31/08/2026
Candlestick တိုင်လေးတစ်ခုချင်းစီမှာ ကိုယ်ပိုင်အမည်နဲ့ ပုံသဏ္ဌာန်အသီးသီး ရှိကြသလိုပဲ လူ့လောကထဲက လူတစ်ယောက်ချင်းစီမှာလည်း မတူညီတဲ့ စရိုက်နဲ့ တန်ဖိုးတွေ ရှိကြပါတယ်။
⛔️လှည့်စားတတ်သောBullishTrapCandle များဟာကြည့်လိုက်ရင်တော့ အပေါ်ကို တက်တော့မလို၊ အကျိုးပြုတော့မလိုနဲ့ အားသာချက်ပြနေပေမဲ့ တကယ်တော့ ဟန်ဆောင်အတုအယောင်တွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေကို ဆုံးရှုံးပျက်စီးစေတတ်ပါတယ်။ ဒါဟာ လူ့အဖွဲ့အစည်းမှာ အယောင်ဆောင်ကောင်းပြီး သူတပါးရဲ့ အကျိုးစီးပွားကို ဖျက်ဆီးတတ်တဲ့ လူမျိုးတွေနဲ့ ပမာတူလှပါတယ်။
✅ အကျိုးပြုသော(StrongBullishTrendCandle များဟာခိုင်မာတဲ့ ခန္ဓာကိုယ်နဲ့ တည်တည်ငြိမ်ငြိမ် အထက်ကို ဦးတည်ပေးနိုင်ပြီးဈေးကွက်တစ်ခုလုံးကို တက်ကြွစေကာအကျိုးစီးပွားနဲ့ အောင်မြင်မှုကို ဆောင်ကြဉ်းပေးတတ်ပါတယ်။ ဒါဟာ မိမိပတ်ဝန်းကျင်နဲ့ လောကကြီးတစ်ခုလုံး တိုးတက်ဖို့အတွက် တကယ့်အစစ်အမှန် စွမ်းအားပေးနိုင်တဲ့ လူကောင်းတွေနဲ့ တူပါတယ်။
❗️အဓိပ္ပာယ်မဲ့သော Candle များ (Doji / Inactive)တို့လို Candle လေးတွေကျတော့လည်း အထက်လည်းမရောက်၊ အောက်လည်းမရောက်ဘဲ လှုပ်ရှားမှုမရှိ ပျောက်ကွယ်သွားကြပါတယ်။ မိမိကိုယ်တိုင်အတွက်ရော၊ လောကကြီးတစ်ခုလုံးအတွက်ပါ ဘာအကျိုးကျေးဇူးမှ မပေးနိုင်ဘဲ လေလွင့်နေတတ်တဲ့ လူတွေလိုပေါ့။
"To skip is to succeed."
အဓိပ္ပာယ်မဲ့သော Candle များ (Doji / Inactive)