07/01/2026
Facebook User များအတွက် မိမိAccount နှင့်ပက်သက်ပြီးသိထားသင့်သော နည်းလမ်းများ
++++++++++++++++++++++++++++++++++++++++++++++++++++++++
Followers ဖွင့်နည်း
=============
Account Setting ကို သွားပါ
Followers ထဲကို ၀င်ပါ (Facebook Birthday မှာ 18 နှစ်ပြည့်ဖို့တော့ လိုတယ်နော် )
Friends ဆိုတဲ့နေရာမှာ Public ကို ပြောင်းလိုက်ပါ
အဲ့ဒါဆို Followers ဖွင့်ပြီးသား ဖြစ်သွားပါပြီ
Followers Comment ပိတ်နည်း
======================
Who can like and comment on your public post? မှာ Friends ထားလိုက်ပါ
Followers ရော Friends တွေရော Comment ပေးခွင့် ပြုမယ်ဆိုရင် Public မှာထားပါ
Followers တွေထဲက Comment ရွေးပေးစေချင်တယ်ဆိုရင် Friends of Friends ထားလိုက်ပါ
Wallposts ပိတ်နည်း
==============
Account Setting ထဲ၀င်ပါ
Timetime and Tagging ဆိုတဲ့ထဲ ၀င်ပါ
Who can post on your timelime? ဆိုတဲ့ထဲ၀င်ပါ
Friends ဆိုတဲ့ နေရာမှာ Only me ပြောင်းလိုက်ပါ (ဘယ်သူမှ ကိုယ့် Timelime ထဲ Wallpost ရေးမရတော့ပါဘူး Birthday နီးရင်တော့ မှတ်မှတ်ရရပြန်ဖွင့်လိုက်ပေါ့နော် )
Tag ပိတ်နည်း (Timelime ပိတ်နည်း)
========================
Account Setting ထဲကို ၀င်ပါ
Timelime and Tagging ဆိုတဲ့ထဲ ၀င်ပါ
Review posts friends tag you in before they appear on your timelime? ဆိုတဲ့ စာတန်းလေး ကို နှိပ်လိုက်ပါ
off နေရာ On ပြောင်းလိုက်ပါ
ပြီးရင်
နောက်တစ်ဆင့်ပါ ထပ်လုပ်လိုက်ပါ
Review tags people add to your own posts before the tags appear on Facebook?
ဆိုတဲ့ စာတန်းလေးထဲ၀င်ပြီး off နေရာမှာ on ပြောင်းလိုက်ပါ
Friends ပိတ်နည်း
=============
Account Setting ထဲက Privacy ထဲက
Who can sent friend request? မှာ Everyone ကနေ Friends of Friends ပြောင်းလိုက်ပါ ( ကိုယ်သူငယ်ချင်းတွေထဲက Friends ဖြစ်နေပြီးသားသူမှ ကိုယ့်ကို လာ Add လို့ရမှာပါ မဟုတ်ရင် Followers ဖွင့်ထားရင် Follow ပဲရပါမယ် )
Friends List ပိတ်နည်း
================
Phone Browsers or Computer နဲ့မိမိ Facebook Acc ကို ၀င်လိုက်ပါ
ပြီးရင် ကိုယ့် Timelime ကို သွားပါ Friends ဆိုတဲ့ထဲ၀င်ပါ
Edit Privacy ဆိုပြီးတွေ့ပါမယ် အဲ့ဒါလေးကို နှိပ်လိုက်ပါ Who can see your friends list? ဆိုတဲ့နေရာက Public ကနေ Only Me ပြောင်းလိုက်ပါ
