Apollo Way Group Co., Ltd.

Apollo Way Group Co., Ltd. a global service company connecting people and businesses through trade, language support, travel, education, and marketing solutions

APOLLOWAY is a global company providing a diverse range of services, including international trade, language solutions, visa and university admission support, customized travel planning, and global marketing. Backed by a multilingual and culturally diverse team, we support individuals and businesses worldwide—anyone in need of trusted, personalized solutions. Our goal is to connect people, servic

es, and opportunities through professional, flexible, and practical support designed for real-world success.

☕🇰🇷 Top 5 Cafes in Seoul — Apollo Way’s Picks
20/08/2026

☕🇰🇷 Top 5 Cafes in Seoul — Apollo Way’s Picks

Apollo Way × Golden Myanmar Restaurant | 1 ညအိပ် 2 ရက် Chuseok Geoje ခရီးစဉ် 🏝️💙Apollo Way နဲ့ Geoje ခရီးသွားရင် Golden ...
19/08/2026

Apollo Way × Golden Myanmar Restaurant | 1 ညအိပ် 2 ရက် Chuseok Geoje ခရီးစဉ် 🏝️💙

Apollo Way နဲ့ Geoje ခရီးသွားရင် Golden Myanmar Restaurant မှာ မြန်မာ Buffet အဝစားရမယ်နော် 🥳🇲🇲🍽️

Geoje Yaho!!! 😆🌊
Korea မှာ အခုအရမ်း Hot ဖြစ်နေတဲ့ Geoje Island🏝️

ပိတ်ရက်ရှည်ကြီးမှာ ခရီးထွက်ရမှာဆိုတော့
“ကားပိတ်မလား၊ လမ်းမှာအချိန်အရမ်းကြာမလား” ဆိုပြီး စိတ်ပူကြမယ်ဆိုတာလည်း သိပါတယ်

ဒါပေမယ့် အလုပ်လုပ်နေတဲ့သူတွေအတွက်တော့
ဒီလိုပိတ်ရက်ရှည်မျိုးမှ မထွက်ရင် ဘယ်အချိန်ထွက်မလဲနော်

ဒါကြောင့် ပြီးခဲ့တဲ့နှစ်ကလည်း ဒီလိုပိတ်ရက်ရှည်မှာပဲ လူ 17 ယောက်စာ Jeju လေယာဉ်လက်မှတ်တွေ မရမရအောင်ရှာဝယ်ပြီး အတူသွားခဲ့ကြတာပါ ✈️🥳
ဒီတစ်ခေါက်လည်း အတတ်နိုင်ဆုံး အဆင်ပြေဆုံးရက် ဖြစ်နိုင်မယ့် 25၊ 26 ရက် ကို ရွေးထားပါတယ်။

ပိတ်ရက်ရှည်ဆိုတော့ ကားကြီးတွေက ရှေ့နှစ်ရက်၊ နောက်နှစ်ရက် မဟုတ်ဘဲ ကြားရက်ကို ခွပြီးရွေးရင် Booking လုပ်ဖို့မလွယ်တာမျိုးလည်း ရှိပေမယ့် Apollo Way ကတော့ အဆင်ပြေအောင် ကြိုတင်စီစဉ်ထားပြီးသားပါ 🚐✨

ပြီးတော့ Bupyeong ကနေ စထွက်မှာဖြစ်တဲ့အတွက် အဝေးကလာရမယ့်သူတွေလည်း အဆင်ပြေအောင် နောက်ဆုံးရထားအချိန်နဲ့ ပကိုက် မနက် 1 နာရီမှာ ထွက်ကြမယ်နော်။

ကားပေါ်တက်ပြီးရင်တော့
အေးအေးဆေးဆေး အိပ်ပြီး လိုက်ကြမယ် 😴🚐

ဒါဆို ဘာကြောင့် Apollo Way နဲ့ သွားသင့်လဲ?
① Private ကားနဲ့ အဆင်ပြေပြေ သွားမယ် 🚐
Bupyeong Station ကနေ အသွားအပြန် အကြိုအပို့ စီစဉ်ပေးထားပြီး ခရီးစဉ်တစ်လျှောက်လုံး Private ကားနဲ့ သက်တောင့်သက်သာ သွားလာနိုင်မှာပါ။

