Seine Seine -Digital Business

Website

Seine Seine -Digital Business Helping people to build a successful digital business
(1)

**Digital Business နဲ့အတူ အခွင့်အလမ်းသစ်တွေကို ရယူပါ** ခေတ်ကာလ အရွေ့အပြောင်းနဲ့အတူ အွန်လိုင်းနည်းပညာဟာ ကျွန်မတို့ရဲ့ နေ့...
14/10/2026

**Digital Business နဲ့အတူ အခွင့်အလမ်းသစ်တွေကို ရယူပါ**
ခေတ်ကာလ အရွေ့အပြောင်းနဲ့အတူ အွန်လိုင်းနည်းပညာဟာ ကျွန်မတို့ရဲ့ နေ့စဉ်ဘဝထဲမှာ မရှိမဖြစ် နေရာယူလာခဲ့ပါပြီ။ အရင်လို ဆိုင်ခန်းငှား၊ အရင်းအနှီးအများကြီး စိုက်ထုတ်စရာမလိုဘဲ အင်တာနက်ကို အသုံးပြုပြီး မှန်ကန်တရားဝင်တဲ့ Digital Business တစ်ခုကို စတင်တည်ဆောက်တာဟာ ခေတ်သစ်ရဲ့ အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုတစ်ခုပဲ ဖြစ်ပါတယ်။ ခိုင်မာတဲ့ စနစ်နဲ့ နည်းလမ်းမှန်မှန် လျှောက်လှမ်းမယ်ဆိုရင် မိမိရဲ့ ကြိုးစားမှုအပေါ် မူတည်ပြီး ရေရှည်တည်တံ့တဲ့ စီးပွားရေးတစ်ခုအဖြစ် ဖန်တီးယူနိုင်မှာပါ။
လက်ရှိမှာ ဝန်ထမ်းအလုပ် သို့မဟုတ် ကိုယ်ပိုင်အလုပ်တစ်ခုခု ရှိထားသူဖြစ်စေ၊ အလုပ်မရှိသေးဘဲ ဝင်ငွေလမ်းကြောင်းသစ် ရှာဖွေနေသူဖြစ်စေ ဝင်ငွေတစ်ရပ် ထပ်မံဖန်တီးထားဖို့က အရမ်းအရေးကြီးပါတယ်။ အဓိက ဝင်ငွေတစ်ခုတည်းအပေါ် လုံးဝပုံအောမထားဘဲ အရန်ဝင်ငွေ (Secondary Income) ရှိထားခြင်းက သင့်ရဲ့ လူနေမှုဘဝကို ပိုမိုလုံခြုံစိတ်ချရစေရုံတင်မကဘဲ ငွေကြေးဆိုင်ရာ လွတ်လပ်မှုကိုပါ အထောက်အကူပြုပေးနိုင်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် Digital Business ရဲ့ အဓိက အားသာချက်ကတော့ အချိန်နဲ့ နေရာ အကန့်အသတ်မရှိဘဲ မိမိရဲ့ အချိန်ပိုလေးတွေကို ထိရောက်စွာ အသုံးပြုနိုင်တာပဲ ဖြစ်ပါတယ်။ ဖုန်းတစ်လုံး သို့မဟုတ် ကွန်ပျူတာတစ်လုံး၊ အင်တာနက်ရှိရုံနဲ့တင် ဘယ်နေရာကမဆို စီမံခန့်ခွဲနိုင်တာမို့ သင့်ရဲ့ လက်ရှိအလုပ် ဒါမှမဟုတ် မိသားစုကို ထိခိုက်မှုမရှိဘဲ ဝင်ငွေတိုးအောင် စတင်နိုင်ပါတယ်။ နည်းပညာနဲ့အတူ ခေတ်မီဆန်းသစ်တဲ့ စီးပွားရေးလမ်းကြောင်းပေါ်မှာ ရင်းနှီးမြှုပ်နှံပြီး သင့်ရဲ့ အနာဂတ်အတွက် ခိုင်မာတဲ့ ဝင်ငွေလမ်းကြောင်းတစ်ခုကို ဒီနေ့ပဲ စတင်လိုက်ပါရှင့်။
Seine Seine Nyunt
Digital Business Mentor

