May Lay

May Lay Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from May Lay, Consulting Agency, ​အိမ်​မဲမြို့မ​ဈေး ဆိုင်​အမှတ်​ 10. 11, Einme.

မြေကို လျှို့ဝှက်ပြီး ဝယ်ပါ။ အိမ်ကို တိတ်တိတ်ဆိတ်ဆိတ် ဆောက်ပါ။ပြီးတော့မှ အိမ်တက်ပွဲကို လူသိရှင်ကြား ကျင်းပလိုက်ပါ။ တိတ်တ...
02/05/2025

မြေကို လျှို့ဝှက်ပြီး ဝယ်ပါ။
အိမ်ကို တိတ်တိတ်ဆိတ်ဆိတ် ဆောက်ပါ။
ပြီးတော့မှ အိမ်တက်ပွဲကို
လူသိရှင်ကြား ကျင်းပလိုက်ပါ။
တိတ်တိတ်လေး ပိုးပန်းပါ။
နှစ်ကိုယ်ကြား လက်ထပ်ခွင့် တောင်းပါ။
ပြီးမှ မင်္ဂလာဆောင်ကို
လူအများရှေ့မှာ ဆင်နွှဲလိုက်ပါ။
သင့်ကို မနှစ်မြို့တဲ့သူတွေကို
သင့်ရဲ့ လက်တွေ့ဘဝကိုပဲ မြင်ခွင့်ပေး။
သင့်ရဲ့ ရည်မှန်းချက်တွေကို မမြင်စေနဲ့။
စစ်တုရင်ကစားတဲ့အခါ စကားမပြောဘူး။ လက်တွေ့ အကွက်ရွှေ့တယ်။
စစ်တုရင်ကစားရင်း
တစ်ခါပဲ စကားပြောရတယ်။
"ငါ နိုင်ပြီ"လို့ ကြေညာတဲ့အခါပဲ။
ဘဝဆိုတာလည်း စစ်တုရင်လိုပဲ။
သင် ဘာလုပ်မယ်ဆိုတာ
တစ်ရွာလုံးသိအောင် ကြိုမပြောနဲ့။
တိတ်တိတ်လေးပဲ လုပ်ပါ......❤️
မူရင်းရေးသားသူ အား
လေးစားစွာ Crd ပေးပါသည်ရှင်

အရမ်းကောင်းလို့ မျှဝေပေးလိုက်ပါတယ်====================လှေရယ်... မြင်းရယ်...  လူရယ်... လှေက ကမ်းမှာကပ်ထားရင် အန္တရာယ်အကင်...
02/05/2025

အရမ်းကောင်းလို့ မျှဝေပေးလိုက်ပါတယ်
====================
လှေရယ်... မြင်းရယ်... လူရယ်...

လှေက ကမ်းမှာကပ်ထားရင် အန္တရာယ်အကင်းဆုံးပဲ

ဒါပေမယ့် အဲဒါက လှေတည်ဆောက်ခဲ့တဲ့

ရည်ရွယ်ချက် မဟုတ်ဘူး။

လူက အိမ်မှာနေရင် အသက်သာဆုံးပဲ၊
ဒါပေမယ့် အဲဒါက လူဖြစ်လာရတဲ့ရည်ရွယ်ချက်
မဟုတ်ဘူး။

တစ်နေ့ကို မိုင်တစ်ထောင်သွားနိုင်တဲ့
အာဇာနည်မြင်းပျိုလေးတစ်ကောင်ရှိတယ်၊
သူ့ရဲ့အရည်အချင်းကိုဖော်ထုတ်ပြသဖို့
အခွင့်အရေးကိုစောင့်နေတယ်။

ကုန်သည်ရောက်လာတယ်၊ မြင်းကိုမေးတယ်၊
''မင်းငါနဲ့လိုက်နိုင်မလား''
မြင်းကခေါင်းခါပြီးပြောတယ်၊

''ငါက တစ်နေ့မိုင်တစ်ထောင်သွားနိုင်တဲ့
အာဇာနည်မြင်းကွ... ဘယ်လိုဖြစ်လို့
ကုန်သည်နောက်လိုက်ပြီး ကုန်ထမ်းရမှာလဲ''

စစ်သားရောက်လာတယ်၊ မြင်းကိုမေးတယ်၊
''မင်းငါနဲ့လိုက်နိုင်မလား''
မြင်းကခေါင်းခါပြီးပြောတယ်။

''ငါက တစ်နေ့မိုင်တစ်ထောင်သွားနိုင်တဲ့
အာဇာနည်မြင်းကွ.. ဘယ်လိုဖြစ်လို့
သာမာန်စစ်သားတစ်ယောက်နောက်လိုက်ပြီး
တိုက်ပွဲဝင်ရမှာလဲကွ''

မုဆိုးရောက်လာတယ်၊ မြင်းကိုမေးတယ်၊
'မင်းငါနဲ့လိုက်နိုင်မလား''
မြင်းကခေါင်းခါပြီးပြောတယ်။

''ငါက တစ်နေ့မိုင်တစ်ထောင်သွားနိုင်တဲ့
အာဇာနည်မြင်းကွ...ဘယ်လိုဖြစ်လို
မုဆိုးနဲ့အတူတူ ပင်ပန်းဆင်းရဲမှုဒဏ် ခံရမှာလဲကွ''

ဒီလိုနဲ့ တစ်နေ့ပြီးတစ်နေ့ကုန်ဆုံးသွားခဲ့တယ်။
မြင်းဟာသူနဲ့တန်တဲ့အလုပ်ကို
ရှာမတွေ့သေးဘူး။

တစ်နေ့ ဘုရင်မင်းမြတ်အမိန့်ဖြင့်
စစ်သူကြီးတစ်ယောက် အာဇာနည်မြင်းကိုလိုအပ်ကြောင်း
နေရာအနှံ့ ကြော်ငြာစာများကပ်ကာ
လိုက်ရှာလေသည်၊

အာဇာနည်မြင်းက ....
စစ်သူကြီးဆီသွားတွေ့ပြီး ပြောတယ်၊
''ကျနော်က ခင်ဗျားတို့ရှာနေတဲ့ အာဇာနည်မြင်းပါ''

စစ်သူကြီးက မေးတယ်၊
''ဒါဆို မင်းငါတို့တိုင်းပြည်ရဲ့ တောတောင်ရေမြေနဲ့
လမ်းတွေကို နှံ့စပ်လား''
့ မြင်းက ခေါင်းခါတယ်၊

စစ်သူကြီးက ထပ်မေးတယ်၊
''ဒါဆို မင်းစစ်ပွဲဝင်ဖူးသလား..စစ်ပွဲအတွေ့အကြုံရှိသလား''
မြင်းက ခေါင်းထပ်ခါတယ်၊

စစ်သူကြီးက ထပ်မေးတယ်၊
''ဒါဆို မင်းတောထဲတောင်ထဲမှာ
သားကောင်တွေနဲ့တွေ့တဲ့အခါ သခင့်အတွက်
ရင်ဆိုင်တိုက်ခိုက်ပြီး ရုန်းထွက်ရဲသလား''
မြင်းက ခေါင်းထပ်ခါတယ်၊

စစ်သူကြီးကပြောတယ်။
''ဒါဆို မင်းဘာအသုံးကျသေးသလဲ''

မြင်းကပြောတယ်
''ကျနော်နေ့ဘက်ဆို မိုင်တစ်ထောင်သွားနိင်ပြီး
ညဘက်ဆို မိုင်ရှစ်ရာသွားနိုင်တယ်၊
လေအဆန်မှာ အစုန်ထက်တောင်မှ.
အပြေးမြန်သေးတယ်''

စစ်သူကြီးက မြင်းပေါ်ခွတက်စီးလိုက်တယ်၊
မြင်းကအားစိုက်ပြီး တစ်ဟုန်ထိုးပြေးလိုက်တယ်၊
ဒါပေမယ့် ၁၀လှမ်းလောက်ပဲပြေးရသေးတယ်၊
အမောဟိုက်ပြီး ကျောမှာချွေးတွေပြန်လာတယ်၊

''မင်းအိုသွားပြီ... မပြေးနိုင်တော့ဘူး'' ဟုဆိုကာ
စစ်သူကြီးပြန်လှည့်ထွက်သွားသည်၊

ဒီနေ့ သင်လုပ်တဲ့ကိစ္စတစ်ခုစီတိုင်းဟာ
သာမာန်ကြိုးစားနေတယ်ထင်ရပေမယ့်
နောင်တစ်ချိန်အတွက်....
အင်အားလေးတစ်ခုဆိုတာ သိထားပါ၊
ဒီနေ့သင်ဖြတ်ကျော်ရတဲ့ စိတ်ဆင်းရဲတဲ့
အတွေ့အကြုံတိုင်း၊ ငြင်းပယ်မှုတိုင်းဟာ
အနာဂတ်အတွက် အုတ်မြစ်ချပ်လေးတွေပါ၊

