KIREI Japanese Language & Knowledge

KIREI Japanese Language & Knowledge Japanese culture and language knowledge, Some interesting places and things, Some academic things an

အားလုံးပဲမင်္ဂလာပါ။ ☺️☺️ ပြည်သူ့စစ်သားများရဲ့‌ကောင်းမွန်သောအိမ်အပြန်အတွက် လက်မှတ်နိုင်သလောက်အားပေးဖို့ရှဲပါရစေနော်။ 🙏🙏 န...
09/10/2022

အားလုံးပဲမင်္ဂလာပါ။ ☺️☺️ ပြည်သူ့စစ်သားများရဲ့‌ကောင်းမွန်သောအိမ်အပြန်အတွက် လက်မှတ်နိုင်သလောက်အားပေးဖို့ရှဲပါရစေနော်။ 🙏🙏 နောက်တစ်နာရီနဲ့နာရီ၀က် (မြန်မာစံတော်ချိန် - ညနေငါးနာရီ) ဆို အရောင်းပိတ်မယ်သိရလို့ မင်မင်တောင်အမြန်ပြေးအားပေးလိုက်ရပါတယ်။ ပို့စ်မှာပါတဲ့ နိုင်ငံအလိုက်ငွေလွှဲနိုင်တဲ့နေရာရှိပါတယ်။ ကိုယ်တိုင်လွှဲခဲ့ပြီဆိုတော့ လွှဲနိုင်ဖို့လေးပြန်တင်ရှဲလိုက်ပါရစေနော်။ 😊🙏🙏
https://www.facebook.com/108055945041917/posts/188312907016220/

ပြည်သူ့စစ်သားတွေရဲ့အိမ်ပြန်ခရီးစဉ်လက်မှတ်
နိုင်ငံအလိုက်ဈေးနှုန်းလေးတွေဖြစ်ပါတယ်ခင်ဗျာ။

နိုင်ငံအလိုက်ငွေလွှဲခ ငွေဈေးအတက်အကျလေးတွေနဲ့မို့
ဈေးလေးတွေနည်းနည်းကွာနေတာကိုတော့ နားလည်ပေး
ပါခင်ဗျာ။

ကျနော်တို့ မနက်ဖြန်မှာ လက်မှတ်တွေနဲ့အတူ
ကြည့်ရှူလို့ရမယ့်လင့်လေးတွေပို့ပေးပါ့မယ်။

ကျနော်တို့လည်း အခက်အခဲတွေကြားက
အလောသုံးဆယ်စီစဉ်လိုက်ရတာမို့ အလွဲအမှား
လေးများရှိခဲ့ရင်လည်းနားလည်ပေးကြဖို့
ကြိုတင်မေတ္တာရပ်ခံပါတယ်ခင်ဗျာ။

ဝယ်ယူအားပေးကြတဲ့အယောက်စီတိုင်းကို
အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ 🥰

လက်မှတ်ဝယ်ယူရရှိနိုင်သောနေရာများ

USA - Spring Myanmar Society

https://www.facebook.com/SpringMyanmarSociety

Singapore - CSC - Citizens Support Center

https://www.facebook.com/CitizensSupportCenter/

Myanmar , Thailand , SG , Korea , Malaysia, Australia, Japan , Europe , US US နိုင်ငံများမှဝယ်ယူရန် 👇

ဒေါန မမ
https://www.facebook.com/dawnamama

Wai Yan Aung
https://www.facebook.com/WaiYanOfficial

(********Myanmar Language********)အားလုံးပဲကောင်းသောနေ့လေးပါနော်။ ☺️မတင်တာကြာပြီဖြစ်ပေမယ့် ဒီပေ့ခ်ျရဲ့ပထမဦးဆုံးသော "N5 ပ...
10/07/2022

(********Myanmar Language********)
အားလုံးပဲကောင်းသောနေ့လေးပါနော်။ ☺️
မတင်တာကြာပြီဖြစ်ပေမယ့် ဒီပေ့ခ်ျရဲ့ပထမဦးဆုံးသော "N5 ပညာဒါနအတန်း" လေးရဲ့သတင်းကောင်းလေးနဲ့အတူ ပြန်လည်နှုတ်ဆက်လိုက်ပါတယ်။ 🙋🌸🏵️✨🌸🏵️✨✨✨
------------------------
အားလုံးလည်း ဂျပန်ဘာသာကိုစိတ်၀င်စားလာကြတဲ့ ဒီလိုအချိန်မျိုးမှာ "ပညာဒါန"ဂျပန်စာအခြေခံအတန်းလေးနဲ့ မိတ်ဆက်လိုက်ပါရစေ။ ဒီအတန်းမှာ သင်ကြားမယ့် N5 level ကတော့ ဂျပန်ဘာသာအခြေခံlevelထဲကတစ်ခုဖြစ်ပါတယ်။

