Pyae Sone Car Workshop & Auto Parts Accessories

Pyae Sone Car Workshop & Auto Parts Accessories Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Pyae Sone Car Workshop & Auto Parts Accessories, Business Center, Pyae Sone Street, Kawkareik.

Our new Location Address: နဝဒေးလမ်း ရွှေမြင်းဝန်ဘုရားကြီး မုဒ်ဝအရှေ့ မြဝတီမြို့Hotline number-09792293566 , 09792286757 ...
12/05/2024

Our new Location

Address: နဝဒေးလမ်း ရွှေမြင်းဝန်ဘုရားကြီး မုဒ်ဝအရှေ့ မြဝတီမြို့
Hotline number-09792293566 , 09792286757

09/05/2024

ယခင်ကော့ကရိတ်ဆိုင်လေးရဲ့ အမှတ်တမဲ့မှ အမှတ်တရ video

ယနေ့ ပြုပြင်ပေးခဲ့တဲ့  တိုက်ပစ်ဖုံးက‌နေ ဆီယိုပြီး ညော်နံထွက်နေတဲ့ကားလေး All fine 😉ဘေးကင်းစွာနဲ့ လိုရာခရီးသွားနိုင်ဖို့  ...
08/04/2024

ယနေ့ ပြုပြင်ပေးခဲ့တဲ့
တိုက်ပစ်ဖုံးက‌နေ ဆီယိုပြီး ညော်နံထွက်နေတဲ့ကားလေး All fine 😉

ဘေးကင်းစွာနဲ့ လိုရာခရီးသွားနိုင်ဖို့ Customer စိတ်တိုင်းကျ ဆောင်ရွက်ပေးဖို့ အမြဲအသင့်ရှိနေတာ Pyae Sone Workshop ပါ

ယုံကြည်စွာနဲ့ လာရောက်အားပေးကြတဲ့အတွက် ကျေးအထူးတင်ပါတယ်ရှင့်

Address: နဝဒေးလမ်း ရွှေမြင်းဝန်ဘုရားကြီး မုဒ်ဝအရှေ့ မြဝတီမြို့
Hotline number-09792293566 , 09792286757

🚘လူကြီးမင်းတို့ရဲ့ တန်ဖိုးကြီးကားတွေအတွက် တစ်နေရာတည်းမှာ ပြီးပြည့်စုံစေဖို့ ဝန်ဆောင်မှု ရယူလိုပါသလား???🔹 ကားချို့ယွင်းမှ...
31/03/2024

🚘လူကြီးမင်းတို့ရဲ့ တန်ဖိုးကြီးကားတွေအတွက် တစ်နေရာတည်းမှာ ပြီးပြည့်စုံစေဖို့ ဝန်ဆောင်မှု ရယူလိုပါသလား???

🔹 ကားချို့ယွင်းမှုအတွက် ပြုပြင်ဖို့ဖြစ်စေ...
🔹ကားအပိုပစ္စည်းတွေကို တစ်နေရာတည်းမှာ ဝယ်ယူဖို့ဖြစ်စေ 𝙋𝙔𝘼𝙀 𝙎𝙊𝙉𝙀 𝘾𝙖𝙧 𝙒𝙤𝙧𝙠𝙨𝙝𝙤𝙥 & 𝘼𝙪𝙩𝙤 𝙋𝙖𝙧𝙩𝙨 𝘼𝙘𝙘𝙚𝙨𝙨𝙤𝙧𝙞𝙚𝙨 ရှိနေပါပြီ။

💁🏻‍♀️ကားအပိုပစ္စည်းများနဲ့ ပတ်သတ်လို့ တစ်နေရာတည်းမှာ အဆင်ပြေ လွယ်ကူမြန်ဆန်စေဖို့အတွက် 𝙋𝙔𝘼𝙀 𝙎𝙊𝙉𝙀 𝘾𝙖𝙧 𝙒𝙤𝙧𝙠𝙨𝙝𝙤𝙥 & 𝘼𝙪𝙩𝙤 𝙋𝙖𝙧𝙩𝙨 𝘼𝙘𝙘𝙚𝙨𝙨𝙤𝙧𝙞𝙚𝙨 ကနေ...