အိုသွားတဲ့အချိန် မပြေးနိုင်တော့မှ
မပြေးခဲ့ရပါလားလို့ နောင်တမရပါနဲ့၊

လှေက ကမ်းမှာကပ်ထားရင်
အန္တရာယ်အကင်းဆုံးပဲ၊ဒါပေမယ့် အဲဒါက
လှေတည်ဆောက်ခဲ့တဲ့ရည်ရွယ်ချက် မဟုတ်ဘူး။

လူက အိမ်မှာနေရင် အသက်သာဆုံးပဲ၊
ဒါပေမယ့် အဲဒါက လူဖြစ်လာရတဲ့
ရည်ရွယ်ချက် မဟုတ်ဘူး။

ပညာက အရည်အချင်းကို ကိုယ်စားမပြုဘူး၊
စာပေက ယဉ်ကျေးမှုကို ကိုယ်စားမပြုဘူး၊

မနေ့ကကျော်ဇောခဲ့တဲ့အရာဟာ
ဒီနေ့မှာ အတိတ်နဲ့ မှတ်ဉာဏ်အချို့ဖြစ်သွားပြီ၊

ဒါ့ကြောင့် အရေးကြီးတာက
" မနေ့ကသင်ဘယ်သူလဲမဟုတ်ပါဘူး"
" ဒီနေ့သင်ဘယ်သူလဲဆိုတာပါ၊"

ပိုပြီးအရေးကြီးတာက...
ဒီနေ့သင်ဘာလုပ်သလဲ..
မနက်ဖြန် သင်ဘာဖြစ်မလဲဆိုတာပါ။

#မေတ္တာဖြင့်

လူတယောက်ဟာ သူ့ဘဝတည်ငြိမ်ဖို့တစ်ဘဝလုံးမှာ ၅ နှစ် အချိန်ရတယ်။အဲ့ဒီ ၅ နှစ်က အသက် ၃၅ နဲ့ ၄၀ ကြားရှိတဲ့၅ နှစ်ပဲ။အဲဒီ ၅ နှစ်မှ...
02/10/2023

လူတယောက်ဟာ သူ့ဘဝတည်ငြိမ်ဖို့
တစ်ဘဝလုံးမှာ ၅ နှစ် အချိန်ရတယ်။
အဲ့ဒီ ၅ နှစ်က အသက် ၃၅ နဲ့ ၄၀ ကြားရှိတဲ့
၅ နှစ်ပဲ။

အဲဒီ ၅ နှစ်မှာ မနားမနေကြိုးစားတဲ့သူရှိတယ်။
အဲ့ဒီ ၅ နှစ်မှာ သာမန်လို ဖြတ်သန်းတဲ့သူရှိတယ်။
အဲ့ဒီ ၅ နှစ်ပြည့်လို့ အသက် ၄၀ ကျော်တဲ့အခါ
အဲ့ဒီ ၅ နှစ်က လုပ်ရပ်တွေက လူတယောက်ဘဝ
ဘယ်လိုဖြစ်မလဲ ဆုံးဖြတ်ပေးသွားတယ်။

ကိုယ်ပိုင်လုပ်ငန်း တည်ထောင်နိုင်သူတွေက
ကိုယ်ပိုင် စနစ်တကျ ဖြစ်တည်သွားသလို
ဝန်ထမ်းအဖြစ် ထူးချွန်သူတွေကလည်း ဝန်ထမ်း
အဖြစ် ရပ်တည်သွားကြတယ်။
Artist အဖြစ် အောင်မြင်သူတွေလည်း ရှိသလို
ပင်စင်သက်တမ်းသာ မျှော်ရတဲ့သူတွေလည်း
ရှိလာတယ်။

အသက် ၄၀ ကျော်တဲ့အခါ အရာအားလုံးက
အသက် ၄၀ မတိုင်ခင် လုပ်ခဲ့တဲ့အရာတွေကြောင့်
ကောင်းရင်လည်း တည်မြဲတယ်
ဆိုးရင်လည်း ဆိုးတဲ့အတိုင်း တည်မြဲလာတယ်။
ဒါက ဘဝနဲ့ရတဲ့ ဘဝနဲ့ရင်းခဲ့တဲ့ အကြောင်းအရာမို့
အသက် ၃၅ နဲ့ ၄၀ ကြားဟာ ဘဝအတွက် အရမ်း
အရေးကြီးကြောင်း သိစေချင်တယ်။

သင့်ရဲ့ ၄၀ ကျော် ဘဝအကျိုးပေးက
အသက် ၃၅ မှာ သင်ဘာလုပ်ခဲ့လဲ အပေါ်
မူတည်တယ်။


#လူငယ်များအတွက်ဗဟုသုတစာပေများ ้างรายได้ #လူငယ်များအတွက့်စာကြည့်တိုက့် ゚viralシ #ဓမ္မသုတရသစာစုများ #ဗဟုသုတ #ပညာဒါန #စာအုပ် #စာပေ

အေးခဲတဲ့ မြောက်၀င်ရိုးစွန်းမှာ ပိုလာ၀က်ဝံတွေဟာ ဘုရင်တစ်ဆူလိုပဲ။ဒါပေမယ့် အက်စကီးမိုး လူမျိုးတွေက ဘာမှအင်အား ထုတ်စရာမလိုဘဲ...
18/09/2023

အေးခဲတဲ့ မြောက်၀င်ရိုးစွန်းမှာ
ပိုလာ၀က်ဝံတွေဟာ ဘုရင်တစ်ဆူလိုပဲ။
ဒါပေမယ့် အက်စကီးမိုး လူမျိုးတွေက
ဘာမှအင်အား ထုတ်စရာမလိုဘဲ
အဲဒီ၀က်ဝံတွေကိုဖမ်းနိုင်တယ်။

ဘယ်လိုဖမ်းသလဲဆိုတော့ အက်စကီးမိုးတွေက
ဖျံတစ်ကောင်ကို အရင်သတ်လိုက်ပြီး
ဖျံရဲ့သွေးကို ပုံးတစ်ခုထဲထည့်ထားလိုက်တယ်။

အသွားနှစ်ဖက်ပါတဲ့ ဓါးမြှောင်ကို
သွေးထဲမှာ စိုက်ထားလိုက်တယ်။
အရမ်းအေးတဲ့အတွက် ဖျံသွေးဟာ
အချိန်တိုအတွင်းမှာ ခဲသွားပါတယ်။

အဲဒီခဲသွားတဲ့ ဓါးမြှောင်ပါတဲ့ ဖျံသွေးကို
ပုံးထဲကထုတ်ပြီး ရေခဲပြင်မှာ ပစ်ထားလိုက်ရုံပါပဲ။

၀က်ဝံတွေက သွေးအရမ်းကြိုက်တယ်။
အဲဒီအကြိုက်ကပဲ သူတို့ကို သေမင်းလက်ထဲ
ရောက်စေခဲ့တယ်။

အနံ့ခံကောင်းတဲ့ သူတို့ဟာ သွေးညှီနံ့ကို
အဝေးကြီးကတောင် ရနိုင်ပါတယ်။

အက်စကီးမိုးတို့ ပစ်ထားတဲ့ သွေးခဲကို
ခြေရာခံပြီး တွေ့တာနဲ့ အငမ်းမရ
လျှာနဲ့ စတင်လျက်ပါတော့တယ်။

လျက်ရင်း လျက်ရင်း လျှာခဲသွားလည်း
အစာကောင်းကို လက်မလွတ်ချင်တာနဲ့
ဆက်လျက်ပါတယ်။

အဲဒီနောက် ခဲနေတဲ့သွေးက ပိုချိုလာတယ်။
ပိုလတ်ဆတ်လာတယ်။ ပိုပူနွေးလာတယ်ဆိုတာကို
သတိမထားမိတော့တဲ့အထိပါပဲ။

လျက်လေ အရသာရှိလေ
အရသာရှိလေ လျက်လေနဲ့
သူတို့ရဲ့သွေးကို သူတို့ သောက်နေမိမှန်းတောင်
မသိကြတော့ပါဘူး။

အကြောင်းက .....
သွေးခဲအလယ်မှာ စိုက်ထားတဲ့ ဓားက
လျက်နေတဲ့ သူတို့လျှာကို လှီးဖြတ်နေခဲ့လို့ပဲ။