(ကိုယ့်ဘယ်သူတွေနဲ့Friends ဖြစ်နေတယ်ဆိုတာကို ဘယ်သူမှ ၀င်ကြည့်လို့မရတော့ပါဘူး ၀င်ကြည့်တဲ့ သူနဲ့Manual Friends List ကိုသာ ၀င်ကြည့်တဲ့သူမြင်ရမှာပါ)
Block နည်း
========
(Mesaage Only)
Message ပဲ ပို့လို့မရအောင် Message Only Block လို့ရပါတယ်
Acc တစ်ခုလုံး Block မဟုတ်ပဲ Message Box တစ်ခုတည်း Block ချင်သူများအတွက်
Messenger ထဲမှာ Block ချင်တဲ့ Acc ရှာပြီး
About ထဲက Block ထဲဝင်ပြီး Block All Message ကို ဖွင့်ပေးလိုက်ပါ
Message လာပို့လို့ မရေတာ့ပါဘူး
Acc တစ်ခုလုံး မ Block ချင်ပဲ Message သာ Block ချင်သော သူများအတွက်ပါ
Followers အရေအတွက်မြင်နေရတာကိုပိတ်နည်း
=================================
ခုန Friends List ထဲက Edit Privacy ထဲကပဲ
who can see your followers on your timelime? ကို Public ကနေ only me ပြောင်းလိုက်ပါ
Hacking ရန်မှ သာမန် HackCat တွေရန်အား ကာကွယ်နည်း
=========================================
Account Setting ထဲက General ထဲ၀င်ပါ
Email ထဲ၀င်ပါ Friends ဆိုတဲ့ နေရာမှာ Onlyme ပြောင်းထားပါ
ပြီးရင် Back တစ်ချက်နှိပ်ပြီး Security ဆိုတဲ့ထဲ ၀င်ပါ
Login Alerts ဆိုတဲ့ထဲ ၀င်ပါ
Notifications ဆိုတဲ့ထဲ ၀င်ပါ Don't get notifications ကနေ Get Notifications ပြောင်းလိုက်ပါ (Browser or Other Device က လက်ရှိကိုယ်သုံးနေတဲ့ Acc ကို ၀င်လိုက်တိုင်း ယခု Acc ၀င်တာ သင် လား တခြားသူလား noti ပေးပြီး မေးမှာ ဖြစ်ပါတယ် )
Save လုပ်ပါ
Back တစ်ချက်ပြန်ထွက်ပြီး
Email ဆိုတဲ့ထဲ ထပ်၀င်ပါ
Don't get email alerts ကနေ Get email alerts ပြောင်းလိုက်ပါ (အထက်မှာ ပြောခဲ့သလို တစ်နေရာရာက မိမိ Acc ကို ၀င်လိုက်ပြီဆိုတာနဲ့Email ကို စာလှမ်းပို့ပေးမှာပါ)
Save လုပ်ပါ
Back နှစ်ချက်ပြန်ထွက်ပြီး
Login Approvals On ထဲ၀င်ပါ မိမိ အမြဲ သုံးတဲ့ Ph no တစ်ခု ထည့်လိုက်ပါ
ph no ကို code ပို့ပေးပါလိမ့်မယ် အဲ့ code ရိုက်ထည့်ပြီး Login Approvals On တာအောင်မြင်သွားပါပြီ
Login Approvals Code တွေ တန်းချပြတတ်သလို တစ်ခါတစ်လေ တန်း ချမပြပါဘူး
တန်းချမပြရင် Account Setting ထဲ က Security ထဲ ပြန်၀င်ပါ
Login Approvals Codes ဆိုတဲ့ ထဲ ၀င်လိုက်ပါ Codes ဆယ်ခု တွေ့ရပါတယ် အဲ့ Code ဆယ်ခု ကို သေချာသိမ်းထားပါ
ကိုယ့်ထည့်ခဲ့တဲ့ Ph Network Server ကြောင်နေချိန် Acc ပြန်၀င်ချိန်မှာ ဖုန်းကို Code မပို့ခဲ့ရင် ခုန က Codes ဆယ်ခုထဲက တစ်ခုခုနဲ့ပြန်၀င်နိုင်ပါတယ်