14/10/2026

Welcome back to our Knowledge Sharing Business Live Talk with Myanmar Business Partners!
Main Topic; Growth, Mindset & Leadership

1️⃣“Business တည်ဆောက်ရာမှာ Consistency က အရေးကြီးပါတယ်။ Mentee တွေ Consistency ရှိလာပြီး ကိုယ့်တာဝန်ကိုယ်ယူတတ်တဲ့ Accountability ရှိလာအောင် Mentor က ဘယ်လိုအားပေးလမ်းညွှန်နိုင်ပါသလဲရှင့်?”(Naw Paw Bwe)

2️⃣ “Mentee တွေ Result မရသေးတဲ့အချိန်၊ အခက်အခဲတွေကြုံပြီး စိတ်ဓာတ်ကျလာတဲ့အချိန်မှာ Mentor တစ်ယောက်က ဘယ်လို Mindset Support နဲ့ စိတ်ဓာတ်ခွန်အားပေးသင့်ပါသလဲရှင့်?”(Soeyu Mon)

3️⃣ “Mentor တစ်ယောက်ဟာ ပြောပြရုံသာမက Role Model တစ်ယောက်လည်း ဖြစ်သင့်ပါတယ်။ ရိုးသားမှု၊ စည်းကမ်းရှိမှုနဲ့ အဆက်မပြတ်လေ့လာမှုကို ကိုယ်တိုင်စံပြပြသခြင်းက Mentee တွေအပေါ် ဘယ်လိုသက်ရောက်မှုရှိနိုင်ပါသလဲရှင့်?”(Seine Seine Nyunt)

4️⃣ “Mentorship ရဲ့ နောက်ဆုံးရည်ရွယ်ချက်က Mentor ကို အမြဲမှီခိုနေဖို့ မဟုတ်ပါဘူး။ Mentee တစ်ယောက်ကို ကိုယ်တိုင်ဆုံးဖြတ်နိုင်ပြီး တခြားသူတွေကိုပါ လမ်းညွှန်နိုင်တဲ့ Leader တစ်ယောက်ဖြစ်လာအောင် ဘယ်လိုပျိုးထောင်ပေးသင့်ပါသလဲရှင့်?”(Htay Htay Cho) Please Photo 9:16 13th October 2026(10:00)PM USA CST ; 14th Oct (9:30)PM Myanmar
…

The Power of Physical Energy -🎯 "စွမ်းအင်ရှိသူတိုင်း အောင်မြင်နိုင်တာမဟုတ်၊ အောင်မြင်သူတိုင်း စွမ်းအင်ရှိကြတယ်"အခြေခံအကြ...
14/10/2026

The Power of Physical Energy -

🎯 "စွမ်းအင်ရှိသူတိုင်း အောင်မြင်နိုင်တာမဟုတ်၊ အောင်မြင်သူတိုင်း စွမ်းအင်ရှိကြတယ်"

အခြေခံအကြောင်းရင်းကတော့
ခန္ဓာကိုယ်စွမ်းအင်မရှိရင် စိတ်စွမ်းအင်လည်း မရှိနိုင်။ ဒီတစ်ကိုယ်လုံးက စွမ်းအင်ဟာ ကျွန်တော်တို့ရဲ့ အတွေးအခေါ်၊ ဆုံးဖြတ်ချက်၊ စိတ်အားထက်သန်မှုအားလုံးရဲ့ အခြေခံအုတ်မြစ်ပါ။

🧠 Physical Energy ကောင်းရင် ဘာရမလဲ?