အအေးဓာတ်ကြောင့် ထုံနေတဲ့ လျှာက
နာကျင်တာကို မခံစားမိတော့ဘူး။

အနံ့ခံကောင်းတဲ့ နှာခေါင်းက
လတ်ဆတ်တဲ့ သွေးနံ့ရလေ လျက်နှုန်းက မြန်လေလေ
နောက်တော့ ကိုယ့်သွေးကို ကိုယ်
ပြန်သောက်နေမိတော့တယ်။

နောက်ဆုံးတော့ သွေးထွက်လွန်ပြီး
မူးလဲသွားပါတယ်။

အဲဒီအချိန်မှာ အက်စကီးမိုးတွေက သူတို့ကို
ဘာအင်အားမှ မသုံးဘဲ ဖမ်းလိုက်ရုံပါပဲ။

______________________________+_______

- ဘ၀ရဲ့ ပျော်ရွှင်ခြင်းတွေကို ရှာဖွေတဲ့အချိန်မှာ အတွေးအခေါ်၊ အယူအဆတွေ လွဲမှားခဲ့ရင်
ကိုယ်တွေဟာလည်း ပိုလာ၀က်ဝံနဲ့ တူသွားနိုင်တယ်။

- တစ်ချို့လူတွေက အလုပ်ချိန် များများလုပ်လေ
ပိုအောင်မြင်လေလေ ၀င်ငွေများများ ရလေလေလို့
ထင်တတ်ကြတယ်။ ဒါပေမယ့် သူတို့မှာ အဲဒီငွေကြေးကို ဖြုန်းဖို့ အချိန်မရှိခဲ့ကြဘူး။ တစ်ချို့ အဲဒီငွေကြေးကို ဘယ်လိုသုံးရမယ်မှန်းမသိကြဘူး။

- ၀င်ငွေများလာတာနဲ့နည်းတူ တစ်ဖက်မှာလည်း
တစ်ချို့အရာတွေကို သူတို့ဆုံးရှုံးကြရတယ်။

- လူ့ဘ၀ရဲ့ တန်ဖိုးအရှိဆုံး အရာဖြစ်တဲ့
မိသားစုနဲ့အတူနေတဲ့ အချိန်တွေ
နွေးထွေးတဲ့ မိဘမေတ္တာငတ်နေတဲ့
သားသမီးတွေ၊ လူမှုရေး၊ ကျန်းမာရေး၊
လူတစ်ဖက်သားကိုကူညီဖို့အရေးဆိုတာကိုတောင်
သူတို့မေ့နေခဲ့ကြတယ်။

- အမေရိကားရဲ့ အပတ်စဉ် ဂျာနယ်တစ်ခုက အငြိမ်းစားယူကုန်ကြတဲ့ ထိပ်သီးစီးပွားရေး ပညာရှင်
ဆယ်ဦးကို မေးခွန်းမေးပြီး စာရင်းလုပ်ခဲ့ဖူးတယ်။

- မေးခွန်းက “ တကယ်လို့ ဘ၀ကို အသစ်ပြန်စရရင် သင်အမျှော်လင့်ဆုံးနဲ့ လက်မလွတ်ချင်ဆုံးအရာက ဘာလဲ” တဲ့။

- ပညာရှင် ခုနှစ်ဦးက တူညီတဲ့ အဖြေကိုပေးခဲ့ပါတယ်။

- အဖြေက “ တကယ်လို့ ဘ၀ကို အသစ်ပြန်စရရင် မိသားစုတွေနဲ့ အတူနေတဲ့အချိန်ကို လက်မလွတ် ချင်ဆုံးပါ” လို့ ပြန်ဖြေခဲ့ကြတယ်။

- တစ်ချို့လူတွေက ဆုံးဖြတ်ပြီးရင် နောင်တမရဘူးလို့ ပြောတတ်ကြတယ်။ ဒါပေမယ့် မဆုံးဖြတ်ခင် သေချာ မစဉ်းစားခဲ့ရင်နောက်ဆုံးတော့ နောင်တ ရကြစမြဲပါပဲ။
ပျော်ပျော်နေတတ်တဲ့ သူငယ်ချင်းတစ်ယောက်က ပြောဖူးပါတယ်။

- ငွေဟာ ရှာလို့မကုန်နိုင်တဲ့ အရာပါတဲ့
ရှာလေလေ ရလေလေ လိုချင်လေလေ

- နောက်ဆုံးတော့ လုံလောက်ပြီလို့ မထင်ဘဲ
ငွေနောက်ကိုပဲ ကောက်ကောက်ပါ ကုန်ကြတယ်တဲ့။

- ကိုယ်တွေကရော ပိုလာ၀က်ဝံလို ကိုယ့်သွေးကို သောက်ပြီး ပျော်နေကြတဲ့လူ ဖြစ်နေခဲ့ပြီလား.... ?

- တင်းတိမ် ရောင့်ရဲနိုင်တဲ့လူက ဘယ်တော့မှ မဆင်းရဲဘူး။ မတင်းတိမ်နိုင်တဲ့လူက အမြဲဆင်းရဲနေတယ်။

__________________________________+______

အတွေးအမြင်သုတ/ရသ/တရားစာစုများ
လေးစားစွာဖြင့်ကိုးကားဖော်ပြပါသည် 🙏

#ဗဟုသုတ #စာပေ #ဘဝအတွက်ခွန်အားဖြစ်စေမယ့်စာတိုပေစများ #ဆရာတော်ကြီးများရဲ့တရားဓမ္မများ Thêiñ Thäñ Åūñg

သင် တကယ်ပျော်ချင်တယ်ဆိုရင်********************************🕊️ရှိတ်စပီးယားက ပြောတယ် ။ကျုပ်က အမြဲပျော်နေတတ်တယ် ။ဘာကြောင့်ထင...
11/09/2023

သင် တကယ်ပျော်ချင်တယ်ဆိုရင်
********************************🕊️

ရှိတ်စပီးယားက ပြောတယ် ။

ကျုပ်က အမြဲပျော်နေတတ်တယ် ။
ဘာကြောင့်ထင်သလဲ ?
ကျုပ်က ဘယ်သူ့ဆီကနေ ဘာကိုမှ မမျှော်လင့်လို့ပဲ...

မျှော်လင့်ချက်တွေက မျှော်လင့်နေသူကို
ထိခိုက်နာကျင်စေပါတယ် ။

ဘဝဆိုတာ တိုတိုလေးပါ။
ဒါကြောင့်
သင့်ဘဝကို သင်ချစ်ပါ...
ပျော်ပျော်နေပါ...
အမြဲတမ်း ပြုံးရွှင်နေပါ...
သင့်ဘဝအတွက်ပဲ ရှင်သန် နေထိုင်ကြည့်ပါ။

စကားမပြောခင်မှာ တစ်ဖက်ကို နားထောင်ပေးပါ။

မရေးခင်မှာ စဉ်းစားပါ။

မသုံးဖြုန်းခင်မှာ ဝင်ငွေရအောင် ရှာပါ။

ဆုမတောင်းခင်မှာ ခွင့်လွှတ်ပေးလိုက်ပါ။

မထိခိုက်ခင်မှာ ခံစားကြည့်ပါ။

မမုန်းခင်မှာ ချစ်ကြည့်ပါ။

မစွန့်လွှတ်ခင်မှာ ကြိုးစားကြည့်ပါ။

မသေဆုံးခင်မှာ ရှင်သန်ကြည့်ပါ။ ။


ကလေးကို ဒုက္ခခံခိုင်းပါ~~~~~~~~~~~~~~~တခါတုန်းက ဘေးချင်းကပ် နေတဲ့ အိမ်လေး နှစ်အိမ် ရှိတယ်။ ပထမအိမ် ကတော့ ထမင်း၊ ဟင်း စား...
04/09/2023

