HEM’S : Japan-Myanmar Job Consulting

HEM’S : Japan-Myanmar Job Consulting HEM’S : Japan-Myanmar Job Consulting, ビジネスコンサルタント, 奈良県天理市前栽町9-1, Nara-shiの連絡先情報、マップ、方向、お問い合わせフォーム、営業時間、サービス、評価、写真、動画、お知らせ。

🎌 ဂျပန်အလုပ်အကိုင်ခေါ်ယူခြင်း 🎌အလုပ်အကိုင်အမျိုးအစား - သက်ကြီးရွယ်အိုစောင့်ရှောက်ရေး (Tokutei Ginou Kaigo) -အလုပ်အကိုင်ပ...
25/03/2026

🎌 ဂျပန်အလုပ်အကိုင်ခေါ်ယူခြင်း 🎌
အလုပ်အကိုင်အမျိုးအစား - သက်ကြီးရွယ်အိုစောင့်ရှောက်ရေး (Tokutei Ginou Kaigo) -အလုပ်အကိုင်ပုံစံ - အမြဲတမ်းဝန်ထမ်း
အလုပ်နေရာ - Kansai Area
လစာ - တစ်လလျှင် (215,000 Yen)
※ လုပ်ငန်းအတွေ့အကြုံနှင့် အရည်အချင်းပေါ်မူတည်၍ လစာညှိနှိုင်းပေးပါမည်။
လုပ်ငန်းတာဝန်များ - သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာများတွင် လူနေမှုဘဝ ကူညီပံ့ပိုးပေးခြင်းနှင့် ပြုစုစောင့်ရှောက်ခြင်း။
လျှောက်ထားရန် လိုအပ်သောအရည်အချင်း
( ※အောက်ပါအချက်အားလုံးနှင့် ကိုက်ညီသူဖြစ်ရမည်။)
1. လက်ရှိ ဂျပန်နိုင်ငံအတွင်း နေထိုင်နေသူဖြစ်ရမည်။
2. သက်ကြီးရွယ်အိုစောင့်ရှောက်ရေးနည်းပညာကျွမ်းကျင်မှုစစ်ဆေးစာမေးပွဲ (Kaigo Skills Evaluation Test) အောင်မြင်ထားပြီး၊ ဂျပန်စာအဆင့် N4 (သို့မဟုတ်) JFT-Basic အောင်မြင်ထားသူဖြစ်ရမည်။
3. လက်ရှိတွင်လည်း Tokutei Ginou ဗီဇာဖြင့် အလုပ်လုပ်ကိုင်နေသူဖြစ်ပါက ဗီဇာသက်တမ်း (သို့မဟုတ်) အလုပ်လုပ်နိုင်သည့်ကာလ ၂ နှစ်နှင့်အထက် ကျန်ရှိနေသူဖြစ်ရမည်။

【လျှောက်ထားရန်နည်းလမ်း】 စိတ်ပါဝင်စားသူများအနေဖြင့် Messenger မှတစ်ဆင့် ဆက်သွယ်မေးမြန်း လျှောက်ထားနိုင်ပါသည်။

(Japanese Version)
募集職種 - 介護スタッフ(特定技能)
雇用形態 - 正社員
勤務地 - 関西エリア
給与 - 月給 21.5万円
※経験や能力に応じて決定いたします。
業務内容 - 高齢者施設等での介護業務全般(身体介助、生活支援など)
応募資格
( ※以下のすべてに該当する方)
1. 現在、日本国内に在住している方
2. 特定技能(介護)技能評価試験に合格し、日本語能力試験(N4以上)またはJFT-Basicに合格している方
3. 現在特定技能で就業中の方は、残り期間が2年以上ある方
応募方法:Messengerよりご連絡ください。


#ဂျပန်အလုပ်အကိုင်
#ဘိုးဘွားစောင့်ရှောက်

🎌 ဂျပန်အလုပ်အကိုင်ခေါ်ယူခြင်း 🎌အလုပ်အကိုင်အမျိုးအစား - မော်တော်ယာဉ်ပြုပြင်ထိန်းသိမ်းရေးအင်ဂျင်နီယာ (Automobile Mechanic)...
25/03/2026

