Rennovate

ウェブサイト

Rennovate 🌍Rennovate Pro — Go Global.
⚡Rennovate Advisory — Solve Smarter.

လွန်ခဲ့တဲ့ ၅ နှစ်က ကိုယ်ဟာ အခုကိုယ်နဲ့ မတူတော့တဲ့အခါ• ဘဝအပေါ် ခံယူချက်• ရပ်တည်ချက်• စဉ်းစားတွေးခေါ်ပုံ• ယုံကြည်မှု• အနာဂ...
25/09/2026

လွန်ခဲ့တဲ့ ၅ နှစ်က ကိုယ်ဟာ အခုကိုယ်နဲ့
မတူတော့တဲ့အခါ

• ဘဝအပေါ် ခံယူချက်
• ရပ်တည်ချက်
• စဉ်းစားတွေးခေါ်ပုံ
• ယုံကြည်မှု
• အနာဂတ်အိပ်မက်
• တန်ဖိုးထားမှု

ဘာဆိုဘာမှ မတူတော့တဲ့အခါ
Self-conflict တစ်ခု ဖြစ်လာတတ်တယ်

အထူးသဖြင့် ကိုယ့်ရဲ့ New Identity နဲ့
ကိုယ့်ရဲ့ Old Environment က
မကိုက်ညီတော့တဲ့အခါ

တခါတလေ ကိုယ်က ပြောင်းလဲတိုးတက်လာပေမဲ့
ပတ်ဝန်းကျင်ကတော့ ကိုယ့်ကို အရင်လူအဖြစ်ပဲ
မြင်နေတတ်တယ်

‘နင်က ငယ်ငယ်တုန်းက ဒီလိုပဲလေ’
‘နင်က အရင်က ဒီလိုလုပ်ခဲ့တာလေ’ဆိုပြီး
အတိတ်က ကိုယ့်ပုံရိပ်နဲ့ လက်ရှိကိုယ့်ဖြစ်တည်မှုကို
တိုင်းတာနေတဲ့အခါ

ကိုယ်က ကိုယ့်ကိုယ်ကို မေးကြည့်ရမယ်

‘ဒီနေရာက အခုဖြစ်လာတဲ့ ကိုယ့်အတွက်
တကယ်သင့်တော်သေးရဲ့လား’

လူတိုင်းမှာ ကိုယ်ပိုင်သမိုင်းရှိတယ်

ဒါပေမဲ့ ကိုယ့်အတိတ်က ကိုယ့်အနာဂတ်ကို
အမြဲတမ်း သတ်မှတ်ပေးနေစရာ မလိုဘူး

ကိုယ်ကြီးထွားလာရင် ကိုယ့်နဲ့အတူ
ကြီးထွားနိုင်တဲ့ ပတ်ဝန်းကျင်ကိုလည်း
ရွေးချယ်ရမယ်

New Identity နဲ့ Old Environment မှာ
နေနေရတာက ဘာနဲ့တူလဲဆိုရင်

Escalator နဲ့ အပေါ်ကိုတက်နေသလိုပဲ
တစ်ချိန်တည်းမှာ Down Stair ပေါ်မှာရပ်
နေရသလို ဖြစ်နိုင်တယ်

ရှေ့ကိုသွားချင်ရင် တခါတလေနောက်ကနေ
ဆွဲထားတဲ့အရာတွေကို သတ္တိရှိရှိလွှတ်ချရဲရတယ်

ကျွန်မကတော့ ဘဝမှာ ကိုယ့်ကိုယ်ကို
အပြည့်အဝ သစ္စာရှိချင်တယ်

ဒါကြောင့်
ပြတ်သားသင့်တဲ့နေရာမှာ ပြတ်သားတယ်
No လို့ ပြောသင့်တဲနေရာမှာ No လို့ပြောတယ်

ကိုယ့်ရဲ့ New Identity ကို ကိုယ်တိုင်
အသိအမှတ်ပြုတယ်

ပြီးတော့ ကိုယ်ဖြစ်လာနေတဲ့လူနဲ့ ထိုက်တန်တဲ့
ပတ်ဝန်းကျင်မှာပဲ ရှင်သန်ဖို့ ရွေးချယ်တယ်

• ကိုယ်ဘယ်သူတွေနဲ့ နီးစပ်နေလဲ
• ဘာတွေကို နေ့တိုင်းနားထောင်နေလဲ
• ဘာတွေကို နေ့တိုင်းကြည့်နေလဲ
ဆိုတာက ကိုယ်ဖြစ်လာမယ့်လူကိုပါ
တဖြည်းဖြည်း ပုံဖော်နေတတ်တယ်

Outgrow the room, not yourself.
自分を小さくする場所から、卒業しよう。⚡️

Rennovate

ဘဝရဲ့ Episode တိုင်းမှာ Wholeheartedlyနေထိုင်ဖြစ်တယ်ဘဝမှာ အရာအားလုံး ပြည့်စုံနေဖို့ထက်လက်ရှိ ရှိနေတဲ့အရာတွေအပေါ်အပြည့်အဝ...
22/09/2026

ဘဝရဲ့ Episode တိုင်းမှာ Wholeheartedly
နေထိုင်ဖြစ်တယ်

ဘဝမှာ အရာအားလုံး ပြည့်စုံနေဖို့ထက်
လက်ရှိ ရှိနေတဲ့အရာတွေအပေါ်
အပြည့်အဝ ရှိနေပေးနိုင်ဖို့က
ပိုအရေးကြီးတယ်လို့ ထင်တယ်