· စိတ်ကြည်လင်ခြင်း
- အာရုံစူးစိုက်မှုပိုကောင်းပါတယ်။
· စိတ်ဓာတ်ကျတာ သက်သာခြင်း
- ကိုယ်လက်လှုပ်ရှားမှုက စိတ်ဖိစီးမှုဟော်မုန်းကျစေပါတယ်။
· ဆုံးဖြတ်ချက်မှန်ခြင်း
- ပင်ပန်းနေရင် ဆုံးဖြတ်ချက်မှားတတ်ပါတယ်။
· ပျော်ရွှင်မှုပိုရခြင်း
- Endorphin ဟော်မုန်းထွက်စေပါတယ်။

💡 လက်တွေ့အသုံးချနည်း
(အလွယ်ကူဆုံး ၃ ချက်)

1. နေ့တိုင်း ၁၀ မိနစ် လမ်းလျှောက်ပါ - နေရောင်ခြည်နွေးနွေးအောက်မှာ ပိုကောင်းပါတယ်။
2. ရေများများသောက်ပါ
- ဦးနှောက် ၇၅% က ရေနဲ့လုပ်ထားတာပါ။
3. အိပ်ရေးဝဝအိပ်ပါ
- ၇-၈ နာရီအိပ်တာက စွမ်းအင်အားလုံးရဲ့အခြေခံ
ဖြစ်ပါတယ်။

🌟 -"သင့်ရဲ့ ပထမဆုံး Project က သင့်ခန္ဓာကိုယ်ပါ။ ဒီ Project အောင်မြင်မှသာ တခြားအရာတွေ အောင်မြင်မှာပါ"

📌 Action: "ဒီနေ့ကစပြီး တစ်ခုခုလုပ်ကြည့်ပါ။ ရေတစ်ဖန်ခွက်ပိုသောက်တာ၊ ဓာတ်လှေကား အစား လှေကားအသုံးပြုတာ၊ ၁၀ မိနစ်စောထတာ - စတာတွေပေါ့!"
ချစ်ခင်စွာဖြင့်
Seine Seine Nyunt
Digital Business Mentor

Good Nightအိပ်ကုန်ကြပြီလားအိပ်မက် လှလှ မက်ပါစေ။နောက်တစ်နေ့မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာ စွာနဲ့ ပျော်ရွှင်စွာ ဖြတ်သန်းနိုင...
13/10/2026

Good Night

အိပ်ကုန်ကြပြီလား
အိပ်မက် လှလှ မက်ပါစေ။
နောက်တစ်နေ့မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာ စွာနဲ့ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေနော်။
(စကားမစပ်.. မနက်ဖြန် ကျွန်မရဲ့Live Talk လေး အားပေးဖို့ မမေ့နဲ့ နော်😘😘)

“နေရာမရွေး၊ အချိန်မရွေး လုပ်ကိုင်နိုင်တဲ့ Digital Business” 💻📱မင်္ဂလာပါရှင်… ❤️ဒီနေ့မှာတော့ ကျွန်မတို့လုပ်ကိုင်နေတဲ့ Dig...
13/10/2026