ဒီအတန်းလေးရဲ့ထူးခြားချက်ကတော့
👉 အခန်း (၂၅) ခန်းပါ Free PDF ဖိုင်ဖတ်စာအုပ်👈
👉 သုံးလခွဲအပြတ်ကိုမှ မြန်မာငွေ (၃၀၀၀) ကျပ် 👈
(သေချာတက်ရောက်စေလို၍ဖြစ်ပါသည်။)
👉 အတန်းအပြီးတွင်ပြန်အပ်မည့် စရံငွေ (၄၀၀၀) ကျပ်👈
(သေချာတက်ရောက်စေလို၍ဖြစ်ပါသည်။)
👉 ဂျပန်ဘာသာသင်ကြားသည့်အတွေ့အကြုံသူမှ သင်ပေးပါမည်။ 👈
👉 Zoom class ဖြစ်သောကြောင့် လူဦးရေအကန့်အသတ်မရှိပါ။ 👈
👉 တစ်ဦးစီမေးမြန်းပြီး မြန်မာအချိန်နှင့်ညှိပေးပါမည်။ 👈
(မနက်/နေ့လည်/ညနေစသည်)
👉 တခြားအချက်အလက်တွေကို ပုံလေးမှာကြည့်ပေးပါနော်။ 👈

"အသေးစိတ်စုံစမ်းမေးမြန်းမှုများနှင့် စာရင်းပေးသွင်းမှုများအတွက် ပေ့ခ်ျရဲ့မက်ဆေ့ခ်ျ box မှာ သေချာဖြေကြားလက်ခံပေးနေပါပြီ" ☺️☺️☺️
------------------------
လူဦးရေအကန့်အသတ်မရှိတဲ့ ပညာဒါနအခွင့်အရေးလေးဖြစ်တဲ့အတွက် ပို့စ်လေးကိုလွတ်လပ်စွာရှဲပေးနိုင်ပါပြီနော်။ 🙋🌸🏵️✨🌸🏵️✨



(********English, Japanese & Myanmar Language********)အားလုံးပဲကောင်းသောနေ့လေးပါ။ ☺️☺️Hello! Good day to you all.. Today...
03/03/2022

(********English, Japanese & Myanmar Language********)
အားလုံးပဲကောင်းသောနေ့လေးပါ။ ☺️☺️
Hello! Good day to you all.. Today, 3th March, it is "Hinamatsuri" in Japan! 🌻🌸🌻🌸🙂

今日は!☺️☺️今日はひな祭りの日です!!ひな祭りの投稿をさせて頂きます。🎎❣️🎎❣️🎎❣️

-------------------
雛祭り(ひなまつり)は日本において、女子のすこやかな成長を祈る節句の行事です。

Hinamatsuri (雛祭り), a special day in Japan, is also called "Girls’ day" for it is a time for praying the healthy growth of girls.

ဟိနာ့ပွဲ (Hinamatsuri, ひな祭り) ဆိုတာကတော့ ဂျပန်နိုင်ငံမှာ မိန်းကလေးငယ်လေးတွေကျန်းမာစွာရှင်သန်ကြီးပြင်းနိုင်စေရန်အတွက် ရည်ရွယ်ကျင်းပတဲ့ ဆုတောင်းပွဲလေးပဲဖြစ်ပါတယ်။

-------------------
ဒီရိုးရာဓလေ့ထုံးတမ်းလေးအကြောင်းကို အရင်ကတင်ခဲ့ဖူးတဲ့ပို့စ်လေးမှာ ပြန်ဖတ်ကြည့်လို့ရနိုင်ပါတယ်နော်။ လင့်ခ်လေးကိုပြန်တင်ပေးလိုက်ပါတယ်။
Here is the link for finding out more about Hinamatsuri, also known as Doll Festival! !
ひな祭りのことをもっとご覧になりませんか??

https://www.facebook.com/1281534988543153/posts/1971039516259360/

-------------------
ပို့စ်လေးကိုဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဂျပန်ဘာသာသင်ခန်းစာလေးတွေနဲ့ ဂျပန်အကြောင်းပို့စ်လေးတွေကို မကြာခင်တင်သွားတော့မှာမို့ ဆက်လက်ပြီးဖတ်ရှုပေးပါဦးနော်။ 🌸🌸🌸