ကိုယ်လုပ်နေတဲ့အလုပ်မှာ
ကိုယ်တိုင် တကယ်အသက်ဝင်နေဖို့

ကိုယ်ချစ်တဲ့လူတွေအပေါ်လည်း
တကယ်ရှိပေးနေဖို့

ကိုယ်ရွေးချယ်ထားတဲ့လမ်းကို
သူများနဲ့နှိုင်းယှဉ်ပြီး မလျှောက်ဘဲ
ကိုယ့်အကြောင်းကိုယ် သိပြီး လျှောက်ဖို့

အောင်မြင်တဲ့နေ့တွေမှာလည်း Wholeheartedly
မသေချာတဲ့နေ့တွေမှာလည်း Wholeheartedly
နားနေတဲ့နေ့တွေမှာလည်း Wholeheartedly

ကိုယ့်ဘဝရဲ့ Episode တိုင်းမှာ
အပြည့်အဝ အသက်ဝင်နေထိုင်ချင်တယ်

ဘာလို့လဲဆိုတော့ ဘဝဆိုတာ
‘ပြီးမြောက်သွားတဲ့အရာ’ တစ်ခုမဟုတ်ဘဲ
နေ့တိုင်း ကိုယ်တိုင်ပါဝင်ဖန်တီးနေရတဲ့
အရာတစ်ခု ဖြစ်လို့ပါ

တစ်ခါတလေ ပိုမြန်ဖို့ထက်
ပိုနက်နက်ရှိုင်းရှိုင်း နားလည်ဖို့လိုတယ်

ပိုရဖို့ထက် ဘာကို တကယ်လိုချင်တာလဲ
သိဖို့လိုတယ်

ပိုမြင်သာဖို့ထက် ကိုယ့်အတွင်းမှာ
ကိုယ်တိုင်ရှင်းလင်းဖို့လိုတယ်

အဆုံးမှာတော့ ကျွန်မတို့ဘဝရဲ့တန်ဖိုးကို
ဘယ်လောက်အထိ ပြီးမြောက်ခဲ့လဲဆိုတာနဲ့
မတိုင်းတာပဲ

ဘယ်လောက်အထိ တကယ်အသက်ဝင်ပြီး
နေထိုင်ခဲ့လဲ ဆိုတာနဲဲ့ တိုင်းတာဖို့လိုတယ်

So, I choose to live wholeheartedly.

Not perfectly. Not hurriedly.
Just intentionally.

Passion is my signature.
Living wholeheartedly is my way.⚡️

Rennovate

2026 မှာ တစ်ခုခု စတင်လေ့လာမယ့်သူတွေကိုအကောင်းဆုံးအကြံတစ်ခုပေးပါဆိုရင်ဘယ်အရာကိုပဲဖြစ်ဖြစ် Random မလေ့လာပဲရည်ရွယ်ချက်ရှိရှ...
15/09/2026

2026 မှာ တစ်ခုခု စတင်လေ့လာမယ့်သူတွေကို
အကောင်းဆုံးအကြံတစ်ခုပေးပါဆိုရင်

ဘယ်အရာကိုပဲဖြစ်ဖြစ် Random မလေ့လာပဲ
ရည်ရွယ်ချက်ရှိရှိ Skill တစ်ခုနဲ့တစ်ခု ချိတ်ဆက်
အောင် အနည်းဆုံး 2030 လောက်မှာ
ဘယ်လိုလူဖြစ်နေပြီဆိုတာကို ခိုင်ခိုင်မာမာ
သက်သေပြနိုင်တဲ့အထိ တည်ဆောက်စေချင်တယ်

မဟုတ်ရင် ထင်သလောက်မလွယ်တော့ပါဘူး
Salesforce Ecosystem ကိုရွေးရင်လည်း Expert level အထိ သွားစေချင်တယ်⚡️

2020 က Salesforce ကို လေ့လာတဲ့ပုံစံနဲ့
2026 ရဲ့ Learning Strategy က လုံးဝမတူ
တော့ပါဘူး

Technology ပြောင်းလဲလာသလို
Market Demand လည်း လုံးဝမတူတော့ပါဘူး

အခု Salesforce Ecosystem ကိုကြည့်ရင်
Platform တစ်ခုတည်းကို သိထားရုံနဲ့
မလုံလောက်တော့ဘဲ

• Data
• AI
• Automation
• Agentforce
• Integration
• Security
• Architecture စတဲ့ Area တွေက တစ်ခုနဲ့တစ်ခု
ချိတ်ဆက်လာပါတယ်

ဒါကြောင့် အခုမှ Salesforce ကို လေ့လာမယ့်
သူတွေအတွက် အကောင်းဆုံးအကြံတစ်ခုပေးရရင်

‘ဘာတွေသင်ရမလဲ’ ဆိုတာထက်
‘ဘယ် Professional အဖြစ် ရပ်တည်ချင်တာလဲ’
ဆိုတာကို အရင်စဉ်းစားစေချင်ပါတယ်

ကိုယ့်မှာ အခုချိန်အထိရှိထားတဲ့
Knowledge + Experience + Transferable Skills
တွေကို Starting Point အဖြစ် အသုံးချပါ

ပြီးရင် ဒီကနေ ဘယ် Career Direction ကို
ဆက်သွားမလဲဆိုတာ ကိုယ်တိုင်ရွေးချယ်ပါ

• Developer လား
• Consultant လား
• Solution Architect လား
• Data & AI လား
• ဒါမှမဟုတ် Business + Technology ကို ချိတ်ဆက်ပေးနိုင်တဲ့ Professional လား