②တည်းခိုစရာနေရာကိုလည်း စိတ်ပူစရာမလိုပါဘူး
သန့်ရှင်းသပ်ရပ်ပြီး လွတ်လွတ်လပ်လပ် အနားယူနိုင်မယ့် တည်းခိုခန်းကို Apollo Way က ကြိုတင်ရွေးချယ်ပြီး စီစဉ်ပေးထားမှာမို့ ကိုယ်တိုင်ရှာပြီး Booking လုပ်စရာမလိုပါဘူး။

③ Geoje ရဲ့ Must-Visit နေရာတွေ အစုံလိုက်ပို့ပေးမယ် 📍🌊
Geoje ရောက်ရင် မသွားမဖြစ် နာမည်ကြီး Tourist Spots တွေကို စနစ်တကျ စီစဉ်ပြီး အစုံရောက်အောင် လိုက်ပို့ပေးမှာပါ။

④ ဒီခရီးစဉ်ရဲ့ Special Hidden Point — Golden Myanmar Restaurant 🍛🇲🇲
Korea မှာ ခရီးသွားရင်း Korean Food တွေချည်း ဆက်တိုက်စားရလို့ မြန်မာအစားအစာလေးတွေ လွမ်းနေသူတွေအတွက် အထူးအစီအစဉ်တစ်ခု ထည့်ပေးထားပါတယ်။

Geoje မှာ လူသိများပြီး “တစ်ခါလောက် သွားစားကြည့်ချင်တယ်” လို့ ပြောနေကြတဲ့ Golden Myanmar Restaurant နဲ့ Apollo Way က တိုက်ရိုက်ချိတ်ဆက်ပြီး Apollo Way ဧည့်သည်တွေအတွက် အထူး Myanmar Buffet ကို နေ့လည်စာနဲ့ ညစာ အဝစား စီစဉ်ပေးထားမှာပါ 🥳🍽️

မြန်မာထမင်းဟင်းအစုံကို ကိုယ်ကြိုက်သလောက်စားပြီး Geoje ခရီးကို ပိုပြီး အိမ်လိုနွေးနွေးထွေးထွေး Feeling နဲ့ Enjoy လုပ်နိုင်မှာပါ 🇲🇲💛

💛 အဖွဲ့လိုက်ခရီးဆိုပြီး လွတ်လွတ်လပ်လပ်မရှိမှာ၊ ကိုယ်ပိုင်အချိန်မရမှာကိုလည်း မပူပါနဲ့နော်။
ခရီးစဉ်အတွင်း Free Time ကိုလည်း လုံလောက်အောင် ထည့်ပေးထားမှာဖြစ်လို့ ကိုယ်ကြိုက်သလို ဓာတ်ပုံရိုက်၊ လမ်းလျှောက်၊ ကော်ဖီသောက်ပြီး အေးအေးဆေးဆေး အနားယူနိုင်ပါတယ် ☕🌊📸

❤️ တစ်ယောက်တည်း Join မယ့်သူတွေလည်း စိတ်မပူပါနဲ့။
Solo Traveler တွေပါ သက်တောင့်သက်သာ၊ ပျော်ပျော်ပါးပါး လိုက်နိုင်အောင် Apollo Way က စီစဉ်ပေးထားပါတယ် 🥰

အပြီးအစီး တစ်ယောက်ကို — 380,000 KRW
Package ထဲမှာ👇
🚐 သီးသန့်စီးယာဉ်
🙋 Private Guide
🏡 တည်းခိုစရာ
🍳 မနက်စာ
🍛 နေ့လည်စာ + ညစာ Myanmar Buffet အဝစား
📍 Geoje Tourist Attractions လည်ပတ်မယ့်နေရာများ
အားလုံး ပါဝင်ပြီးသားပါ 💙

လူဦးရေ ကန့်သတ်ထားတာမို့ နေရာမပြည့်ခင် အမြန်ဆုံး စာရင်းပေးထားကြရအောင်နော်! 🥳🌊

Apollo Way နဲ့အတူ ဒီ September မှာ Geoje ကို ပျော်ပျော်ပါးပါး အပန်းဖြေခရီးထွက်ကြမယ် 💙
စာရင်းပေးချင်ရင် Messenger မှာ အမြန်ဆုံး “Hi” လို့ ပို့ထားပေးပါ။
Viber / KakaoTalk ကနေလည်း Message ပို့ပြီး မေးမြန်းနိုင်ပါတယ်။
🇰🇷 Korea Office
APOLLO WAY Inc.
📍 Location: Bupyeong-gu, Incheon, Republic of Korea
📱 Phone / Viber / KakaoTalk: +82 10-6492-7034