🎌 ဂျပန်အလုပ်အကိုင်ခေါ်ယူခြင်း 🎌
အလုပ်အကိုင်အမျိုးအစား - မော်တော်ယာဉ်ပြုပြင်ထိန်းသိမ်းရေးအင်ဂျင်နီယာ (Automobile Mechanic)
အလုပ်အကိုင်ပုံစံ - အမြဲတမ်းဝန်ထမ်း
အလုပ်နေရာ - တိုကျိုမြို့
လစာ - တစ်လလျှင် (250,000 - 350,000 Yen)
※ လုပ်ငန်းအတွေ့အကြုံနှင့် အရည်အချင်းပေါ်မူတည်၍ လစာညှိနှိုင်းပေးပါမည်။
လုပ်ငန်းတာဝန်များ - မော်တော်ယာဉ်များအား စစ်ဆေးခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းနှင့် ပြင်ဆင်ခြင်း။
လျှောက်ထားရန် လိုအပ်သောအရည်အချင်း -
(※အောက်ပါအချက် (၁) သို့မဟုတ် (၂) အနက် တစ်ချက်နှင့် ကိုက်ညီသူဖြစ်ရမည်။)
① ဂျပန်နိုင်ငံ၏ မော်တော်ယာဉ်ပြုပြင်ထိန်းသိမ်းရေး 3rd Class (自動車整備3級) လက်မှတ်ရှိသူ။
② ဂျပန်နိုင်ငံရှိ မော်တော်ယာဉ်ပြုပြင်ထိန်းသိမ်းရေး အသက်မွေးဝမ်းကျောင်းကောလိပ် (自動車整備専門学校) မှ ဘွဲ့ရရှိထားသူ (သို့မဟုတ်) မကြာခင်ဘွဲ့ရရှိမည့်ရှိသူ။
【လျှောက်ထားရန်နည်းလမ်း】 စိတ်ပါဝင်စားသူများအနေဖြင့် Messenger မှတစ်ဆင့် ဆက်သွယ်မေးမြန်း လျှောက်ထားနိုင်ပါသည်။

(Japanese Version)
募集職種 - 自動車整備士
雇用形態 - 正社員
勤務地 - 東京都
給与 - 月給 25万円 ~ 35万円
※経験やスキルに応じて決定いたします。
業務内容 - 自動車の点検、整備、修理業務全般
応募資格 –
※以下の①または②のいずれかに該当する方
① 自動車整備士3級の資格をお持ちの方
② 日本の自動車整備専門学校を卒業、または卒業見込みの方
応募方法:Messengerよりご連絡ください。

Burmese Version (Japanese Version Below)HEM'S: ဂျပန်–မြန်မာ အလုပ်ရှာဖွေရေး၊ ဗီဇာနှင့်ဥပဒေဆိုင်ရာအကြံပေး🛑 HEM'S ဆိုတာ ဂျပ...
24/03/2026

Burmese Version (Japanese Version Below)

HEM'S: ဂျပန်–မြန်မာ အလုပ်ရှာဖွေရေး၊ ဗီဇာနှင့်ဥပဒေဆိုင်ရာအကြံပေး

🛑 HEM'S ဆိုတာ ဂျပန်နိုင်ငံမှာအလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားများအတွက် အလုပ်အသစ်ရှာဖွေရေး၊ အလုပ်ပြောင်းခြင်း၊ ဗီဇာနှင့်ဥပဒေဆိုင်ရာကိစ္စများကို အဖက်ဖက်မှ ကူညီပံ့ပိုးပေးနေသောအဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။

"ပိုကောင်းတဲ့ အလုပ်ကို ရှာချင်တယ်"၊ "ဂျပန်မှာ နေထိုင်မှုဘဝကို ပိုမိုတိုးတက်အောင် လုပ်ချင်တယ်" ဆိုတဲ့သူတွေအတွက် အကျိုးရှိမယ့် သတင်းအချက်အလက်တွေကို အမြန်ဆုံး မျှဝေပေးနိုင်ဖို့အတွက် အခု page လေးကို ဖွင့်လှစ်လိုက်ရခြင်း ဖြစ်ပါတယ်။

🛑 ကျွန်တော်တို့ရဲ့အဖွဲ့အစည်းကို -

• 行政書士အဖွဲ့ (ဗီဇာလျှောက်ထားခြင်းနှင့် သက်တမ်းတိုးခြင်းများ)

• 有料職業紹介အဖွဲ့ (技人国မှ 特定技能အထိ အလုပ်အမျိုးအစားများစွာကို ချိတ်ဆက်ပေးခြင်း)