Thank you for reading and see you at our next session!☺️☺️



#日本語 #ランゲージ #言語 #日本 #ひな祭り #3月3日 #祭り

အားလုံးပဲပိုမိုကောင်းမွန်တဲ့နှစ်သစ်လေးဖြစ်ပါ‌စေနော်။ ✨✨🎉🎉✨✨🌸🌸ဒီနေ့မှာတော့ အရင်ကပို့စ်ဖူးတဲ့ "初詣 (Hatsumoode)" အကြောင်းလေ...
01/01/2022

အားလုံးပဲပိုမိုကောင်းမွန်တဲ့နှစ်သစ်လေးဖြစ်ပါ‌စေနော်။ ✨✨🎉🎉✨✨🌸🌸
ဒီနေ့မှာတော့ အရင်ကပို့စ်ဖူးတဲ့ "初詣 (Hatsumoode)" အကြောင်းလေးကို ဖတ်ရအောင်ရှဲလိုက်ပါတယ်။ 🙂
ဒီပို့စ်လေးကိုလည်းဖတ်ရင်း.. နှစ်သစ်မှာဘုရားကျောင်းကန်တွေသွားပြီးပဲဖြစ်ဖြစ်၊ မိမိအိမ်မှာပဲဖြစ်ဖြစ် ဘာသာရေး၀တ်ပြုခြင်းတွေနဲ့အတူ အေးချမ်းစွာစတင်နိုင်ပါစေလို့နော်။ ✨🌼🌼✨✨

(********Myanmar Language********)အားလုံးပဲကောင်းသောနေ့လေးပါ။ 🌸🎞️🌸🎞️🌸🎞️🌸🎞️🌸🎞️🌸🎞️🌸🎞️🌸🎞️🌸🌸အခုနောက်ပိုင်းမင်မင်က မအားနေမကော...
19/11/2021

(********Myanmar Language********)
အားလုံးပဲကောင်းသောနေ့လေးပါ။ 🌸🎞️🌸🎞️🌸🎞️🌸🎞️🌸🎞️🌸🎞️🌸🎞️🌸🎞️🌸🌸
အခုနောက်ပိုင်းမင်မင်က မအားနေမကောင်းပြီး၊ သတင်းမကြည့်နိုင်၊ click မလုပ်ရသေးတဲ့အတွက် အဲ့အစားအများပြန်ရှဲ၀င်ကြည့်နိုင်မယ့် ဗီဒီယိုယူကျုလင့်ခ်လေးတစ်ခုနဲ့အတူ ဆိုင်ရာလင့်ခ်တွေကနောက်ဆုံးတင်ပေးထားတာတွေကို ပြန်ရှဲပါရစေလို့နော်။ အားတဲ့ချိန်မှာ၀င်ကြည့်၊ ရှဲပေးနိုင်ပါတယ်နော်။ (YouTube သီးသန့်) 🙏🙏
----------------
Clicking တွေအတွက် ဘယ်လိုလုပ်ရမလဲဆိုတာ လမ်းညွှန်ဂိုက်လုပ်ပေးနေတဲ့ "Click2donate" facebook ပေ့ခ်ျက ၀င်ကြည့်ပေးရမယ့် ယူကျုဗီဒီယို‌လေးတွေကို အောက်ပါအတိုင်း နောက်ဆုံး update ပေးထားပါတယ်။ (ကျန်တဲ့ Apps၊ ဘာညာစသည် အားလုံးကိုအဲဒီ့ပေ့ခ်ျမှာ လမ်းညွှန်ထားပါတယ်။) 🎞️🎞️

"Youtube မှာ mobile data နဲ့သူတွေက
Weclick ရဲ့ RISE UP
Raung Ni ရဲ့ Nay Ma Win Aein Pyan Chein
Wifi နဲ့သူတွေ ဖွင့်ပြီးပစ်ထားလို့ရတဲ့သူတွေက
weclick ရဲ့ ရင်၌ဖြစ်သောတေး
raungni ရဲ့ Zat Lite Pyit Chin Thu
တို့ကို အစအဆုံးလေး ကြည့်ပေးကြပါ။"

https://youtube.com/c/RaungNi4MM
▪️(Raung Ni 👆👆👆)
https://youtube.com/c/WECLICK2
▪️(We Click 👆👆👆)

https://youtu.be/zaBU4yzDw3Y

🙏

စာရေးသူ ဆရာကြီးမြသန်းတင့်ဝတ္ထုတို audio book.Audio book By K Sharing Audio Book here is his channel : https://www.youtube.com/c/KSharingAudiobook