coure registration-수강신청ကာလ မလွတ်စေနဲ့နော် 💛❤️
18/08/2026

coure registration-수강신청ကာလ မလွတ်စေနဲ့နော် 💛❤️

ဒီအပတ်က ကိုရီးယားတက္ကသိုလ်တော်တော်များများမှာ လာမယ့် Semester အတွက် ကိုယ်တက်ရောက်မယ့်အတန်းတွေကို စာရင်းသွင်းရမယ့်အပတ်ဖြစ်တာကြောင့် အတန်းစာရင်းသွင်းခြင်း (Course Registration – 수강신청) နဲ့ပတ်သက်တဲ့ Tips လေးတွေကို မျှဝေပေးချင်ပါတယ်။

Tips တွေ မပြောခင် Course Registration စနစ် အကြောင်းကို အကြမ်းဖျင်းရှင်းပြချင်ပါတယ်။ ဒီနောက်ပိုင်းမှာ နိုင်ငံတကာတက္ကသိုလ်တွေရဲ့ စနစ်နဲ့ တော်တော်များများ ရင်းနှီးလာကြပြီဖြစ်ပေမယ့် ဒီစနစ်ကို သတိမထားမိသေးတဲ့ ကျောင်းသူ၊ ကျောင်းသားတွေအတွက် ရည်ရွယ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ အများအားဖြင့် တက္ကသိုလ်တက်တဲ့အခါ သတ်မှတ်ထားတဲ့ ကျောင်းဖွင့်ရက်ကစပြီး ကိုယ်တက်ရမယ့်အတန်းကို သွားရောက်တက်ရုံနဲ့ ဘာသာရပ်အလိုက် ဆရာ၊ ဆရာမတွေက အတန်းထဲလာရောက်သင်ကြားပေးကြပါတယ်။

ဒါပေမယ့် ကိုရီးယားတက္ကသိုလ်တွေမှာတော့ ကျောင်းသားတွေက Semester တစ်ခုချင်းစီအတွက် မိမိဘွဲ့ရဖို့ လိုအပ်တဲ့ Credit တွေကို သေချာတွက်ချက်ပြီး မိမိတက်ရောက်ဖို့လိုတဲ့ ဘာသာရပ်တွေကို ကိုယ်တိုင်ရွေးချယ်ကာ စာရင်းသွင်းရပါတယ်။

ဒါကြောင့် တက္ကသိုလ်ဝင်ခွင့်ရရုံနဲ့ မပြီးသေးဘဲ ကိုယ်တက်ရမယ့်အတန်းတွေကို မလွတ်ဘဲ အချိန်မီ Registration လုပ်နိုင်ဖို့လည်း အရေးကြီးပါတယ်။

အထူးသဖြင့် လူကြိုက်များတဲ့ဘာသာရပ်တွေက နေရာမြန်မြန်ပြည့်သွားတတ်တာကြောင့် ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်နော်။

ကဲ… ဒါဆို Course Registration ကို ဘယ်လိုလုပ်ရမလဲ၊ ဘာတွေကြိုတင်ပြင်ဆင်ထားရမလဲ ဆိုတာ ပြောပြပေးမယ်နော်။

✅ Course Registration မပြုလုပ်မီ စစ်ဆေးရမယ့်အချက်များ

• Course Registration ရက်စွဲနဲ့ စတင်မယ့်အချိန်ကို စစ်ဆေးထားပါ
• ဘွဲ့ရဖို့ မဖြစ်မနေတက်ရမယ့် ဘာသာရပ်တွေကို စစ်ဆေးပါ
• Required Major Courses၊ Major Electives နဲ့ General Education Courses တွေကို ခွဲခြားစစ်ဆေးထားပါ
• အနည်းဆုံးနဲ့ အများဆုံး ရယူနိုင်တဲ့ Credit ကို ကြိုတင်စစ်ဆေးပါ
• Academic Year သတ်မှတ်ချက်နဲ့ Prerequisite ဘာသာရပ်တွေကို ကြိုတင်စစ်ဆေးပါ
• ရွေးချယ်ထားတဲ့အတန်းချိန်တွေ တစ်ခုနဲ့တစ်ခု မထပ်ကြောင်း စစ်ဆေးပါ

