23/02/2025
အချိန်မလွန် နောင်တမရခင်မှာ ဒါတွေကို မှတ်ထားပေးပါ။
◾ဆင်ခြေပေးတာ ရှောင်ပါ။
တစ်ခုခုဆို.. သက်သာတဲ့ဘဝ၊ အချောင်လိုချင်တဲ့စိတ်ကို လျှော့ရမယ်။ ဘဝဟာ ကိုယ်ထင်ထားသလို ချောမွေ့နေတဲ့လမ်း ဖြစ်ချင်လဲဖြစ်မယ်၊ မဖြစ်ချင်လဲ မဖြစ်ဘူး။ ဘဝကြမ်းနေရင် ကြမ်းတဲ့အတိုင်း လိုက်လျောညီထွေအောင် နေတတ်ဖို့ အရေးကြီးတယ်။ ဒါ့ကြောင့် တစ်ခုခုဆို ငြင်းဆိုတတ် ဆင်ခြေများတဲ့အကျင့်ကို ပြင်ပါ။
◾အတင်းပြောတာ လျှော့ပါ။
အတင်းဆိုတာ သူများကိစ္စပြောရတဲ့ကိစ္စမို့ ကိုယ့်ကိစ္စထက် သူများကိစ္စကို စိတ်ဝင်စားရင် ကိုယ့်ဘဝက နှောင့်နှေးသွားတတ်တယ်။ သူများအတင်းပြောလို့ ခဏတာစိတ်သက်သာရာ ရတယ်ဆိုပေမဲ့ ကိုယ့်ကိစ္စတွေကျရင် မေ့လျော့ပေါ့ဆသွားတတ်တယ်။
◾ကိုယ့်ကိုယ်ကိုယ် သံသယဝင်တာတွေ ရပ်လိုက်ပါ။
ကိုယ့်ကိုယ်ကိုယ် သံသယဝင်နေတာ ရှိနေသရွေ့ ယုံကြည်မှုမဲ့နေအုံးမှာပဲ။ ထီးတစ်လက်က.. မိုးရွာတာကို မရပ်တန့်ပေးနိုင်ပေမဲ့ မိုးမစိုအောင်တော့ အနည်းဆုံး လုပ်ပေးနိုင်ပါတယ်။ အဲ့သဘောပဲ၊ ယုံကြည်မှုက လူတစ်ယောက်တိုးတက်ဖို့ ဘာမှမလုပ်ပေးနိုင်ဘူးဆိုရင်တောင် တိုးတက်တဲ့လူတစ်ယောက်ဆီမှာ ယုံကြည်မှုက တစ်နည်းနည်းနဲ့ ပါဝင်ပတ်သက်နေတတ်တယ်။
◾အချိန်ဆွဲတတ်တဲ့အကျင့်ကို ရှောင်ပါ။
စောသေးတယ်၊ တရေးတမောမှေးပြီးတော့မှ လုပ်မယ်ဆိုတာမျိုး၊ နှစ်သစ်ရောက်မှ စိတ်သစ်လူသစ်နဲ့ ပြောင်းလဲတော့မယ်ဆိုတာမျိုးဟာ လူညံ့လူဖျင်းတွေမှာ တွေ့ရတတ်တဲ့ အကျင့်ဆိုးပဲဖြစ်ပါတယ်။ အခု ထမလုပ်ရင် နောက်မှ နောင်တရတတ်တယ်။
◾အားနာတတ်တဲ့အကျင့်ကို ပြင်ပါ။
တစ်ချိန်လုံး ခေါင်းငုံ့ခံတာတို့၊ ဖိနှိပ်ခံနေတာတွေကို အခုတည်းက ရပ်လိုက်ပါ။ ဘယ်သူမှာမှ ဘယ်သူပျော်ဖို့ဆိုတဲ့ တာဝန်မရှိဘူး။ ဒါ့ကြောင့် အားနာတတ်တဲ့အကျင့်ကို ပြင်ပါ။ အားမနာတတ်တဲ့နေရာမှာ အရမ်းအားနာနေစရာ မလိုဘူး။
#သင့်ဖုန်းထဲကဒစ်ဂျစ်တယ်စာကြည့်တိုက်