• 登録支援機関အဖွဲ့ (အထူးကျွမ်းကျင်လုပ်သားများအား ကူညီပံ့ပိုးခြင်းနှင့် ဗီဇာပြောင်းလဲမှုအကူအညီပေးခြင်း)

တို့ဖြင့်ဖွဲ့စည်းထားပြီး၊ ယုံကြည်စိတ်ချရသော တရားဝင်အလုပ်ရှာဖွေရေး အကြံပေးမှုများကို One-Stop Service အဖြစ် ဆောင်ရွက်ပေးနေပါတယ်။

၆ နှစ်ကျော်သော အတွေ့အကြုံများဖြင့် မြန်မာနိုင်ငံရှိ မိတ်ဖက်ကုမ္ပဏီများမှ အလုပ်အကိုင်ရှာဖွေနေသူများစွာအား အကြံဉာဏ်ပေး ဆွေးနွေးကာ ကိုက်ညီသောအလုပ်များဖြင့် ဂျပန်သို့ပို့ဆောင်ပေးခဲ့တဲ့အပြင်၊ ဂျပန်မှာ လက်ရှိနေထိုင်နေသူများအတွက်လည်း အလုပ်အကိုင်ပြောင်းလဲရေး၊ ဂျပန်ဘာသာစကားကျောင်းများနှင့် အသက်မွေးဝမ်းကြောင်းကောလိပ်များမှ ဘွဲ့ရပြီးသူများအတွက် အသက်မွေးဝမ်းကြောင်းအလုပ်အကိုင်အကြံပေးခြင်းတို့ကိုလည်း ဆောင်ရွက်ပေးနေပါတယ်။

🛑 HEM’S ၏ အားသာချက်များ

• အလုပ်လျှောက်လိုသူရဲ့ အလိုဆန္ဒ၊ ကျွမ်းကျင်မှုနှင့် အနာဂတ်အစီအစဉ်များကို သေချာနားထောင်ပြီး၊ ဆွေးနွေးပြီးမှ သင့်လျော်သောအလုပ်များနှင့် မိတ်ဆက်ပေးခြင်း။

• “အလုပ်ပဲရနိုင်တဲ့ ကုမ္ပဏီ” မဟုတ်ဘဲ “သင်ရဲ့ဘဝပါအတူတိုးတက်အောင်မြင်စေနိုင်မဲ့ ကုမ္ပဏီ” များကိုရှာဖွေမိတ်ဆက်ပေးခြင်း။

• ဗီဇာအကြံပေး/အလုပ်ရှာဖွေရေးအကြံပေးမှုအားလုံးကို အခမဲ့ ဆောင်ရွက်ပေးခြင်း။

• အဖွဲ့အစည်းတစ်ခုတည်းမှ ဥပဒေရေးရာ၊ အလုပ်အကိုင်နှင့် ကူညီထောက်ပံ့မှု စတဲ့ဝန်ဆောင်မှုများအားလုံးကို တာဝန်ယူဆောင်ရွက်ပေးခြင်း။

🛑 ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုများ -

① 求職者登録 (ကိုယ်နှင့်ကိုက်ညီသော ကုမ္ပဏီကို သေချာရွေးချယ်လိုသူများသာ)

- အလုပ်လျှောက်လိုသူရဲ့ လိုလားချက်များ (အလုပ်/လစာ/နေရာ စသည်) ကို အသေးစိတ်မေးမြန်းပြီးမှ သင့်အတွက် အကောင်းဆုံးကိုက်ညီသော ကုမ္ပဏီများနှင့် မိတ်ဆက်ပေးပါမယ်။

- Facebook မှာမကြေညာထားတဲ့ အလုပ်အကိုင်အခွင့်အလမ်းများစွာ ကျွန်တော်တို့ဆီမှာရှိနေပါတယ်။

- အလုပ်ပြောင်းရန် စဥ်းစားနေသူများအတွက်လည်း ဆွေးနွေးပေးပါမယ်။

- CV Form တင်ပြီးနောက်တွင်လည်း အခြားအလုပ်ရှာဖွေရေးများကို လွတ်လပ်စွာ ပြုလုပ်နိုင်ပါတယ်ခင်ဗျ။

② 公開求人へ応募(အမြန်အလုပ်လိုအပ်နေသူများသာ)

