UPP Centre Hpa-an

UPP Centre Hpa-an ကိုယ်ပိုင်စီးပွားရေး ထူထောင်နိုင်စေရန်

21/10/2025

📣 Moisturiser သင်တန်းတွေ တက်ချင်လို့ စောင့်မျှော်နေကြသူများအတွက်ပါ...✨️

💢 Lotion Type, Gel Type နှစ်မျိုးလုံး သင်ယူနိုင်မယ်...

🚩 ကုန်ကြမ်းတွေ ကိုယ်တိုင်အသုံးပြုလို့ ထုတ်လုပ်သင်ယူရမယ်...

🚩 ကုန်ကြမ်းရနိုင်မယ့် နေရာတွေလည်း ချိတ်ဆက်ပေးမယ် ..

🚩 ကိုယ့် စိတ်ကြိုက်ရနံ့နဲ့ ကိုယ်တိုင် Lotion ထုတ်နိုင်ရင်... ဝယ်ကို သုံးမနေဘူးဆိုတဲ့ လူတွေလည်း လာတက်သင့်တယ်...

🚩 လုပ်ငန်းရှင်ဖြစ်ဖို့ ပထမဆုံးခြေလှမ်းကို The Next Learning Hub နဲ့ အစပြုပါ...

🚩 အရာရာအတွက် အကောင်းဆုံးသော လမ်းညွှန်ချိတ်ဆက်မှု့တွေ ဒီ တစ်နေရာတည်းမှာ ရှိတယ်...

*1) နည်းပညာ*

*2) စျေးနှုန်း တွက်ချက်ခြင်း*

*3) ကုန်ကြမ်းဝယ်ယူနိုင်ရန် Source များ*

*4) Packaging ရွေးချယ်နိုင်မှု*

*5) လိုအပ်တဲ့ စာရွက်စာတမ်းလျှောက်ထားမှု့များ* ကို

🔰 *the NEXT LEARNING HUB* မှာ တက္ကသိုလ်မှ အတွေ့အကြုံရှိ ဝါရင့် ဒေါက်တာဘွဲ့ရ ဆရာမကြီးနဲ့ သေချာ အသေးစိပ် စာတွေ့၊ လက်တွေ့ ကုန်ကြမ်းမျာနဲ့ ကိုယ်တိုင် ထုတ်လုပ်ခြင်းများကို လုပ်ရမယ်...

🔰 Formula တစ်ခုထဲကို ၁၀-သိန်းလောက် ကုန်ကျမှ၊ ရတဲ့ အချိန်မှာ နည်းပညာ/Formula တင်မက လက်တွေ့ထုတ်လုပ်မှု့အပါအဝင် လုပ်ငန်းဆိုင်ရာ ဗဟုသုတများပါ အားလုံး သင်ယူနိုင်မှာဖြစ်ပါတယ်။

🔰 သင်တန်းကြေး – 500,000 MMK

🎁 *လက်ဆောင်အဖြစ် ထုတ်ကုန်သစ်တစ်ခု ထုတ်လုပ်ရန်လည်း အပို သင်ယူနိုင်မယ်..*

*(ကုန်ထုတ်လုပ်ရန် ကုန်ကြမ်းဖိုး, Packaging ဖိုးများ ပါဝင်ပြီးဖြစ်ပါသည်။)*

🔰 *သင်တန်းရက် – 9 November 2025 (Sun Only) 8:30 am to 5:30 pm တစ်ရက်ထဲသာ*

🔰 သင်တန်းနေရာ – S Point, သံသုမာလမ်း၊ တောင်ဥက္ကလာ

🇲🇲 မိမိတို့ကိုယ်တိုင် ထုတ်လုပ်သော ထုတ်ကုန်များကို တပါတည်း ယူသွားနိုင်ပါတယ်...

*the NEXT LEARNING HUB*
စုံစမ်းမေးမြန်းလိုပါက...
09795407878


#ပြည်တွင်းထုတ်ကုန်

10/08/2025

UPP ဆိုသည်မှာ
UPP မှာဘာတွေရှိနိုင်မလဲ
UPP သည်ဘယ်သူတွေအတွက် သင့်တော်သလဲ
UPP ၏လုပ်ဆောင်ချက်များ

