31/08/2026
🚗 အိုဆာကာတွင် မော်တော်ယာဉ် ပြုပြင်ထိန်းသိမ်းရေး (Auto Mechanic) ဝန်ထမ်း အမြန်ခေါ်ယူခြင်း 🇯🇵
အိုဆာကာတွင် တည်ရှိသော Miyuki Motors မှ 正社員 (အမြဲတမ်းဝန်ထမ်း) အဖြစ် တာဝန်ထမ်းဆောင်ရန် မော်တော်ယာဉ် ပြုပြင်ထိန်းသိမ်းမှု အတွေ့အကြုံရှိသူများကို ဖိတ်ခေါ်အပ်ပါသည်။
_________________________
📍 အလုပ်အကိုင်အသေးစိတ်
ကုမ္ပဏီအမည်: 株式会社 ミユキモータース (Miyuki Motors Co., Ltd.)
အလုပ်နေရာ: Osaka-fu, Tondabayashi-shi (အိုဆာကာ၊ တိုအိုဒါဘာယာရှီမြို့)
(Kintetsu Minami-Osaka Line, Kishi Station မှ လမ်းလျှောက် ၁၃ မိနစ်)
အလုပ်အမျိုးအစား: 正社員 (အမြဲတမ်းဝန်ထမ်း)
တာဝန်ယူရမည့် အလုပ်အကြောင်းအရာ:
မော်တော်ယာဉ်များ စစ်ဆေးခြင်း၊ OBD စစ်ဆေးခြင်းနှင့် အထွေထွေ ပြုပြင်ထိန်းသိမ်းခြင်း
ဝယ်ယူသူများ၏ မော်တော်ယာဉ်များ သွားရောက်ယူဆောင်ခြင်း / သွားရောက်ပို့ဆောင်ပေးခြင်း
မော်တော်ယာဉ် သန့်ရှင်းရေးနှင့် ကားဆေးကြောခြင်း
_________________________
💰 လစာနှင့် ခံစားခွင့်များ
စုစုပေါင်းလစာ: 233,000 Yen ~ 307,000 Yen / လ
အခြေခံလစာ: 220,000 Yen ~ 275,000 Yen
အရည်အချင်းကြေး (資格手当): 3,000 Yen ~ 12,000 Yen
အချိန်ပိုကြေး (固定残業代): 10,000 Yen ~ 20,000 Yen
ခရီးစရိတ် ထောက်ပံ့ကြေး: တစ်လလျှင် 7,200 Yen အထိ (အမှန်တကယ် ကုန်ကျစရိတ်အပေါ် မူတည်၍ ပေးချေမည်)
Bonus (賞与): တစ်နှစ်လျှင် ၂ ကြိမ် (ယခင်နှစ်စံချိန် - ၁.၅ လစာခန့်)
လစာတိုး (昇給): တစ်နှစ်လျှင် ၁ ကြိမ် (တစ်လလျှင် 2,000 Yen ~ 5,000 Yen တိုး)
အခြား ခံစားခွင့်များ: ကိုယ်ပိုင်ကား/ဆိုင်ကယ်ဖြင့် အလုပ်ဆင်းနိုင်သည် (ကားပါကင်ရှိသည်)
_________________________
🎯 လိုအပ်သော အရည်အချင်းများ
ယာဉ်မောင်းလိုင်စင်: ဂျပန် ပုံမှန် ယာဉ်မောင်းလိုင်စင် (MT/Manual လိုင်စင် မဖြစ်မနေ လိုအပ်ပါသည်၊ AT-only မရပါ)
ကျွမ်းကျင်မှု / သင်တန်း: မော်တော်ယာဉ် ပြုပြင်ထိန်းသိမ်းမှု အတွေ့အကြုံရှိသူ (သို့မဟုတ်) 自動車整備士 (Auto Mechanic Class 3/2) လိုင်စင်ရှိသူ ဦးစားပေးမည်
အသက်အရွယ်: အကန့်အသတ်မရှိပါ
_________________________
📩 လျှောက်ထားရန်
စိတ်ပါဝင်စားပါက Messenger Chat Box မှတစ်ဆင့် သို့မဟုတ် အီးမေးလ် [email protected] သို့ ဆက်သွယ်စုံစမ်း လျှောက်ထားနိုင်ပါသည်။