08/08/2026
📀 လေးမျက်နှာမြို့နယ် ရေဘေးကူညီရေး ဒုတိယအကြိမ်မြောက် လှူဒါန်းမှု မှတ်တမ်း ( 7-Aug-2026 )
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်းရှိ (ကံကုန်း/မြင်းကုန်း၊ ဘီသလွန်၊ နင်းကြမ်း) ဒေသများမှ ကျေးရွာပေါင်း (၁၆) ရွာရှိ ရေဘေးသင့်ပြည်သူများထံ 🚛သွားရောက်လှူဒါန်းခဲ့သည့် မှတ်တမ်းဖြစ်ပါသည်။🥰🥰🥰
"ရွှေတက်လမ်း" လုပ်ငန်းစုနှင့်အတူ တစ်တပ်တစ်အား ပါဝင်အားဖြည့် ကူညီပေးခဲ့ကြသော ဝန်ထမ်းများ၊ အလှူရှင်များနှင့် မိတ်ဆွေ အားလုံး ကုသိုလ်အမျှ ရရှိကြပါစေကြောင်း သာဓုခေါ်ဆိုနိုင်ရန် မျှဝေပေးလိုက်ရပါသည်။
🙏🙏🙏
အဆိုးရွားဆုံး ခက်ခဲနေသည့်အချိန်တွင် ကူညီလက်တွဲပေးခဲ့ကြသူများ၏ စေတနာ၊ မေတ္တာများနှင့် ရေဘေးသင့်ပြည်သူများ၏ ဝမ်းမြောက်ကြည်နူးမှု ပုံရိပ်များကို ကြည့်ရှုရင်း ပီတသုခ ရနိုင်ကြပါစေ။ ☺️☺️☺️
#ရွှေတက်လမ်း #ရေဘေးကူညီရေး #လေးမျက်နှာမြို့နယ် #သာဓုသာဓုသာဓု