03/10/2021

(********Myanmar and Japanese Language********)
အားလုံးပဲကောင်းသောမနက်ခင်းလေးပါ။ 🌅☘️🌅☘️

အခုတစ်ခေါက်မှာတော့ Myanmar Coup ကာလထဲကနေခံစားရေးဖွဲ့ပေါ်ပေါက်လာခဲ့တဲ့ "အလိုမရှိ" သီချင်းရဲ့ Japanese version ကိုဖော်ပြပေးလိုက်ပါတယ်။ အကယ်၍ အားလုံးထဲမှာ ဂျပန်အသိမိတ်ဆွေရှိသူတွေများရှိရင် ပြန်ရှဲပြီး Coup အကြောင်းကိုပိုမိုသိအောင် ဖြန့်ဝေနိုင်ပါတယ်နော်။ 🙂

ပထမဆုံးဒီဂျပန်လိုပြန်ဆိုထားတဲ့ သီချင်းလေးကိုတင်ထားတဲ့ "Miu (ဂျပန်စာ၊ လူမှုဘ၀၊ ဗဟုသုတ၊ ယဉ်ကျေးမှု)" ဆိုတဲ့ပေ့ခ်ျကို Credit ပေးပါတယ်။ (ခွင့်ပြုပါနော်)

🔵 အောက်ပါလင့်ခ်ကတော့ ပေ့ခ်ျမှာတင်ထားတဲ့ သီချင်းပို့စ်လင့်ခ်ပါ။
https://www.facebook.com/104286497626089/posts/660834928637907/

🔵 အောက်ပါလင့်ခ်ကတော့ ပေ့ခ်ျလင့်ခ်ပါ။
https://www.facebook.com/Sakurai.NY/

နောက်တစ်ခါ တင်ပေးမယ့်ပို့စ် (သို့မဟုတ်) ဗီဒီယိုလေးတွေမှာ ပြန်တွေ့ကြမယ်နော်။ ☺️☺️




#အလိုမရှိ

#ミャンマークーデター
#ミャンマー軍事クーデター
#ミャンマーデモ #プロテスト

30/09/2021

(********Myanmar Language********)
အားလုံးပဲ ဒီနေ့လည်းကောင်းသောနေ့လေးဖြစ်ပါစေလို့ ပေ့ခ်ျလေးကနေပြန်လည်နှုတ်ဆက်လိုက်ပါတယ်နော်။ 🌅🍀🌼🌼🌼🌅
အရင်အပတ်က သင်ခန်းစာပို့စ်လေးတွေနဲ့ တခြားပို့စ်လေးတွေတင်ထားတဲ့အတွက်၊... သင်ခန်းစာလေးတွေပြန်ကြည့်ဖို့လည်းအချိန်‌တစ်ခုစောင့်ရင်း... ဒီနေ့တော့ အားလုံးသိကြမယ့် Click2donate အကြောင်းလေးကိုပဲ ပိုပြီး click ဖြစ်အောင်နှိုးဆော်တဲ့ပို့စ်လေးတင်ပေးပါရစေနော်။ 🖱️🖱️ချန်နယ်အသီးသီးကိုအောက်ပါလင့်ခ်လေးတွေကနေသွားနိုင်ပါတယ်။ 🙂🙂 (အောက်ဆုံးကလင့်ခ်လေးကတော့ အခုမှလေ့လာမယ့်မင်မင်လည်း မသိတာတွေအများကြီးသိရတဲ့ updated ပို့စ်လေးမို့လို့ပါ။)

"Click2donate" - Telegram channel
https://t.me/click2donate

"Click2donate" - page
https://www.facebook.com/click2donatemm/

"Click2donate" - YouTube channel
https://youtube.com/channel/UCRb9jMgOMaKq5QlFvjTBIQQ

A BTS Army's page
https://www.facebook.com/103320911567098/posts/322035499695637/

အားလုံးပဲကောင်းသောနေ့လေးပါနော်။ ☺️Hello! Good day to you all..☺️ ဒီနေ့တင်မယ့်ပို့စ်လေးကတော့ "မိုမိဂျိနှင့် ဟီငါးရှိယာမာ့...
24/09/2021