Upp ဆိုတာဘာလဲ .............. UPP Learning Centre ဆိုတာကတော့
ကိုယ်ပိုင်စီးပွားရေးလုပ်ချင်သူများ၊
စီးပွားရေးအသိပညာဗဟုသုတများနှင့် အခွင့်အလမ်းများရရှိချင်သူများအတွက် ရည်ရွယ်ပြီးဖွင့်လှစ်ထားတဲ့ သင်တန်းဖြစ်ပါတယ်။
တဆက်တည်း ကြော်ငြာချင်တာကတော့
၉လပိုင်း September ထဲ မှာ batch 4 အတန်း ပြန်လည်ဖွင့်လှစ်ပေးဖို့ရှိပါတယ် ရှင့်
သင်တန်းနဲ့ပတ်သတ်တဲ့အချက်အလက်များကို အသေးစိတ် ဆက်လက်တင်ဆက်ပေးသွားဦးမှာဖြစ်လို့ Page ကို Like & Follow လုပ်ထားပြီးစောင့်မျှော်ပေးကြပါအုံးရှင်

ဂျပန်လူမျိုးတွေရဲ့ လျို့ဝှက်စွာ ချမ်းသာနည်း (၄) ခုဂျပန်လူမျိုးတွေရဲ့ တိတ်တဆိတ် ချမ်းသာနည်းအကြောင်းဟာ နိုင်ငံတကာမှာ စိတ်ဝ...
23/06/2025

ဂျပန်လူမျိုးတွေရဲ့ လျို့ဝှက်စွာ ချမ်းသာနည်း (၄) ခု

ဂျပန်လူမျိုးတွေရဲ့ တိတ်တဆိတ် ချမ်းသာနည်းအကြောင်းဟာ နိုင်ငံတကာမှာ စိတ်ဝင်စားမှုများပြီး၊ ဂျပန်ယဉ်ကျေးမှုနဲ့ စီးပွားရေးအောင်မြင်မှုရဲ့ နောက်ကွယ်က အလေ့အထတချို့ကို အခြေခံထားတဲ့ ဒီနည်းလမ်းတွေကို အတုယူဖို့ သင့်တော်ပါတယ်။

၁။ (Kakeibo) - ငွေကြေးစီမံခန့်ခွဲမှုနည်းလမ်း
Kakeiboဆိုတာ ဂျပန်တွေရဲ့ ရာစုနှစ်ချီသုံးနေတဲ့ အိမ်တွင်းငွေစာရင်းထားတဲ့နည်းပါ။ လစဉ်ဝင်ငွေ၊ ထွက်ငွေကို စနစ်တကျမှတ်တမ်းတင်ပြီး ဒီငွေက ဘာအတွက်သုံးတာလဲ။ ဆိုတဲ့မေးခွန်းမေးကာ အလွဲသုံးစားမှုကိုရှောင်ကြဉ်တယ်။ ငွေကို ၄ ပိုင်း (အခြေခံလိုအပ်ချက်များ၊ ဖျော်ဖြေရေး၊ စုဆောင်းငွေ၊ အပိုသုံးစွဲမှု) ခွဲပြီး သုံးစွဲတတ်အောင် လေ့ကျင့်ပေးတယ်။

၂။ (Mottainai) အလွဲသုံးစားမှုကို မုန်းတီးခြင်း
ဂျပန်လူမျိုးတွေက အရာရာကို အကျိုးရှိရှိသုံးတဲ့ Mottainaiစိတ်ဓာတ်ကို အလေးထားကြတယ်။ ဥပမာ - ပစ္စည်းတွေကို ပြန်ပြင်သုံးတာ၊ အဟောင်းပြန်ရောင်းတာ။
အစားအသောက်အ‌လေ အလွင့်မဖြစ်အောင် တိတိကျကျဝယ်ယူခြင်း။
ဒီစိတ်ထားက ငွေစုဖို့အထောက်အကူဖြစ်စေတယ်။

၃။ (Shokunin Kish*tsu) ကိုယ့်အလုပ်ကိုယ် ဂုဏ်ယူပြီး အကောင်းဆုံးလုပ်ကိုင်ခြင်း
ဂျပန်လူမျိုးတွေက သူတို့အလုပ်ကို ဂုဏ်ယူတတ်ကြပြီးအနုပညာသဘောထားနဲ့လုပ်ကိုင်ကြတယ်။ ဒါက သူတို့ရဲ့ထုတ်ကုန်နဲ့ဝန်ဆောင်မှုတွေကို အရည်အသွေးမြင့်စေတယ်။ အလုပ်မှာ အာရုံစိုက်ပြီး ကျွမ်းကျင်မှုတိုးတက်အောင်လုပ်တာက ရေရှည်မှာ ဝင်ငွေတိုးစေနိုင်တယ်။

