အောင်မြေသစ် ဒီဇယ်ပန့်နော်ဇယ်ပြုပြင်ရေး

အောင်မြေသစ် ဒီဇယ်ပန့်နော်ဇယ်ပြုပြင်ရေး Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from အောင်မြေသစ် ဒီဇယ်ပန့်နော်ဇယ်ပြုပြင်ရေး, Business service, အမှတ် (302/A)အနော်ရထာလမ်း၊ အနောက်ပိုင်းတက္ကသိုလ်အဝိုင်းအနီးလှိုင်သာယာ ရန်ကုန်, ရန်ကုန်.

26/05/2023

⭕ နော်ဇယ် မှိုင်းကိုက်ခြင်း နှင့် ဝိတ်မဆွဲခြင်း ၊ စက်သံမမှန်ခြင်း၊ မီးခိုးမဲလိုက်ခြင်းပြစ်ချက်များ ⭕

ဒီတခါမှာတော့ ကျွန်တော့် မိတ်တွေ စက်ဆရာများအတွက် အသုံးဝင်လှတဲ့ ဗဟုသုတဖြစ်ဖွယ် အကြောင်းအရာလေးတစ်ခုမျှဝေချင်ပါတယ်ဗျာ။ ဒီဇယ်စက်ဆရာတွေအတွက် နော်ဇယ် မှိုင်းကိုက်တယ်ဆိုရင် ဘယ်လိုမျိုးပြစ်ချက်တွေ ကြုံရနိုင်မလဲ ၊ ဘာတွေ ပြုပြင်ရမလဲ သိသလောက် မျှဝေပေးသွားပါ့မယ်ခင်ဗျာ။ ဒီဇယ်ကားတွေမှာ နော်ဇယ်ကတော်တော်လေး အရေးကြီးပါတယ်။ ကားမော်ဒယ်မြင့်လာလေလေ နော်ဇယ်တွေက အဆင့်မြင့်လာလေလေပါဘဲ။ နော်ဇယ်တွေ အကြောက်ဆုံးတစ်ခုက ဆီမသန့်ပါဘဲ။ နော်ဇယ်သည် ဆီကို အမှုန်အမွှား လေးအဖြစ် ကွန်ပရက်ရှင်းချန်ဘာထဲကို ဖြန်းချပေးပါတယ်။ အဲ့ဒီမှာ ဘာပြဿနာဖြစ်လဲဆိုရင် ဆီထဲမှာ ရေသော်၎င်း ၊ တခြားသော အမှုန်အမွှား အညစ်အကြေးတွေသည် nozzle tip (or) nozzle or***ce လို့ခေါ်တဲ့ နော်ဇယ်ခေါင်းမှာ သွားပိတ်ပါတယ်။ ရေပါလျှင်လဲ အင်ဂျင်ပေါက်ကွဲအားမမှန် နော်ဇယ်ပျက်စီးတက်ပါတယ်။ နော်ဇယ်တွေက အင်ဂျင်ဟက်ထဲမှာ စိုက်ပြီး ကွန်ပရက်ရှင်းချန်ဘာထိပ်နဲ့ ထိစပ်ကာ ပစ္စတင်ထိပ်ကို ဆီဖြန်းချပါတယ်။ အဲ့ဒါ ဘာပြဿနာရှိလဲဆိုရင် အချိန်ကာလ ကြာမြင့်တဲ့အခါမှာ နော်ဇယ်တွေ သဲကြေးကိုက်ပြီး ဖြုတ်ဖို့ ခက်တာတွေ ကြုံရပါလိမ့်မယ်။ တချို့ဂျပန်ကားတွေ နော်ဇယ်ဖြုတ်ရအလွန်ခက်ပါတယ်။ ဒါကလည်းဖြစ်တက်တဲ့ ပြဿနာလေးတစ်ခုပါ။ ပန့်ဆရာတွေကို ဒုက္ခပေးတာပေါ့။ နော်ဇယ်မှိုင်းကိုက်တယ်ဆိုတာ နော်ခေါင်းမှာ မီးခိုး၊ကာဗွန်ဂျိုးတွေ ကပ်ပြီး ပိတ်သွားပါဘဲ။ နော်ဇယ်ခေါင်းမှာ တချို့က ၄ပေါက် ၅ပေါက် ၊ ၈ပေါက် စသဖြင့် ရှိကြရာ ၂ ပေါက်လောက် မှိုက်ကိုက်ပြီး ပိတ်သွားရင်ဘဲဖြစ်ဖြစ် နော်ဇယ်ဆီလျှံပြီး အဆွဲအရုန်းမပါတော့ဘဲ မီးခိုးမဲတွေ ထွက်ပါပြီ ဝိတ်တင်ရင် ပိုသိသာပါတယ် နော်ဇယ် မကောင်းတာက။ အထက်ပါပြစ်ချက်တွေကြုံရရင် နော်ဇယ် ကောင်းကောင်း အလုပ်မလုပ်တော့ပါဘူး။ အတွေ့အကြုံအရ နော်ဇယ်ပြစ်ချက်လို့ သိရင်သိ မသိရင်လဲ နော်ဇယ် တစ်လုံးချင်းစီကို ကောင်းမကောင်း စက်နဲ့ စမ်းကြည့်လို့ရတယ်။ မကောင်းတဲ့ အလုံးက စက်သံပြောင်းမှာပါဘဲ။ အကယ်၍ ဖြုတ်ရလွယ်တဲ့ ကားမျိုးဆိုရင် ကိုယ့်ဟာကိုယ် နော်ဇယ်ခေါင်းတွေ ဆေးကြောလို့ရပါတယ်။ နော်ဇယ်မှိုင်းကိုက်တာက နော်ဇယ်ပျက်စီးတာမဟုတ်ပါဘူး။ ကားတွေမှာ အဆွဲအရုန်းကျရင် ကာဗွန်ဂျိုးဆေးသလိုဘဲ။ ယခုလို စက်သံမမှန် ၊ နော်ဇယ်ဆီများပြီး ဝိတ်တင်ရုန်းရင် အိပ်ဇောမီးခိုးလိုက်တာမျိုးတွေ ၊ အိပ်ဇောဆီစိုတာမျိုးတွေကြုံရပါလျှင် နော်ဇယ်ပြဿနာတွေဖြစ်ကြောင်းမျှဝေပေးရင် စက်ဆရာများ ဘေးကင်းချမ်းသာကြပါစေ 🙏