🔹အသေးစား ပြုပြင်မှုများအတွက် အချိန်တိုအတွင်း ဆောင်ရွက်ပေးခြင်း။
🔹မော်ဒယ်မြင့် ကားများစွာကို Computer Box ဖြင့် စစ်ဆေး ပြုပြင်ပေးခြင်း။
🔹ကားအမျိုးအစားများစွာအတွက် အပိုပစ္စည်းများကို ရောင်းချပေးခြင်း။
🔹ကားသော့ပိုင်းဆိုင်ရာ အပိုပစ္စည်းနှင့် Immobilizer Remote Key Service များဝန်ဆောင်မှုပေးခြင်း။
🔹Auto Car များအတွက် လိုအပ်တဲ့ အစိတ်အပိုင်း ပစ္စည်းများကိုပါ ဝယ်ယူနိုင်ခြင်း အစရှိတဲ့ ဝန်ဆောင်မှုတွေကို ပေးအပ်နေပါပြီ။

စက်ပစ္စည်းဆိုတာ အချိန်ကြာကြာ သုံးလာတဲ့အခါ ချို့ယွင်းမှုဆိုတာ ဖြစ်ပေါ်လာစမြဲပါ။

✓နည်းနည်းမှာ ပြုပြင်ထိန်းသိမ်း ပြင်ဆင်ထားမှသာ အချိန်ကြာလာတာနဲ့အမျှ အကြီးစား ပျက်စီးမှုတွေက မဖြစ်စေနိုင်မှာပါဖြစ်လို့ ....

💢ကိုယ့်ရဲ့ တန်ဖိုးကြီးကားအတွက် အမြဲလိုလို စစ်ဆေးကာ ပြုပြင်ထိန်းသိမ်းလို့ သွားလမ်းသာ လာလမ်းဖြောင့် စိတ်ချမ်းသာချင်ရင်တော့ 𝙋𝙔𝘼𝙀 𝙎𝙊𝙉𝙀 ရှိနေပါပြီ။

💁🏻‍♀️သွားရလာရ လွယ်ကူမြန်ဆန်ကာ ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့ရာ 𝙋𝙔𝘼𝙀 𝙎𝙊𝙉𝙀 𝘾𝙖𝙧 𝙒𝙤𝙧𝙠𝙨𝙝𝙤𝙥 & 𝘼𝙪𝙩𝙤 𝙋𝙖𝙧𝙩𝙨 𝘼𝙘𝙘𝙚𝙨𝙨𝙤𝙧𝙞𝙚𝙨 ဆိုင်ကိုလည်း 🔷ကော့ကရိတ်ကနေ မြဝတီကို🔷 ပြောင်းရွှေ့ဖွင့်လှစ်ထားပါကြောင်း အသိပေးလိုက်ပါရစေ...

🚘" ကားနဲ့ပတ်သက်ပြီး ပြီးပြည့်စုံဖို့ အကုန် တာဝန်ယူဆောင်ရွက်ပေးမှာ 𝙋𝙔𝘼𝙀 𝙎𝙊𝙉𝙀 "🚘

💬အသေးစိတ် : 𝗣𝗮𝗴𝗲 𝗖𝗵𝗮𝘁 𝗕𝗼𝘅

☎️ဆက်သွယ်ရန် : 𝟬𝟵 𝟳𝟵𝟮 𝟮𝟵𝟯 𝟱𝟲𝟲, 𝟬𝟵 𝟳𝟵𝟮 𝟮𝟴𝟲 𝟳𝟱𝟳

🏠ဆိုင်လိပ်စာ : နဝဒေးလမ်း ရွှေမြင်းဝန်ဘုရားကြီး မုဒ်ဝအရှေ့၊ မြဝတီ။

မိတ်ဟောင်း မိတ်သစ်များ အားလုံး မင်္ဂလာပါရှင့်ပြည့်စုံ ကားပြုပြင်ရေးနှင့် ကားပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းကို ကော့ကရိတ်မှ ...
14/03/2024

မိတ်ဟောင်း မိတ်သစ်များ အားလုံး မင်္ဂလာပါရှင့်

ပြည့်စုံ ကားပြုပြင်ရေးနှင့် ကားပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းကို ကော့ကရိတ်မှ မြဝတီသို့ ပြောင်း‌ရွေ့ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါတယ်🥰