အားလုံးပဲကောင်းသောနေ့လေးပါနော်။ ☺️
Hello! Good day to you all..☺️

ဒီနေ့တင်မယ့်ပို့စ်လေးကတော့ "မိုမိဂျိနှင့် ဟီငါးရှိယာမာ့တိရိစ္ဆာန်ရုံသို့လည်ပတ်ခြင်း"ဆိုတဲ့ပို့စ်လေးပါ။ ဒီပေ့ခ်ျလေးကနေပုံမှန်တင်ပေးမယ့်ပို့စ်အမျိုးအစား (၅)ခုအနက်မှာဆိုရင် ဒီပို့စ်လေးဟာ "စိတ်၀င်စားဖွယ်နေရာများလည်ပတ်ခြင်း" ဆိုတဲ့ဘလော့ဂ်ပုံစံမျိုးနဲ့ ပေါ့ပေါ့ပါးပါးလေးတင်ပေးလိုက်ပါတယ်နော်။
Today's post is about "Momiji and a Visit to Higashiyama Zoo". As there are five categories that this page will have regarding the regular posts, today's blog will belong to "Visits to interesting places in Japan" category.

------------------------
"မိုမိဂျိနှင့် ဟီငါးရှိယာမာ့တိရိစ္ဆာန်ရုံသို့လည်ပတ်ခြင်း"
"Momiji and a Visit to Higashiyama Zoo"
------------------------
ဂျပန်မှာကတော့ ခုချိန်ဟာစက်တင်ဘာလမို့ "မိုမိဂျိ"ရာသီအချိန်ကျရောက်ပါပြီ။ "မိုမိဂျိ"ဆိုတာကတော့ ဆောင်းသစ်ရွက်‌လေးတွေ လှပစွာအနီရောင်၊ အဝါရောင်သို့ပြောင်းလဲသွားပုံကို ဆိုလိုခြင်းဖြစ်ပါတယ်။
In Japan, as it is the month, September now, it is the time of "Momiji". "Momiji" refers to the autumn leaves with their amazing beautiful colors of red and yellow.

ဂျပန်မှာကတော့ "မိုမိဂျိ"အချိန်ခါဟာ စက်တင်ဘာလကနေဒီဇင်ဘာလအတွင်းကျရောက်ပါတယ်။ ဒါပေမယ့်ချယ်ရီပန်းတွေလို နေရာ၊ ချိန်ခါမတူတာကြောင့် မင်မင်နေတဲ့နာငိုယာမြို့မှာကတော့ နို၀င်ဘာလအလယ်မှ ဒီဇင်ဘာလအစအတွင်းပါ။ "မိုမိဂျိ"အကြောင်းလေးက ပို့စ်တစ်ခုသပ်သပ်ရေးတင်မှာမို့လို့ စောင့်ကြည့်ပါဦးနော်။ 🙂
"Momiji" takes place from September to December in Japan. But, in Nagoya, the time to watch "Momiji" is from the middle of November to the start of December. A separate vlog about "Momiji" will be posted in near future. Please kindly wait for it. 🙂

နာငိုယာမြို့မှာရှိတဲ့ လှပတဲ့"မိုမိဂျိ"တွေကိုကြည့်ရှုဖို့အကောင်းဆုံးနေရာတွေထဲကတစ်နေရာကို ပြီးခဲ့တဲ့နှစ်နှစ်‌လောက်ကသွားဖြစ်ခဲ့တာလေးကို ဒီနေ့တော့တင်ပေးချင်ပါတယ်။ အဲ့ဒါကတော့ 'ဟီငါးရှိယာမာ့'တိရိစ္ဆာန်ဥယျာဉ်နဲ့ရုက္ခဗေဒပန်းခြံလေးပါ။ အဲ့ဒီတိရိစ္ဆာန်ဥယျာဉ်အကြောင်း ဂူးဂဲလ်မှာရှာကြည့်လိုက်တော့ ဆွဲဆောင်နေတဲ့ထူးခြားချက်က 'ခိုအားလား'လေးတွေရှိနေတာပါပဲ။ 😊😊ဒီနေ့ရဲ့ပို့စ်လေးမှာတော့ တခြားနေရာက"မိုမိဂျိ"ပုံလေးတချို့နဲ့အတူ 'ဟီငါးရှိယာမာ့'တိရိစ္ဆာန်ဥယျာဉ်မှာရိုက်ခဲ့တဲ့ ဓာတ်ပုံနဲ့ဗီဒီယိုလေးတွေကို ဖော်ပြပေးပါမယ်နော်။
Two years ago, I visited to 'Higashiyama Zoo and Botanical Garden's which is one of the best places to enjoy "Momiji" in Nagoya. I googled about the zoo and found out that 'having Koala🐨 there is an attraction-point of the zoo. Here, now I posted some of "Momiji" photos of other places and, photos and videos that I took at Higashiyama Zoo. 🙂🙂