💻 Course Registration မစခင် ကြိုတင်ပြင်ဆင်ရန်

• ကျောင်း Portal ထဲ Login ဝင်လို့ရ၊ မရ ကြိုတင်စစ်ဆေးပါ
• ID နဲ့ Password ကို သေချာမှတ်ထားပြီး ကြိုတင်စစ်ဆေးပါ
• တက်ချင်တဲ့ဘာသာရပ်တွေရဲ့ Course Number တွေကို ကြိုတင်မှတ်သားထားပါ
• ပထမဦးစားပေးဘာသာရပ်တွေနဲ့ အစားထိုးရွေးချယ်နိုင်မယ့် ဘာသာရပ်တွေကိုပါ ပြင်ဆင်ထားပါ
• အတန်းချိန်တွေ မထပ်အောင် ကိုယ်တိုင်အချိန်ဇယား ကြိုတင်ရေးဆွဲထားပါ

⏰ Course Registration လုပ်တဲ့နေ့အတွက် Tips

• စတင်ချိန်မတိုင်ခင် ၁၀ မိနစ်ခန့်အလိုကတည်းက Login ဝင်ထားပါ
• မြန်ဆန်ပြီး တည်ငြိမ်တဲ့ Internet Connection ကို အသုံးပြုပါ
• လူကြိုက်များပြီး နေရာမြန်မြန်ပြည့်နိုင်တဲ့ ဘာသာရပ်တွေကို အရင်ဆုံးစာရင်းသွင်းပါ
• Refresh ကို အဆက်မပြတ် မနှိပ်ပါနဲ့
• စာရင်းသွင်းပြီးတာနဲ့ ရွေးချယ်ထားတဲ့ဘာသာရပ်တွေနဲ့ အတန်းချိန်ဇယားကို သေချာပြန်စစ်ပါ

❗ လိုချင်တဲ့ဘာသာရပ်ကို စာရင်းသွင်းလို့မရခဲ့ရင် ဘာလုပ်ရမလဲ?

• Course Add/Drop Period မှာ ပြန်လည်စာရင်းသွင်းကြည့်ပါ
• တခြားကျောင်းသားတွေ Cancel လုပ်လိုက်လို့ နေရာလွတ်ပြန်ပေါ်လာတာရှိ၊ မရှိ ပုံမှန်စစ်ဆေးပါ
• မဖြစ်မနေတက်ရမယ့်ဘာသာရပ်ဆိုရင် သက်ဆိုင်ရာ Department Office ဒါမှမဟုတ် ဆရာ၊ ဆရာမထံ ဆက်သွယ်မေးမြန်းပါ
• ခွင့်ပြုချက်မရဘဲ အတန်းတက်ရုံနဲ့ Official Registration ပြုလုပ်ပြီးသား မဖြစ်ဘူးဆိုတာကို သတိပြုပါ

🌏 နိုင်ငံခြားကျောင်းသားတွေအတွက် အထူးသတိပြုရန်

• ကိုရီးယားဘာသာနဲ့ သင်ကြားမယ့်အတန်းကို ကိုယ်တကယ်လိုက်နိုင်၊ မလိုက်နိုင် သေချာစဉ်းစားပါ
• Assignment၊ Presentation နဲ့ Exam ပုံစံတွေကို ကြိုတင်စစ်ဆေးပါ
• Visa နဲ့ Scholarship အတွက် လိုအပ်တဲ့ အနည်းဆုံး Credit ကို စစ်ဆေးပါ
• ရွေးချယ်ထားတဲ့ဘာသာရပ်က ဘွဲ့ရဖို့လိုအပ်တဲ့ Credit ထဲမှာ ထည့်တွက်ပေးမယ့်ဘာသာရပ် ဟုတ်၊ မဟုတ် စစ်ဆေးပါ

📌 တက္ကသိုလ်တစ်ခုနဲ့တစ်ခု Course Registration ရက်စွဲ၊ ပြုလုပ်ပုံနဲ့ စည်းမျဉ်းတွေ မတူနိုင်တာကြောင့် မိမိတက္ကသိုလ်ရဲ့ Official Academic Announcements ကို အရင်ဆုံး သေချာစစ်ဆေးပေးပါနော်။

APOLLO WAY Education Service က ကျောင်းသူ၊ ကျောင်းသားတွေအတွက် တကယ်အသုံးဝင်မယ့် အချက်အလက်တွေနဲ့ Tips တွေကို အမြဲတင်ဆက်ပေးသွားမှာဖြစ်လို့ Page လေးကို Follow လုပ်ထားပေးနော် 💙🇰🇷