- ကျွန်တော်တို့ အချို့ အလုပ်ခေါ်စာတွေကိုတော့ Facebook မှာတင်ပေးနေပါတယ်။

- စိတ်ဝင်စားပါက Messenger မှတစ်ဆင့်ဆက်သွယ်နိုင်ပါတယ်ခင်ဗျ။

💰 ဝန်ဆောင်ခနှုန်းထားများ

• အလုပ်အကိုင်ဆိုင်ရာဆွေးနွေးပေးမှု : အခမဲ့

• ဗီဇာဆိုင်ရာအကြံပေးမှု : အခမဲ့

• အလုပ်မိတ်ဆက်ပေးမှု : အခမဲ့

• ဗီဇာလျှောက်ထားခြင်းနှင့် သက်တမ်းတိုးခြင်း : သက်ဆိုင်ရာဝန်ဆောင်ကြေးများရှိပါတယ်။

• ဗီဇာအတည်ပြုပြီးနောက်မှ ပေးဆောင်ရပါမယ်။

• ခက်တဲ့ဗီဇာတွေဆို ငြင်းဆိုတဲ့ အခါမျိုးလည်းရှိတတ်ပါတယ်။

• ဗီဇာကုန်ကျစရိတ်က အလုပ်အခြေအနေပေါ်မူတည်ပြီး ကွဲပြားနိုင်ပါတယ်။ (အလုပ်မလျှောက်ခင်ကြိုတင်ရှင်းပြပါမယ်ခင်ဗျ)

HEM’S ရဲ့ နှစ်ပေါင်းများစွာ ရယူခဲ့သော အတွေ့အကြုံများနဲ့ အလုပ်အကိုင် မိတ်ဆက်ပေးခဲ့တဲ့ မှတ်တမ်းကောင်းများကို အခြေခံပြီး သင်တို့ရဲ့ "ပိုမိုကောင်းမွန်သော ဘဝ" အတွက် အစွမ်းကုန် ကူညီပံ့ပိုးပေးနေပါတယ်။ နောက်ဆုံးရ အလုပ်ခေါ်စာများ၊ ဗီဇာသတင်းအချက်အလက်များကို သိရှိနိုင်ဖို့ ကျွန်တော်တို့ Page ကို Follow လုပ်ထားကြပါဦးခင်ဗျာ။ 🎌🇲🇲

Japanese Version

HEM'S:日本・ミャンマー就職&法務サポートのFacebookページへようこそ。

HEM’Sは、日本で働くミャンマー人のための 就職支援とビザ法務サポートの専門チーム です。

私たちのグループには

• 行政書士チーム(ビザ申請・更新)

• 有料職業紹介チーム(技人国〜特定技能まで幅広く紹介)

• 登録支援機関チーム(特定技能の支援・乗り換え対応)

が揃っており、法務的に安全で安心できる就職コンサルをワンストップで提供しています。

ミャンマー現地法人からこれまで多くの求職者様を日本への就職コンサルしてきた実績に加え、 日本在住の方の転職・日本語学校・専門学校新卒の就職コンサルも 6年以上の経験 があります。

HEM’Sの特長

• あなたの希望・スキル・将来計画を丁寧にヒアリング

• 「就職できる会社」ではなく 「活躍できる会社」 を紹介

• ビザ相談・就職相談は すべて無料

• 法務・就職・支援が一つのグループで完結する安心体制

利用方法

① 求職者登録(自分に合った会社をしっかり選びたい方) あなたの希望条件を詳しく伺い、最適な会社をご紹介します。※求人を公開しない会社も多くあります。 ※転職を迷っている段階でも相談OK。※登録しても他の就職活動は自由です。

② 公開求人への応募(すぐ就職したい方) 時々Facebookで公開可能な求人を掲載します。興味があれば、メッセージで相談してください。

料金について

• 就職相談:無料

• ビザ相談:無料

• 就職紹介:無料(紹介料は就職先企業から受け取ります)

• ビザ申請・更新の代行:行政書士費用が必要(相談は無料) ※支払いはビザ取得後の成功報酬 ※難しいビザはお断りする場合があります ※ビザ費用の負担は採用条件により異なります(事前に説明します)

#ဂျပန်အလုပ်အကိုင်
#ဂျပန်အလုပ်ရှာ
#ဂျပန်အလုပ်ပြောင်း

住所

奈良県天理市前栽町9-1
Nara-shi, Nara

アラート

HEM’S : Japan-Myanmar Job Consultingがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

共有する