Direction ရွေးပြီးတဲ့နောက်
Skills တွေကို Random Learning မလုပ်ဘဲ
ကိုယ်သွားချင်တဲ့ Direction နဲ့ ချိတ်ပြီး
ရည်ရွယ်ချက်ရှိရှိ ဖြည့်သွားပါ

ပြီးတော့ Learning ကို Certificate Collection
တစ်ခုလို မမြင်ဘဲ Career Evidence Building
အနေနဲ့ စဉ်းစားကြည့်ပါ

1 Year → Learn + Build
2 Years → Apply + Grow
3 Years → Prove + Position

သင်ထားတဲ့ Skills တွေကို
💥Real Project
💥Real Problem
💥Real Experience
💥Real Result

တွေနဲ့ ချိတ်ဆက်ပြီး ကိုယ့်ရဲ့ Career Evidence
အဖြစ် ဖန်တီးသွားပါ

ဘာလို့လဲဆိုတော့ Market က ‘ဘာတွေသင်ထားလဲ’
ဆိုတာတစ်ခုတည်းထက်

• ဘာလုပ်နိုင်လဲ
• ဘယ်လို Problem တွေကို ဖြေရှင်းနိုင်လဲ
• Business ကို ဘယ်လို Value ပေးနိုင်လဲ
ဆိုတာတွေကို ပိုအရေးကြီးလာစေပါတယ်

ဒါကြောင့် 2026 မှာ
Learn More ထက် Learn with Direction
Collect Skills ထက် Build Evidence

Follow the Market ထက် Understand the Ecosystem က ပိုအရေးကြီးပါတယ်

ကိုယ့် Career ကို သူများသွားနေတဲ့လမ်းအတိုင်း
လိုက်သွားစရာမလိုပါဘူး

ကိုယ့်မှာရှိပြီးသား Foundation ကို အသုံးချပြီး
ကိုယ်သွားချင်တဲ့ Direction ကိုရွေး
လိုအပ်တဲ့ Skills တွေကို ဖြည့်
ပြီးတော့ ကိုယ်ဖြစ်ချင်တဲ့ Professional Identity ကို
Evidence တွေနဲ့ တည်ဆောက်သွားပါ

Career တစ်ခုဆိုတာ Skills တွေကို အများကြီး
စုထားတာမဟုတ်ပါဘူး

ကိုယ်သွားချင်တဲ့နေရာကို သိပြီး
အဲ့ဒီနေရာကို ရောက်နိုင်မယ့်

Skills + Experience + Evidence ကို
တဖြည်းဖြည်း Architecture တည်ဆောက်သွားတာပါ

Go Global. Grow Your Career.🌏
Rennovate Pro

Rennovate Pro

ဘာပဲလုပ်လုပ် ကိုယ့်ကိုယ်ကို သိဖို့က အခြေခံအကျဆုံးအရာပဲ‘ဘာကြောင့် ဒီအလုပ်ကိုလုပ်ရတာ မပျော်တာလဲ?’‘ဘာကြောင့် ကိုယ်လုပ်နေရတာ...
15/09/2026

ဘာပဲလုပ်လုပ် ကိုယ့်ကိုယ်ကို သိဖို့က
အခြေခံအကျဆုံးအရာပဲ

‘ဘာကြောင့် ဒီအလုပ်ကိုလုပ်ရတာ မပျော်တာလဲ?’
‘ဘာကြောင့် ကိုယ်လုပ်နေရတာနဲ့ ကိုယ်ဖြစ်ချင်တာ
မတူတာလဲ?’

ဆိုတဲ့မေးခွန်းတွေရဲ့ အကြောင်းပြချက်က
လူတစ်ယောက်နဲ့တစ်ယောက် မတူနိုင်ဘူး

⭐️ကျွန်မက ကိုယ့်ကိုယ်ကို ‘Self-As-Lab’ လို့
သဘောထားပြီး ပုံမှန် Research လုပ်တတ်တယ်

• ဘာလုပ်တဲ့အခါ Energy တက်လာလဲ
• ဘာလုပ်တဲ့အခါ အချိန်ကုန်သွားမှန်းတောင်
မသိဘူးလဲ
• ဘယ်လိုအလုပ်မျိုးမှာ ကိုယ့်ရဲ့ Natural Strength တွေ ထွက်လာတတ်လဲ
• ဘယ်လိုအခြေအနေတွေမှာ ကိုယ်က ပိုပြီး
Meaningful ဖြစ်တယ်လို့ခံစားရလဲ

ဒီလို Observe လုပ်ရင်းနဲ့ ကိုယ့်အကြောင်းကို
ပိုသိလာတယ်

⭐️ဥပမာ

ကျွန်မဆိုရင် ကိုယ်ပိုင် Creation တွေစဉ်းစားပြီး
Idea ကနေ Project ဖြစ်လာအောင်
Structure ဆွဲတာ၊ Roadmap ချတာ၊ အကောင်အထည်ဖော်ရတာကို အရမ်းကြိုက်တယ်

တစ်ခုချင်းစီကို လိုက်ပြီး Micro-level ex*****on
လုပ်ရတာထက် Macro-level architecture ကို
စဉ်းစားပြီး

• ဘယ်လို Structure ချမလဲ
• ဘယ်လို System တည်ဆောက်မလဲ
• ဘယ်လို Direction နဲ့ Result ဆီ ရောက်အောင်
သွားမလဲ ဆိုတာကို စဉ်းစားရတာ ပိုကြိုက်တယ်

တခြားသူတွေကို သင်ပေးတဲ့အခါမှာလည်း
အရာအားလုံးကို တစ်လုံးချင်းစီ လိုက်ရှင်းပြရတာ
ထက် သူတို့ရဲ့ Goal ကိုနားလည်ပြီး

Roadmap တစ်ခုချ Result တစ်ခုရောက်အောင်
လမ်းပြပေးရတာကို ပိုနှစ်သက်တယ်

ဒါတွေက Skill တွေထက်ပိုတဲ့ ကိုယ့်ရဲ့
Natural Pattern တွေ ဖြစ်နိုင်တယ်

⭐️ဒါကြောင့်

‘ဘာလို့ ဒီအလုပ်မှာ မပျော်တော့တာလဲ?’
‘ဘာလို့ အလုပ်နဲ့ ဘဝက တခြားစီ ခံစားနေရတာလဲ?’

