Kayin State Red Cross

Kayin  State Red Cross #လူတိုင်းအတွက်အမြဲကူညီ နေရာတိုင်းမှာကြက်ခြေနီ

အရေးပေါ်လိုအပ်နေသောသွေးကိုကြက်ခြေနီကလှူဒါန်း  ---------------------------------------++++++-    ၂၀၂၅ခုနှစ် မေ  လ ၁၃ရက် န...
13/05/2025

အရေးပေါ်လိုအပ်နေသောသွေးကိုကြက်ခြေနီကလှူဒါန်း
---------------------------------------++++++-
၂၀၂၅ခုနှစ် မေ လ ၁၃ရက် နေ့ ဘားအံပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူ နေသော၄နှစ်သားအရွယ် သွေးအားနည်း‌ ရောဂါဝေဒနာရှင်တစ်ဦး သည် အရေးပေါ် A+သွေးတလုံးလိုအပ် နေပါသဖြင့်ကြက်ခြနီသို့အ‌ေကြာင်းကြားရာ ဘားအံမြို့နယ်ကြက်ခြေနီမှသွေးသန့်ရှာဖွေကူညီပေးရေးတာ၀န်ခံ စော ‌ေအာင်ကိုမြတ်က ၎င်း၏ ၂၁ကြိမ်မြောက်အဖြစ် လှူဒါန်းပေးခဲ့ကြောင်းသိရှိရပါသည်။
အလားတူ မေလ ၃ရက်န့တွင်ဘားအံဆေးရုံမှအရေးပေါ်လိုအပ်နသည့်AB+သွေး ၁လုံးကိုလည်း ကော့ကရိတ်မြို့နယ်ကြက်ခြေနီစေတနာလုပ်ရှင် စောထူးကပေါ်က သူ၏‌သွေးလှူဒါန်းမှု ၅၄ကြိမ်မြောက်အဖြစ်လှူဒါန်း ပေးခဲ့ကြောင်းသတင်းရရှိပါသည်။

မြဝတီမြို့နယ်ကြက်ခြေနီမှ မီးလောင်မှုဖြစ်စဉ်တွင်သွားရောက်ကူညီဆာင်ရွက်------------------------------မြဝတီမြို့ အမှတ်(၄)ရပ်...
13/05/2025

မြဝတီမြို့နယ်ကြက်ခြေနီမှ မီးလောင်မှုဖြစ်စဉ်တွင်သွားရောက်ကူညီဆာင်ရွက်
------------------------------
မြဝတီမြို့ အမှတ်(၄)ရပ်ကွက် မြေနီကုန်းကျေးရွာအုပ်စုတောင်ကလေးဘုန်းကြီးကျောင်းအရှေ့ ကားတာယာအရောင်းဆိုင်မှစတင်၍ (၁၀.၅.၂၀၂၅) ရက်နေ့ ညဦးပိုင်း(၇:၀၀) နာရီအချိန်ခန့်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာမီးလောင်မှုသတင်းရသည်နှင့် တပြိုင်နက် မြဝတီမြို့နယ်ကြက်ခြေနီ အသင်းခွဲ၊ မြဝတီမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှအရေးပေါ်လူနာတင်ယာဉ် (၂)စီးဖြင့် မီးလောင်ရာနေရာသို့ရောက်ရှိခဲ့ပါသည်။

ထိုသို့ရောက်စဥ်ထိခိုက်ဒဏ်ရာရသူများကို ရှေးဦးပြုစုပေးခြင်း၊ မီးငြိမ်းသတ်ရာတွင်ပါဝင်ကူညီပေးခြင်းတို့ကိုကူညီ‌ေဆာင်ရွက်ရာ မီးခိုးမွန်ကာအောက်စီဂျင် လုံလောက်စွာမရရှိ၍ အသက်ရှူမဝဖြစ်သော လူနာတစ်ဦးအားထံမံရှေးဦးပြုစုပေးပြီ ကြက်ခြေနီအရေးပေါ်လူနာတင်ယာဉ်ဖြင့် မြဝတီခရိုင်ပြည်သူ့ဆေးရုံသို့ အချိန်မီပို့ဆောင်ပေးခဲ့ ကြောင်းသိရှိရပါသည်။

ကမ္ဘာ့ကြက်ခြေနီနေ့ အခမ်းအနားကို ဘားအံမြို့တွင်ကျင်းပပြုလုပ်===========၂၀၂၅ခုနှစ် မေလ ၈ ရက်နေ့တွင်ကျ ရောက် သော ကမ္ဘာ့ကြက်...
08/05/2025