အဲ့ Code ဆယ်ခု ကုန်သွားခဲ့ရင် လဲ အောက်ခြေနားမှာ get new codes ဆိုတာပါပါတယ် code ဆယ်ခု အသစ် ပြန်ယူနိုင်ပါတယ်
Deactivate လုပ်နည်း
===============
Account Setting ထဲက Security ထဲ၀င်ပါ
အောက်ခြေနားမှာ Account(Deactivate) ဆိုတဲ့ ထဲ ၀င်ပါ
Password တောင်းရင်ရေးပေးလိုက်ပါ
ခြေနေမျိုးစုံ အကြောင်းပြပြီး D သွားလို့ရပါတယ်
Acc ပြန်သုံးမယ် ဆိုရင်တော့ This is temporary. I'll be back ကို ရွေးပြီး Close ကိုနှိပ်ပါ
7Days ကိုရွေးပါ
အောက်ခြေနား နည်းနည်းသွားပြီး opt out of receiving future email from facebook ကို ခေါက်ခြစ် ပြီး
Deactivate ကို ရွေးပေးလိုက်ပါ သွ့သူ Log out ဖြစ်သွားမှာပါ
သူငယ်ချင်းများ ထံမှာ Facebook User လို မပေါ်ပဲ နာမည် ကိုအဖြူကြီးနဲ့ပေါ်နေမှာပါ
Deactivate မှာ I don't understand how to use Facebook. ကို ရွေးပြီး Deactivate လုပ်ပြီး
Acc ပိတ်လိုက်မယ်ဆိုရင် Acc ကို Server မှ ဖျက်ချသွားမှာပါ များသောအားဖြင့်တော့ ပြန်၀င်ရင် ပြန်တက်လာပါတယ်
Deactivate မလုပ်ချင်ပဲ ကိုယ်တိုင်လဲ မသုံးချင်တော့ဘူးဆိုရင်
တစ်ယောက်ယောက်ကို အမွေ ပေးခဲ့လို့ရပါတယ်
Security ထဲ က Legacy Contact ထဲမှာ သင် အမွေ ပေးချင်တဲ့ တစ်ယောက်ကို ပေးခဲ့နိုင်ပါတယ်
Facebook Email Change နည်း
=======================
Account Setting ကိုသွားပါ
General ထဲ၀င်ပေးပါ
Email ထဲထပ်၀င်ပါ
Add email address ဆိုတာပါပါတယ် အဲ့ဒါကို နှိပ်ပါ အထဲမှာ Email အသစ်ရေးပါ Password ရေးပါ
ကိုယ်ထဲခဲ့တဲ့ Email Inbox ကို သွားပါ Gmail ဆို www.gmail.com ပေါ့ အဲ့မှာ Code ပို့ထားမှာပါ
အဲ့ Code ကို ထည့်ပြီး Confirm လုပ်ပါ Confirm Link ကို သုံးလဲရပါတယ်
Email အောက်တည့်တည့်မှာ Friends လို့ပေါ်လာရင်ရပါပြီ
Primary Email နေရာမှာ နောက်ထည့်တဲ့ Email Change ပါ ပြီးရင်(Password တောင်းရင်ပေးလိုက်ပါ)
နောက်ထည့်တဲ့ Email ပြောင်းပြီးပြီဆို အရင် Email ကို Remove လုပ်ပစ်ပါ
နောက်ထည့်တဲ့ Email အောက်က Friends ကိုနှိပ်ပြီး only me ပြောင်းပါ
Facebook Password Change နည်း
===========================
Account Setting ကိုသွားပါ
General ထဲ၀င်ပေးပါ
Password ထဲထပ်၀င်ပါ
Current Password မှ အခုလက်ရှိသုံးနေတဲ့ Password ကို ရေးပါ
New Password and Re-New Password နေရာမှာ နောက်ထားမယ့် Password ကို ရေးပါ
ပြီးရင် Change နှိပ်ပါ
