COOSY Myanmar

COOSY Myanmar COOSY, a web design agency initially established in Tokyo, Japan, is now expanding its global footprint with new offices in London, UK, and Yangon, Myanmar!

シニアマーケター募集中!!日本の大手企業のWeb制作・AIサービスを手がけるCOOSYで、Web・デジタルマーケティングの経験を活かして、クライアントの成果に貢献するシニアマーケターを募集しています。データをもとに課題を発見し、仮説を立て、...
08/09/2026

シニアマーケター募集中!!

日本の大手企業のWeb制作・AIサービスを手がけるCOOSYで、Web・デジタルマーケティングの経験を活かして、クライアントの成果に貢献するシニアマーケターを募集しています。

データをもとに課題を発見し、仮説を立て、改善施策まで考えられる方を歓迎します。

マーケティングの専門性をさらに高めたい方、幅広いWebマーケティング業務に挑戦したい方におすすめのポジションです。

※ミャンマー国内在住の方のみご応募ください。

▼ このポジションの具体的な業務
・Webサイトのアクセス解析・レポート作成
・Webサイト監査・課題分析
・Google広告、リスティング広告、SNS広告などの広告運用
・SNS運用・管理
・SEO対策・改善施策の立案
・データをもとにした仮説立案・改善提案

▼ 必須条件
・Web・デジタルマーケティング領域で2年以上の実務経験
・Webやデジタル領域に対する強い興味・関心がある方
・アクセス解析などのデータをもとに、課題を発見し仮説を立てられる方
・施策の実行だけでなく、結果を分析して改善につなげられる方
・基本的なマーケティングの知識を持ち、目的に応じて適切な施策を考えられる方
・日本語で業務上のコミュニケーションができる方(JLPT N2以上)
・自ら課題を見つけ、主体的に業務を進められる方

▼ 歓迎スキル
・Google Analytics(GA4)、Google Search Consoleを使用したアクセス解析・SEO分析の経験
・Google広告、リスティング広告、SNS広告などの運用経験
・広告の配信設定から効果測定、改善まで一貫して担当した経験
・SEO施策の立案・実行・効果測定の経験
・SNSアカウントの運用・コンテンツ企画の経験
・Looker Studioなどを使用したマーケティングレポートの作成経験
・複数のマーケティングチャネルを組み合わせた施策の企画・運用経験
・クライアントやチームメンバーへの分析結果・改善施策の報告経験
・Webサイトの改善提案やコンバージョン改善(CVR改善)の経験

▼ 待遇・勤務情報
・ポジション:シニアマーケター
・給与:100万〜200万MMK(月額)※スキル・経験に応じて決定
・勤務:フルリモート
・勤務時間:8:00〜17:00 MMT(休憩1時間)
・昇給あり
・試用期間:3か月
*将来的にミャンマーで会社を設立した際、Yangonオフィスへ出社できる方を歓迎します

▼ 応募方法
Google Formよりご応募ください。

https://forms.gle/Dymm88fRxC98BWD86

**面接は日本語で行われます。

04/09/2026

ဒီအပတ်မှာတော့ စိတ်ဝင်စားဖို့ကောင်းတဲ့ website လေးတွေနဲ့
မိတ်ဆက်ပေးတာပြန်လာပါပြီ။✨

🐹 BLUE HAMHAM Official
https://bluehamham.com

ဒီတခါ websiteလေးကတော့ designer နဲ့ animator ဖြစ်သူ Yuta Arimura ရဲ့
"BLUE HAMHAM" ဆိုတဲ့ official website လေးပဲဖြစ်ပါတယ်။

Cursor ရွှေ့သလိုမျိုး မျက်လုံးလေးတွေ လိုက်လှုပ်ရှားနေသလို၊
hover လုပ်လိုက်ရင်လည်း reaction လေးတွေ ပြပေးပါတယ်။

ချစ်ဖို့ကောင်းလွန်းလို့ KVမှာတင် 5မိနစ်လောက် အချိန်ကုန်သွားပါတယ် 😆

ဒီအပတ်အတွက် japanese terms တွေကတော့ web marketing ထဲက terms အချို့ပါ။ ✨Web ads အပါအဝင် organic traffic တွေပါစောင့်ကြည့်ပ...
03/09/2026