‘ဘာလို့ ဒီအလုပ်ကိုလုပ်နေရင်း Meaning ကို
မခံစားနိုင်တော့တာလဲ?’ ဆိုတဲ့မေးခွန်းတွေ ရှိလာရင်
ကိုယ့်ကိုယ်ကို အပြစ်တင်မယ့်အစား

‘Self-As-Lab’ အနေနဲ့ Research လုပ်ကြည့်ပြီး
No-Lists နဲ့ Yes-Lists ခွဲကြည့်ပါ

ကိုယ်ဘာကို မကြိုက်ဘူးလဲ
ဘာတွေက ကိုယ့် Energy ကို လျော့စေလဲ
ဘာတွေကို မလုပ်ချင်ဘူးလဲ

တစ်ဖက်မှာလည်း

ဘာလုပ်ရင် ကိုယ်က ပိုအသက်ဝင်လာလဲ
ဘာအရာတွေမှာ ကိုယ့်ရဲ့ Natural Strength တွေ
ထွက်လာလဲ
ဘာလုပ်ရင် ကိုယ့်အတွက် Meaning ရှိလာလဲ

ကိုယ် ဘယ်လိုအရာတွေကို လုပ်တဲ့အခါ စစ်မှန်တဲ့
ကိုယ်လို့ ခံစားမိလဲဆိုတာကို ရှာကြည့်ပါ

⭐️ဘဝက တိုတိုလေးပါ

ကိုယ့်ဆီမှာ ပါလာတဲ့ အစွမ်းအစတွေကို
ကိုယ်တိုင်သိပြီး ထုတ်သုံးနိုင်ခြင်းက

ကိုယ့်ဘဝကို ကိုယ်တိုင် Design လုပ်နိုင်ဖို့
အရေးကြီးတဲ့ လမ်းစတစ်ခု ဖြစ်နိုင်တယ်လို့
ယုံကြည်ပါတယ်

Skills fade. Patterns stay. ⚡️

Manner နဲ့ Moral Value ဆိုတာလုပ်ငန်းခွင်မှာရော Personal Life မှာပါတကယ်ကို အရေးကြီးပါတယ်Professional တစ်ယောက်ဖြစ်ဖို့Skil...
11/09/2026

Manner နဲ့ Moral Value ဆိုတာ
လုပ်ငန်းခွင်မှာရော Personal Life မှာပါ
တကယ်ကို အရေးကြီးပါတယ်

Professional တစ်ယောက်ဖြစ်ဖို့
Skill ရှိရုံနဲ့ မလုံလောက်ပါဘူး

ဘယ်လောက်တော်သလဲဆိုတာထက်
ဘယ်လိုလူတစ်ယောက်အဖြစ် ရပ်တည်သလဲ
ဆိုတာက ပိုပြီး ရေရှည်အရေးကြီးတယ်

Manner က သူတစ်ပါးကို ဘယ်လို
ဆက်ဆံသလဲဆိုတာကို ပြတယ်

Moral Value က ဘယ်သူမှမမြင်တဲ့
အချိန်မှာတောင် ကိုယ်ဘယ်လိုဆုံးဖြတ်သလဲ
ဆိုတာကို ပြတယ်

အလုပ်မှာ Respect ရှိခြင်း
စကားပြောတဲ့အခါ Professional ဖြစ်ခြင်း
ကိုယ့်အမှားကို တာဝန်ယူခြင်း
သူတစ်ပါးရဲ့အခွင့်အရေးကို လေးစားခြင်း
မသိတာကို မသိဘူးလို့ ဝန်ခံနိုင်ခြင်း
အကျိုးအမြတ်အတွက် Principle ကို
မရောင်းစားခြင်း

ဒါတွေက Certificate တစ်ခုနဲ့
သင်ယူလို့ရတဲ့အရာတွေ မဟုတ်ပါဘူး

Character က နေ့စဉ်ရွေးချယ်မှုတွေနဲ့
တည်ဆောက်လာတာပါ

Skill က ကိုယ့်ကို အခွင့်အရေးရစေနိုင်တယ်
Manner က လူတွေရဲ့ယုံကြည်မှုကို ရစေတယ်
Moral Value က အဲဒီယုံကြည်မှုကို
ဆက်ထိန်းသိမ်းပေးတယ်

အောင်မြင်မှုကို ရှာတဲ့အခါ
‘ဘယ်လောက်အထိ ရောက်နိုင်မလဲ’ ဆိုတာ
တစ်ခုတည်း မမေးဘဲ

‘ဘယ်လိုလူတစ်ယောက် ဖြစ်လာမလဲ’
ဆိုတာကိုလည်း မေးဖို့မမေ့သင့်ဘူး

Because
your skills show what you can do

But your Manner and Moral Value
show who you are.⚡️

Rennovate

ပြိုင်ပွဲဝင်္ကဘာထဲက ခဏထွက်ကြည့်ဘယ်သူက ဘာတွေဖြစ်နေပြီဘယ်သူက ဘယ်နေရာရောက်နေပြီဘယ်သူက ဘယ်လောက်အောင်မြင်နေပြီဘယ်သူက ဘယ်လောက်...
09/09/2026

ပြိုင်ပွဲဝင်္ကဘာထဲက ခဏထွက်ကြည့်
ဘယ်သူက ဘာတွေဖြစ်နေပြီ
ဘယ်သူက ဘယ်နေရာရောက်နေပြီ
ဘယ်သူက ဘယ်လောက်အောင်မြင်နေပြီ
ဘယ်သူက ဘယ်လောက်ဝင်ငွေရနေပြီ

Please stop !