၄။ (Hiyari Hatto) မမျှော်လင့်သောအချိန်တွေ အတွက် ငွေစုခြင်း
ဂျပန်လူမျိုးတွေက မမျှော်လင့်တဲ့အရေးပေါ်အခြေအနေအတွက် ငွေစုတတ်ကြတယ်။ ဥပမာ - ကျန်းမာရေးပြဿနာ၊ သဘာဝဘေးအတွက် အရန်ရန်ပုံငွေ။
Hiyari Hatto ဆိုတာ အံ့အားသင့်စရာအခြေအနေ ကိုရည်ညွှန်းပြီး၊ ဒီလိုအချိန်အတွက် ကြိုတင်ပြင်ဆင်ထားတာက ငွေကြေးဖိစီးမှုကိုလျော့ချနိုင်တယ်။

- ငွေကိုစနစ်တကျမှတ်တမ်းတင်ပါ (Kakeibo)။
- အလွဲသုံးစားမလုပ်ပါနဲ့ (Mottainai)။
- သင့်အလုပ်ကို ဂုဏ်ယူပြီး အကောင်းဆုံးလုပ်ပါ (Shokunin Kish*tsu)။
- အရေးပေါ်အတွက် ငွေစုထားပါ (Hiyari Hatto)။

ဂျပန်လူမျိုးတွေရဲ့ ဒီနည်းလမ်းတွေက ရိုးရှင်းပေမယ့် ရေရှည်အတွက် ထိရောက်မှုရှိပါတယ်။ သင့်ဘဝနဲ့လိုက်ဖက်အောင် ချိန်ညှိ အသုံးချနိုင်အောက်မျှဝေပေးလိုက်ပါတယ်။



 #တစ်နေရာတစ်ပိုင်းတိုးတက်ဖို့ငွေကြေးထက်ပိုအရေးကြီးတာကစဉ်းစားပုံနဲ့စီးပွားရေးအမြင်ပါ။"ငွေကြေးလှူဒါန်းမှုနဲ့ အစားအသောက်ပေး...
28/05/2025

#တစ်နေရာတစ်ပိုင်းတိုးတက်ဖို့ငွေကြေးထက်ပိုအရေးကြီးတာကစဉ်းစားပုံနဲ့စီးပွားရေးအမြင်ပါ။"

ငွေကြေးလှူဒါန်းမှုနဲ့ အစားအသောက်ပေးခြင်းဟာ ခဏတာအထောက်အပံ့ဖြစ်နိုင်ပေမယ့်

#အစဉ်တစိုက်တိုးတက်မှုအတွက်မလုံလောက်ပါဘူး။

အရေးကြီးတာက – လူတွေမှာ စီးပွားရေးစဉ်းစားပုံ၊ အလုပ်ကို စနစ်တကျလုပ်တတ်မှု၊
လူ့စွမ်းအားအရင်းအမြစ်ကို အသုံးချတတ်မှု ဖြစ်ပါတယ်။

#အလုပ်တစ်ခုကိုစီးပွားရေးအမြင်နဲ့မြင်တတ်လာရင် –
အောင်မြင်တယ်၊ အခြားလူတွေအတွက် အလုပ်အကိုင်ဖန်တီးတယ်၊
လိုအပ်သူတွေအတွက် နည်းလမ်းဖန်တီးပေးတယ်။
အဲ့ဒီလိုနဲ့ပဲ ဆင်းရဲနွမ်းပါမှု တဖြည်းဖြည်းလျော့နည်းလာမယ်။

#ဒါကြောင့်ဒီနှစ်မှာစီးပွားရေးအမြင်ကိုမျှဝေဖို့ဆုံးဖြတ်ခဲ့တယ်။
မနားမ‌နေ သင်တန်းပြန်လည်ဖွင့်လှစ်ပြီး တကယ်အကောင်းဆုံးဖြစ်ဖို့ ကြိုးစားနေပါတယ်။

"အချိန်တိုင်းမှာ – ဘယ်သူတွေကကူညီဖို့ လိုအပ်နေလဲ၊
ဘယ်လိုနည်းနဲ့ကူညီလို့ရမလဲ" ဆိုတာတွေးနိုင်တဲ့ လူတစ်ယောက်ဖြစ်လာဖို့ ကြိုးစားကြပါစို့။