ကလေးကို ဒုက္ခခံခိုင်းပါ
~~~~~~~~~~~~~~~

တခါတုန်းက ဘေးချင်းကပ် နေတဲ့ အိမ်လေး နှစ်အိမ် ရှိတယ်။ ပထမအိမ် ကတော့ ထမင်း၊ ဟင်း စားစရာ ချက်ပြုတ် ရောင်းပါတယ်။ အဲ့ဒီအိမ်နဲ့ ကပ်ရက်အိမ်ကတော့ ဗွီဒီယို အခွေအငှားဆိုင် ဖွင့်ထားပါတယ်။ ထမင်း၊ ဟင်း ရောင်းတဲ့ ဆိုင်မှာ ကလေးတယောက် ရှိသလို ဗွီဒီယိုအခွေ အငှားဆိုင် မှာလည်း ရွယ်တူကလေး ရှိပါတယ်။

ကျောင်းဆင်းလာချိန်ဆို ထမင်းဆိုင်က ကလေး ကတော့ ည ၉ နာရီ အထိ အမေကို လာကူရောင်း ပန်းကန်သိမ်း၊ ဧည့်သည် တွေကို စားစရာများ နေ့တိုင်း ကူချပေးပါတယ်။ အခွေအငှားဆိုင်က ကလေးကတော့ ကျောင်းက ပြန်လာတာနဲ့ ဒုတိယထပ်မှာ ဂိမ်းထိုင်ဆော့ နေတတ်ပါတယ်။ ဗိုက်ဆာ လာရင်တော့ အဖေကို ဘေးဆိုင်မှ စားစရာများ ဝယ်ပေးရန် အော်ဟစ်မှာပြီး အခန်းထဲ အထိ လာပို့ခိုင်း တတ်ပါတယ်။

ထမင်းဆိုင်က ကလေးဟာ ကျောင်းတက်ရင်း စီးရန် ဆိုင်ကယ် လိုချင်တာ နောက်ဆုံး အတန်း ၁၂ တန်း တက်မှ ရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အမေက သူ့လုပ်အားခ အဖြစ် တရက်ကို ၁၀၀ ပေးပြီး ၄၀ ကိုတော့ ကျောင်းမုန့်ဖိုး အဖြစ် ပေးပါတယ်။ လိုချင်တာလေး များကို ကိုယ့်ဘာသာကိုယ် ပိုက်ဆံစုပြီး ဝယ်ရပါတယ်။

အခွေအငှားဆိုင်က ကလေးကတော့ ဝမ်းတူးကော ဖုန်းလေး အသစ် ထွက်လာကာ စမှာပဲ အမေကို ဝယ်ပေးဖို့ ပူဆာတာနဲ့ ဝယ်ပေးလိုက်ပါတယ်။ သူဟာ ကျောင်းမှာ ပထမဦးဆုံး ဖုန်းရှိသူ၊ ဆရာမ ထက်တောင် စောပြီး ဟမ်းဖုန်း ကိုင်နိုင်သူ ဖြစ်ပါတယ်။

ထမင်းဆိုင်က ကလေးဟာ စနေ၊ တနင်္ဂနွေဆို အဖေ ကိုယ်စား ဈေးသွားဝယ် ရပါတယ်။ ဈေးမှာ ပစ္စည်းများကို ကိုယ်တိုင် သွားဝယ်ပြီး ဆိုင်ကို သယ်လာရပါတယ်။ အခွေအငှားဆိုင်က ကလေး ကတော့ စနေ၊ တနင်္ဂနွေဆို အံဆွဲထဲက ပိုက်ဆံတွေ နှိုက်ယူပြီး သူငယ်ချင်းများနဲ့ ရုပ်ရှင်ကြည့်၊ စတိုးဆိုင် သွားတတ်ပါတယ်။

တနေ့မှာတော့ နှစ်အိမ်လုံးဟာ တောကဘုရားပွဲကို သွားကြပါတယ်။ အပြန်မှာတော့ နှစ်အိမ်လုံးမှ မိဘတွေ ကားမှောက်ပြီး ဆုံးသွားပါတယ်။ထမင်းဆိုင်က ကလေးက ၁၂ တန်း အောင်ပြီမို့ သူ့လုပ်အားခနဲ့ ဝယ်ထားတဲ့ ဆိုင်ကယ်ကို မောင်းပြီး ဈေးသွားဝယ်ပြီး ဆိုင်ကို ပုံမှန်အတိုင်းဆက်ဖွင့်ကာ သူ့ထက် အငယ်ကလေးကို ရှာကျွေးပါတယ်။

အခွေအငှားဆိုင်က ကလေးကတော့ ၁၂ တန်း အောင်ရော မိဘငွေတွေ သုံးဖြုန်းတာ ဘယ်နှစ်နှစ် ခံမလဲ။ အခုတော့ ပြောင်ကုန်ပြီမို့ အိမ်ကိုရောင်းရန် ကြော်ငြာလိုက် ပါတယ်။ ထမင်းဆိုင်က ကလေးဟာ အခွေအငှားဆိုင် ရောင်းရန် ဆိုင်းဘုတ်ကို တွေ့တော့ သူ့ပိုက်ဆံနဲ့ မိဘတွေ စုထားတဲ့ ပိုက်ဆံ ပေါင်းပြီး ဘေးချင်းကပ်ရက် အိမ်ကို ဝယ်လိုက်ပါတယ်။

အခွေအငှားဆိုင်က ကလေးဟာ အိမ်ရောင်းရငွေ သန်းပေါင်းများစွာ ရှိတာမို့ မိုးမမြင် လေမမြင် သိပ်ပျော်ရွှင် လို့ပေါ့။ ထမင်းဆိုင်က ကလေးဟာ နံရံတွေကိုဖြို၊ တဆိုင်ထဲ ဖြစ်လာရန် ပြင်လိုက်ပြီး စားပွဲတွေ ထပ်ဖြည့် ထည့်ကာ ဆိုင်ကြီးဖြစ်လာတော့ လူတွေ အများကြီး လာစားနိုင်ရန် အရင်ကထက် ရောင်းကောင်း လာရန် ပြင်ဆင်ပါတယ်။

နောက်နှစ်များ မကြာမီ ထမင်းဆိုင်ကလေးဟာ ပိုမို ကောင်းမွန်တဲ့ဘဝကို ရောက်သွားပါတယ်။ ဘာဖြစ်လို့လဲ ဆိုရင် ဈေးရောင်းကောင်း လို့ပါပဲ။ အခွေအငှားဆိုင်က ကလေးဟာ ရှိသမျှ ငွေတွေလည်း သုံးလို့ ကုန်ပြီမို့ သူများဆီမှာ အလုပ် သွားလုပ်နေရ ပါတော့တယ်။

လိုချင်တာတွေကို လက်ညှိုးလေး ထိုးပြလိုက်တာနဲ့ အကုန် ရလာတတ်သူ တယောက်၊ နောက်တယောက်ကတော့ လိုချင်တာရဖို့ စိတ်ရော ကိုယ်ရော လုပ်အားရော ကိုယ်တိုင်လည်း အားစိုက် ရင်းနှီးမြုပ်နှံ ခဲ့ရပါတယ်။ နောက်ဆုံးတော့ မိဘတွေလည်း ကွယ်လွန်သွားပြီး နောက်ပိုင်း တယောက်ချင်းစီမှာ ကျင့်သားရနေပြီ ဖြစ်တဲ့ မိဘရဲ့ ပြုစုပျိုးထောင်မှု အတိုင်း ဆက်လက်ရှင်သန်ကာ မတူညီတဲ့ ဘဝတွေကို လျှောက်လှမ်းနေကြတာပါပဲ။

ကလေးရဲ့ ဒုက္ခ ခံစားရမှုတွေကို သူ့ဘာသာ ခံပါစေ လို့ ဒီနေ့မှာ ကြိုးစား သည်းခံပြီး မနေနိုင်ရင် မိတ်ဆွေ မရှိတော့တဲ့ နောက်ပိုင်းမှာ မိတ်ဆွေရဲ့ ကလေးဟာ သူ့ဘဝကို ပျော်ရွင် ချမ်းသာစွာ နေနိုင်လိမ့်မယ်လို့ မမျှော်လင့် ပါနဲ့တော့။ မိတ်ဆွေတို့ဟာ အသက် တထောင် ပြည့်အောင် နေကြရမှာ မဟုတ်တာကို မမေ့ပါနဲ့။