ကိုယ့်ကိုယ်ကို အရင်သိအောင်လုပ်ကြည့်

ငါအခုအချိန်ထိ ဘဝကို ဘယ်လိုဖြတ်သန်းလာခဲ့လဲ
ငါလက်ရှိ ဘာတွေကို ပိုင်ဆိုင်ထားလဲ
ငါဘယ်လိုပညာတွေ တတ်မြောက်ထားလဲ
ငါဘယ်လိုအရာတွေမှာ ယုံကြည်မှုအပြည့်ရှိလဲ

ငါဘယ်လိုပုံစံနဲ့ လေ့လာရင် မှတ်မိတတ်လဲ
ငါလေ့လာရတာ ပျင်းတာတွေက ဘာတွေလဲ
ဘာလို့ ပျင်းတာလဲ
ငါအလွယ်တကူ လက်လျှော့လေ့ရှိလား
ငါငယ်ငယ်တုန်းကကော ဘယ်လိုလဲ

ငါနဲ့ လိုက်ဖက်တဲ့ color က ဘာလဲ
ငါဘယ်လိုဝတ်စုံမျိုး ဝတ်ရင် ယုံကြည်မှုရှိလဲ
ငါ့ရဲ့ Signature Style ဆိုရင် ဘာဖြစ်မလဲ
ငါ့ရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံက ဘယ်လိုမျိုးလဲ
ငါ့ရဲ့အသံ၊ tone က ဘယ်လိုမျိုးလဲ

ငါ့ကို လူတွေက ဘယ်လိုနေရာတွေမှာ
အားကိုးလေ့ရှိလဲ
ငါ့ကိုငါရော ဘယ်လိုနေရာတွေမှာ စိတ်တိုင်းကျလဲ

ငါ့ရဲ့ပျော်ရွှင်မှုဆိုတာ ဘာလဲ
ငါ့ရဲ့အောင်မြင်မှုဆိုတာ ဘာလဲ
ငါ့ရဲ့ဘဝဆောင်ပုဒ်က ဘာလဲ
နောက်ဘဝက ငါအနေနဲ့ ပြန်ကြည့်ရင်
အခုဘဝကို ဘယ်လိုထင်မလဲ

ပြီးရင် Organize ဖြစ်အောင်လုပ်ကြည့်

ကိုယ့်ဘဝရဲ့ ကဏ္ဍတိုင်းကို
တစ်ခုချင်းစီ ခွဲကြည့် Cluster လုပ်ကြည့်

ပြီးတော့ ကိုယ့်ဘဝကို ဓာတ်ခွဲခန်းတစ်ခုလို
သဘောထားပြီး စူးစမ်းကြည့် တီထွင်ကြည့်
အကြိမ်ကြိမ် ပြန်စမ်းသပ်ကြည့်

ဘာလုပ်ရင် ပိုအလုပ်ဖြစ်လဲ
ဘာလုပ်ရင် ပိုပျော်လဲ
ဘာလုပ်ရင် ပိုတိုးတက်လဲ
ဘာလုပ်ရင် စစ်မှန်တဲ့ကိုယ်နဲ့ နီးစပ်လဲ

Result တွေကို Data အနေနဲ့ မှတ်ထား

အဲ့ဒီ Data တွေကို ပြန်ကြည့်ပြီး
ကိုယ့်အတွက် ပိုကောင်းတဲ့နည်းလမ်းကို
ထပ်စမ်းသပ်ကြည့်

မဖြစ်ရင် ပြန်ပြင် မကိုက်ရင် ပြောင်း
အလုပ်ဖြစ်ရင် ထပ်လုပ်

Perfect ဖြစ်ဖို့ထက် ကိုယ့်အတွက်
ဘာက အလုပ်ဖြစ်တယ်ဆိုတာသိလာဖို့က
ပိုအရေးကြီးတယ်

မေးခွန်းတွေမေး သိအောင်လုပ်ပြီး
ကိုယ့်ဘဝကို Obsessed ဖြစ်ကြည့်

ကိုယ့်ဘဝကို စိတ်ဝင်စားကြည့်ပြီး
ပြန်ပြုပြင်မွမ်းမံ တဖြည်းဖြည်း
သေသပ်ချောမွေ့လာတဲ့အခါ

ကိုယ့်ကိုယ်ကိုရော ကိုယ့်ပတ်ဝန်းကျင်ကိုရော
ပိုချစ်တတ်လာလိမ့်မယ်

အပြင်က ပြိုင်ပွဲဝင်္ကဘာထက်
အတွင်းက လေးနက်တဲ့ သဘောပေါက်မှုက
ဘဝတစ်ခုလုံးကို ပြောင်းလဲစေတယ်

Know yourself deeply.
Then build your life intentionally.⚡️

(ဒါက လွန်ခဲ့တဲ့နှစ်တွေက ကိုယ့်ကိုယ်ကို
ဆုံးမပြီး တကယ်လုပ်ခဲ့တဲ့ Process ပါ)

