10/06/2026
ミャンマーのコーヒー・ビジネスは女性の働く場を提供だけでなく、活躍する場をプロデュースし、応援します。RoCoBeLはMyanmar Women Coffee Networkの取り組みに共鳴します。
🌱 𝐌𝐖𝐂𝐍 𝐆𝐫𝐞𝐞𝐧 𝐁𝐞𝐚𝐧 𝐂𝐨𝐦𝐩𝐞𝐭𝐢𝐭𝐢𝐨𝐧 𝟐𝟎𝟐𝟔 🌱
Myanmar Women Coffee Network (MWCN) မှ ကြီးမှူးကျင်းပသည့် -
မြန်မာနိုင်ငံတစ်ဝန်းရှိ ကော်ဖီထုတ်လုပ်သူများ၊ ကော်ဖီ တောင်သူများ၊ ကော်ဖီလုပ်ငန်းရှင်များနှင့် Specialty Coffee ချစ်မြတ်နိုးသူများအားလုံး ပါဝင်ယှဉ်ပြိုင်နိုင်မည့် “𝐌𝐖𝐂𝐍 𝐆𝐫𝐞𝐞𝐧 𝐁𝐞𝐚𝐧 𝐂𝐨𝐦𝐩𝐞𝐭𝐢𝐭𝐢𝐨𝐧 𝟐𝟎𝟐𝟔” ကို Myanmar Women Coffee Network (MWCN) မှ ဂုဏ်ယူစွာ ကြီးမှူးကျင်းပသွားမည်ဖြစ်ပါသည်။ ☕✨
မြန်မာ့ Specialty Coffee ၏ အရည်အသွေးနှင့် နိုင်ငံတကာအဆင့်မီမှုကို မြှင့်တင်နိုင်ရန် ရည်ရွယ်၍ ယခု Competition ကို စီစဉ်ကျင်းပရခြင်းဖြစ်ပြီး Coffee Producer များအတွက် မိမိတို့၏ အကောင်းဆုံး Green Bean များကို ပြသယှဉ်ပြိုင်နိုင်မည့် အခွင့်အရေးကောင်းတစ်ရပ်လည်း ဖြစ်ပါသည်။
🏆 ပြိုင်ပွဲဝင် ကော်ဖီအုပ်စုများ
🔸 Classic Group
• Fully Washed
• Dry Natural
• Other Process
(Black Honey, Red Honey စသည့်)
🔸 Specific Group
• Anaerobic
• Co-Fermentation
• Yeast Process
━━━━━━━━━━━━━━━
📌 Competition Sample Fee
• Process Method (၁) မျိုး – ၁၅၀,၀၀၀ ကျပ်
• Process Method (၂) မျိုး – ၂၅၀,၀၀၀ ကျပ်
• Process Method (၃) မျိုး – ၃၅၀,၀၀၀ ကျပ်
• Process Method (၄) မျိုး – ၄၅၀,၀၀၀ ကျပ်
• Process Method (၅) မျိုး – ၅၀၀,၀၀၀ ကျပ်
📍 Process Method (၅) မျိုးအထက် တင်သွင်းပါက တစ်မျိုးလျှင် ၁၀၀,၀၀၀ ကျပ် ထပ်မံကောက်ခံသွားမည်ဖြစ်ပါသည်။
ဥပမာ -
• Sample (၆) ခု – ၆၀၀,၀၀၀ ကျပ်
• Sample (၇) ခု – ၇၀၀,၀၀၀ ကျပ်
━━━━━━━━━━━━━━━
📦 Sample ပေးပို့ရန် သတ်မှတ်ချက်များ
• Sample တစ်မျိုးလျှင် Green Bean (၃) ကီလိုဂရမ် ပေးပို့ရမည်။
• Screen Size ၁၅ နှင့်အထက် ဖြစ်ရမည်။
• Defect များ ရွေးချယ်သန့်စင်ပြီးသား ဖြစ်ရမည်။
• အစိုဓာတ်ပမာဏ ၁၀% မှ ၁၂% အတွင်း ဖြစ်ရမည်။
━━━━━━━━━━━━━━━
📋 Sample Bag ပေါ်တွင် ဖော်ပြရမည့် အချက်အလက်များ
• ထုတ်လုပ်သူအမည် (Producer / Farmer Name)
• ကော်ဖီမျိုးစိတ် (Variety)
• ထွက်ရှိရာဒေသ (Region)
• အမြင့်ပေ (Elevation)
• ထုတ်လုပ်မှုနည်းလမ်း (DN, FW စသည့်)
• အစိုဓာတ်ပမာဏ
• ဆက်သွယ်ရန် ဖုန်းနံပါတ် / Email Address
━━━━━━━━━━━━━━━
🎖️ ပြိုင်ပွဲတွင် အနိုင်ရရှိသူများအား ဆုများ ချီးမြှင့်သွားမည်ဖြစ်ပါသည်။
━━━━━━━━━━━━━━━
⏰ Sample ပေးပို့ရမည့် နောက်ဆုံးရက်
📅 ၂၀၂၆ ခုနှစ်၊ ဇွန်လ (၂၁) ရက်နေ့
နောက်ဆုံးထား၍ အောက်ပါလိပ်စာသို့ အရောက်ပေးပို့ရမည်ဖြစ်ပါသည်။
⚠️ သတ်မှတ်ရက်ကျော်လွန်၍ ရောက်ရှိလာသော Delivery Package များကို ပြိုင်ပွဲကျင်းပရေး တာဝန်ခံအဖွဲ့မှ လက်ခံပေးမည် မဟုတ်ပါ။
━━━━━━━━━━━━━━━
📍 Sample ပေးပို့ရန်လိပ်စာ -
အလင်္ကာ
(Alinkar Cafe House)
အမှတ် ၂၀/၂၂၊ ရှမ်းကုန်းလမ်း၊ မြေနီကုန်း၊ စမ်းချောင်းမြို့နယ်၊
ရန်ကုန်မြို့။
📞 09-450990566
📞 09-950206922
━━━━━━━━━━━━━━━
🚚 Delivery ပေးပို့ရန်
• Royal Express (Door to Door)
• Bee Express (Door to Door)
• Bus Express ဖြင့် ပေးပို့ပါက“အောင်ဆန်းကွင်း ဂိတ်ချ” ဟု မှတ်သားပေးပို့နိုင်ပါသည်။
━━━━━━━━━━━━━━━
ပြိုင်ပွဲဝင်စာရင်းပေးသွင်းရန်
အောက်ဖော်ပြပါ Google form link တွင် ဖြည့်စွက်ပေးရပါမည်။
https://forms.gle/QRe6aDzeJWoBKRDH7
အသေးစိတ်အချက်အလက်များ မေးမြန်းစုံစမ်းလိုပါက
၁။ မငယ်ငယ်ခင်
📞 09-250848637
၂။ မခင်စန်းစန်းရင်
📞 09-5199714
━━━━━━━━━━━━━━━
✨ မြန်မာ့ Specialty Coffee ၏ အရည်အသွေးကို အတူတကွ မြှင့်တင်ကြပါစို့ ✨