ဒီအပတ်အတွက် japanese terms တွေကတော့ web marketing ထဲက terms အချို့ပါ။ ✨

Web ads အပါအဝင် organic traffic တွေပါစောင့်ကြည့်ပြီး websiteရဲ့ performaceတွေကို report တွေပါလုပ်ကြတာမလို့ တာဝန်ယူတဲ့ အပိုင်းအပေါ်လိုက်ပြီးမတူညီတဲ့ ဝေါဟာရတွေထွက်လာလေ့ရှိပေမယ့် ဒီတခါတော့ ဟိုဟိုဒီဒီနဲနဲချင်းစီ list ထဲထားပါတယ်။

နောက်အပိုင်းတွေမှာ အသုံးများတဲ့ tools တွေရဲ့ ဂျပန်အခေါ်တွေကိုလဲ sharing လုပ်ပေးသွားပါမယ်။

LLMO ဆိုတာဘာလဲ? GEO တို့ AEO ဆိုတာဘာလဲ? 【Part3】ရှေ့မှာSEOနဲ့LLMO ဆိုတာဘာလဲဆိုတာ ပြောခဲ့ပါတယ်။ဒီတခါတော့ တခြားoptimization...
01/09/2026

LLMO ဆိုတာဘာလဲ? GEO တို့ AEO ဆိုတာဘာလဲ? 【Part3】

ရှေ့မှာSEOနဲ့LLMO ဆိုတာဘာလဲဆိုတာ ပြောခဲ့ပါတယ်။ဒီတခါတော့ တခြားoptimization terms တွေနဲ့ web developer တွေအနေမဲ့ optimization အတွက်လုပ်သင့်တာလေးတွေ ဆက် sharing လုပ်ပေးချင်ပါတယ်။

AI Optimization နဲ့ ပတ်သက်လာရင်—
LLMO,GEO,AEO ဆိုတဲ့ Terms တွေကိုလည်းရှိပါသေးတယ်။

ဒီ Term တွေကိုနားလည်အောင်ဘယ်နေရာအတွက် Optimize လုပ်နေတာလဲဆိုတဲ့အချက်နဲ့ ခွဲကြည့်လို့ရပါတယ်။

◼︎ GEO — Generative Engine Optimization
Generative AI တွေက User အတွက် Answer တစ်ခု Generate လုပ်တဲ့အခါ ကိုယ့် Content ကို Reference၊ Mention သို့မဟုတ် Recommend လုပ်လာနိုင်ဖို့ Optimize လုပ်တဲ့ Concept ပါ။
LLMO ထက်တော့Generative AI Answer Ecosystem တစ်ခုလုံးကို ပိုကျယ်ကျယ်ပြန့်ပြန့် ကြည့်တဲ့ Termလို့ နားလည်လို့ရပါတယ်။
✅ Goal:Generated Answer တွေထဲမှာ Information Source အဖြစ် ပါလာဖို့။

◼︎ AEO — Answer Engine Optimization
User ရဲ့ Question ကို တိုက်ရိုက် Answer ပေးတဲ့ System တွေအတွက် Content ကို Optimize လုပ်တာပါ။
ဥပမာ—
"React ဆိုတာဘာလဲ?"
"Core Web Vitals မှာ CLS ဆိုတာဘာလဲ?"
လို Question တစ်ခုကို မေးတဲ့အခါ—
ကိုယ့် Content က Question ကို တိုက်ရိုက်၊ ရှင်းရှင်းလင်းလင်း Answer ပေးနိုင်ရင် Answer Engine တွေအတွက်လည်း နားလည်ရလွယ်ကူနိုင်ပါတယ်။
✅ Goal:User Question တစ်ခုရဲ့ Answer အဖြစ် ကိုယ့် Content ကို အသုံးပြုနိုင်ဖို့။

ရှေ့အပိုင်းတွေမှာပြောခဲ့တဲ့ SEO နဲ့ LLMO က
◼︎LLMO — Large Language Model Optimization
ChatGPT၊ Gemini၊ Claude လို Large Language Model တွေက Information ကို နားလည်ပြီး Answer ပေးတဲ့အခါ ကိုယ့် Information ကို Mention သို့မဟုတ် Reference လုပ်နိုင်ဖို့ Optimize လုပ်တာပါ။
✅ Goal:AI Answer ထဲမှာ ကိုယ့် Webite or Company Information ကို တွေ့ရှိနိုင်ဖို့။