တစ်ချိန်က ကားဈေးနူန်းနဲ့ ကားလေးများအမှတ်တရ သိမ်းထားသင့်တာPhoto Crd
08/09/2021

တစ်ချိန်က ကားဈေးနူန်းနဲ့ ကားလေးများ
အမှတ်တရ သိမ်းထားသင့်တာ
Photo Crd

29/08/2021

Zawgyi >>>

မော်တော်ကား အင်ဂျင်ဝိုင်နှင့် ပတ်သက်သည့် သိကောင်းစရာများ ♨🚛🚗🚖🚐🚚

မော်တော်ကားတစ်စီးမှာ အင်ဂျင်ဝိုင်ဟာ အသက်တမျှ အရေးပါတဲ့ အရာပါ။ 🚙🚘🚍
ကားတစ်စီးမှာ အင်ဂျင်ဝိုင် မရှိတော့ရင်ဖြစ်စေ၊ အမျိုးအစားမမှန်ကန်တာ သုံးမိရင် ဖြစ်စေ၊ အင်ဂျင်ဝိုင်ကို လဲသင့်တဲ့ အချိန်မှာ မှန်မှန်ကန်ကန်မလဲဘဲ မကောင်းတော့တဲ့ အင်ဂျင်ဝိုင်ကို အချိန်အကြာကြီး ဆက်လက် သုံးစွဲမိရင်ဖြစ်စေ မော်တော်ကားအင်ဂျင် တစ်ခုလုံး ပျက်စီးသွားတဲ့အထိ ဒုက္ခရောက်နိုင်ပါတယ်။

၁။ အင်ဂျင်ဝိုင်ဆိုတာဘာလဲ။🚩🚩🚩

အင်ဂျင်ဝိုင်ဆိုသည်မှာ အမျိုးမျိုးသော စက်ပစ္စည်းများလည်ပတ်ရာတွင် အထောက်အကူဖြစ်စေတဲ့ ချောဆီ တစ်မျိုး ဖြစ်ပါတယ်။ အင်ဂျင်ဝိုင်ရဲ့ အဓိက လုပ်ငန်းစဉ်တွေကတော့ စက်ပစ္စည်းအတွင်းမှာရှိတဲ့ အစိတ်အပိုင်းအချင်းချင်း ထိခိုက်မှု၊ ပွတ်တိုက်စားမှု များမှ ကာကွယ်ပေးဖို့့၊ စက်ပစ္စည်းအတွင်းမှာရှိတဲ့
မလိုလားအပ်တဲ့ အညစ်အကြေးတွေကို ဖယ်ရှားသန့်စင်ပေးဖို့၊ အင်ဂျင်အပူချိန်ထိန်းညှိပေးဖို့၊ စက်ပစ္စည်းအစိတ်အပိုင်းများ လှုပ်ရှားမှု လျင်မြန်ချောမွေ့စေခြင်းအားဖြင့် အင်ဂျင်လုပ်ဆောင်ချက် ပိုမို ကောင်းမွန်စေဖို့ ဖြစ်ပါတယ်။

၂။ အင်ဂျင်ဝိုင်အမျိုးအစား ဘယ်နှစ်မျိုးရှိလဲ။

မော်တော်ကား အင်ဂျင်ဝိုင်များကို အဓိကအားဖြင့် အမျိုးအစား (၄) မျိုး ခွဲခြားသတ်မှတ်နိုင်ပါတယ်။

Fully Synthetic engine oil
ဒီအင်ဂျင်ဝိုင်ဟာ အဆင့်မြင့်ဓာတု နည်းပညာများဖြင့် အပြည့်အဝ ဖော်စပ်ထားသော အင်ဂျင်ဝိုင် ဖြစ်ပါတယ်။ ဒီအင်ဂျင်ဝိုင်မျိုးဟာ သာမာန် Conventional engine oil တွေထက် လုပ်ဆောင်ချက်ပိုကောင်းပြီး အညစ်အကြေး ပါဝင်မှုနှုန်း ပိုနည်းပါတယ်။ ပြီးတော့ အစွန်းရောက်တဲ့ အပူချိန်တွေမှာ လုပ်ဆောင်မှု ပိုကောင်းပါတယ်။