Log out other device နဲ့ log in stay... ပါပါမယ်
Log out other device ရွေးပေးလိုက်ပါ
စက်ရုပ်ကလေး က ခိုင်းတာလေးတွေ အနည်းငယ်လုပ်ပေးလိုက်ပါ Go to newfeeds ပေါ်လာရင် ရပါပြီ
Facebook ၀င်ထားပြီး Password မေ့နေတယ်ဆိုရင် Password အသစ်Change နည်း
=================================================
Account Setting ကိုသွားပါ
Text Messaging ထဲကို ၀င်ပါ
Ph no ထည့်ခဲ့တယ်ဆို အဲ့ ph no ကို reset code ပို့ဖို့www.faceboook.com ကို နှစ်သက်ရာ Browser နဲ့၀င်ပါ
ပြီးရင် Forget Password? မှာ မိမိ Facebook ရှာပါ ပြီးရင် ခုနက ph no ကို code လှမ်းပို့ပါ
SMS ရောက်လာရင် အဲ့ Code ထည့်ပါ ပြီးရင် Log out other device ရွေးပေးလိုက်ပါ
စက်ရုပ်ကလေး က ခိုင်းတာလေးတွေ အနည်းငယ်လုပ်ပေးလိုက်ပါ Go to newfeeds ပေါ်လာရင် ရပါပြီ
Ph no မထည့်ထားခဲ့ဘူးဆိုရင် Text Messaging နေရာမှာ Ph no ထည့်ပါ ပြီးရင် SMS ၀င်လာရင် ph no confirm လုပ်ပါ
ပြီးရင် အထက်က ပြောတဲ့တိုင်း www.faceboook.com ကနေ Password Reset ချလိုက်ပါ
page ဖျက်နည်း
==================
မိမိ ဖျက်ချင်တဲ့ မိမိ ပိုင်တဲ့ page ကို သွားပါ
Edit Setting ကိုသွားပါ ပြီးရင် General ထဲကို ၀င်ပါ
အောက်ဆုံးမှာ Remove Page ဆိုပြီး ပါပါတယ်
Delete (Page Name).... အာ့ကို နှိပ်ပြီးဖျက်ပါ
Like အတန်အသင့်ရထားတယ်ဆို 14 ရက်ကြာပါမယ်
Page အသစ်လုပ်နည်း
===================
Account Menu ကို နှိပ်ပါ
Create Page ကို နှိပ်ပါ
လိုအပ်တာတွေဖြည့်ပြီး Page ထောင်လိုက်ပါ ဘယ်လို Page မျိုးထောင်မယ်ဆိုတာ ကိုယ်တိုင်ရွေးရမှာဖြစ်လို့တစ်ခုချင်းမရှင်းပြတော့ပါဘူး
Facebook Name နောက်က ကွင်းစကွင်းပိတ်(Nick Name) နဲ့နာမည် တပ်ချင်သူများအတွက်
==================================================
မိမိ Timelime ထဲ ၀င်ပါ
About ထဲ၀င်ပါ
More About ထဲ ထပ်၀င်ပါ
Other Name နေရာသွားပါ
+add a nickname ကိုနှိပ်ပါ
နာမည်ရေးပါ other ကို ရွေးပါ ပြီး save လုပ်ပါ
Facebook မှာ Post တင်ရင် ကိုယ်မသိစေချင်သောသူများ ဖယ်ပြီး တင်နည်း
=================================================
What's on your mind? ကို၀င်ပါ
Friends , Public ပြောင်းတဲ့ နေရာမှာ
Friends except ကို၀င်ပြီး မသိစေချင်တဲ့ သူတွေနာမည်တွေထည့်ပါ ပြီး စိတ်ကြိုက်လွတ်လပ်စွာ တင်ပါနိုင်ပါသည်။
#ဦးစိုင်းညွန့်ပြန်လည်မျှဝေသည်။