သိရှိလိုတာနဲ့ စုံစမ်းမေးမြန်းလိုတာတွေရှိရင် Chatbox ကနေ ပေါ့ပေါ့ပါးပါး ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင် 💛❤️

🌐 Website: apolloway.kr
📧 Email: [email protected]

📍 Korea Office
🏢 인천광역시 부평구 부평대로 9, 문화드림빌 606호
📞 010-6492-7034 / 010-2138-2086

📍 Myanmar Office
🏢 တိုက်အမှတ် ၄၄၁ (က+ခ)၊ မာဃလမ်း၊ ၁၂ ရပ်ကွက်၊ အခန်းအမှတ် #04-01၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့
📞 09-4200-30-250 / 09-254-11-7366
📲 Viber Available

Hanriver Bus မစီးရသေးရင် ၈လပိုင်း အကောင်းဆုံးဘဲ။ schedule လေးတွေ save ထားနော်💛❤️
18/08/2026

Hanriver Bus မစီးရသေးရင် ၈လပိုင်း အကောင်းဆုံးဘဲ။ schedule လေးတွေ save ထားနော်💛❤️

06/08/2026

ကိုရီးယားတက္ကသိုလ်ဝင်ခွင့်နဲ့ ပတ်သက်ပြီး နောက်ဆုံးရ information တွေကို တိုက်ရိုက်မျှဝေပေးနိုင်တဲ့ အတွေ့အကြုံရှိ Apollo Way Coordinator များထံမှ အခမဲ့ Consultation ရယူနိုင်ပါတယ်။
Consultation ရယူပြီးနောက် Apollo Way ရဲ့ Service ကို မအပ်ဖြစ်လည်း လုံးဝကိစ္စမရှိပါဘူး။ သူငယ်ချင်းတစ်ယောက်လို ပေါ့ပေါ့ပါးပါး တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။
အသေးစိတ်ဆွေးနွေးချင်တယ်ဆိုရင် အောက်က Google Form လေးကို ဖြည့်ပြီး Appointment ယူထားနိုင်ပါတယ်။ Form ထဲမှာ မဖြည့်ချင်တဲ့အချက်တွေ၊ ကိုယ်နဲ့မသက်ဆိုင်တဲ့အချက်တွေရှိရင်လည်း ကျော်သွားလို့ရပါတယ်နော်။@
🔗 https://forms.gle/uJ6gR29uJ1FKYKA1A
🇰🇷 Korea Office
APOLLO WAY Inc.
📍 Bupyeong-gu, Incheon, Republic of Korea
📱 Phone / Viber / KakaoTalk: +82 10-6492-7034

30/07/2026
တောင်ကိုရီးယားမှာ ကျောင်းတက်ဖို့ စဉ်းစားနေရင် Busan University of Foreign Studies (BUFS) အကြောင်း သိထားပြီးပြီလား… ✨ကိုရ...
24/07/2026

တောင်ကိုရီးယားမှာ ကျောင်းတက်ဖို့ စဉ်းစားနေရင် Busan University of Foreign Studies (BUFS) အကြောင်း သိထားပြီးပြီလား… ✨

ကိုရီးယားရဲ့ သာယာလှပတဲ့ ပင်လယ်ကမ်းခြေမြို့ Busan မှာရှိတဲ့ BUFS တက္ကသိုလ်ဟာ နိုင်ငံခြားဘာသာစကားနဲ့ Global Education ပညာရေးအတွက် နာမည်ကြီးပြီး နိုင်ငံတကာကျောင်းသားတွေကြားထဲမှာ စိတ်ဝင်စားမှုရရှိနေတဲ့ ကျောင်းတစ်ကျောင်းပဲ ဖြစ်ပါတယ်။ 😍

BUFS မှာ ဘာတွေ စိတ်ဝင်စားစရာကောင်းလဲ?
အင်္ဂလိပ်၊ ကိုရီးယား၊ တရုတ်၊ ဂျပန် အပါအဝင် ဘာသာစကားပေါင်းစုံကို လေ့လာနိုင်ရုံတင်မကဘဲ Global Business နဲ့ International Studies စတဲ့ Major တွေကိုပါ ရွေးချယ်တက်ရောက်နိုင်ပါတယ်။ တက္ကသိုလ်ရဲ့ International Office ကနေ အမြဲတမ်း ကူညီစောင့်ရှောက်ပေးတာကြောင့် နိုင်ငံခြားမှာ တစ်ယောက်တည်း ကျောင်းစတက်မယ့်သူတွေအတွက် ဘာမှ စိတ်ပူစရာမလိုဘဲ အဆင်ပြေစေပါတယ်နော်။