တိရိစ္ဆာန်ရုံလေးမှာ ငှက်လေးတွေရယ်၊ မျောက်ဝံရယ်၊ ....ပြီးတော့ချစ်စရာ'ခိုအားလား'လေးတွေရယ်ကို ဓာတ်ပုံရိုက်ခဲ့ပါတယ်။ ပုံလေးတွေနဲ့ ဗီဒီယိုလေးတွေကိုလည်းကြည့်ရှူပေးပါဦးနော်။ ...(ဗီဒီယိုကိုတော့ ပုံနဲ့အတူတင်လို့မရတဲ့အတွက်ကွန်မန့်မှာပဲတင်လိုက်ရပါတယ်။ 😔☺️🙂)
As I wandered around the zoo, I also took amazing pictures of lovely birds, monkey^^🐒, etc. And KOALA! ☺️ Please enjoy this blog with the following photos. (As videos cannot be uploaded together, let me post in the comment session. 😔☺️🙂)

ပို့စ်လေးကိုအဆုံးထိဖတ်ရှုပေးတဲ့အတွက်ရော၊ ပေ့ခ်ျလေးကို follow ပေးတဲ့အတွက်ရော အားလုံးကိုကျေးဇူးတင်ပါတယ်နော်။ 🌸🍂🍁🌸🍂🍁🌸🍂🍁
Thank you very much for reading my blog and following my page. 🌸🍂🍁🌸🍂🍁🌸🍂🍁

#မင်မင်
#ခိရဲအိဂျပန်ဘာသာနှင့်ဗဟုသုတ

22/09/2021

အားလုံးပဲ 'ခိရဲအိ'ဂျပန်ဘာသာနဲ့ဗဟုသုတစာမျက်နှာလေးကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ✨🌼🌷🌼🌷 အခုတစ်ခါမှာတော့ ဂျပန်ဘာသာအခြေခံအက္ခရာ 'ဟီရာ့ဂါ့နာ့'ရဲ့ လက်ရေးလှရေးပုံရေးနည်းဗီဒီယိုလေးရဲ့ အပိုင်း (၂) ကို ဆက်တင်ပေးလိုက်ပါတယ်နော်။ ...
-----------------------
ဂျပန်အက္ခရာ'ဟီရာ့ဂါ့နာ့'ရေးသားနည်း - အပိုင်း (၂)
-----------------------
ဆက်လက်ပြီး ဒီအခြေခံအက္ခရာလေးတွေကနေထပ်ပွားသွားတဲ့အခြားစာလုံးတွေရယ်၊ 'ခါတာ့ခါ့နာ့'ရယ်ကိုလည်း နောက်နေ့တွေမှာဆက်တင်ပေးသွားပါမယ်။ အားလုံးတွက်အကျိုးရှိတဲ့ ဗီဒီယိုလေးဖြစ်ပါစေနော်။ 🙂🌺🌺🌺 ✨🌼🌼

---------------------
Hello! ✨🌅
This is a second video about 'How to Write Japanese Hiragana Prettily and Correctly'. The same video with English subtitles will also be posted another time. I hope you will wait for it and kindly enjoy it. ☺️☺️🙂.
See you in the English subtitles video!
🌼🌸🌸🌼🌸🌼🌼✨

#ခိရဲအိဂျပန်ဘာသာနှင့်ဗဟုသုတ

(********Myanmar Language********)အားလုံးပဲကောင်းသောနေ့လေးပါ။ ✨ဒီနေ့မှာတော့ ဒီပို့စ်လေးနဲ့အတူ ဂျပန်ဘာသာအခြေခံ level ကိုအ...
18/09/2021