Conventional engine oil
ဒီအင်ဂျင်ဝိုင်ဟာ သာမာန်ဟိုးယခင်ကတည်းက သုံးစွဲလာခဲ့ကြတဲ့ သမားရိုးကျ အင်ဂျင်ဝိုင်ဖြစ်ပါတယ်။ ဒီအင်ဂျင်ဝိုင်မျိုးကို သာမာန်ရှုပ်ထွေးမှုမရှိတဲ့ အင်ဂျင်တွေနဲ့ သာမာန်မြို့တွင်းသာ မောင်းနှင့်တဲ့ ကားတွေမှာ
အသုံးပြုလေ့ရှိကြပါတယ်။

Partly Synthetic or synthetic blend engine oil
ဒီအမျိုးအစားကတော့ အဆင့်မြင့် ဓာတုနည်းပညာအချို့ ပါဝင်ဖွဲ့စည်းထားသောအင်ဂျင်ဝိုင် ဖြစ်ပါတယ်။ Fully Synthetic engine oil လောက်
လုပ်ဆောင်ချက်မကောင်းမွန်ပေမဲ့ Conventional အင်ဂျင်ဝိုင်ထက် သာလွန်ကောင်းမွန်တဲ့ အရည်အသွေးရှိပါတယ်။

High Mileage engine oil
ဒီအင်ဂျင်ဝိုင်အမျိုးအစားကတော့ ကီလိုများပြီး ဟောင်းလာတဲ့ကားတွေအတွက် အသင့်တော်ဆုံး ဖြစ်အောင် စီမံ ထုတ်လုပ်ထားတဲ့ အင်ဂျင်ဝိုင် ဖြစ်ပါတယ်။
ဒီအင်ဂျင်ဝိုင်အမျိုးအစားဟာ တစ်ခြား အင်ဂျင်ဝိုင်တွေထက် ပိုမို စေးပျစ်တာကြောင့် ကီလို ၃၀၀၀၀၀ အထက်ကားတွေမှာ ဒီလိုအင်ဂျင်ဝိုင်မျိုး အသုံးပြုသင့်ပါတယ်။

Synthetic, partly synthetic နဲ့ high mileage အင်ဂျင်ဝိုင်တွေသာ အသုံးအများဆုံး ဖြစ်ပါတယ်။ Fully synthetic လား၊ Partly synthetic လား ဆိုတာကို အင်ဂျင်ဝိုင်ဗူးပေါ်မှာ ရေးသား ဖော်ပြထားပါတယ်။ Fully synthetic တွေဟာ အဆင့်အမြင့်ဆုံးနဲ့ အကောင်းဆုံးဖြစ်ပြီး စျေးလဲ အကြီးဆုံး ဖြစ်ပါတယ်။

အင်ဂျင်ဝိုင်ဗူးပေါ်က ဂဏန်းများ 🎲🎲

အင်ဂျင်ဝိုင်ဗူးတိုင်းရဲ့ အပေါ်မှာ သူ့အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ထားတာတွေကို တွေ့နိုင်ပါတယ်။ အင်ဂျင်ဝိုင်ဗူးပေါ်ကရှေ့ဂဏန်းဟာ အအေးဒဏ်ခံနိုင်ရည်ကို ဖော်ပြထားတာဖြစ်ပြီး နောက်ဂဏန်းကတော့ အင်ဂျင်ဝိုင်ရဲ့ Viscosity (အပျစ်၊ အကျဲ) ကို ဖော်ပြထားတာ ဖြစ်ပါတယ်။ အရှေ့ဂဏန်းနည်းလေလေ အင်ဂျင်ဝိုင်ဟာ အအေးဒဏ်ကို ပိုမိုခံနိုင်လေ ဖြစ်ပြီး နောက်ဂဏန်းများလာလေ အင်ဂျင်ဝိုင်ဟာ ပိုပျစ်လာလေ ဖြစ်ပါတယ်။ ကီလိုနည်းတဲ့
ကားအသစ်တွေအတွက် ကျဲတဲ့ အင်ဂျင်ဝိုင်သုံးသင့်ပြီးတော့ ကီလိုများနေပြီဖြစ်တဲ့ကားတွေအတွက် ပိုပျစ်တဲ့ အင်ဂျင်ဝိုင်အမျိုးအစားကို သုံးသင့်ပါတယ်။
ဥပမာ …..
5W/30 အင်ဂျင်ဝိုင် က 5W ဟာအပူချိန် အနှုတ်၃၅ ဒီဂရီ စင်တီဂရိတ် ရောက်သည့်တိုင်အောင် အေးနေပါစေ၊ စေးပျစ်လာခြင်း၊ ခဲလာခြင်းမရှိပဲ ကောင်းမွန်စွာ အလုပ်လုပ်နိုင်တယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ အနှုတ် ၃၅ ဒီဂရီအောက် ရောက်လာရင်တော့ အင်ဂျင်ဝိုင်ရဲ့ စွမ်းရည် စတင်ကျဆင်းလာမှာ ဖြစ်ပါတယ်။ 30 ကတော့ အင်ဂျင်ဝိုင်ရဲ့ စေးပျစ်နှုန်း ဖြစ်ပါတယ်။ 40 ဟာဆိုရင် 30 ထက်ပိုမို စေးပျစ်မှာ ဖြစ်ပါတယ်။