ဒီနေ့မှ စ၍ မိတ်ဆွေရဲ့ ကလေးကို အမှား၊ အမှန်ကို ဝေဖန်ပိုင်းခြား နိုင်အောင်၊ တာဝန်ယူတတ်အောင်၊ ဘဝရဲ့ ဆင်းရဲ ဒုက္ခ အရသာကို သိအောင် လေ့လာသင်ကြား ပေးသင့်ပါတယ်။ စည်းစိမ်အပြည့်နဲ့ ဇိမ်ကျနေဖူးတဲ့ သူတယောက်ဟာ အခုတော့ ဒုက္ခတွေ ခံနေရပြီး၊ ဒုက္ခတွေ ခံခဲ့ရဖူးသူ တယောက်ကတော့ အခုချိန်မှာ ပျော်ရွှင်စွာ နေနိုင်သွားပါပြီ။

လိုချင်ရင် ကိုယ့်ဘာသာ ပိုက်ဆံစု ဝယ်ခိုင်းပါ။ ဘယ်သူမှ တစုံတယောက် အတွက် ဘဝ တသက်တာလုံး ငွေရှာပေး မနေနိုင်တာကို မိတ်ဆွေလည်း ကောင်းစွာ သိပြီးသား ဖြစ်မှာပါ။ ဒါ့ကြောင့် မိတ်ဆွေရဲ့ ကလေးကို သူ့ဘာသာသူ ငွေရှာနိုင်အောင်၊ သူ့ဘဝသူ ရပ်တည်နိုင်အောင် သင်ပေးထား သင့်ပါတယ်။

Credit မူရင်း

ဘဝမှာအရှုံးတွေနဲ့ ရင်ဆိုင်ရတိုင်း  သင်ရသင့်တာက နောင်တမဟုတ်ပါဘူး သင်ခန်းစာတွေပါ။အောင်မြင်မှုကြီးကြီးမားမား ရယူဖို့အတွက် တ...
31/08/2023

ဘဝမှာအရှုံးတွေနဲ့ ရင်ဆိုင်ရတိုင်း သင်ရသင့်တာက နောင်တမဟုတ်ပါဘူး သင်ခန်းစာတွေပါ။

အောင်မြင်မှုကြီးကြီးမားမား ရယူဖို့အတွက် တစ်ခါတစ်ရံမှာ ဆုံးရှုံးမှု ကြီးကြီးမားမားကိုလည်း လက်ခံရပါလိမ့်မယ်။

အရှုံးကိုလက်မခံနိုင်သေးရင် အနိုင်ယူဖို့မစဉ်းစားပါနဲ့အုန်း။

တီထွင်ပညာရှင် သောမတ်စ် အက်ဒီဆင် ပြောဖူးတယ်

"အကြိမ် တစ်ထောင်လုံး ကြိုးစားတာမအောင်မြင်ဘူးလို့ ကျုပ်တော့ မပြောဘူးတဲ့။ ရှုံးနိမ့်စေနိုင်တဲ့ အကြောင်းရင်းပေါင်း တစ်ထောင်ကို ကျုပ်တွေ့ရှိလိုက်ပြီလို့ဘဲ ကြေငြာမယ်တဲ့”

ဒီလိုပါပဲ တကယ်လုပ်ချင် အောင်မြင်ချင်ကြတဲ့သူတွေက လုပ်နိုင်မယ့် နည်းလမ်းတွေကိုထက်ရှာပြီး ထက်ကြိုးစားကြတယ်။ တကယ်မလုပ်ချင်ကြတဲ့သူတွေက အကြောင်းပြချက် ဆင်ခြေဆင်လက်ကို ရှာပြီး လက်လျှော့အရှုံးပေးတက်ကြတယ်။

အခက်အခဲနှင့် အတားအစီးဆိုတာ လူတိုင်းမှာရှိတက်ကြပါတယ်။ ဒါကြောင့် အခက်အခဲနဲ့ ကြုံတွေ့ရတိုင်း အားမငယ် နဲ့ စိတ်ဓာတ်မကျနဲ့။

အခက်အခဲနှင့် အတားအဆီးဆိုတာကလဲ အမှန် တကယ်တော့ ကြိုးစားနေသူတို့စီးနင်းရမယ့်ဖိနပ် တစ်စုံသာဖြစ်တယ်။

လဲကျပြီးပြန်ထတဲ့သူဟာ တစ်ခါမှမလဲကျဘူးတဲ့ သူထက်ပိုသန်မာပါတယ်။

အောင်မြင်မှုကို ဂုဏ်ပြုလို့ရပါတယ်။ ဒါပေမဲ့ ပိုအရေးကြီးတာက ကျရှုံးခြင်းရဲ့ သင်ခန်းစာတွေကို လက်ခံဖို့ပါ။

ကျွန်တော်တို့ဘဝမှာ ကျဆုံးမှုမရှိမှ အကြီးအကျယ် အောင်မြင်တာမဟုတ်ပါဘူး။ အောင်မြင်မှုဆိုတာ ကျဆုံးတဲ့အချိန်တိုင်းမှာ ပြန်ထတာမျိုးဖြစ်ပါတယ်။

#ဘဝစာပေ #ခွန်အားဖြစ်စေသောစာများ

နာမည်ကျော် တင်းနစ်သမား အာသာအက်ရှ်ဟာ နှလုံးခွဲစိတ်ဖို့ သွေးသွင်းရာကနေ HIV ကူးစက်ပြီး AIDS ရောဂါ  ဖြစ်ခဲ့တယ်။သူသေရတော့မယ့်...
20/08/2023

နာမည်ကျော် တင်းနစ်သမား
အာသာအက်ရှ်ဟာ နှလုံးခွဲစိတ်ဖို့ သွေးသွင်းရာကနေ HIV ကူးစက်ပြီး AIDS ရောဂါ ဖြစ်ခဲ့တယ်။

သူသေရတော့မယ့်အချိန်မှာ ပရိတ်သတ်တွေက စာတွေပို့ပြီး အားပေးစကားပြောကြတယ်။

အဲဒီထဲက တစ်ယောက်သောပရိတ်သတ်က
အာသာအက်ရ်ှကို မေးခွန်းထုတ်တယ်။

ဘုရားသခင်က ဘာလို့များ ခင်ဗျားကိုမှ
ဒီရောဂါ ဆိုးကြီး ဖြစ်စေရတာလဲဗျာတဲ့။

ဒီတော့ အာသာအက်ရ်ှက စာပြန်တယ်။

ကမ္ဘာပေါ်မှာ ကလေးသန်း ၅၀ လောက်
တင်းနစ် ကစားကြတယ်။

၅ သန်းလောက်က သေချာ သင်ယူကြတယ်။

၅ သိန်းလောက်က
ပရော်ဖက်ရှင်နယ် ဖြစ်လာဖို့ ကြိုးစားကြတယ်။

ဒါပေမယ့် ၅ သောင်းလောက်ပဲ ပြိုင်ပွဲဝင်ပြိုင်နိုင် ကြတယ်။

အဲဒီထဲမှာ ၅ ထောင်လောက်က
ဂရင်းဆလန်းကို ရောက်တယ် ။

ဝင်ဘယ်ဒန်ပြိုင်ပွဲကို ဝင်ပြိုင်နိုင်တဲ့သူကတော့
အယောက် ၅၀ ပဲရှိတယ်။

ဆီမီးဖိုင်နယ်ကို ၄ ယောက်တက်ပြီး
ဖိုင်နယ်ကို ၂ ယောက်ရောက်တယ်။

ချန်ပီယံဆုဖလားကို ငါကိုင်မြောက်နိုင်တဲ့
အချိန်တွေတုန်းက ဘာကြောင့် ငါ့ကိုမှရွေးပြီး
ဗိုလ်စွဲရတာလဲလို့ ဘုရားကို
တစ်ခါမှ မမေးခဲ့ဖူး ပါဘူးတဲ့။

ဒါကြောင့် အခု ဒီလိုရောဂါဖြစ်တော့မှ
ငါ့ကိုမှ ဖြစ်ရတယ်လို့ ဘုရားကို သွားမေးရင်
ဘယ်တရား ပါ့မလဲလို့ ပြန်ဖြေသွားခဲ့တယ်။

စိတ်ချမ်းသာတယ်ဆိုတာ အလိုလိုက်
အကြိုက်တွေ့ စရာ ဖြစ်တယ်။

စမ်းသပ်တယ်ဆိုတာ ခံနိုင်ရည်ရှိအောင် ဖြစ်တယ်။

လူတိုင်းမှာ သောက ရှိပေမယ့်
အောင်မြင်ရင် ထောင်လွှားပြီး
ဆုံးရှုံးမှုတွေများလာတော့မှ
မာန်စွယ်ကျိုး လာတယ်။

ဒါပေမယ့် ယုံကြည်မှု သဒ္ဓါတရားရှိရင်
ဘာမဆို ဖြစ်နိုင်တယ်။

စိတ်ချမ်းသာစရာတွေနဲ့ အောင်မြင်နေတုန်းက
ဘုရားကိုမေ့နေပြီး ဒုက္ခရောက်တော့မှ ဘုရားတ
လို့ရော ဘာထူးမှာလဲ။

ကိုယ့်ကိုကိုယ် မကျေမနပ် ဖြစ်နေတဲ့အချိန်မှာ ကိုယ့်ရဲ့ဘဝကို အားကျနေတဲ့လူတွေ ဒီကမ္ဘာမှာ အများကြီးရှိတယ်။