(********Myanmar Language********)
အားလုံးပဲကောင်းသောနေ့လေးပါ။ ✨
ဒီနေ့မှာတော့ ဒီပို့စ်လေးနဲ့အတူ ဂျပန်ဘာသာအခြေခံ level ကိုအတူတကွလေ့လာဖို့ စိတ်၀င်စားသူတွေအတွက် group လေးတစ်ခုအကြောင်းကို တင်လိုက်ပါတယ်နော်။ ☘️☘️ အခုဒီပေ့ခ်ျလေးမှာ အခြေခံဆိုင်ရာပို့စ်လေးတွေပို့စ်နေပြီဖြစ်တဲ့အတွက် အဲဒီဂရုလေးထဲမှာလည်း တစ်ပြေးညီပို့စ်တွေကို တင်သွားပါမယ်။ ဂျပန်စာအခြေခံစိတ်၀င်စားသူ မည်သူမဆို join လိုက်ဖို့ဖိတ်ခေါ်ပါတယ်။ ✨☘️✨☘️✨

👉 ဒီဂရုလေးမှာ -
🤩 မင်မင်က အရင်ဆုံးဂျပန်ဘာသာကို ဟိုးအစကနေလေ့လာဖို့အတွက် ပို့စ်လေးတွေနဲ့စပြီးတင်သွားနေပါတယ်။
🤩 "ဂျပန်ဘာသာအခြေခံ" ဂရုလေးလို့ဆိုရာမှာ လောလောဆယ် အက္ခရာတွေရေးတတ်ဖတ်ပြီး၊ အခြေခံသိထားစရာလေးတွေပြီးတာနဲ့ N5 ကိုဆက်သွားပြီး N5 ပြီးတဲ့အထိလို့ လောလောဆယ်လျာထားပါတယ်။ (N4 ထိမသွားတာကိုပဲပြောတာပါ။ ဒီထက်တော့မလျော့ပါဘူးနော်😄)
🤩 Kanji ပါမှာပါလား? Kanji လည်းပါပါမယ်နော်။ N5 မှာတွေ့ရမယ့်ခန်းဂျီး‌လေးတွေ တဖြည်းဖြည်းချင်း share သွားပေးပါမယ်။
🤩 အချိန်ကာလ? ဂျပန်ဘာသာကို အလျင်မလိုပဲနှစ်၀က်လောက်အနည်းဆုံးဖြည်းဖြည်းချင်း လေ့လာချင်သူတွေအတွက် 'free sharing' ဂရုလေးပါပဲ။
🤩 အခုမှအချိန်ယူရင်း တင်နေတာဆိုတော့ အချိန်ကာလဒီလိုကြာနိုင်ပေမယ့် အားလုံးပြီးရင် Public လုပ်ပါမယ်။
🤩 ‌Update: ဂျပန်ဘာသာကိုလေ့လာသင်ယူရာမှာ ဝေါဟာရ၊ သဒ္ဒါပိုင်းစတာတွေက ပြဿနာသိပ်မရှိပေမယ့် အက္ခရာအရေးအသားပိုင်းမှာ သေသေချာချာလေ့လာချင်သူတွေကို ကိုယ်တိုင်ခံစားချက်နဲ့နားလည်ပေးတဲ့အတွက် အက္ခရာအရေးအသားပိုင်းကိုပြန်ပြီး sharing လုပ်ပေးရာမှာ မိမိသိသလောက်ကိုအကုန်ပြန်မျှဝေပေးပါတယ်။ ကိုယ်တိုင်လည်း professional ဆရာတစ်ဦးလိုမခံယူဘဲ ဆည်းပူးခဲ့တဲ့ YUFL၊ အမြဲရှိခိုးဦးထိပ်တင်ပါသော ဝါရင့်ဆရာ၊ ဆရာမကြီးများ၊ သင်ရိုးညွှန်းတမ်းများ၊ ထပ်ဆင့်ကြည့်ရှုခဲ့ဖူးပါသောသင်ထောက်ကူညွှန်းတမ်းများနှင့် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများရဲ့ကျေးဇူးကို အမြဲစိတ်မှာထားပြီး "အနည်းငယ်အလွဲမကင်းရင်တောင် လုံး၀အမှားမဖြစ်အောင်" ချစ်တဲ့ဂျပန်စာအပေါ်မှာရော၊ sharing လုပ်တဲ့အပေါ်မှာပါစေတနာတစ်ခုနဲ့ ပြန်မျှဝေပေးပါတယ်။

🌸 အခုကတော့ ဖြည်းဖြည်းစီတင်သွားမယ့် private ဂရုလေးဖြစ်တာကြောင့် ဂရု member ၀င်ထားပါနော်။ အားလုံးကိုလက်ခံနေပါပြီ။ 🌸