အင်ဂျင်ဝိုင်ကို စစ်ဆေးခြင်း💥💥💥
ကားတိုင်းမှာ အင်ဂျင်ဝိုင် level ကို တိုင်းတာဖို့ ဂိတ်တံပါပါတယ်။ အဲဒီ ဂိတ်တံမှာ အမှတ် ၂ မှတ်ရှိပါတယ်။ အဲ့အမှတ် ၂ မှတ်မှာ အပေါ် ဒုတိယအမှတ်အထိ အင်ဂျင်ဝိုင် level အမြဲ ရှိနေရမှာ ဖြစ်ပါတယ်။ အဲ့အမှတ်အောက် လျော့နည်းလာတာနဲ့ အင်ဂျင်ဝိုင် ယခင်ဖြည့်ထားတာနဲ့ အမျိုးအစားတူတဲ့ အင်ဂျင်ဝိုင်ကို ဖြည့်ရပါမယ်။ အင်ဂျင်ဝိုင်ကို နေ့တိုင်း စစ်ဆေးဖို့ သင့်ပါတယ်။ အင်ဂျင်ဝိုင်အရောင်ဟာ စတင်မည်းညစ်လာပြီဆိုတာနဲ့ အင်ဂျင်ဝိုင်လဲလှယ်ရမှာ ဖြစ်ပါတယ်။

ဘာအင်ဂျင်ဝိုင်အမျိုးအစားသုံးရမလဲ 😯😯😯
မိမိမော်တော်ယာဉ်ကိုလိုက်ပြီး အသင့်တော်ဆုံးဖြစ်တဲ့ အင်ဂျင်ဝိုင်ကို ရွေးချယ်အသုံးပြုဖို့ အလွန်ကို အရေးကြီးလှပါတယ်။ မိမိကားနဲ့ မသင်တော်တဲ့ အင်ဂျင်ဝိုင်ထည့်မိရင် ကားအင်ဂျင် ထိခိုက်ပျက်စီးနိုင်ပါတယ်။ အဲဒါကြောင့် မိမိတို့ကားအင်ဂျင်နဲ့ ကီလိုအနေအထားကို လိုက်ပြီး အသင့်လျော်ဆုံး အင်ဂျင်ဝိုင်ကို သုံးသင့်ပါတယ်။

၁။ Hybrid ကားများအတွက်
0 - 50000 km > 0W/20 (or) 0W/30 (or) hybrid engine oil
Over 50000 km > 5W/40

၂။ ဓာတ်ဆီအင်ဂျင် ကားများအတွက်
0 - 50000 km > 0W/20 (or) 0W/30
50000 km - 120000 km > 5W/30 (မြို့တွင်း), 5W/40 (မြို့ပြင် highway)
120000 km - 220000 km > 10W/30 (မြို့တွင်း), 10W/40 (မြို့ပြင် highway)
220000 km - 320000 km > 10W/40 (မြို့တွင်း), 15W/40 (မြို့ပြင် highway)
Over 320000 km > 20W/50

၃။ ဒီဇယ်အင်ဂျင်ကားများအတွက်
0 - 120000 km > 10W/40
Over 120000 km > 15W/40

==========================

#ကား-Car အကြောင်းစုံ

:
:
:

Lubricant Myanmar ပေ့စ်မှ ကူးယူဖော်ပြသည် …

Credit : Triple One

Unicode >>>

မော်တော်ကား အင်ဂျင်ဝိုင်နှင့် ပတ်သက်သည့် သိကောင်းစရာများ ♨🚛🚗🚖🚐🚚

မော်တော်ကားတစ်စီးမှာ အင်ဂျင်ဝိုင်ဟာ အသက်တမျှ အရေးပါတဲ့ အရာပါ။ 🚙🚘🚍
ကားတစ်စီးမှာ အင်ဂျင်ဝိုင် မရှိတော့ရင်ဖြစ်စေ၊ အမျိုးအစားမမှန်ကန်တာ သုံးမိရင် ဖြစ်စေ၊ အင်ဂျင်ဝိုင်ကို လဲသင့်တဲ့ အချိန်မှာ မှန်မှန်ကန်ကန်မလဲဘဲ မကောင်းတော့တဲ့ အင်ဂျင်ဝိုင်ကို အချိန်အကြာကြီး ဆက်လက် သုံးစွဲမိရင်ဖြစ်စေ မော်တော်ကားအင်ဂျင် တစ်ခုလုံး ပျက်စီးသွားတဲ့အထိ ဒုက္ခရောက်နိုင်ပါတယ်။

၁။ အင်ဂျင်ဝိုင်ဆိုတာဘာလဲ။🚩🚩🚩

အင်ဂျင်ဝိုင်ဆိုသည်မှာ အမျိုးမျိုးသော စက်ပစ္စည်းများလည်ပတ်ရာတွင် အထောက်အကူဖြစ်စေတဲ့ ချောဆီ တစ်မျိုး ဖြစ်ပါတယ်။ အင်ဂျင်ဝိုင်ရဲ့ အဓိက လုပ်ငန်းစဉ်တွေကတော့ စက်ပစ္စည်းအတွင်းမှာရှိတဲ့ အစိတ်အပိုင်းအချင်းချင်း ထိခိုက်မှု၊ ပွတ်တိုက်စားမှု များမှ ကာကွယ်ပေးဖို့၊ စက်ပစ္စည်းအတွင်းမှာရှိတဲ့
မလိုလားအပ်တဲ့ အညစ်အကြေးတွေကို ဖယ်ရှားသန့်စင်ပေးဖို့၊ အင်ဂျင်အပူချိန်ထိန်းညှိပေးဖို့၊ စက်ပစ္စည်းအစိတ်အပိုင်းများ လှုပ်ရှားမှု လျင်မြန်ချောမွေ့စေခြင်းအားဖြင့် အင်ဂျင်လုပ်ဆောင်ချက် ပိုမို ကောင်းမွန်စေဖို့ ဖြစ်ပါတယ်။

၂။ အင်ဂျင်ဝိုင်အမျိုးအစား ဘယ်နှစ်မျိုးရှိလဲ။

မော်တော်ကား အင်ဂျင်ဝိုင်များကို အဓိကအားဖြင့် အမျိုးအစား (၄) မျိုး ခွဲခြားသတ်မှတ်နိုင်ပါတယ်။

Fully Synthetic engine oil
ဒီအင်ဂျင်ဝိုင်ဟာ အဆင့်မြင့်ဓာတု နည်းပညာများဖြင့် အပြည့်အဝ ဖော်စပ်ထားသော အင်ဂျင်ဝိုင် ဖြစ်ပါတယ်။ ဒီအင်ဂျင်ဝိုင်မျိုးဟာ သာမာန် Conventional engine oil တွေထက် လုပ်ဆောင်ချက်ပိုကောင်းပြီး အညစ်အကြေး ပါဝင်မှုနှုန်း ပိုနည်းပါတယ်။ ပြီးတော့ အစွန်းရောက်တဲ့ အပူချိန်တွေမှာ လုပ်ဆောင်မှု ပိုကောင်းပါတယ်။

Conventional engine oil
ဒီအင်ဂျင်ဝိုင်ဟာ သာမာန်ဟိုးယခင်ကတည်းက သုံးစွဲလာခဲ့ကြတဲ့ သမားရိုးကျ အင်ဂျင်ဝိုင်ဖြစ်ပါတယ်။ ဒီအင်ဂျင်ဝိုင်မျိုးကို သာမာန်ရှုပ်ထွေးမှုမရှိတဲ့ အင်ဂျင်တွေနဲ့ သာမာန်မြို့တွင်းသာ မောင်းနှင့်တဲ့ ကားတွေမှာ
အသုံးပြုလေ့ရှိကြပါတယ်။