◼︎SEO — Search Engine Optimization
Google၊ Bing လို Search Engine တွေရဲ့ Search Result မှာ Website ကို ပိုမိုမြင်သာစေဖို့ Optimize လုပ်တာပါ။
✅ Goal:Search Result မှာ ပိုမိုတွေ့ရှိနိုင်ပြီး Website Click ရလာဖို့။

◼︎AIO — AI Optimization
SEO ကလွဲလို့တခြား Optimization တွေရဲ့ general အသုံးအနှုန်းပါ။
AIOဆိုပြီး အတိုကောက်သုံးတာလဲ နှစ်မျိုးရှိတဲ့အကြောင်း ဒီ post မှာ sharingလုပ်ဖူးပါတယ်။
https://www.facebook.com/coosymyanmar/posts/pfbid0oZ4owJHHSZYuMieFevSGxJhZvZLrQnhGytT98KNgmcCNiEX3AEPyBcnpHJaD18p7l

ဒါဆို ဒီ Terms တွေက လုံးဝမတူတာလားဆိုရင်တော့ တခုနဲ့တခုOverlap ဖြစ်နေတဲ့အပိုင်းတွေ အများကြီးရှိပါတယ်။

✨ဒီမှာ အရေးကြီးတဲ့ Question တစ်ခုရှိလာပါတယ်—
"Developer တွေအနေနဲ့ တကယ်တမ်း ဘာတွေ လုပ်ပေးနိုင်လဲ?"
AI Optimization ဆိုတာ Content Writer တွေ၊ SEO Specialist တွေ အလုပ်နဲ့ ပြီးတဲ့အရာမဟုတ်ပါဘူး။
Website ရဲ့ Technical Foundation ကောင်းမှSearch Engine တွေနဲ့AI System တွေက Website ကို ကောင်းကောင်း Access လုပ်ပြီး Information ကို နားလည်နိုင်မှာပါ။ developer တွေ web opertation လုပ်နေတဲ့သူအနေနဲ့ အခြေခံအနေနဲ့ စလုပ်လို့ရတဲ့အချက်တွေဆိုရင်

1️⃣ Answer ကို ရှင်းရှင်းလင်းလင်း ရေးထားဖို့
Content တစ်ခုမှာ User ကသိချင်တဲ့ Question တစ်ခုကို ဖြေမယ်ဆိုရင်—
အဖြေကို အစပိုင်းမှာ ရှင်းရှင်းလင်းလင်း ပေးထားတာက ပိုကောင်းပါတယ်။
ဥပမာ—
Introduction အရှည်ကြီး → Background → Example → နောက်ဆုံးမှ Answerထက်စာရင်
User ကသိချင်တဲ့Question → Direct Answer → Explanation → Example
ဆိုတဲ့ Structure က User တွေအတွက်လည်း ဖတ်ရလွယ်ပြီး၊ Content ရဲ့ Main Point ကိုလည်း ပိုမိုရှင်းလင်းစေပါတယ်။

2️⃣ Semantic HTML ကို စနစ်တကျ အသုံးပြုဖို့
Part 1 မှာ ပြောခဲ့သလိုSemantic Structure တွေကို စနစ်တကျ အသုံးပြုထားဖို့ အရေးကြီးပါတယ်။
Content Structure ရှင်းလင်းနေမယ်ဆိုရင် User တွေအတွက် ဖတ်ရလွယ်ပြီး Search Engine တွေအတွက် နားလည်ရလွယ်တယ်ဆိုတဲ့ အကျိုးကျေးဇူးတွေရှိပါတယ်။

3️⃣ Website ကို Crawl / Access လုပ်လို့ရဖို့Content က ကောင်းနေရုံနဲ့ မလုံလောက်ပါဘူး။
Search Engine သို့မဟုတ် Crawler တွေက Page ကို Access လုပ်နိုင်ဖို့လည်း လိုပါတယ်။
ဒီအတွက်—
✔ robots.txt
✔ Internal Link
✔ XML Sitemap
✔ Indexing
စတဲ့ Technical SEO အခြေခံတွေကို စစ်ဆေးထားဖို့လိုပါတယ်။