လယ်ကွင်းထဲက ကလေးက
လေယာဉ်ပျံသွားတာကို မော့ကြည့်ပြီး
လေယာဉ်စီးဖို့ စိတ်ကူးယဉ်နေ
ပေမယ့် လေယာဉ်မောင်းတဲ့
ပိုင်းလော့ကတော့ လယ်ကွင်းထဲက ကလေးကို ငုံ့ကြည့်ပြီး
အိမ်ပြန်ချင်စိတ် ဖြစ်ရင်ဖြစ်နေမယ်။

ဘဝဆိုတာ ဒါပဲလေ.....

ကိုယ့်ဘဝကိုယ် ပျော်ဖို့လိုတယ်။

ချမ်းသာမှ ပျော်ရမယ်ဆိုရင်
သူဋ္ဌေးတွေလမ်းပေါ် ထွက်ကနေတော့မှာပေါ့။

ဒါပေမယ့် လမ်းပေါ်မှာ ပျော်နေကြတာ
ဆင်းရဲတဲ့ ကလေးတွေပဲ ဖြစ်တယ်။

အာဏာ ရှိမှ လုံခြုံတယ် ဆိုပေမယ့်
ညကိုကောင်းကောင်း အိပ်မပျော်နိုင်တဲ့ သူတွေလဲရှိတယ်။

ရုပ်ချောပြီး အောင်မြင်တဲ့သူတွေသာ
အတွဲညီကျကြေး ဆိုရင် ဆယ်လီတွေ
အိမ်ထောင်ရေး ဘာကြောင့် မမြဲသလဲ ?

ရိုးရိုး ရှင်းရှင်းနဲ့ ကျိုးကျိုးနွံ နွံ နေထိုင်ပြီး
ဘဝကို ပျော်ပျော် ဖြတ်သန်းမယ်ဆိုရင်
နေတတ်လို့ကတော့"ဘဝဟာ
ကျေနပ်စရာကြီးဖြစ်တယ်လို့ပြောပါရစေ။

သို့ကြောင့်
အခုဒီစာကိုဖတ်နေတဲ့မိတ်ဆွေများလည်း
ဘဝကိုဘယ်တော့မှအရုံးမပေးပါနဲ့။

တနေ့ကိုယ့်ကိုကိုယုံကြည်မှု့ကိုအပြည့်ထားပါ။

ငါဖြစ်ကိုဖြစ်ရမယ်။

ငါဘယ်တော့မှအရုံးမပေးဘူးလို့
အမြဲတမ်းကိုယ့်ရဲ့စိတ်အမြဲတမ်းမွေးထားပါ။

Credit to original writer.

Page👇👇👇
https://www.facebook.com/profile.php?id=100077450802364

''မင်းထက်တော်တဲ့သူ မရှိဘူး''လောကကြီးမှာ~~~မင်းထက်တော်တဲ့ သူဆိုတာ မရှိဘူး။မင်းထက်ကြိုးစားနေတဲ့သူတွေပဲ ရှိတယ်။မင်းထက် အရည်...
19/08/2023

''မင်းထက်တော်တဲ့သူ မရှိဘူး''

လောကကြီးမှာ~~~
မင်းထက်တော်တဲ့ သူဆိုတာ မရှိဘူး။
မင်းထက်ကြိုးစားနေတဲ့သူတွေပဲ ရှိတယ်။

မင်းထက် အရည်အချင်းပြည့်စုံသူဆိုတာမရှိဘူး။
မင်းလိုပဲ အရည်အချင်းပြည့်စုံအောင်
ကြိုးစားနေသူတွေပဲရှိတယ်။

မင်းတစ်ယောက်တည်း
စိတ်ညစ်စရာ၊ ပျော်စရာရှိတာမဟုတ်ဘူး။
မင်းလိုပဲ စိတ်ညစ်စရာ၊
ပျော်စရာတွေကြားမှာ
အဆင်ပြေအောင် နေနေရသူတွေချည်းပဲရှိတယ်။

မင်းတစ်ယောက်တည်း
မျက်ရည်ကျဖူးတာ မဟုတ်ဘူး
လူဆိုတာ မွေးလာကတည်းက
အငိုနဲ့ စပြီး အငိုနဲ့ အဆုံးသတ်ကြတာ သဘာဝပဲ။

မင်း တစ်ယောက်တည်း
ကျရှုံးဖူးတာ မဟုတ်ဘူး
ဘဝမှာ ရှုံးနိမ့်ခြင်းဆိုတာ ကို
လူသားတိုင်း ခံစားဖူးကြတာချည်းပဲ။

မင်း တစ်ယောက်တည်း ဖြစ်ချင်တာတွေ
မဖြစ်ခဲ့ရတာ မဟုတ်ဘူး လူသားတိုင်း
ဖြစ်ချင်တာတွေ သေဆုံးချိန်အထိ
မဖြစ်ခဲ့ရတာတွေ အများကြီး ရှိတယ်။

👉မင်းဘာကြောင့် အားငယ်နေမှာလဲ~~~
👉မင်းဘာကြောင့်တွေဝေနေမှာလဲ~~~
👉မင်းဘာကြောင့် စိတ်ညစ်နေမှာလဲ~~~
👉မင်းဘာကြောင့် စိတ်ဓာတ်ကျနေမှာလဲ~~~
👉မင်းဘာကြောင့် ကြောက်ရွံ့နေရတာလဲ~~~
👉ဘဝရဲ့ စိန်ခေါ်သံတွေကို ဘယ်တော့မှ အရှုံးမပေးနဲ့~~~

မင်းအမေကမင်းကို ဘဝကို
လွယ်လွယ်မယနဲ့ အရှုံးပေးဖို့
အသက်နဲ့ရင်းပြီးမွေးလာခဲ့တာမဟုတ်ဘူး။

ခုချက်ခြင်း မင်းမျက်ရည်တွေသုတ်လိုက်။
မနက်ဖန်တိုင်းမှာ မင်းအတွက်
ကံကောင်းခြင်းတွေစီးကြိုနေတယ်
မင်းကြိုးစားလိုက်စမ်းပါ။

မင်း လည်း လူ ပဲ
အခြားသူတွေလည်း လူတွေပဲ။

လူဆိုတာ မျှော်လင့်ချက်နဲ့
အသက်ရှင်သန်နေတာဆိုရင်
မျှော်လင့်ခြင်း အိပ်မက်ကို
တကယ်လက်တွေ ဖြစ်အောင်
လုပ်နိုင်သူရယ်....
မလုပ်နိုင်သူရယ်ပဲရှိတယ်။

အိပ်မက်ကြားမှာ နိုးမထနိူင်ပဲ
သံသရာလည်နေတဲ့သူတော့
''မင်း''' မဖြစ်စေနဲ့။

Credit

. လေးစားစွာ ဖြစ်မျှဝေပေးလိုက်ပါတယ် 📝📝📝📝

💵  #ချွေးနဲ့_ရှာထားတဲ့ပိုက်ဆံ 💵အလွန် ချမ်းသာတဲ့ သူဌေးကြီးလင်မယားမှာ သားတစ်ယောက် ရှိတယ်။တစ်ဦးတည်းသောသားမို့ အဖေရော အမေပါ ...
16/08/2023

💵 #ချွေးနဲ့_ရှာထားတဲ့ပိုက်ဆံ 💵

အလွန် ချမ်းသာတဲ့
သူဌေးကြီးလင်မယားမှာ
သားတစ်ယောက် ရှိတယ်။

တစ်ဦးတည်းသောသားမို့
အဖေရော အမေပါ
အလိုလိုက် ထားတယ်။

ကလေးဟာ •••
ငယ်ငယ် ကတည်းက
အလိုလိုက် ခံထားရလို့
အိမ်မှာ ဘာအလုပ်မှ မလုပ်ချင်ဘူး❗
ပျင်းတယ်။
ပျင်းတာမှ အရမ်းကို ပျင်းတယ်။

သူ့သား အသက် ၁၃ နှစ် အရွယ်မှာသူဌေးကြီးဟာ စိုးရိမ်လာတယ်။
သူသေသွားရင် ရှိသမျှအမွေတွေကို
သူ့သားကို ပေးခဲ့ ရမယ်။

အခု သူ့သားပုံစံက အမွေတွေ ရလာရင်
ဘာအလုပ်မှ မလုပ်ဘဲ
ထိုင်စားနေမယ့် ပုံ ပဲ။

သူဌေးကြီးဟာ သူ့သားကို
အလုပ်ရဲ့ တန်ဖိုးကို သိစေချင်လို့
တစ်ခုခုလုပ်ဖို့ အကြံ ထုတ်တယ်။

နောက်တစ်နေ့ ညနေ
ကျောင်းဆင်းပြန်လာတဲ့ သားကို •••
သူဌေးကြီးက ခုလို ပြောလိုက်တယ်။