#ဝပ်ရှော့ဆရာညီအကိုတွေ အားလပ်တဲ့အချိန်စာအုပ်ဖတ်ချင်တယ်ဆိုရင် ကားနည်းပညာစာအုပ်ကြီး (၄)အုပ်၀ယ်ယူနိင်ပါတယ်ခင်ဗျာ 🙏
စက္ကူဈေးတွေ2ဆထိတက်နေပေမယ့်လည်းစာအုပ်ဈေးမတက်ဘဲမူရင်းဈေးအတိုင်းရောင်းပေးနေပါတယ်ခင်ဗျာ။

& Sensorကား၀ပ်ရှော့နည်းပညာများစာအုပ်
https://www.facebook.com/100064755550366/posts/551421737026340/

#အော်တိုဂီယာ ဗားဘော်ဒီစာအုပ်
https://m.facebook.com/story.php?story_fbid=1013562349431096&id=127119418075398

& ECUစာအုပ်
https://www.facebook.com/127119418075398/posts/1109230133197650/

#စက်ပြင်ဆရာလက်စွဲစာအုပ်
https://www.facebook.com/127119418075398/posts/1074605609993436/

မြန်မာလိုစက်ပြင်စာအုပ်ကောင်းများကိုမှာယူမယ်ဆိုပါရင်09796756476
09784710458 သို့ဆက်သွယ်မှာယူနိင်ပါတယ်ခင်ဗျာ

🙏ထမင်းရှင်စက်ဆရာများရဲ့ဂုဏ်ကျေးဇူးကိုအမြဲသတိတရဦးညွှတ်လျက်ပါခင်ဗျာ🙏

📌 အောက်ပါ တယ်လီဂရမ်လင့်ကိုလည်း ဂျိုင်းပြီး အဖိုးတန်ဆောင်းပါး ၊ ပုံတွေ ၊ စာအုပ်တွေ ရယူနိုင်ပါတယ်ခင်ဗျာ
https://t.me/+X2wga8MUZlw4M2Vl (ဂရု)
https://t.me/automechanicsbook14 (ချန်နယ်)

09/02/2023

Merry Christmas and Happy New Years 🎄🌲

From Win Diesel

20/09/2022
20/09/2022

လူကြီးမင်းတို့၏ ဒီဇယ်ကား အထွေထွေ ပြဿနာ အခက်အခဲများစွာကို တာဝန်ယူဖြေရှင်းပေးမည့်....
အောင်မြေသစ် ဒီဇယ်ပန့်နော်ဇယ်ပြုပြင်ရေးမှ ကြိုဆိုပါသည်။
အနော်ရထာလမ်း အနောက်ပိုင်းတက္ကသိုလ်အဝိုင်းအနီး လှိုင်သာယာ ရန်ကုန်.........။

03/08/2022

Address

အမှတ် (302/A)အနော်ရထာလမ်း၊ အနောက်ပိုင်းတက္ကသိုလ်အဝိုင်းအနီးလှိုင်သာယာ ရန်ကုန်
ရန်ကုန်

Opening Hours

Monday 08:00 - 18:00
Tuesday 08:00 - 18:00
Wednesday 08:00 - 18:00
Thursday 08:00 - 18:00
Friday 08:00 - 18:00
Saturday 08:00 - 18:00
Sunday 08:00 - 18:00

Telephone

+959420104002

Website

Alerts

Be the first to know and let us send you an email when အောင်မြေသစ် ဒီဇယ်ပန့်နော်ဇယ်ပြုပြင်ရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share