4️⃣ Structured Data ကို အသုံးပြုဖို့
Structured Data က Website ထဲမှာရှိတဲ့ Information တွေကို Machine တွေအတွက် ပိုမိုရှင်းလင်းစွာ ဖော်ပြပေးနိုင်ပါတယ်။
ဥပမာ—
✅ဒီ Website က ဘယ် Organization ပိုင်တာလဲ
✅ ဒီ Page က Article လား
✅ FAQ Content လား
✅ Author က ဘယ်သူလဲ
စတဲ့ Information တွေကို Structure တစ်ခုနဲ့ ဖော်ပြနိုင်ပါတယ်။
ဒါပေမဲ့—
‼️ Structured Data ထည့်လိုက်တာနဲ့ AI Answer ထဲမှာ 100% ပါမယ်လို့တော့ မဆိုလိုပါဘူး။
ဒါက Website Information ကို AI အပါအဝင် Machine တွေ နားလည်ဖို့ ကူညီပေးနိုင်တဲ့ Foundation တစ်ခုအနေနဲ့ နားလည်ထားသင့်ပါတယ်။

5️⃣ ဘယ်သူရေးထားတာလဲ၊ ဘာကို အခြေခံထားတာလဲဆိုတာ ရှင်းလင်းဖို့
AI Optimization အတွက် Content Quality ကလည်း အရေးကြီးပါတယ်။
ဥပမာ Author Information,Company Information,Case Study,Original Data,Reliable Sourcesတွေရှိနေမယ်ဆိုရင် Content ရဲ့ Context နဲ့ Credibility ကို ပိုမိုရှင်းလင်းစေနိုင်ပါတယ်။ E-E-A-Tလို့ခေါ်ပါတယ်။ အရမ်းကြီးမရှည်သွားအောင် သပ်သပ်sharingလုပ်ပေးပါ့မယ်။

အရေးကြီးဆုံးအချက်ကတော့—
LLMO / GEO / AEO ဆိုတာ SEO ကို ဖျက်ပြီး အသစ်စလုပ်ရမယ့်အရာမဟုတ်ပါဘူး။အရင်ရှိပြီးသား SEO (Website Performance,Technical Foundation,High-quality Content)ပေါ်မှာAI တွေ နားလည်လွယ်ဖို့၊Answer အဖြစ် အသုံးပြုလွယ်ဖို့၊Reference လုပ်လွယ်ဖို့ဆိုတဲ့ အချက်တွေကို ထပ်ပြီး Optimize လုပ်သွားတာလို့ နားလည်လို့ရပါတယ်။✨

AI Search နဲ့ Generative AI တွေ ပိုမိုအသုံးများလာတာနဲ့အမျှ—
Web Developer တွေအနေနဲ့လည်း"Website ကို User အတွက် ဘယ်လိုကောင်းအောင်လုပ်မလဲ?"ဆိုတာတင်မကတော့ဘဲ"Search Engine နဲ့ AI System တွေ ဒီ Website ကို ဘယ်လိုနားလည်နိုင်မလဲ?"ဆိုတာကိုပါ စဉ်းစားဖို့ လိုလာမယ်လို့ ထင်ပါတယ်။

SEO, LLMO, GEO, AEO နဲ့ပတ်သက်ပြီးစိတ်ဝင်စားဖို့ကောင်းတဲ့ အတွေ့အကြုံရှိရင်လဲ Comment မှာ ပြောခဲ့ပေးပါဦး။✨

LLMO ဆိုတာဘာလဲ? GEO တို့ AEO ဆိုတာဘာလဲ? 【Part2】ပြီးခဲ့တဲ့အပတ်က Part 1 မှာတော့ SEO အကြောင်းကို ပြောခဲ့ပါတယ်။ဒီတစ်ခါတော့ အ...
31/08/2026

LLMO ဆိုတာဘာလဲ? GEO တို့ AEO ဆိုတာဘာလဲ? 【Part2】
ပြီးခဲ့တဲ့အပတ်က Part 1 မှာတော့ SEO အကြောင်းကို ပြောခဲ့ပါတယ်။
ဒီတစ်ခါတော့ အခုနောက်ပိုင်း ပိုပြီးကြားလာရတဲ့ LLMOအကြောင်းကို ဆက်ကြည့်ကြည့်ပါမယ်။

LLMO ဆိုတာ Large Language Model Optimizationကို ဆိုလိုတာသိကြမယ်လို့ထင်ပါတယ်။

အလွယ်ပြောရရင်—
Large Language Modelတွေဖြစ်တဲ့ ChatGPT, Gemini, Claude, Perplexity လို Generative AI တွေက User ရဲ့ မေးခွန်းကို ဖြေတဲ့အခါ၊ ကိုယ့် Website သို့မဟုတ် ကိုယ့် Company အကြောင်းအရာတွေကို ရှာတွေ့ပြီး၊ အဖြေထဲမှာ Mention ဒါမှမဟုတ် Citation လုပ်လာနိုင်အောင် Optimize လုပ်ခြင်း လို့ နားလည်လို့ရပါတယ်။

ဥပမာ—

User တစ်ယောက်က AI ကို

💬 "Japan မှာ Web Development Company ကောင်းကောင်း ဘယ် Company တွေရှိလဲ?"

