဝါသနာပါတဲ့ တက္ကသိုလ်လိုင်းကမတူဘူးလေ

ဂျပန်မှာကတော့ ကျနော်တို့ခေတ်ကတော့ ဝါသနာပါတာ ဝင်လျောက်တယ်
Automotive Engineer 自動車整備士ပေါ့
ကျောင်းလခ ဈေးကြီးတယ်
ငွေချေးရတယ်
ချေးတတ်ရင် Student loan ဆိုပီးချေးတယ်
အလုပ်ရမှ ဘွဲ့ရမှ ပြန်ဆပ်ရပါတယ်

ကဲ ဂျပန်မှာ ၄ နှစ် ဘွဲ့ရပီ

Company ဝန်ထမ်း စဖြစ်ကတည်းက ဂျပန်တွေနဲ့တန်းတူ
အခွန်ဆောင်တယ်
ဂျပန်မှာ လူ့အခွင့်အရေးအပြည့်ရတယ်
၁၀ နှစ်တာသေချာကြိုးစား
ပီးရင် PR လျှောက်လို့ရတယ်
လူကိုလူလိုဆက်ဆဲတဲ့ နိုင်ငံမှာ
မနက်အိပ်ယာထကတည်းက
ငါးပါးသီလ ကင်းတယ်
ကားဟွန်းသံမကြားရဘူး
ကားတွေက လူကိုဦးစားပေးတယ်
အလုပ်ခွင်ထဲရောက်ရင်
ဝန်းထမ်းတွေအားလုံး

Ohaiyo
မင်္ဂလာပါ နှူတ်ဆက်ကြတယ်
လူ ၄၀၀ ဆန့်တဲ့ရထားတွဲကြီးမှာ စကားပြောသံ တစ်ခွန်း မှ မကြားရဘူး
Taxi ဌားစီးလည်းဈေးဆစ်စရာမလိုဘူး
pay စနစ် 52 မျိူး နဲ့ ကြိုက်တာ ငွေချေလို့ရတယ်

Bus Car စီးလည်း အဲယားကွန်းနဲ့ မနက် တော့ကျပ်တယ်
မနက် Breakfast စားတဲ့ ဆိုင် Coffee ဆိုင်မှာ Waiter မရှိဘူး
ဝမ်းတီး တူးတီး မအော်ပြောကြဘူး
ကောင်တာဝယ်တာရှိသလို ထိုင်ပီးမှ QR ကနေ မှာယုံဘဲ့
ကားပါကင်စောင့်မရှိဘူး
ကားပါကင် အားလုံး CCTV နဲ့ ဒီဆိုင်မှာလာစားရင် free
စက်ထဲထိုးရုံဘဲ့ !😀
ဓါတ်ဆီဆိုင်ရောက်ရင်လည်း
ဝတ်ထမ်းမရှိဘူး
Self- service ဘဲ့
မင်းဖာသာမင်း
member ?
Cash ?
ငွေ နဲ့သတ်မှတ်ထည့်မလား?
ဆီ လီတာ နဲ့ သတ်မှတ်ထည့်မလား?
ရွေးပြီးထည့် ပြန်ရုံဘဲ့
ဟိုင်းဝေးလမ်းပေါ်တက်သွားရင်
ကားမှ လွဲ၍ ဘယ်အာမှမရှိဘူး
ဆိုင်ကယ် 125 CC အထက်သာ
ဟိုင်းဝေးမောင်းလို့ရတယ်
ETC ရှိရင် Tool gate Auto ဖြတ်တယ် ကားရပ်စရာမလိုဘူး
ဂျပန် မှာ ဘယ်ဆိုင်သွားသွား
ဘာဝယ်ဝယ် ဘာစားဈေးနှူန်းရေးထားတယ်
အလုပ်ရဲ့ Experience ကိုယူပီး
JP မှာ ကိုယ်ပိုင်Company ပါ ထောင်လို့ရတယ်
အလုပ် Experience မရှိရင်တော့
Company မထောင်တာကောင်းတယ်
နောက်တခုက
ကျန်းမာရေး အခွန်တို့
မီတာခ ရေမီး ဘာညာ ဘဏ်ကဘဲ့ဖြတ်တယ်
ကျန်းမာရေးအခွန်ဆောင်ထားတော့ ဆေးခန်းပြရင် ၃၀ % ဘဲ့ဆောင်ရတယ်
အခွန်အမျိူးမျိူး အာမခံအပေါ်လည်း မူတည်တယ်
အိမ်သာအားလုံး ၉၅%
သန့်ရှင်းတယ်

ထို့ကြောင့် ဂျပန်လာကြပါ
ပထမ တော့ ငွေလာမရှာနဲ့
ပညာရှာပါ
နေတတ်ာင်
ဂျပန်မှာ ပင်စင်စားတောင် မြန်မာပြည်က မန်နေဂျာထက်
အစိုးရက ထောက်ပံ့ပေးထားသလို ကျန်းမာရေးအတွက်လည်း
မြန်မာပြည်မှာလို ဆေးရုံတစ်ခါတက် သိန်း ၁၀၀ တို ၅၀ တို့
သိန်း ၁၀၀၀ တို့ကုန်မည့်နေရာတွေမှာ ဂျပန် က အာမခံရှိလို့
သိန်း ၁၀၀ နေရာမှာ သိန်း ၃၀ ဘဲ့ကုန်ပါတယ်

မြန်မာပြည်မှာ သိန်း ၁၀၀၀ ချမ်းသာတဲ့သူက ဆေးရုံတက် BKK လောက်သွားရင် သိန်း ၅၀၀ ဆိုတာ ၂ ပါတ်ဘဲ့ လေ

ဂျပန်မှာ ကျန်ူမာရေးအခွန် သွင်းထားသူက
ဒီလို Case ကို သိန်း ၃၀ မကုန်ဘူး
ဒါက တိုင်းပြည်ရဲ့ စနစ်
ကိုကောင်းနေတာပါ
ပြောချင်တာက
ငွေရှိတာ နဲ့ စနစ် မကောင်းတာမတူတာပါ

ထို့ကြောင့် ဂျပန်မှာငွေရှာမယ်ဆိုမလာနဲ့
ပညာရှင်နဲ့ ကျောင်းပညာရပ်ကိုလေ့လာပြီး ဂျပန် နိုင်ငံသားနည်းတူ အကျိူးခံစားရပီး

ဂျပန်နိုင်ငံသားထက် ကြိုးစားမယ်ဆိုရင်

ဂျပန်လာပါ
ငွေမရှာနဲ့
ဘဝရဲ့ အာမခံချက်ရှာပါ

Welcome to 🇯🇵 Japan

Crd...U Dom

住所

埼玉県
Kawaguchi-shi, Saitama

ウェブサイト

アラート

ဂျပန်ရောက် ြမန်မာများအတွက်အလုပ်အကိုင်/home wifi/SIM/အိမ်ဝန်ဆောင်မှုがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

共有する