ကမ္ဘာတစ်ဝှမ်းက Partner Universities တွေနဲ့ ချိတ်ဆက်ထားလို့ ကျောင်းတက်ရင်း တခြားနိုင်ငံတွေကို Exchange ကျောင်းသားအဖြစ် သွားရောက်လေ့လာခွင့် အခွင့်အရေးတွေလည်း ရဦးမှာပါ။ သွားလာရလွယ်ကူပြီး လူနေမှုစရိတ် သင့်တင့်တဲ့ Busan မြို့မှာ လွတ်လပ်ပျော်ရွှင်စွာ ကျောင်းတက်နိုင်တာကလည်း BUFS ရဲ့ အားသာချက်တစ်ခုပေါ့။✨

ကိုရီးယားစာ မရသေးရင်လဲ စိတ်မပူပါနဲ့။ D-4 Korean Language Program လေးရှိပါတယ်။ Beginner ကနေ အခြေခံကစပြီး Advanced အဆင့်အထိ တဆင့်ချင်း စနစ်တကျ သင်ပေးသွားမှာပါ။ TOPIK စာမေးပွဲအတွက်ပါ အေးဆေးပြင်ဆင်လို့ရသလို၊ D-4 ဘာသာစကားသင်တန်းပြီးတာနဲ့ BUFS မှာပဲ D-2 (ဘွဲ့သင်တန်း) ကို တိုက်ရိုက် ဆက်တက်လို့ ရပါတယ်နော်။ 🎓

💰 ကျောင်းလခ (Tuition Fees)
D-4 Korean Language Program (ဘာသာစကားသင်တန်း)
၁၀ ပတ် (10 weeks): 1,300,000 KRW
D-2 Degree Program (ဘွဲ့ကြို/ဘွဲ့လွန် သင်တန်းများ)
၁ နှစ် (1 year): 6,250,700 KRW မှ စတင်ပါသည်။

🤝 Apollo Way မှတစ်ဆင့် ကျောင်းလျှောက်ထားလိုသူများအနေဖြင့် BUFS Admission၊ D-4 Language Program၊ Scholarship၊ Tuition Fee၊ Dormitory နဲ့ Student Visa အကြောင်း အသေးစိတ် သိချင်ရင်ပဲဖြစ်ဖြစ် စာရွက်စာတမ်း/ Seal , Mofa များအတွက် Messenger မှတစ်ဆင့် ဆက်သွယ်နိုင်သလို အောက်ပါ ရုံးလိပ်စာများနှင့် ဖုန်းနံပါတ်များမှလည်း ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်။✨

📍 Korea Office
인천광역시 부평구 부평대로 9, 문화드림빌 606호
📞 Myanmar Speaker: 010-6492-7034 / 010-2138-2086
Korea / Indonesia / English Speaker WhatsApp: 010-3293-9033

📍 Myanmar Office
တိုက်အမှတ် ၄၄၁(က+ခ)၊ မာဃလမ်း၊ ၁၂ ရပ်ကွက်၊ အခန်းအမှတ် #04-01၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့
📞 09-4200-30-250 / 09-254-117-366
(Viber Available)

✨ ကိုရီးယားနိုင်ငံရဲ့ သမိုင်းအရှည်ကြာဆုံးနဲ့ ဂုဏ်သိက္ခာအရှိဆုံး Sungkyunkwan University (SKKU) မှာ ပညာသင်ယူဖို့ အခွင့်အရ...
18/07/2026

✨ ကိုရီးယားနိုင်ငံရဲ့ သမိုင်းအရှည်ကြာဆုံးနဲ့ ဂုဏ်သိက္ခာအရှိဆုံး Sungkyunkwan University (SKKU) မှာ ပညာသင်ယူဖို့ အခွင့်အရေးကြီး ရောက်ရှိလို့လာပါပြီ! ✨

၁၃၉၈ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့ပြီး ခေတ်မီဆန်းသစ်တဲ့ သင်ကြားရေးစနစ်၊ အရည်အသွေးမြင့် ပညာရေးတို့ကြောင့် ကမ္ဘာ့အဆင့်မီ ကျော်ကြားလှတဲ့ Sungkyunkwan University (SKKU) ရဲ့ D-4 Korean Language Program (2026 December Intake) အတွက် ကျောင်းဝင်ခွင့် လျှောက်လွှာများကို စတင်လက်ခံနေပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။ 🇰🇷✈️