ငါ့သား ဒီညနေ အလုပ်တစ်ခု လုပ်ပြီးထမင်းဖိုး ပိုက်ဆံရအောင် ရှာလာခဲ့။

💵 ပိုက်ဆံ ရမလာရင် •••

ဒီည မင်းကို
ညစာ မကျွေးဘူး❗

ကလေးဟာ အလုပ် မလုပ်ချင်ဘူး။
ဘာအလုပ် လုပ်ရမှန်းလည်း မသိလို့
😭 ငိုပြီး
တခြားအိမ်ကို အလည်သွားနေတဲ့
အမေကို သွားပြောတယ်။

သူ့အမေဟာ သူ့ယောက်ျားကို
အတော် စိတ်ဆိုး သွားတယ်။
ဒါပေမဲ့ •••
သူ့ယောက်ျားရဲ့ စိတ်ကို သူ သိတယ်။
သူပြောသလို
ကလေး ပိုက်ဆံ ပါမလာရင်
ထမင်း တကယ်မကျွေးဘူး ဆိုတာကို
သိလို့
သူ့သားကို ငွေ ၂ ထောင်ကျပ် ထုတ်ပေးလိုက်တယ်။

ကလေးလည်း အဲဒီပိုက်ဆံကို ကိုင်ပြီးအိမ်ကို ပြန်ပြေး သွားတယ်။
အိမ်ရောက်တော့ အဖေက
အလုပ် လုပ်ခဲ့လားလို့ မေးတယ်။
သူက လုပ်ခဲ့ပါတယ် ဆိုပြီး
ငွေ ၂ ထောင်ကျပ်ကို ပြလိုက်တယ်။

သူဌေးကြီးဟာ သူ့သားပုံစံကို ကြည့်ပြီးအဲဒီ ပိုက်ဆံဟာ
အလုပ် လုပ်လို့ရတာ မဟုတ်ဘဲ
သူများဆီက တောင်းလာတာမှန်း
ရိပ်မိတယ်။

ဒါပေမယ့် သူက ပိုက်ဆံကို
ဘာအလုပ်လုပ်လို့ ရလာသလဲ
မမေးဘဲ အဲဒီ ပိုက်ဆံကို
ရေတွင်းထဲ ပစ်ချလိုက်လို့
ပြောလိုက်တယ်။

ကလေးကလည်း
ချက်ချင်းပဲ ပိုက်ဆံကို ရေတွင်းထဲ
ပစ်ချ လိုက်တယ်။

နောက်တစ်နေ့ ညနေ ရောက်ပြန်တော့ကျောင်းဆင်းပြန်လာတဲ့ သားကို
သူဌေးကြီးက မနေ့ကလိုပဲ
ပြောလိုက်တယ်။

ငါ့သား
ဒီညနေ အလုပ်တစ်ခု လုပ်ပြီး
ထမင်းဖိုးပိုက်ဆံ ရအောင် ရှာလာခဲ့။
ပိုက်ဆံရမလာရင် ဒီည မင်းကို
ညစာ မကျွေးဘူး။

ဒီတစ်ခါတော့
ကလေးအမေဟာ တခြားမြို့မှာ
နေမကောင်းဖြစ်နေတဲ့
ကလေးရဲ့ အဖိုးဆီ သွားနေလို့
အိမ်မှာ အမေ မရှိဘူး။
ဒါပေမယ့်
ကလေးအတွက် ကိစ္စမရှိဘူး❗။

တခြားရပ်ကွက်မှာနေတဲ့ အဒေါ်ဆီ
ပြေးပြီး ပိုက်ဆံ သွားတောင်းတယ်။
အိမ်ကို ပိုက်ဆံ ပါမသွားရင်
ညစာ စားရမှာ မဟုတ်ဘူး ဆိုလို့
အဒေါ်က သနားပြီး ငွေ ၂ ထောင်ကျပ်ပေးလိုက်တယ်။

ကလေးလည်း
အဲဒီပိုက်ဆံကို ကိုင်ပြီး အိမ်ကို
ပြန်ပြေး သွားတယ်။
အိမ်ရောက်တော့ အဖေက
အလုပ်လုပ်ခဲ့လားလို့ မေးတယ်။

သူက လုပ်ခဲ့ပါတယ်ဆိုပြီး ငွေ၂ထောင်ကျပ်ကို ပြလိုက်တယ်

ဒီတစ်ခါလည်း သူဌေးကြီးဟာ
အဲဒီပိုက်ဆံကို ရေတွင်းထဲပစ်ချလိုက်လို့
ပြောလိုက်တယ်။
ကလေးကလည်း
ချက်ချင်းပဲ တွင်းထဲ ပစ်ချလိုက်တယ်။

နောက်တစ်နေ့ ညနေ ရောက်ပြန်ပြီ။
ကျောင်းဆင်းပြန်လာတဲ့သားကို
သူဌေးကြီးက
မနေ့ကလိုပဲ ပြောလိုက်တယ်။

ငါ့သား ဒီညနေ အလုပ်တစ်ခု လုပ်ပြီးထမင်းဖိုးပိုက်ဆံ ရအောင် ရှာလာခဲ့။
ပိုက်ဆံရမလာရင်
ဒီညမင်းကို ညစာမကျွေးဘူး။

ဒီတစ်ခါမှာ ကလေးအတွက် အကျပ် တွေ့နေတယ်။
တခြားမြို့ကို သွားနေတဲ့အမေက
ပြန်ရောက် မလာသေးဘူး။
အဒေါ်ဆီသွားတော့လည်း
သူ့အိမ်မှာ မတွေ့ရဘူး။

ဒါနဲ့ သစ်ပင်ရိပ်တစ်ခု အောက်မှာငုတ်တုတ်လေးထိုင်ပြီး ငိုနေတယ်။
ဘေးက ဖြတ်သွားတဲ့
အဖိုးကြီးတစ်ယောက်က
သူ့ကို ဘာကြောင့် ငိုနေတာလဲလို့
မေးတော့
ကလေးက အလုပ်လုပ်တဲ့ ပိုက်ဆံ
ပါမသွားရင် ညစာစားရမှာမဟုတ်ဘူးလို့အကျိုးအကြောင်း ပြောပြတယ်။

အဖိုးကြီးဟာ
ဟိုတယ်ကြီး တစ်ခုရဲ့ပိုင်ရှင် ဖြစ်တယ်။
နောက်ပြီး
ကလေး အဖေရဲ့သူငယ်ချင်းပါ။
ကလေးကတော့ မသိပါဘူး။
အဖိုးကြီးက ကလေးကို
ဟိုတယ်ကို လိုက်ခဲ့။

သူအလုပ်ပေးမယ် ကလေးကို
ပိုက်ဆံလည်း ပေးမယ် ဆိုလို့
ကလေးလည်း လိုက်သွားတယ်
ဟိုတယ်ရောက်တော့ အဖိုးကြီးက
ဟိုတယ် မီးဖိုချောင်မှာ
ပုံနေတဲ့ ပန်းကန်တွေ တစ်ထပ်ကြီးကို
ဆေးခိုင်းတယ်
ပြီးရင် အဝတ်နဲ့ ပန်းကန်တွေကို
ခြောက်အောင် သုတ်ခိုင်းတယ်။
မီးဖိုခန်းကို ရေဆေး
ဆေးကြော ခိုင်းတယ်။

ကလေးဟာ ၂ နာရီ ကြာအောင်
ပင်ပင်ပန်းပန်း လုပ်ပြီးတဲ့ အခါမှာ
အဖိုးကြီးက သူ့ကို ငွေ ၂ ထောင်ကျပ်ထုတ်ပေး လိုက်တယ်။
ကလေးဟာ
တစ်ခါမှ အလုပ် မလုပ်ဖူးတော့
တစ်ကိုယ်လုံး နာကျင် ကိုက်ခဲနေတယ်။

သူဟာ ပိုက်ဆံကိုကျစ်ကျစ် ပါအောင်လက်ထဲမှာ ဆုပ်ကိုင်ပြီး
အိမ်ကို ပြန်ပြေးတယ်။

အိမ်ရောက်တော့ အဖေက
အလုပ် လုပ်ခဲ့လားလို့ မေးတယ်❓။
သူက လုပ်ခဲ့ပါတယ် ဆိုပြီး
ငွေ ၂ ထောင်ကျပ်ကို ပြလိုက်တယ်။
ဒီတစ်ခါလည်း သူဌေးကြီးဟာ
အဲဒီ ပိုက်ဆံကို
ရေတွင်းထဲ ပစ်ချလိုက်လို့
ပြောလိုက်တယ်။

ဒီတစ်ခါမှာတော့•••
ကလေးက ပိုက်ဆံကို
ရေတွင်းထဲ ပစ်မချနိုင်ဘူးလို့
ပြန်ပြောတယ်။

သူဌေးကြီးက
ဘာကြောင့် အရင်လို ပစ်မချရတာလဲလို့
မေးတော့ ကလေးက
သူ့တစ်ကိုယ်လုံး နာကျင်ကိုက်ခဲပြီး
ချွေးတစ်လုံးလုံးနဲ့ ရှာထားတဲ့ပိုက်ဆံမို့
မပစ်ရက်ဘူးလို့ ငိုပြီး ပြောတယ်။

ဒီအခါမှာ သူဌေးကြီးက