Basic Business Knowledge အပတ်စဉ် ( ၄ ) 💪💪💪ဘားအံမြို့ရဲ့ UPP Centre Hpa-an မှ BBK တန်းခွဲ မကြာမှီ စတင်ပါပြီး 😊😊😊💁လက်ရှိစီ...
21/05/2025

Basic Business Knowledge
အပတ်စဉ် ( ၄ ) 💪💪💪
ဘားအံမြို့ရဲ့ UPP Centre Hpa-an မှ BBK တန်းခွဲ မကြာမှီ စတင်ပါပြီး 😊😊😊

💁လက်ရှိစီးပွားရေးအခြေအနေထဲမှာ

ကိုယ့်ကိုယ်ကို တန်ဖိုးရှိအောင် စတင်နိုင်ဖို့

မိမိရဲ့လုပ်ငန်းကို ဇယားချမယ် တွက်ချက်မယ်

ကိုယ့်လုပ်ငန်းကို ကောင်းမွန်စွာကိုင်တွယ်ပြီး

အသိပညာနဲ့ စိတ်ဓာတ်တွေ တက်လာဖို့အတွက်

ဒီသင်တန်းလေးက အထောက်အကူဖြစ်နိုင်ပါတယ်။

လူငယ်တွေအတွက်ပဲမကဘူး၊
စီးပွားရေးစိတ်ပါဝင်စားတဲ့ လူကြီးတွေလည်း
တက်ရောက်နိုင်ပါတယ်။
စိတ်ဝင်စားမှုရှိရုံနဲ့ တက်ရောက်လို့ရပါတယ်။💁

သင်တန်းရက် ✅ 10 Day ✅ အပြတ်သင်တန်း

👉 21.6.2025 မှ 30.6.2025 ထိ

👉 အချိန် ညနေ 3:30 မှ 6:30 ထိ

👉 နေရာ UPP Centre Hpa-an

📞 09440352493
🏠 အမှတ် (၅) ရပ်ကွက်၊
သီရိမင်္ဂလာလမ်း၊ ဘားအံမြို့

လူဦးရေကန့်သတ်ထားတဲ့အတွက် စောစော‌လေး စားရင်းပေးသွင်းဖို့ အကြံပြုလိုပါတယ်။

စီးပွားရေးပညာတစ်ခုသင်ယူပြီး၊ ကိုယ့်အနာဂတ်အတွက်အကောင်းဆုံး စတင်လိုက်ပါ။
စိတ်ဝင်စားသူများ inbox မှာ စာပေးသွင်းနိုင်ပါတယ်နော်။

#လူငယ်များအတွက်ပညာဒါနသင်တန်းအစီစဉ်
#စီးပွားရေးလေ့လာမယ်
#ဘားအံမြို့ရဲ့အနာဂတ်စီးပွားရေးလုပ်ငန်းရှင်များအတွက်တန်ဖိုးဖြစ်စေပါတယ်♥️

မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် ကဆုန်လပြည့်နေ့UPP Centre Hpa-an မိသားစုမှ ဆုတောင်းမေတ္တာပြုပါသည် 🙏🙏🙏
11/05/2025

မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် ကဆုန်လပြည့်နေ့
UPP Centre Hpa-an မိသားစုမှ
ဆုတောင်းမေတ္တာပြုပါသည် 🙏🙏🙏

26/04/2025
23/04/2025

လုပ်ငန်းရှင်အတန်း 🎉🎉🎉 con con

23/04/2025

တစ်ဦးစေတနာ တစ်ဦးမေတ္တာ UPP Centre မှာ

မတ်လ ၂၈ ရက် 2025 နေ့တွင် ဖြစ်ပွားခဲ့သည့်ငလျင်ဒဏ်ခံရသော မြို့များရှိ မိသားစုဝင်များနှင့်အတူ UPP Centre မိသားစုဝင်များမှ ထ...
29/03/2025

မတ်လ ၂၈ ရက် 2025 နေ့တွင် ဖြစ်ပွားခဲ့သည့်ငလျင်ဒဏ်ခံရသော မြို့များရှိ မိသားစုဝင်များနှင့်အတူ UPP Centre မိသားစုဝင်များမှ ထပ်တူဝမ်းနည်ပါကြောင်း နှင့် ဘေးအန္တာရယ်ကင်းဝေးပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်

UPP Centre Hpa-an

Address

No(5)Thiri Mingalar Road
Hpa-an

Alerts

Be the first to know and let us send you an email when UPP Centre Hpa-an posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share