Rennovate

Rennovate မှာ Pillar ၂ခု ရှိပါတယ်⚡️Rennovate Advisory - Business CRM Solutions🌏Rennovate Pro - Professional Training⚙️ A...
09/09/2026

Rennovate မှာ Pillar ၂ခု ရှိပါတယ်
⚡️Rennovate Advisory - Business CRM Solutions
🌏Rennovate Pro - Professional Training

⚙️ Advisory မှာတော့
Business CRM Solutions နဲ့ပတ်သက်တဲ့
• CRM Strategy
• Salesforce Solutions
• Business Process
• Automation & AI
• CRM Implementation
စတဲ့ Services တွေကိုရရှိနိုင်ပါတယ်
(လက်ရှိမှာ Japan Market ကို Target ထားပါတယ်)

🌏 Rennovate Pro မှာတော့
• Salesforce Knowledge
• Salesforce Ecosystem
• Updated News
• Career & Skills
• Learning Resources
• Rennovate Program Details
• Webinars တွေအပြင်
အနာဂတ်မှာ Professionals တစ်ဦးဖြစ်နိုင်ဖို့
ရည်ရွယ်ပါတယ်

⚡️Advisory → Businesses
🌏Pro → Professionals

Rennovate ကတော့ Main Umbrella အနေနဲ့
Real stories တွေကို ပုံမှန်မျှဝေပေးနေမှာပါရှင်

IT ပညာကို သင်ယူခွင့်ရခဲ့တာ အခုနောက်ပိုင်းမှပိုပြီး ကျေးဇူးတင်တတ်လာတယ်⭐️ ငယ်ငယ်တုန်းက အိပ်မက်ဆိုရင်စာအုပ်တွေကိုချစ်ပြီး စ...
07/09/2026

IT ပညာကို သင်ယူခွင့်ရခဲ့တာ
အခုနောက်ပိုင်းမှပိုပြီး ကျေးဇူးတင်တတ်လာတယ်

⭐️ ငယ်ငယ်တုန်းက အိပ်မက်ဆိုရင်
စာအုပ်တွေကိုချစ်ပြီး စာရေးရတာကြိုက်တာရယ်

ကောင်းကင်က ကြယ်တွေကို ရေတွက်လိုက်
သစ်ရွက်ကြွေတွေနဲ့ ဥဩငှက်သံတွေကို
နားထောင်လိုက်နဲ့ ကဗျာတွေ စာတွေကိုချစ်တဲ့
စာရေးဆရာမ ဖြစ်ချင်သလိုလို

ကမ္ဘာမှာ မဖြေရှင်းနိုင်သေးတဲ့ ပဟေဠိတွေ
ထူးဆန်းအံ့ဖွယ်တွေကို စိတ်ဝင်စားတာရယ်

ဇာတ်ကားကြည့်ရင်တောင် Mystery ဆန်တဲ့
လျှို့ဝှက်သဲထိတ်ရင်ဖိုကားတွေပဲ ကြိုက်တာမို့
စုံထောက်ပဲ ဖြစ်ချင်သလိုလို

ကြောက်စိတ်တစ်စက်မှမရှိပဲ
လူတွေရဲ့အတွင်းကလီစာတွေအကြောင်း
စိတ်ဝင်စားတာမို့ ခွဲစိတ်ဆရာဝန်ပဲ ဖြစ်ချင်သလိုလို

စင်္ကြာဝဠာထဲက ဂြိုလ်တွေလည်ပတ်ပုံ
သဘာဝတရားတွေ အကြောင်းကိုလည်း
စိတ်ဝင်စားတာမို့ သိပ္ပံပညာရှင်ပဲ ဖြစ်ချင်သလိုလို

⭐️နောက်ထပ် ထူးဆန်းတာတစ်ခုက

လူငယ်သဘာဝ သင်္ကြန်မှာ လျှောက်လည်ရင်တောင်
အကုန်လုံးပျော်နေကြတာကိုကြည့်ပြီး

‘ဒီနေရာမှာတော့ ပျော်နေကြတယ်’

‘မနက်တိုင်းသတင်းစာရဲ့ နာရေးသတင်းထဲက
တစ်ချို့နေရာတွေမှာတော့ ငိုနေကြတယ်’

‘ဘဝကြီးက ဘာလဲ?’

‘အခုလို ကခုန်ပြီး သင်္ကြန်လည်ပြီးရင်
ဒီပျော်ရွှင်မှုက ပြီးသွားတယ်’

‘ပြီးတော့ ပျော်တယ်ဆိုတာကလည်း
လက်ဆုပ်လက်ကိုင် ပြလို့ရတဲ့အရာမဟုတ်ဘူး’

‘ငါပျော်ရွှင်မှုကို တကူးတက လိုက်မရှာချင်တော့ဘူး’

စသဖြင့် အတွေးမျိုးစုံရှိခဲ့တော့
လောကီကိုစွန့်ပြီး တောပဲထွက်ချင်သလိုလိုနဲ့
ငယ်ငယ်ကတည်းက အတွေးတွေက အစုံပါပဲ

⭐️ ကွန်ပျူတာတက္ကသိုလ်ကိုတော့
အမေ့ကြောင့် ရွေးချယ်ဖြစ်ခဲ့တယ်

ဘာပဲလုပ်လုပ် အကောင်းဆုံးလုပ်ရတာကို
ကြိုက်တော့ Master အထိ ဆက်လေ့လာဖြစ်ခဲ့တယ်

အဲ့ဒါကနေမှတစ်ဆင့် Japan company ရဲ့
Scholarship အစီအစဉ်တွေနဲ့ Salesforce နဲ့
ဂျပန်စာကို​ လေ့လာသင်ယူခွင့်ရခဲ့တယ်