Partly Synthetic or synthetic blend engine oil
ဒီအမျိုးအစားကတော့ အဆင့်မြင့် ဓာတုနည်းပညာအချို့ ပါဝင်ဖွဲ့စည်းထားသောအင်ဂျင်ဝိုင် ဖြစ်ပါတယ်။ Fully Synthetic engine oil လောက်
လုပ်ဆောင်ချက်မကောင်းမွန်ပေမဲ့ Conventional အင်ဂျင်ဝိုင်ထက် သာလွန်ကောင်းမွန်တဲ့ အရည်အသွေးရှိပါတယ်။

High Mileage engine oil
ဒီအင်ဂျင်ဝိုင်အမျိုးအစားကတော့ ကီလိုများပြီး ဟောင်းလာတဲ့ကားတွေအတွက် အသင့်တော်ဆုံး ဖြစ်အောင် စီမံ ထုတ်လုပ်ထားတဲ့ အင်ဂျင်ဝိုင် ဖြစ်ပါတယ်။
ဒီအင်ဂျင်ဝိုင်အမျိုးအစားဟာ တစ်ခြား အင်ဂျင်ဝိုင်တွေထက် ပိုမို စေးပျစ်တာကြောင့် ကီလို ၃၀၀၀၀၀ အထက်ကားတွေမှာ ဒီလိုအင်ဂျင်ဝိုင်မျိုး အသုံးပြုသင့်ပါတယ်။

Synthetic, partly synthetic နဲ့ high mileage အင်ဂျင်ဝိုင်တွေသာ အသုံးအများဆုံး ဖြစ်ပါတယ်။ Fully synthetic လား၊ Partly synthetic လား ဆိုတာကို အင်ဂျင်ဝိုင်ဗူးပေါ်မှာ ရေးသား ဖော်ပြထားပါတယ်။ Fully synthetic တွေဟာ အဆင့်အမြင့်ဆုံးနဲ့ အကောင်းဆုံးဖြစ်ပြီး ဈေးလဲ အကြီးဆုံး ဖြစ်ပါတယ်။

အင်ဂျင်ဝိုင်ဗူးပေါ်က ဂဏန်းများ 🎲🎲

အင်ဂျင်ဝိုင်ဗူးတိုင်းရဲ့ အပေါ်မှာ သူ့အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ထားတာတွေကို တွေ့နိုင်ပါတယ်။ အင်ဂျင်ဝိုင်ဗူးပေါ်ကရှေ့ဂဏန်းဟာ အအေးဒဏ်ခံနိုင်ရည်ကို ဖော်ပြထားတာဖြစ်ပြီး နောက်ဂဏန်းကတော့ အင်ဂျင်ဝိုင်ရဲ့ Viscosity (အပျစ်၊ အကျဲ) ကို ဖော်ပြထားတာ ဖြစ်ပါတယ်။ အရှေ့ဂဏန်းနည်းလေလေ အင်ဂျင်ဝိုင်ဟာ အအေးဒဏ်ကို ပိုမိုခံနိုင်လေ ဖြစ်ပြီး နောက်ဂဏန်းများလာလေ အင်ဂျင်ဝိုင်ဟာ ပိုပျစ်လာလေ ဖြစ်ပါတယ်။ ကီလိုနည်းတဲ့
ကားအသစ်တွေအတွက် ကျဲတဲ့ အင်ဂျင်ဝိုင်သုံးသင့်ပြီးတော့ ကီလိုများနေပြီဖြစ်တဲ့ကားတွေအတွက် ပိုပျစ်တဲ့ အင်ဂျင်ဝိုင်အမျိုးအစားကို သုံးသင့်ပါတယ်။
ဥပမာ …..
5W/30 အင်ဂျင်ဝိုင် က 5W ဟာအပူချိန် အနှုတ်၃၅ ဒီဂရီ စင်တီဂရိတ် ရောက်သည့်တိုင်အောင် အေးနေပါစေ၊ စေးပျစ်လာခြင်း၊ ခဲလာခြင်းမရှိပဲ ကောင်းမွန်စွာ အလုပ်လုပ်နိုင်တယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ အနှုတ် ၃၅ ဒီဂရီအောက် ရောက်လာရင်တော့ အင်ဂျင်ဝိုင်ရဲ့ စွမ်းရည် စတင်ကျဆင်းလာမှာ ဖြစ်ပါတယ်။ 30 ကတော့ အင်ဂျင်ဝိုင်ရဲ့ စေးပျစ်နှုန်း ဖြစ်ပါတယ်။ 40 ဟာဆိုရင် 30 ထက်ပိုမို စေးပျစ်မှာ ဖြစ်ပါတယ်။