🔥 Sungkyunkwan University (SKKU) မှာ Campus အဓိက (၂) ခုရှိပြီး...
- Beginner အဆင့်ကနေ Advanced အဆင့်အထိ ကိုရီးယားဘာသာစကားကို အဆင့်ဆင့် ထိရောက်စွာ သင်ကြားပေးပါတယ်။
- Listening, Speaking, Reading နဲ့ Writing Skills တွေကို ဘက်စုံကျွမ်းကျင်အောင် လေ့ကျင့်ပျိုးထောင်ပေးပါတယ်။
- TOPIK စာမေးပွဲကို အောင်မြင်စွာ ဖြတ်ကျော်နိုင်မယ့် အထောက်အကူပြု သင်ရိုးညွှန်းတမ်းများ ပါဝင်ပါတယ်။
- စာသင်ခန်းပြင်ပ ယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ် (Culture Experience Programs) တွေကတစ်ဆင့် ကိုရီးယားယဉ်ကျေးမှုကို လက်တွေ့လေ့လာနိုင်မှာ ဖြစ်ပါတယ်။
- နောက်ပိုင်းမှာ D-2 Degree Program တွေ ဆက်လက်တက်ရောက်ဖို့ စိတ်ကူးရှိသူတွေအတွက် ခိုင်မာတဲ့ အခြေခံအုတ်မြစ်တစ်ခု တည်ဆောက်ပေးမှာပါ။

💰 D-4 Visa (Korean Language Program)
ကျောင်းလခမှာ Campus အလိုက် ကွာခြားမှုရှိပြီး Semester တစ်ခုလျှင်
- Seoul Campus: 1,780,000 KRW
- Suwon Campus: 1,500,000 KRW
💰 D-2 Visa (Degree Program)
Semester တစ်ခုလျှင် 5,200,000 KRW မှ စတင်ကျသင့်မှာပဲဖြစ်ပါတယ်။

❕ Application Period - 2026.09.07 မှ 2026.10.23 အထိ ❕

🤝 Apollo Way မှတစ်ဆင့် ကျောင်းလျှောက်ထားလိုသူများအနေဖြင့် စာရွက်စာတမ်း/ Seal , Mofa , နှင့် Visa များအတွက် Messenger မှတစ်ဆင့် ဆက်သွယ်နိုင်သလို အောက်ပါ ရုံးလိပ်စာများနှင့် ဖုန်းနံပါတ်များမှလည်း ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်။✨

ကမ္ဘာ့အဆင့်မီတက္ကသိုလ်တစ်ခုမှာ ကိုရီးယားဘာသာစကားကို ထိရောက်စွာသင်ယူရင်း မိမိရဲ့ အနာဂတ်ပညာရေးနဲ့ Career အခွင့်အလမ်းကောင်းတွေကို လက်ဦးမှုရယူ ပုံဖော်ချင်တယ်ဆိုရင်တော့... SKKU ရဲ့ 2026 December Intake အတွက် အခုပဲ ပြင်ဆင်ပြီး လျှောက်ထားလိုက်တော့နော်! 🎓✨

📍 Korea Office
인천광역시 부평구 부평대로 9, 문화드림빌 606호
📞 Myanmar Speaker: 010-6492-7034 / 010-2138-2086
Korea / Indonesia / English Speaker WhatsApp: 010-3293-9033

📍 Myanmar Office
တိုက်အမှတ် ၄၄၁(က+ခ)၊ မာဃလမ်း၊ ၁၂ ရပ်ကွက်၊ အခန်းအမှတ် #04-01၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့
📞 09-4200-30-250 / 09-254-117-366
(Viber Available)

14/07/2026

☔️ မိုးရွာတဲ့နေ့မှာ Nami Island ကို သွားရင် ဘယ်လိုလဲ?