အဲ့ဒါအပြင် ဂျပန်မိတ်ဆွေတစ်ဦးရဲ့ကျေးဇူးကြောင့်
Technology ဆိုတဲ့ စကားလုံးကို
ပိုပြီး နားလည်သဘောပေါက်လာခဲ့တယ်

Technology ဆိုတာ ကွန်ပျူတာရှေ့မှာထိုင်ပြီး
Code ရေးတာလောက်မဟုတ်ဘူး

လူတွေရဲ့ဘဝကို ပိုလွယ်ကူစေဖို့ ပြသနာတွေကို
ဖြေရှင်းပေးဖို့ လူတွေတစ်ယောက်နဲ့ တစ်ယောက်
ပိုပြီး ချိတ်ဆက်နိုင်ဖို့ အသုံးချနိုင်တဲ့အရာတစ်ခု
လည်း ဖြစ်တယ်

နိုင်ငံတွေခြားနေရင်တောင် မိသားစုနဲ့
အဆက်အသွယ်မပြတ်နိုင်တာကအစ
Technology ကြောင့် ပြောင်းလဲလာတဲ့ဘဝတွေ
အများကြီး ရှိတယ်

⭐️ ကျွန်မက Research လုပ်ရတာ
တီထွင်ဖန်တီးရတာ အရမ်းကြိုက်တယ်

တကယ်စူးစိုက်ပြီး လုပ်ရပြီဆိုရင်လည်း
ထမင်းမေ့ ဟင်းမေ့ပါပဲ

အခုဆို AI ကျေးဇူးကြောင့်
ကိုယ်စိတ်ကူးထားတာတွေကို အရင်ကထက်
ပိုပြီး လက်တွေ့လုပ်လာနိုင်တယ်

အရင်ဆုံး ကိုယ့်ဘဝထဲက ပြသနာတွေကို
Tools တွေ ဖန်တီးပြီး ဖြေရှင်းကြည့်တယ်

(ဥပမာ)

◾️ နေ့စဉ် Expense တွေကို Manual ရိုက်ထည့်
ရတာ အလုပ်ရှုပ်လို့ လက်ပတ်နာရီကနေတစ်ဆင့်
တစ်ခွန်းပြောလိုက်တာနဲ့ Record ဖြစ်သွားအောင်လုပ်တာ

◾️ နှစ်တစ်နှစ်ကို Project တစ်ခုလို သတ်မှတ်ပြီး
ကိုယ့်ကိုယ်ကို Company တစ်ခုလို စီမံခန့်ခွဲကာ
Data တွေနဲ့ Track လုပ်နိုင်တဲ့ System တစ်ခုတည်ဆောက်တာ

◾️ ဘာသာစကားတွေကို ကိုယ်ပိုင် Learning Style
နဲ့ လေ့လာနိုင်အောင် Fun ဖြစ်တဲ့ Quiz Bot တွေ
ဖန်တီးတာ

◾️ အနားမှာ ဆရာတစ်ဦး အမြဲတမ်းရှိနေသလို
နေ့စဉ် ကိုယ့်ကိုယ်ကို ပြန်ဆုံးမသတိပေးနိုင်အောင်
Smart Speaker အသုံးချတာ

◾️ အပတ်စဉ် ဟင်းချက်ဖို့ ကိုယ့်အတွက်သင့်တော်တဲ့
Menu တွေ စီစဉ်ပေးနိုင်တဲ့ System ဖန်တီးတာ
… စသဖြင့်

⭐️ဒီအရာတွေကို ပြန်ကြည့်မိတဲ့အခါ
IT ပညာကို သင်ခဲ့တာက IT အလုပ်လုပ်ဖို့အတွက်ပဲ
မဟုတ်ခဲ့ဘူးဆိုတာ ပိုပြီး နားလည်လာတယ်

ပညာရပ်တစ်ခုကို သင်ယူတာဟာ
အဲ့ဒီပညာရပ်နဲ့ အသက်မွေးဖို့တစ်ခုတည်းမဟုတ်ဘူး

အဲ့ဒီပညာရပ်က
ကိုယ့်ရဲ့ စဉ်းစားပုံကို ပြောင်းပေးနိုင်တယ်
ပြသနာတွေကို မြင်တဲ့ပုံစံကို ပြောင်းပေးနိုင်တယ်

ပြီးတော့ ကိုယ့်ဘဝကို ကိုယ်တိုင် Design လုပ်နိုင်ဖို့
Tool တစ်ခုဖြစ်လာနိုင်တယ်

ဒါကြောင့် အခုနောက်ပိုင်းမှာ ငယ်ငယ်တုန်းက
ဘာဖြစ်ချင်ခဲ့လဲဆိုတာထက်

• ဘာကို စိတ်ဝင်စားခဲ့လဲ
• ဘာကြောင့် စိတ်ဝင်စားခဲ့လဲ
• အဲ့ဒီအရာတွေက အခုဘဝမှာ ဘယ်လိုပုံစံနဲ့
ပြန်ပေါ်လာလဲ ဆိုတာကို ပိုစိတ်ဝင်စားလာတယ်

တခါတလေ ကိုယ်မထင်မှတ်ပဲရွေးချယ်ခဲ့တဲ့လမ်းက
ကိုယ်ထင်ထားတာထက်
ပိုပြီး ကိုယ်နဲ့ကိုက်နေတာမျိုးလည်း ရှိတတ်တယ်

Rennovate

Salesforce ကို စလေ့လာတော့မယ်ဆိုရင်အရင်ဆုံး သိထားသင့်တာတစ်ခုရှိတယ်Salesforce Career ဆိုတာSalesforce Feature တွေကို သိရုံန...
06/09/2026