လို့ မေးလိုက်တဲ့အခါ AI က Internet ပေါ်မှာရှိတဲ့ Information တွေကို Reference လုပ်ပြီး response တစ်ခု ပြန်ပေးနိုင်ပါတယ်။

အဲ့ဒီ အဖြေထဲမှာ ကိုယ့် Company ရဲ့ Information ပါလာနိုင်ဖို့၊ ကိုယ့် Website Content တွေကို AI တွေ နားလည်လွယ်ပြီး Reference လုပ်လွယ်အောင် ပြင်ဆင်ထားခြင်းက LLMO နဲ့ ဆက်စပ်နေပါတယ်။

ဒါဆို SEO နဲ့ LLMO က ဘာကွာလဲဆိုရင်

🔍 SEOက
Search Engine Result Page မှာ Website ကို ပိုမိုမြင်သာစေဖို့ Optimize လုပ်တာပါ။

🤖 LLMOက
AI ရဲ့ Answer ထဲမှာ ကိုယ့် Information ကို Reference၊ Citation သို့မဟုတ် Mention လုပ်လာနိုင်ဖို့ Optimize လုပ်တာပါ။

အရင်ကတော့ User တွေဟာ—

Google Search
↓
Search Result တွေကြည့်
↓
Website တစ်ခုကို Click
↓
Information ဖတ်
ဆိုတဲ့ Flow ကို ပိုသုံးကြပါတယ်။

ဒါပေမဲ့ အခုနောက်ပိုင်းမှာတော့—

AI ကို မေးခွန်းမေး
↓
AI က Information တွေကို စုစည်းပြီး အဖြေပေး
↓
အဲ့ကနေမှ လိုအပ်ရင် Source Website ကို ဝင်ကြည့်
ဆိုတဲ့ Flow ကို ပိုအသုံးပြုလာကြပါတယ်။

ဒါကြောင့် LLMO က SEO အစားထိုးတဲ့ Technology ဆိုတာထက်

SEO က Foundation
LLMO က AI Era အတွက် ထပ်တိုးလာတဲ့ Optimization Concept တစ်ခုလို့ဆိုလို့ရပါတယ်။

ကျန်တဲ့ optimization အမျိုးအစားတွေနဲ့ development ဘက်ကနေ handle လုပ်နိုင်တဲ့အပိုင်းတွေကို နောက်အပိုင်းတွေမှာ ဆက်ဖော်ပြသွားပါမယ်။

ကိုယ်တိုင် LLM optimization အတွက်တာဝန်ယူခဲ့တဲ့အပိုင်းတွေရှိရင်လဲ sharing လုပ်ပေးသွားပါဦး✨

ဒီအပတ်အတွက် japanese terms sharing ကတော့ system / backend taskတွေမှာအသုံးများတဲ့ ဂျပန်စာလုံးတွေဖြစ်ပါတယ်။များသောအားဖြင့်...
27/08/2026

ဒီအပတ်အတွက် japanese terms sharing ကတော့ system / backend taskတွေမှာအသုံးများတဲ့ ဂျပန်စာလုံးတွေဖြစ်ပါတယ်။

များသောအားဖြင့်တော့ englishကလာတဲ့အတိုင်းသုံးတဲ့ အသုံးအနှုန်းတွေများပေမဲ့ infrastructure (インフラストラクチャー)ကို インフラဆိုပြီး အတိုကောက်သုံးတာမျိုးလဲရှိပါတတ်တာမလို့ လုပ်ငန်းခွင်မှာ အသုံးချလို့ရအောင် sharing လုပ်ပေးလိုက်ပါတယ်။