သူ့သားကို ခုလို ပြောလိုက်တယ်။
ချွေးနဲ့ ရင်းပြီး ရှာထားတဲ့ ပိုက်ဆံကို
ဘယ်သူမှ မဖြုန်းရက်ဘူးကွ တဲ့။

အဲဒီညမှာ သူဌေးကြီးဟာ
စိတ်ချမ်းချမ်းသာသာ နဲ့
အိပ်ယာ ဝင်သွားပါတော့တယ်။

ဒါကြောင့်
ကိုယ်ချွေးနဲ့ ရင်းပြီး ရှာထားတယ့်
ပိုက်ဆံတွေကို
လွယ်လွယ် မဖြုန်းပါနဲ့လို့
အကြံ ပေးပါရစေ•••။

#ဗန်းမော်သိန်းဖေ

Credit:

"မှတ်သားဖွယ်ဘဝနေနည်းများ"၁။ ကိုယ့်မူ နဲ့ ကိုယ်နေပါ။၂။ အကောင်းမြင်စိတ် မွေးပါ။၃။ ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုကို မခံပါနဲ့...
15/08/2023

"မှတ်သားဖွယ်ဘဝနေနည်းများ"

၁။ ကိုယ့်မူ နဲ့ ကိုယ်နေပါ။

၂။ အကောင်းမြင်စိတ် မွေးပါ။

၃။ ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုကို မခံပါနဲ့။

၄။ ကိုယ့်ကိုယ်ကိုယ် သူများတွေနဲ့ မနိုင်းယှဉ်ပါနဲ့။
( အားငယ်စိတ်တွေ ဝင်တတ်သည်)

၅။ မှားခဲ့တဲ့ အမှားတွေကို ခနခနမတွေးပါနဲ့။( စိတ်ဆင်းရဲတက်သည် )

၆။ မှားခဲ့တဲ့ အမှားတွေကို သင်္ခန်းစာယူပါ

၇။ အရည်မရ အဖတ်မရတဲ့ အတင်းအဖျင်းပြောတာ ရှောင်ပါ။

၈။ အားနာတတ်တဲ့ အကျင့်ကို ဖျောက်ပါ။( ကိုယ်ကသာခံဘက်ကချည်းပဲမို့ )

၉။ မှားမှား၊ မှန်မှန်၊ အကျိုးမရှိရင် မငြင်းခုန်ပါနဲ့။
( ပြောနေလဲ ဘာမှမထူးဘူး )

၁၀။ ပိုက်ဆံကို ပစ္စုပ္ပန်မှာပဲအကုန်မသုံးပါနဲ့၊ အနာဂတ်အတွက်လည်း ချန်ထားပါ။( ကျန်းမားရေးကို မေ့မထားပါနဲ့ )

၁၁။ စီးပွားရေးကို ဖြတ်လမ်းကလိုက်ဖို့ ဘယ်တော့မှ မကြိုးစားနဲ့။( အကျနာတတ်တယ် )

၁၂။ မအောင်မြင်ချင်နေပါစေ မကျရှုံးပါစေနဲ့။( စိတ်ဓာတ် )

၁၃။ သူများပြောတိုင်း ယုံတတ်တဲ့ အကျင့်ကို ဖျောက်ပါ။

၁၄ ။ဆိုဆုံးမလို့ မရတဲ့သူကို အာညောင်းခံပြီး ပြောမနေပါနဲ့။

၁၅။ ရင့်ကျက်တည်ငြိမ်သူဖြစ်အောင် ကြိုးစားပါ။
( စာများများ ဖတ်ပါ )

၁၆။ မလိုအပ်ပဲ စကားများများပြောခြင်းကို ရှောင်ပါ။

၁၇။ ပျော်ပျော်နေပါ ပေါတောတော မနေပါနဲ့။

၁၈။ အမှတ်ထားပါ၊ အငြိုးအာဃာတ မထားပါနဲ့။

Credit
စာအုပ် စာပေ လူ့မိတ်ဆွေ

ပိုက်ဆံတွေအများကြီးရှာပါ...။ ပိုက်ဆံက သိပ်စကားပြောတာပဲဆိုတဲ့ အခြေအနေမျိုး ကြုံဖူးကြရင် ငွေမရှိတဲ့ အခါ ဘယ်လောက်သိမ်ငယ်ရကြ...
03/08/2023

ပိုက်ဆံတွေအများကြီးရှာပါ...။

ပိုက်ဆံက သိပ်စကားပြောတာပဲဆိုတဲ့ အခြေအနေမျိုး ကြုံဖူးကြရင် ငွေမရှိတဲ့ အခါ ဘယ်လောက်သိမ်ငယ်ရကြောင်း သိရောပေါ့။

ရှိတဲ့ငွေနဲ့ ချင့်ချိန်ရင်း လိုချင်တာတွေ၊ ဝယ်ချင်တာတွေ၊ သွားချင်တာ စားချင်တာတွေကို
မြိုသိပ်လိုက်ရမျိုး ကြုံဖူးရင် ငွေပိုရှာချင်တယ်။

ကိုယ့်ရှေ့ ဒုက္ခရောက်နေတဲ့သူကို ကူညီချင်ပါရဲ့
မကူညီလိုက်နိုင်တာမျိုးတွေကြောင့် ငွေပိုရှာချင်တယ်။

ငွေတွေ အများကြီးရှာနိုင်တဲ့ တစ်နေ့
ငွေရှိမှ လူရာသွင်းချင်တဲ့ လူတချို့နဲ့ နောက်တစ်ခေါက် ပြန်ဆုံချင်တယ်။

ပိုက်ဆံရှိတဲ့အခါ ဝင်ငွေကောင်းကောင်းရှာနိုင်တဲ့အခါ မိဘကို ကျေးဇူးဆပ်နိုင်မယ်။
ဆွေမျိုးသားချင်းတွေကို စောင့်ရှောက်နိုင်မယ်။
လိုအပ်တဲ့နေရာတွေ ကူညီနိုင်မယ်။

ကိုယ့်ပညာရေးအတွက် ရင်းနှီးမြှုပ်နှံနိုင်မယ်။
ကုသိုလ်ရေးအတွက် သုံးနိုင်မယ်။
ငွေရှိမှလည်း ကိုယ့်အိပ်မက်တွေ အကောင်အထည်ဖော်နိုင်မယ်။
အပေါင်းအသင်းတွေကြားထဲ မျက်နှာပန်းပွင့်မယ်။

ဒီတော့ ကိစ္စတော်တော်များများမှာ ငွေရှာနိုင်ဖို့
ငွေရှိဖို့ဆိုတာ သိပ်ကို အရေးပါနေဆဲ။

ရေမွှေး‌ဆိုတာ သူကိုယ်တိုင်ကမွှေးလို့
သူ့ကိုဆွတ်လိုက်သူမှာလည်း သူ့ရနံ့လေးအတိုင်းမွှေးပျံ့နေစေတာ။

ကိုယ့်အိုးထဲ ဘာရှိမလဲ။ ရှိတာ လျှံကျမယ်။ ပြန်ထွက်မယ်ပေါ့။
ဒီလိုသဘောအတိုင်းပါပဲ။

ကိုယ့်မှာ ငွေရှိရင် ကောင်းတဲ့ကိစ္စတွေအတွက်
အကျိုးရှိအောင် အသုံးချနိုင်မယ်။
ဒါဆို ကိုယ့်အတွက်ရော ကိုယ့်ပတ်ဝန်းကျင်အတွက်ပါ ကောင်းကျိုး ပိုများလာနိုင်မယ်။

ဒါကြောင့် သမာအာဇီဝ ကျတဲ့ နည်းနဲ့
ငွေတွေ အများကြီးရှာပါ။

အကျိုးရှိအောင် သုံးပါ။

ကိုယ်အိပ်နေချိန်မှာတောင် ငွေက ကိုယ့်အတွက် အလုပ်လုပ်ပေးနေတာမျိုး ဖြစ်တဲ့အထိ ငွေကို စီမံ ခန့်ခွဲနိုင်အောင် ကြိုးစားပါ။

#ယွန်း

Precious Y

Address

အိမ်​မဲမြို့မ​ဈေး ဆိုင်​အမှတ်​ 10. 11
Einme
1500

Website

Alerts

Be the first to know and let us send you an email when May Lay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share