ကမ္ဘာ့ကြက်ခြေနီနေ့ အခမ်းအနားကို ဘားအံမြို့တွင်ကျင်းပပြုလုပ်
===========
၂၀၂၅ခုနှစ် မေလ ၈ ရက်နေ့တွင်ကျ ရောက် သော ကမ္ဘာ့ကြက်ခြေနီနေ့ အခမ်းအနားကို ကရင်ပြည်နယ် ဘားအံမြို့ရှိ ပြည်နယ်ကြခြေနီရုံး၌ မနက်၈နာရီချိန်တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာမျိုးညွန့် မှ ပေးပို့သည့် သ၀ဏ်လွှာကို ကရင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကာ်မတီဥက္ကဌ ဒေါ်မြင့်မြင့်သိန်းက ဖတ်ကြားပြီး ၊ကရင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကာ်မတီအတွင်းရေးမှူး ၊ပြည်နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ ပြည်နယ်တပ်ဖွဲ့မှူးဦးမြင့်နိုင်က ကြိုဆိုဂုဏ်ပြုအမှာစကားပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး ကြက်ခြေနီလူမှုကရုဏာလုပ်ငန်းများကို နှစ်ပေါင်းများစွာတဆက်ထဲတာ၀န်ထမ်းဆောင်ခဲ့ကြသည့် ကြက်ခြေနီစေတနာလုပ်အားရှင်များထဲမှ ဂုဏ်ထူးဆာင်တပ်ဖွဲ့၀င် ရရှိသူများကို ဂုဏ်ပြုတံဆိပ်နှင့်ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်း၊ ၂၀၂၅ခုနှစ် မတ်လ၂၈ရက် နေ့တွင်လှုပ်ခတ်သွားသည့် အင်အားပြင်းထန် မြေငလျင်ကြာင့် ထိခိုက်ခံစားသူများထံသို့ အရေးပေါ်တုံ့ပြန် ရေးလုပ်ငန်းများဆာင်ရွက်ရန်သွား ရောက်ခဲ့သည့် ကြက်ခြေနီစေတနာလုပ်အားရှင်များအား ဂုဏ်ပြုမှတ်လွှာများချီးမြှင့်ခြင်း၊ ငလျင်ဘးဒဏ်သင့်ပြည်သူများနှင့်လူမှုကရုဏာလုပ်ငန်းများဆောင်ရွက်ရန်အတွက်‌ စေတနာသဒ္ဒါတရားထက်သန်စွာဖြင့်အလှူ ငွေများလူဒါန်းပေးကြ‌ေသာအလှူရှင်များအားဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ကြောင်းသိရှိရပါသည်။

ဘားအံမြို့နယ်ရှိ ခရဲ‌ေတာင်‌ေပါ်တောရကျောင်းနှင့် ခရဲကမ်းနားကျောင်းသို့ ကနဦး‌ေရာက်ရှိ‌‌ေနကြသည့် ယာယီနေရပ်စွန့်ခွာအိမ်ထောင်...
22/04/2025

ဘားအံမြို့နယ်ရှိ ခရဲ‌ေတာင်‌ေပါ်တောရကျောင်းနှင့် ခရဲကမ်းနားကျောင်းသို့ ကနဦး‌ေရာက်ရှိ‌‌ေနကြသည့် ယာယီနေရပ်စွန့်ခွာအိမ်ထောင်စု ၁၈၁ စု ၊လူဦး‌ေရစုစုပါင်း ၇၁၀ဦးတို့ကို ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကာ်မတီမှဦးဆာင်၍ ကော့ကရိတ်မြို့နယ်ကြက်ခြေနီစေတနာလုပ်အားရှင်တို့ကတစ်ကိုယ်ရည်သုံးပစ္စည်း ၁၅၄ ပုံး၊ ခြင်ထောင် အလုံး ၂၀၀၊ တာပေါ်လင်စ ၁၀ ချပ် တို့အား ၂၀၂၅ခုနှစ် ဧပြီလ၂၀ရက်န့တွင်သွားရာက်‌ေထာက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရှိရပါသည်။

ငလျင်ဘေးဒဏ်သင့်ဒေသများသို့ ကရင်ပြည်နယ်ကြက်ခြေနီစေတနာလုပ်အားရှင်များကသွားရောက်ကူညီဆောင်ရွက်ပေးလျက်ရှိ====================...
10/04/2025