အင်ဂျင်ဝိုင်ကို စစ်ဆေးခြင်း💥💥💥
ကားတိုင်းမှာ အင်ဂျင်ဝိုင် level ကို တိုင်းတာဖို့ ဂိတ်တံပါပါတယ်။ အဲဒီ ဂိတ်တံမှာ အမှတ် ၂ မှတ်ရှိပါတယ်။ အဲ့အမှတ် ၂ မှတ်မှာ အပေါ် ဒုတိယအမှတ်အထိ အင်ဂျင်ဝိုင် level အမြဲ ရှိနေရမှာ ဖြစ်ပါတယ်။ အဲ့အမှတ်အောက် လျော့နည်းလာတာနဲ့ အင်ဂျင်ဝိုင် ယခင်ဖြည့်ထားတာနဲ့ အမျိုးအစားတူတဲ့ အင်ဂျင်ဝိုင်ကို ဖြည့်ရပါမယ်။ အင်ဂျင်ဝိုင်ကို နေ့တိုင်း စစ်ဆေးဖို့ သင့်ပါတယ်။ အင်ဂျင်ဝိုင်အရောင်ဟာ စတင်မည်းညစ်လာပြီဆိုတာနဲ့ အင်ဂျင်ဝိုင်လဲလှယ်ရမှာ ဖြစ်ပါတယ်။

ဘာအင်ဂျင်ဝိုင်အမျိုးအစားသုံးရမလဲ 😯😯😯
မိမိမော်တော်ယာဉ်ကိုလိုက်ပြီး အသင့်တော်ဆုံးဖြစ်တဲ့ အင်ဂျင်ဝိုင်ကို ရွေးချယ်အသုံးပြုဖို့ အလွန်ကို အရေးကြီးလှပါတယ်။ မိမိကားနဲ့ မသင်တော်တဲ့ အင်ဂျင်ဝိုင်ထည့်မိရင် ကားအင်ဂျင် ထိခိုက်ပျက်စီးနိုင်ပါတယ်။ အဲဒါကြောင့် မိမိတို့ကားအင်ဂျင်နဲ့ ကီလိုအနေအထားကို လိုက်ပြီး အသင့်လျော်ဆုံး အင်ဂျင်ဝိုင်ကို သုံးသင့်​ပါတယ်​။

၁။ Hybrid ကားများအတွက်
0 - 50000 km > 0W/20 (or) 0W/30 (or) hybrid engine oil
Over 50000 km > 5W/40

၂။ ဓာတ်ဆီအင်ဂျင် ကားများအတွက်
0 - 50000 km > 0W/20 (or) 0W/30
50000 km - 120000 km > 5W/30 (မြို့တွင်း), 5W/40 (မြို့ပြင် highway)
120000 km - 220000 km > 10W/30 (မြို့တွင်း), 10W/40 (မြို့ပြင် highway)
220000 km - 320000 km > 10W/40 (မြို့တွင်း), 15W/40 (မြို့ပြင် highway)
Over 320000 km > 20W/50

၃။ ဒီဇယ်အင်ဂျင်ကားများအတွက်
0 - 120000 km > 10W/40
Over 120000 km > 15W/40

==========================

#ကား-Car အကြောင်းစုံ

:
:
:

Lubricant Myanmar ပေ့စ်မှ ကူးယူဖော်ပြသည် …

Credit : Triple One

မင်္ဂလာပါ ပြည့်စုံ ကားဝပ်ရှော့နှင့် ကားအပိုပစ္စည်း ရောင်းဝယ်ရေးမှ ကြိုဆိုပါတယ်ရှင့်
25/08/2021

မင်္ဂလာပါ

ပြည့်စုံ ကားဝပ်ရှော့နှင့် ကားအပိုပစ္စည်း ရောင်းဝယ်ရေးမှ ကြိုဆိုပါတယ်ရှင့်

Address

Pyae Sone Street
Kawkareik

Telephone

+959792293566

Website

Alerts

Be the first to know and let us send you an email when Pyae Sone Car Workshop & Auto Parts Accessories posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share