12/03/2021
KIO/KIA တောင်ပိုင်းစစ်ဌာနချုပ် မှ ရှမ်းမြောက် နေ ပြည်သူလူထု ထံသို့ လေးစား စွာဖြင့် အသိပေးခြင်း
March 12, 2021
February 1, 2021 တွင် မြန်မာ့တပ်မတော် မှ ပြည်သူလူထု ရွေးချယ် တင်မြောက်ထား သော အစိုးရ အား ဖမ်းဆီး ဖြုတ်ချ ကာ အကြောင်းပြချက် မခိုင်လုံ ပဲ အတင်း အဓမ္မ အာဏာသိမ်း ယူ မှု ဖြစ်ပွား ခဲ့သည်ကို
တနိင်ငံလုံး သိရှိပြီး ဖြစ်ပါသည်။
ထိုကဲ့သို့ မတရား အာဏာသိမ်း မှု အပေါ်
ပြည်သူလူထု က ဆန့်ကျင် ကြောင်း ဆန္ဒပြ
ရာတွင် ပြည်မ ၌ အကြမ်းဖက်ဖြိုခွင်း ခြင်း များ စတင်၍ ပြုလုပ် လာသည် နှင့် တပြိုင်နက်တည်း ကျွန်နုပ် တို့ KIA တောင်ပိုင်း စစ်ဌာနချုပ် ( ရှမ်းမြောက်ဒေသ) မှ
KIA တပ်မဟာ ( ၄) နှင့် တပ်မဟာ ( ၆)
တို့သည် February 11 ရက်နေ့ကတည်းက
ယနေ့ ထိတိုင် နေ့စဥ် တိုက်ပွဲ ဝင်ကာ
တနိင်ငံလုံး ရှိ ပြည်သူ များ , ရှမ်းမြောက် ဒေသ နေ ပြည်သူလူထု များ နှင့် တသားတည်း ရှိနေကြောင်း ကိုယ့်နည်းကိုယ့်ဟန် ဖြင့် ပြသခဲ့ပြီး ဖြစ်ပါသည်။
ရှမ်းမြောက်ဒေသ ရှိ KIA ရဲဘော် များသည်
မိမိ အသက်ကို စွန့်ကာ အင်အားကြီးသော
စစ်အာဏာရှင် တို့အား ပျောက်ကြားစနစ် ဖြင့် နေ့စဥ် အမှည့်ချွေ နေ သော်လည်း
ပြည်သူလူထု အချို့ က မသိရှိခဲ့ကြပါ။
(KIA ရဲဘော် တို့သည် ဓာတ်ပုံ ရိုက်ခံကာ
Media ပေါ် တင်၍ ပြည်သူတို့ ၏ ထောက်ခံ မှုကို ရယူ မည့် အစား လက်တွေ့ ကျကျ တိုက်ပွဲ ဝင်ကာ ပြည်သူ့ရန်သူ
အကြမ်းဖက်စစ်တပ်အား တိုက်ခိုက် နေတတ်သော သူ များ ဖြစ် သည် )
ယခု အချိန်တွင် အာဏာသိမ်း စစ်ကောင်စီ
ဘက် မှ ပြည်သူလူထု အား အကြမ်းဖက်ဖြိုခွင်း မှု ပိုမို မြင့်တက်လာပြီး
ရှမ်းမြောက်ဒေသ နေ ပြည်သူလူထု ကိုပါ
အကြမ်းဖက်ဖြိုခွင်း လာခြင်း ကြောင့်
KIO/KIA တောင်ပိုင်းစစ်ဌာနချုပ် မှနေ၍
CDM ပြုလုပ်နေသော ပြည်သူ့ဝန်ထမ်း များ နှင့် လူထု ဘက် မှ ရပ်တည် ကာ
ယခင်ကထက် ပိုမို ပြင်းထန်စွာ အကြမ်းဖက် အဖွဲ့အား တုံ့ပြန်သွားမည်
ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
ထို့အပြင် CDM ပြုလုပ်နေသောပြည်သူ့ဝန်ထမ်း များ နှင့်
နွေဦးတော်လှန်ရေး သပိတ်ကို ဦးဆောင် နေသော နိင်ငံရေး တက်ကြွ လှုပ်ရှား သူများ
အနေ ဖြင့် မိမိတို့၏ လုံခြုံရေး စိုးရိမ် ဖွယ်ရာ ရှိလာပါက KIO/KIA တောင်ပိုင်းစစ်ဌာနချုပ်သို့ လာရောက်ခိုလှုံ ပါက
လွတ်လပ်ရေး ရသည် အထိ
ဘေးမသီရန်မခ ပဲ ခိုလှုံခွင့် ပေး သွားမည်
ဖြစ်ကြောင်း ကို ပြည်သူလူထု ထံသို့
လေးစားစွာဖြင့် အသိပေးအပ်ပါသည်။
#လူထုတိုက်ပွဲမုချအောင်ရမည်
Kachin Liberation Media