နောက်ထပ်လဲ ဂျပန်လုပ်ငန်းခွင်နဲ့ development ဆိုင်တဲ့ အကြောင်းအရာလေးတွေ sharingလုပ်ပေးသွားမှာမလို့ စိတ်ဝင်စားတဲ့ အကြောင်းအရာရှိရင် comment မှာရေးခဲ့လို့ရပါတယ်။ ✨

We Are Hiring !! Data field ကိုစိတ်ဝင်စားပြီး Japan Company မှာ အလုပ်လုပ်ချင်တဲ့ သူတွေအတွက် Coosy ကနေ junior web markete...
25/08/2026

We Are Hiring !!
Data field ကိုစိတ်ဝင်စားပြီး Japan Company မှာ အလုပ်လုပ်ချင်တဲ့ သူတွေအတွက် Coosy ကနေ junior web marketer အနေနဲ့ အောက်ပါရာထူးတွေကိုအတွက် applcation ဆက်လက် လက်ခံနေပါတယ်။✨

▼ Positions
1)Digital Marketing Specialist (SEO & Web Ads)
2)Web Operations Specialist

1)Digital Marketing Specialist (SEO & Web Ads)
━━━━━━━━━━━━━━━━━━━━━━━━━
▼ What You'll Work On

• Create weekly and monthly reports using Looker Studio, Excel, and Google Sheets
• Improve website SEO (page speed, indexing, crawling, structured data, etc.)
• Manage and optimize Google Ads & Yahoo! Ads campaigns
• Set up and maintain GA4, Google Tag Manager, Search Console, and conversion tracking
• Conduct keyword research and analyze marketing performance
• Collaborate closely with the Japan marketing team
━━━━━━━━━━━━━━━━━━━━━━━━━
▼ Requirements (Must Have)

✅ 1+ year experience with marketing or web operation
✅ Experience with one or more of the following:
Google Analytics, Google Search Console, GTM, Looker Studio, Excel, or Google Sheets
✅ Basic knowledge of HTML or SEO
✅ Strong analytical skills and attention to detail
✅ Japanese language proficiency (JLPT N3 or above)
━━━━━━━━━━━━━━━━━━━━━━━━━
▼ Nice to Have

• Experience running Google Ads or Yahoo! Ads
• Experience with Technical SEO
• Basic knowledge of SQL or BigQuery
• Experience managing Facebook or other social media platforms
━━━━━━━━━━━━━━━━━━━━━━━━━
▼ What We Value

• Data-driven mindset
• Attention to detail
• Continuous learning
• Good communication and teamwork
━━━━━━━━━━━━━━━━━━━━━━━━━

2)Web Operations Specialist
━━━━━━━━━━━━━━━━━━━━━━━━━
▼ What You'll Work On

• Create and update websites and landing pages using WordPress/CMS
• Publish and format Japanese content provided by the Japan team
• Implement on-page SEO (Meta Tags, Headings, Structured Data, Alt Text)
• Manage Facebook and other social media platforms
• Collect and organize website and marketing data
━━━━━━━━━━━━━━━━━━━━━━━━━
▼ Requirements (Must Have)

✅ 1+ year of web operation experience in marketing
✅ Basic knowledge of WordPress or HTML
✅ Experience using Excel or Google Sheets
✅ Japanese language proficiency (JLPT N3 or above)
✅ Passion for learning new technologies
━━━━━━━━━━━━━━━━━━━━━━━━━
▼ Nice to Have

• Experience managing Facebook, Instagram, TikTok, or other social media
━━━━━━━━━━━━━━━━━━━━━━━━━
▼ What We Value

• Accuracy
• Ownership
• Continuous learning
• Teamwork
━━━━━━━━━━━━━━━━━━━━━━━━━

◼︎Employment Information & Benefits

• Working Hours: 8:00 AM – 5:00 PM (MMT), 1-hour lunch break
• Remote (Yangon office planned and Required to work on-site after the Yangon office opens)
• Salary: Negotiable based on experience and skills
• Regular salary reviews based on performance
• Probation period: 3 months

◼︎ How to Apply
Please fill out the Google Form here
https://forms.gle/7ubDQAEBVxaQwz3p7

Required document:
• CV / Resume
• Portfolio (if available)

※ Applicants must currently be residing in Myanmar.