ငလျင်ဘေးဒဏ်သင့်ဒေသများသို့ ကရင်ပြည်နယ်ကြက်ခြေနီစေတနာလုပ်အားရှင်များကသွားရောက်ကူညီဆောင်ရွက်ပေးလျက်ရှိ
======================================

လတ်တလောကြုံတွေ့နေရသည့်ငလျင်‌ဘေးဒဏ်သင့်ပြည်သူများထံသို့သွား‌ရောက်ကူညီဆာင်ရွက်ပေးနိုင်ရေးအတွက် မြန်မာနိုင်ငံကြက်ခြနီအသင်းဌာနချုပ်၏လမ်းညွန်မှုဖြင့်ကရင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ မှ ကြီးကြပ်၍သက်ဆိုင်ရာခရိုင်၊မြို့နယ်များရှိ ကြက်ခြေနီစေတနာလုပ်အားရှင်များအားအရေးပေါ်တုန့်ပြန်ရေးအဖွဲ့အဖြစ် ၃၁-၃-၂၀၂၅ ရက်နေ့တွင် စပြီး ပဲခူး နှင့်နေပြည်တော်သို့ ၁၀ဦး ၊ ၄-၄-၂၀၂၅ရက်နေ့တွင်မန္တလေး နှင့်နေပြည်တော်သို့ ရေနှင့်ဆိုင်ရာပတ်၀န်ကျင်သန့်ရှင်းရေးအဖွဲ့တွင်ပါ၀င်ကူညီရန် ၅ဦး ၊ ဆက်လက်ပြီး၅-၄-၂၀၂၅ရက်နေ့တွင် စိတ်ပိုင်းဆိုင်ရာ အားပေးကူညီ ရေးတွင်ပါ၀င်ဆာင်ရွက်ရန်မန္တ‌လေးသို့ကြက်ခြေနီလူငယ် ၃ဦး စုစုပေါင်း၁၈ဦးတို့ကို စေလွတ်ခဲ့ပါသည်။ ယနေ့ချိန်ထိ တာ၀န်ကျသည့်နေရာအသီးသီးမှာလူမှုကရုဏာဆိုင်ရာလုပ်ငန်းများကိုကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။
#

10/07/2023
13/05/2023
ကရင်ပြည်နယ်တွင် ယာယီခိုလှုံရာစခန်းမှပြည်သူများအတွက် အလှူရှင်များပေးအပ်သော အစားအသောက်မုန့်နှင့် သောက်ရေ၊သုံးရေများအား ကြက...
02/05/2023

ကရင်ပြည်နယ်တွင် ယာယီခိုလှုံရာစခန်းမှပြည်သူများအတွက် အလှူရှင်များပေးအပ်သော အစားအသောက်မုန့်နှင့် သောက်ရေ၊သုံးရေများအား ကြက်ခြေနီကသွားရောက်လှူဒါန်း
=============
ဖာပွန်၊ မေလ(၂)ရက်။

၂၀၂၃ခုနှစ် ဧပြီလ(၂၇)ရက်နေ့က ကရင်ပြည်နယ်၊ဖာပွန်မြို့နယ်၊ ကမမောင်းမြို့ အမှတ်(၂)ရပ်ကွက်ရှိ ဘုရားကိုးဆူယာယီခိုလှုံရာစခန်းမှ အိမ်ထောင်စု(၂၅)စုအတွက် ရပ်ရွာမှအလှူရှင်များက အစားအသောက်နှင့် ခေါက်ဆွဲခြောက်ထုပ်များ၊မုန့်များနှင့် သောက်ရေ၊သုံးရေများ ထောက်ပံ့လှူဒါန်းခဲ့ရာ ကြက်ခြေနီစေတနာလုပ်အားရှင်များက သွားရောက်လှူဒါန်းပေးခဲ့ကြပါသည်။
ကြက်ခြေနီစေတနာလုပ်အားရှင်များသည် မိမိတို့ဒေသအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများကို အခြေခံမူ(၇)ချက်နှင့်အညီဆောင်ရွက်နေကြပြီး ရပ်ရွာလူထုအား လိုအပ်သည့်အကူအညီများပေးနိုင်ရန်အတွက် ကြိုးစားနေကြပါသည်။

08/11/2022

Congratulations 💐🌸

Address

Thri Street, Area ( 4 )
Hpa-an

Alerts

Be the first to know and let us send you an email when Kayin State Red Cross posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Kayin State Red Cross:

Share

Category