ဂျပန်ဘာသာစတင်လေ့လာသူတွေ အတူတကွလေ့လာကြမယ်နော်။ 🙆😊😊

# sharing _group

https://www.facebook.com/groups/561471824655687/

18/09/2021

(********Myanmar Language********)
အားလုံးပဲကောင်းသောမနက်ခင်းလေးပါ။ ✨🌼🌼🌸🌸
မနေ့ကစမ်းတဝါးဝါးနဲ့တင်လိုက်ပြီး News Feed မှာပေါ်မလာတဲ့ ဗီဒီယိုလေးကို ပြန်ရှဲလိုက်ပါတယ်နော်။ 😊✨✨🙂🙂

17/09/2021

အားလုံးပဲကောင်းသောနေ့လေးပါ။ 🙂✨🌼🌸🌼🌼

ဒီနေ့မှာတော့ ဂျပန်ဘာသာလေ့လာနေသူတွေအတွက် လက်ရေးလှရေးသားနည်း ဗီဒီယိုတစ်ခုကို စပြီးတင်ပေးသွားပါမယ်နော်။ အဲဒါကတော့ "ဂျပန်အက္ခရာလက်ရေးလှရေးသားနည်း" ဗီဒီယိုလေးပဲဖြစ်ပါတယ်။ အစကတော့ Zoom နဲ့သင်ဖို့အတွက် ရည်ရွယ်ခဲ့ပေမယ့် သင်ကြားတဲ့အပိုင်းနဲ့ပတ်သက်တဲ့ပို့စ်လေးတွေ သိပ်မတင်ဖူးတာကြောင့် ဒီဗီဒီယိုလေးနဲ့ပဲ ကိုယ့်ကိုယ်ကို ဂျပန်ဘာသာသင်ပြသူအဖြစ် မိတ်ဆက်ပါရစေ။ ^^ ☺️☺️😄 နောက်ပိုင်းမှာတော့ လက်ရေးလှရေးသားနည်းကို အခြေခံအက္ခရာနှစ်မျိုးလုံးအတွက် တင်ပေးပြီးသွားတဲ့အခါ အခြေခံ Basics ဘက်ကိုဆက်သွားပြီး မိမိကိုယ်ကိုမိတ်ဆက်ခြင်း၊ နှုတ်ဆက်စကားများ၊ ဂဏန်းရေတွက်ပုံများ၊ အခြေခံဝေါဟာရအခေါ်အဝေါ်များစတာတွေကို sharing လုပ်ပေးသွားပါမယ်။ အဲ့ဒါတွေကိုတော့ Zoom နဲ့အခမဲ့ပြောပြပေးသွားမှာဖြစ်ပြီးတော့ အချိန်ကာလအားဖြင့် (၂) ပတ်အတွင်းပဲကြာမြင့်မှာပါ။ အစမ်းလေးသင်ကြည့်တဲ့သဘောပါနော်။ အဲ့ဒီ့နောက်မှာတော့ အခြေခံအတန်းက Grammar လေးတွေကို တစ်ခုစီ နောက်လကစပြီး ပေ့ခ်ျလေးကနေ တင်သွားပေးပါမယ်နော်။ ☺️ ဒါဆိုရင် လာမယ့် Zoom အတန်းလေးနဲ့ပတ်သက်ပြီး ဘယ်လို registration လုပ်ရမယ်ဆိုတဲ့အကြောင်းလေးကို ဗီဒီယိုလေးနဲ့အတူတင်သွားမှာမို့ ပေ့ခ်ျလေးကို like နဲ့ follow လုပ်ပေးထားပါဦးနော်။

အခုမှစတင်မယ့်ဗီဒီယိုလေးမို့လည်းအားပေးပါဦးလို့နော်။ ☺️😁😁🌼🌸🌼🌼✨

---------------------

Hello! Good day to you all 🙂✨🌅🌼🌸🌸🌸

I hope you are all well. ☺️ Today, a video about 'How to Write Japanese Hiragana Prettily and Correctly' will be shared. It will be posted soon with Myanmar language. However, the same video with English subtitles will also be posted another time. I hope you will wait for it and kindly enjoy it. ☺️☺️🙂.

Thank you for 'like' & 'following' the page. See you in the English subtitles video!🙂🙂 🌼🌸🌼🌼✨

住所

Showa-ku
Nagoya-shi, Aichi

ウェブサイト

アラート

KIREI Japanese Language & Knowledgeがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

事業に問い合わせをする

KIREI Japanese Language & Knowledgeにメッセージを送信:

共有する

カテゴリー