LLMO ဆိုတာဘာလဲ? GEO တို့ AEO ဆိုတာဘာလဲ? Google အပါအဝင် Search Engine တွေနဲ့ ပတ်သက်လာရင် Web Developer တွေအနေနဲ့ SEO (Sea...
24/08/2026

LLMO ဆိုတာဘာလဲ? GEO တို့ AEO ဆိုတာဘာလဲ?

Google အပါအဝင် Search Engine တွေနဲ့ ပတ်သက်လာရင် Web Developer တွေအနေနဲ့ SEO (Search Engine Optimization) ဆိုတာနဲ့တော့ သိပ်ပြီး အစိမ်းသက်သက် မဟုတ်ကြဘူးလို့ ထင်ပါတယ်။

ဒါပေမဲ့ AI နဲ့ Large Language Models (LLMs) တွေ တိုးတက်လာတာနဲ့အမျှ LLMO, GEO, AEO အစရှိတဲ့ Optimization နည်းလမ်းတွေကိုလည်း ပိုပြီး ကြားလာရပါတယ်။

ဒီတစ်ခါမှာတော့ ဒီအသစ်အသစ်သော Optimization တွေအကြောင်း မဆွေးနွေးခင်မှာ၊ အခြေခံဖြစ်တဲ့ SEO အကြောင်းကို အရင်ပြန်ပြောကြည့်ရအောင်။

SEO ဆိုတာ Search Engine Optimization ကို ဆိုလိုပါတယ်။ ကိုယ့်ရဲ့ Website နဲ့ Internet ပေါ်မှာရှိတဲ့ Content တွေကို User တွေ Search လုပ်တဲ့အခါ Search Engine တွေက ပိုမိုနားလည်နိုင်စေပြီး၊ Search Result တွေမှာ ပိုမိုမြင်သာစေဖို့ Optimization လုပ်တဲ့ နည်းလမ်းတခုပါ။

SEO အတွက် Coder / Web Developer တွေအနေနဲ့ Title Tag နဲ့ Meta Description တွေကို စနစ်တကျ ထည့်သွင်းပေးဖို့ လိုအပ်ပါတယ်။

ဒါ့အပြင်—

1️⃣ Core Web Vitals ကို ကောင်းမွန်အောင်လုပ်ထားဖို့လိုပါတယ်။�
ဥပမာ LCP, INP, CLS စတဲ့ Metrics တွေကို စစ်ဆေးပြီး Website Performance ကို Optimize လုပ်ထားဖို့ လိုပါတယ်။

2️⃣ Semantic HTML ကို စနစ်တကျ အသုံးပြုဖို့လိုပါတယ်။�
Heading Structure, HTML Tags တွေအပြင် Image တွေအတွက် လိုအပ်တဲ့ alt text တွေကိုလည်း သေချာထည့်သွင်းထားသင့်ပါတယ်။

3️⃣ Mobile Responsive ဖြစ်ပြီး User Experience ကောင်းမွန်ဖို့လိုပါတယ်။

4️⃣ Structured Data နဲ့ Sitemap တွေကို စနစ်တကျ တည်ဆောက်ထားဖို့လိုပါတယ်။

ဒီအချက် ၄ ချက်အပြင် Rendering Strategy, robots.txt, Crawling, Indexing စတဲ့ အပိုင်းတွေကိုပါ နားလည်ထားမယ်ဆိုရင် Website ရဲ့ Design နဲ့ Performance ပိုင်းတင်မကဘဲ Search Engine တွေအတွက်လည်း ပိုမိုကောင်းမွန်အောင် Optimize လုပ်နိုင်မှာပါ။

SEO ထဲမှာ Technical SEO ဆိုတဲ့ အပိုင်းက ဒီထက်ပိုပြီး ကျယ်ပြန့်နက်နဲတဲ့ အကြောင်းအရာတွေ အများကြီးရှိပါသေးတယ်။

ကိုယ်သိထားတဲ့ SEO သို့မဟုတ် Optimization နည်းစနစ်တွေရှိရင်လည်း Comment မှာ မျှဝေပေးသွားကြပါဦး။

LLMO, GEO, AEO အစရှိတဲ့ Optimization တွေအကြောင်းကိုလည်း နောက်ရက်တွေမှာ တစ်ခုချင်းစီ ဆက်ပြီး မျှဝေပေးသွားပါမယ်။✨

Boss ရဲ့ ဒုတိယအကြိမ်မြောက် မြန်မာခရီးစဉ်🇯🇵🇲🇲ပြီးခဲ့တဲ့အပတ်က ကျွန်တော်တို့ Boss က Coosy Myanmar Branch ဖွင့်လှစ်ဖို့အတွက်...
21/08/2026

