Golden Durian Thanbyuzayat

Golden Durian Thanbyuzayat မင်္ဂလာပါGolden Durian Thanbyuzayat pageမှကြိုဆိုပါတယ်ခင်ဗျာ

Golden Pillowလို့အဓိပ္ပာယ်သတ်မှတ်‌ခေါ်‌ဝေါ်ကြတဲ့မွန်ထောင်းဒူးရင်းမျိုးဟာကျွန်တော်တို့ Golden Durian Thanbyuzayat မှာပထမအ...
09/06/2026

Golden Pillowလို့အဓိပ္ပာယ်သတ်မှတ်‌ခေါ်‌ဝေါ်ကြတဲ့မွန်ထောင်းဒူးရင်းမျိုးဟာကျွန်တော်တို့ Golden Durian Thanbyuzayat မှာပထမအကြိမ်အဖြစ်(၅)မိုးသားအပင်များမှစတင်သီးနေပြီးဖြစ်ပါတယ်ခင်ဗျာ အပင်မှကြွေရန်အတွက်တော့ဆက်လက်ပြီးစောင့်ဆိုင်းရဦးမှာပါခင်ဗျာ

14/05/2026

မိုးရာသီမှာဖြစ်လေ့ဖြစ်ထရှိသောမှိုရောဂါများကိုကြိုတင်ကာကွယ်ရန်အတွက်မှိုဆေးများကိုစတင်ဖြန်းနေပါပီခင်ဗျာ ကြိုတင်ကာကွယ်ခြင်းသည်အသည်းအသန်ဖြစ်မှကုသခြင်းထက်ပို၍များစွာကောင်းမွန်ပါ၏

08/05/2026

အပင်သစ်များစိုက်ပျိုးရန်အတွက်ယ‌နေ့တွင်တောင်ယာမီးရှို့အပြီးမိုးလဲအကြီးအကျယ်ရွာချ‌ပေးသွားပါတယ်ခင်ဗျာ🥰

07/05/2026

ကဆုန်လပြည့်နေ့မှာတစ်ပြိုက်နှစ်ပြိုက်ရွာပီးနောက် ပထမဆုံးအကြိမ်ပြန်လည်ရွာ‌ပေးတဲ့မိုးပေါ့ဗျာ ရာသီဥတုအရမ်းပူပြင်းလို့ဒူးရင်းပင်များအတွက်တော့စိတ်ပူနေမိပေမဲ့ ယခုလိုပြန်လည်ရွာချပေးတဲ့အတွက်မိုးမင်းကြီးကိုတော့ကျေးဇူးတင်ရမှာပါခင်ဗျာ

12/04/2026

ဒူးရင်းသီးတစ်လုံးဖြစ်ပေါ်လာဖို့အတွက်အဆင့်(5)ဆင့်ကိုကျော်ဖြတ်ရပါတယ်ခင်ဗျာ
ထိုအဆင့်(၅)ဆင့်မှာ
(၁)Budding Stage(အဖူးအဆင့်)
(၂)Flowering Stage(ပန်းပွင့်အဆင့်)
(၃) Fruit Set Stage(အသီးတင်အဆင့်)
(၄)Fruit Development Stage(အသီးကြီးထွားအဆင့်)
(၅)Ripening Stage(ရင့်မှည့်အဆင့်)
စသည်တို့ဘဲဖြစ်ပါတယ် ထိုအဆင့်(၅)ဆင့်လုံးကိုသေသေချာချာဂရုစိုက်ပြုစုနိုင်မှသာလျှင်ပြီးပြည့်စုံကောင်းမွန်သောဒူးရင်းသီးတစ်လုံးကိုရရှိမှာဖြစ်ပါတယ်
ယခုကျွန်တော်တို့ Golden Durian Thanbyuzayat မှာတော့မူစံကင်းနှင့်မွန်ထောင်းဒူးရင်းမျိုးတို့ဟာယခုနှစ်2026မှာစတင်ပြီးသီးပွင့်နေပီဖြစ်ပါတယ် အသီးတင်ပြီးကောင်းမွန်သောဒူးရင်းသီးများရရှိဖို့အတွက်ကတော့ဆက်လက်ကြိုးစားရပါဦးမည်ခင်ဗျာ

11/04/2026

2025 Julyလမှာအစေ့ဖောက်စိုက်ပျိုးထားတဲ့ရော်ဘာပင်ငယ်လေးများကို24မျိုးနှင့်235မျိုးစိတ်ဖြင့်ဘတ်ကူးထားပါတယ်ခင်ဗျာ ယခုကာလမှာ‌ရော်ဘာတစ်ပင်ဘတ်ကူးခဈေးနှုန်းကလဲမသေးပါဘူးခင်ဗျာ

09/04/2026

ကျွန်တော်တို့Golden Durian Thanbyuzayat မှာရေအရမ်းကြိုက်နှစ်သက်သောဒူးရင်းပင်များအတွက်လက်ရှိရေပီပါပေါင်း၂၃၅ ပီပါနီးပါးကိုနွေရာသီနှင့်ဆောင်းရာသီမှာနေ့ရက်တိုင်းပေးဝေနေရပါတယ်ရှေ့နှစ်ကျရင်ယခုထက်ပိုမိုပေးဝေနိုင်အောင်ကြိုးစားအားထုတ်ရပါဦးမယ်ခင်ဗျာ

2026 Januaryလကစပီးကျွန်တော်တို့ခြံရဲ့ပထမဆုံးမူစံကင်း(၅)မိုးသားအပင်လေးတွေကတော့ပန်းခိုင်လေးများစတင်ထွက်ရှိလာပါပြီခင်ဗျာ
23/02/2026

2026 Januaryလကစပီးကျွန်တော်တို့ခြံရဲ့ပထမဆုံးမူစံကင်း(၅)မိုးသားအပင်လေးတွေကတော့ပန်းခိုင်လေးများစတင်ထွက်ရှိလာပါပြီခင်ဗျာ

18/02/2026

မင်္ဂလာနံနက်ခင်းရေပေးချိန်ပါဘဲခင်ဗျာ

ယနေ့ကတော့အခေါက်ပုပ်ဖြစ်နေသောအပင်များအကိုင်းများကိုရှာဖွေကုသခြင်းဘဲဖြစ်ပါတယ်ခင်ဗျာ
01/02/2026

ယနေ့ကတော့အခေါက်ပုပ်ဖြစ်နေသောအပင်များအကိုင်းများကိုရှာဖွေကုသခြင်းဘဲဖြစ်ပါတယ်ခင်ဗျာ

Address

ဦးစိန်မောင်လမ်း, သက္ကော့စံပြကျေးရွာ
Kyaikkami
12092

Alerts

Be the first to know and let us send you an email when Golden Durian Thanbyuzayat posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share