မိုးရေစိုနေတဲ့ လမ်းလေးတွေ၊
မိုးရေသောက်ပြီး ပိုလှလာတဲ့ ပန်းလေးတွေ၊
ကောင်းကင် အရောင်လေးက ပိုပြီး Romantic ဖြစ်သွားစေတဲ့ Nami Island။

ရာသီဥတုက ဘယ်လိုပဲဖြစ်ဖြစ်
ခရီးစဉ်အတွင်း အဆင်မပြေတာတွေကို လျှော့ချပြီး
ပျော်ရွှင်စရာ အမှတ်တရလေးတွေကိုပဲ ခံစားနိုင်အောင်—

ကိုရီးယားခရီးစဉ်တိုင်းကို
Apollo Way Travel Service နဲ့အတူ စိတ်ချလက်ချ ခရီးထွက်လိုက်ပါ။ ✨

Korea Visit Visa လျှောက်ထားဖို့ ပြင်ဆင်နေတယ်ဆိုရင် Apollo Way ကို “Hi” လို့သာ စာပို့လိုက်ပါနော် 💙
🌐 Website: apolloway.kr
📧 Gmail: [email protected]
📱 WhatsApp: +82 10 3293 9033
🎵 TikTok:
📍 Korea Office
🏢 인천광역시 부평구 부평대로 9, 문화드림빌 606호
📞 010-6492-7034 / 010-2138-2086
📍 Myanmar Office
🏢 တိုက်အမှတ် ၄၄၁ (က+ခ)၊ မာဃလမ်း၊ ၁၂ ရပ်ကွက်၊ အခန်းအမှတ် #04-01၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့
📞 09-4200-30-250 / 09-254-11-7366
📲 Viber Available

13/07/2026

အင်ဒိုနီးရှားနိုင်ငံမှ Follower 1.7M ရှိတဲ့ Influencer တစ်ဦးက Apollo Way Travel Service လေးကို အသုံးပြုခဲ့တဲ့ review လေး🥰🥰

His review: “ကိုရီးယားကို ခရီးသွားဖို့ စီစဉ်နေတယ်ဆိုရင် Apollo Way ကိုသာ ဆက်သွယ်လိုက်ပါ။ လူတိုင်းကို Apollo Way ကို အထူးအကြံပြုချင်ပါတယ်။ ကိုရီးယားခရီးစဉ်တစ်ခုလုံးကို ယုံကြည်စိတ်ချစွာ စီစဉ်ပေးနိုင်ပါတယ်။ Apollo Wayနဲ့ ဆိုရင် သင့် budgetကိုလည်း အလဟဿမဖြစ် စေရပါဘူး။Apollo Way က ယုံကြည်ရဆုံး ခရီးသွားဝန်ဆောင်မှုအေဂျင်စီ တစ်ခုပါ။”

Apollo Way အနေနဲ့လည်း Apollo Way ရဲ့ ခရီးသွား၀န်ဆောင်မှုကို အစဆုံး အပ်နှံ အသုံးပြုပေးတဲ့အတွက်ရော၊ ကျေနပ်တယ်ဆိုတာကြောင့်ရော နောက်ဆုံး မတောင်းဆိုရဘဲနဲ့ အခုလို့ review လေးပါ လုပ်ပေးတဲ့ အတွက်ရော အရမ်း ၀မ်းသာကြည်နူးရပါတယ်ရှင်။

Apollo Wayကနေလည်း အမြဲကြိုဆိုနေပါတယ်။

Apollo Wayက အခုလို ခရီးသွား၀န်ဆောင်မှုတွေကို မြန်မာအပါအ၀င် နိုင်ငံတကာဧည့်သည်များကို မိမိရဲ့ စိတ်တိုငိးကျ customized trip planများ စီစဥ်ပေးတေတာကြောင့် ကိုရီးယားခရီးကို စဥ်းစာနေတယ်ဆို အခုဘဲ Messenger မှာ Hi လိုက်ပါနော်။

🌐 Website: apolloway.kr
📧 Gmail: [email protected]
📱 WhatsApp: +82 10 3293 9033
🎵 TikTok:
📍 Korea Office
🏢 인천광역시 부평구 부평대로 9, 문화드림빌 606호
📞 010-6492-7034 / 010-2138-2086
📍 Myanmar Office
🏢 တိုက်အမှတ် ၄၄၁ (က+ခ)၊ မာဃလမ်း၊ ၁၂ ရပ်ကွက်၊ အခန်းအမှတ် #04-01၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့
📞 09-4200-30-250 / 09-254-11-7366
📲 Viber Available

Address

Bupyeong-gu, Bupyeong-daero 9 (Bupyeong-dong, Munhwa Dreamville), Room 606
Incheon

Opening Hours

Monday 03:30 - 11:30
Tuesday 03:30 - 11:30
Wednesday 03:30 - 11:30
Thursday 03:30 - 11:30
Friday 03:30 - 11:30
Saturday 03:30 - 11:30

Alerts

Be the first to know and let us send you an email when Apollo Way Group Co., Ltd. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share