Boss ရဲ့ ဒုတိယအကြိမ်မြောက် မြန်မာခရီးစဉ်🇯🇵🇲🇲

ပြီးခဲ့တဲ့အပတ်က ကျွန်တော်တို့ Boss က Coosy Myanmar Branch ဖွင့်လှစ်ဖို့အတွက် မြန်မာနိုင်ငံကို ဒုတိယအကြိမ် လာရောက်ခဲ့ပါတယ်✨

မြန်မာနိုင်ငံရောက်တုန်း ရန်ကုန်ကအဖွဲ့သားတွေနဲ့အတူ မြန်မာဟင်းလျာလေးတွေစားရင်း ပေါ့ပေါ့ပါးပါး စကားတွေပြောပြီး အချိန်ကောင်းလေးကို ဖြတ်သန်းခဲ့ကြပါတယ်။

မြန်မာကလက်ဖက်သုပ်၊ လက်ဖက်ရည်နဲ့ တခြားမြန်မာအစားအစာလေးတွေကိုလည်း သဘောကျတယ်လို့ ပြောပါတယ်။ ဒီခရီးစဉ်ကနေ မြန်မာနိုင်ငံအကြောင်း ပိုပြီးနားလည်လာသလို၊ Myanmar Team နဲ့ အခုလို လူချင်းတွေ့ပြီး စကားပြောခွင့်ရတာကိုလည်း အရမ်းဝမ်းသာတယ်လို့ ပြောပါတယ်။

ဒီတစ်ခေါက်မှာတော့ မြန်မာရုံးခွဲအသစ်အတွက် ရုံးနေရာတွေကိုလဲ လိုက်ကြည့်ခဲ့ကြသလို
ရှေ့ဆက်လုပ်ဆောင်မယ့် အစီအစဉ်တွေနဲ့ လုပ်ငန်းစဉ်တွေအကြောင်းလည်း အတူတူ ဆွေးနွေးခဲ့ကြပါတယ်။

Coosy Myanmar Branch လေး တဖြေးဖြေးနဲ့အကောင်အထည်ဖော်နိုင်တော့မယ်ဆိုတော့ ကျွန်တော်တို့လည်း စိတ်လှုပ်ရှားနေမိပါတယ်။

ပြီးတော့ ကျွန်တော်တို့ Myanmar Team ကလည်း ဂျပန်ကနေယူလာပေးတဲ့ ဂျပန်မုန့်လေးတွေ ကြိုက်တာမလို့ ခဏခဏအလည်လာစေချင်ပါတယ်🫣

Website / Web Design နဲ့ ပတ်သက်တဲ့ ဂျပန်စကားလုံးများဂျပန် Web Design / Web Production လုပ်ငန်းခွင်မှာ မကြာခဏအသုံးပြုတဲ့ ...
19/08/2026

Website / Web Design နဲ့ ပတ်သက်တဲ့ ဂျပန်စကားလုံးများ

ဂျပန် Web Design / Web Production လုပ်ငန်းခွင်မှာ မကြာခဏအသုံးပြုတဲ့ စကားလုံးတွေကို စုစည်းပေးထားပါတယ်

Wireframe, Layout နဲ့ Illustration စတဲ့ စကားလုံးတွေကို japanလိုသိထားရင် Japan ဘက် Design Team တွေနဲ့ အလုပ်လုပ်တဲ့အခါ ပိုပြီးနားလည်နိုင်ပါတယ်✨

Figma အသုံးပြုတဲ့အခါ၊ Design Review လုပ်တဲ့အခါနဲ့ Web Production လုပ်ငန်းခွင်မှာ အသုံးဝင်မယ့် vocabulary တွေထဲက အနဲငယ်ကို လေ့လာလို့ရအောင်ဖော်ပြပေးလိုက်ပါတယ်

住所

Shibuya-ku, Tokyo

営業時間

月曜日 10:30 - 19:30
火曜日 10:30 - 19:30
水曜日 10:30 - 19:30
木曜日 10:30 - 19:30
金曜日 10:30 - 19:30

ウェブサイト

アラート

COOSY Myanmarがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

事業に問い合わせをする

COOSY Myanmarにメッセージを送信:

ショートカット

共有する