Salesforce ကို စလေ့လာတော့မယ်ဆိုရင်
အရင်ဆုံး သိထားသင့်တာတစ်ခုရှိတယ်

Salesforce Career ဆိုတာ
Salesforce Feature တွေကို သိရုံနဲ့ မပြီးပါဘူး

ကိုယ်သွားချင်တဲ့ Career Direction ကို
အရင်ရွေးပြီး အဲ့ဒီလမ်းကြောင်းမှာ Deep ဖြစ်အောင်
တည်ဆောက်သွားဖို့လိုတယ်

Rennovate မှာတော့ Salesforce Career ကို
ဒီ 5 လမ်းကြောင်း နဲ့ အဓိကစဉ်းစားပေးတယ်

① Salesforce Consultant
Business Problem ကို နားလည်ပြီး
Salesforce Solution Design လုပ်နိုင်တဲ့သူ

② Salesforce Developer
Business Requirement ကို
Technical Solution အဖြစ် Build လုပ်နိုင်တဲ့သူ

③ Data 360 Specialist
Customer Data တွေကို Connect → Unify →
Analyze လုပ်ပြီး Business Value ဖြစ်အောင်
ပြောင်းလဲနိုင်တဲ့သူ

④ AI & Agentforce Specialist
Data + Automation + AI ကို ချိတ်ဆက်ပြီး
Business Process ကို Intelligent ဖြစ်အောင်လုပ်နိုင်တဲ့သူ

⑤ Salesforce Architect
Data + Security + Integration + Technology
တွေကို တစ်ခုချင်းမဟုတ်ဘဲ System တစ်ခုလုံး
အနေနဲ့ Design လုပ်နိုင်တဲ့သူ

ဒါပေမဲ့ ဘယ်လမ်းကြောင်းကို ရွေးရွေး
Foundation ကတော့ တူပါတယ်

◾️Salesforce Fundamentals
◾️Business Understanding
◾️Data
◾️Problem Solving
◾️Communication
◾️AI Literacy

အဲ့ဒါကနေတစ်ဆင့်

Learn → Build → Prove
Experience → Specialize → Lead

ဒီလိုပုံစံနဲ့ ကိုယ့်ရဲ့ Career Value ကို
တဖြည်းဖြည်း တည်ဆောက်သွားသင့်တယ်

အနာဂတ်မှာ‘Salesforce သိတဲ့သူ’ ဖြစ်ဖို့ထက်

‘Salesforce + Data + AIကို အသုံးချပြီး
Business Problem ကို ဖြေရှင်းနိုင်တဲ့
Professional’ ဖြစ်လာဖို့ ပိုအရေးကြီးပါတယ်

ကိုယ်က ဘယ် Roadmap ကိုရွေးမလဲ?

• Consultant?
• Developer?
• Data 360 Specialist?
• AI & Agentforce?
• Architect? (Long-term/Experienced Path)

Choose your path. Build your value.⚡️

Rennovate

ဒီနှစ်ထဲမှာ Be → Do → Have ကိုလက်တွေ့ကျကျ ပိုနားလည်လာတယ်အရင်တုန်းက သိခဲ့ရင်တောင်အပေါ်ယံလောက်ပဲ သိခဲ့တာတကယ်နားလည်လာတာကကို...
03/09/2026

ဒီနှစ်ထဲမှာ Be → Do → Have ကို
လက်တွေ့ကျကျ ပိုနားလည်လာတယ်

အရင်တုန်းက သိခဲ့ရင်တောင်
အပေါ်ယံလောက်ပဲ သိခဲ့တာ

တကယ်နားလည်လာတာက
ကိုယ်တိုင် ဖြတ်သန်းပြီးတဲ့နောက်မှ

တချို့အရာတွေကသိရုံနဲ့ မလုံလောက်ဘူး
အတွေ့အကြုံတွေနဲ့ ပေါင်းစပ်ပြီးမှ
အသွေးအသားထဲကနေ နားလည်လာနိုင်တာ

Be → Do → Have

ကိုယ်ဖြစ်ချင်တဲ့လူ ဖြစ်လာဖို့
အရင်ဆုံး ကိုယ့် Identity ကို ပြောင်းရတယ်

ပြီးမှ အဲ့ဒီ Identity နဲ့ ကိုက်ညီတဲ့
Behaviour တွေကို နေ့တိုင်း လုပ်ရတယ်

အဲ့ဒီကနေမှ ကိုယ်လိုချင်တဲ့ Result တွေက
တဖြည်းဖြည်း ရလာတယ်

Have ကိုလိုချင်လို့ Do လုပ်တာမဟုတ်ဘူး

Be ကိုအရင်ပြောင်းလိုက်လို့
Do က ပြောင်းသွားတယ်

Do က ပြောင်းသွားတဲ့အခါ
Have ကလည်း တဖြည်းဖြည်း လိုက်လာတယ်

ဒီ Concept ကို စာတွေ့တင်မဟုတ်ပဲ
ကိုယ့်ဘဝထဲကနေ သင်ယူခဲ့တယ်

တချို့ Lesson တွေကသိရုံနဲ့ မရဘူး
တကယ်နေပြီးမှ သိရတယ်

Some lessons can’t be learned.
They have to be lived. ⚡️

Rennovate

住所

Tokyo

ウェブサイト

アラート

Rennovateが新しいニュースやキャンペーンを投稿したら、いち早くメールでお知らせします。メールアドレスが他の目的に使われることはなく、いつでも配信を停止できます。

ショートカット

共有する

カテゴリー