“နေရာမရွေး၊ အချိန်မရွေး လုပ်ကိုင်နိုင်တဲ့ Digital Business” 💻📱
မင်္ဂလာပါရှင်… ❤️
ဒီနေ့မှာတော့ ကျွန်မတို့လုပ်ကိုင်နေတဲ့ Digital Business ရဲ့ အားသာချက်တစ်ခု ဖြစ်တဲ့ “နေရာမရွေး၊ အချိန်မရွေး လုပ်ကိုင်နိုင်တယ်” ဆိုတဲ့အကြောင်းလေး မျှဝေပေးချင်ပါတယ်ရှင်။
အရင်တုန်းက အလုပ်တစ်ခုလုပ်မယ်ဆိုရင် သတ်မှတ်ထားတဲ့နေရာကို သွားရမယ်၊ သတ်မှတ်ထားတဲ့အချိန်မှာ အလုပ်လုပ်ရမယ်၊ အချိန်ပြည့် အဲဒီနေရာမှာ ရှိနေရမယ်ဆိုတာမျိုးတွေ များပါတယ်။
ဒါပေမယ့် အခုခေတ်မှာတော့ Technology တွေ တိုးတက်လာတာနဲ့အမျှ အလုပ်လုပ်တဲ့ပုံစံတွေလည်း ပြောင်းလဲလာပါပြီ။
ကျွန်မတို့ရဲ့ Digital Business ကတော့ Internet ရှိပြီး ဖုန်းတစ်လုံးရှိရုံနဲ့ ကိုယ့်အတွက်အဆင်ပြေတဲ့နေရာကနေ အလုပ်လုပ်နိုင်တာ က အားသာချက်တစ်ခုပါ။
ဥပမာပြောရရင်…
🏠 အိမ်မှာရှိနေတဲ့အချိန် အလုပ်လုပ်လို့ရတယ်။ ☕ ကော်ဖီဆိုင်ထိုင်နေတဲ့အချိန်လည်း ကိုယ့်အလုပ်ကို ဆက်လုပ်လို့ရတယ်။ ✈️ ခရီးသွားနေတဲ့အချိန်မှာလည်း လိုအပ်သလို ကိုယ့်လုပ်ငန်းကို ဆက်လက်လုပ်ကိုင်နိုင်တယ်။
အရေးကြီးတာက “ဘယ်နေရာမှာ ရှိနေလဲ” ဆိုတာထက် “ကိုယ့်အလုပ်ကို ဘယ်လိုစနစ်တကျ လုပ်သွားမလဲ” ဆိုတာပါ။
ပြီးတော့ အချိန်ပိုင်းမှာလည်း အားသာချက်ရှိပါတယ်ရှင်။
မနက်ပိုင်း အလုပ်များနေရင် ညပိုင်းမှာ လုပ်လို့ရတယ်။ မိသားစုအတွက် အချိန်ပေးရမယ်ဆိုရင် အဲဒီအချိန်ကို အရင်ပေးပြီး ကိုယ့်အလုပ်အတွက် အဆင်ပြေတဲ့အချိန်ကို ပြန်စီစဉ်လုပ်ကိုင်လို့ရပါတယ်။
ဒါကြောင့် Digital Business က အလုပ်နဲ့ ကိုယ့်ဘဝကို ပိုပြီး Flexible ဖြစ်အောင် စီမံနိုင်တဲ့ Business Model တစ်ခု လို့ ကျွန်မမြင်ပါတယ်။
ဒါပေမယ့် တစ်ခုတော့ သတိထားစေချင်ပါတယ်။
“နေရာမရွေး၊ အချိန်မရွေးလုပ်လို့ရတယ်” ဆိုတာ “ဘာမှမလုပ်ဘဲ ဝင်ငွေရတယ်” လို့ ဆိုလိုတာ မဟုတ်ပါဘူးနော်။
ကိုယ်တိုင် လေ့လာရမယ်၊ Skill တွေတိုးတက်အောင် လုပ်ရမယ်၊ Consistency ရှိရမယ်၊ ကိုယ့်အချိန်ကို ကိုယ်တိုင် စီမံခန့်ခွဲနိုင်ရမယ်။
အဲဒီအရာတွေကို စနစ်တကျ လုပ်နိုင်လာတဲ့အခါ Digital Business ရဲ့ Flexibility ကို တကယ်ခံစားလာရမှာပါ။
ဒါကြောင့် “အလုပ်လုပ်ဖို့အတွက် အချိန်မရှိဘူး၊ နေရာမရှိဘူး” လို့ တွေးနေမယ့်အစား…
ကိုယ့်ရဲ့ လက်ရှိဘဝနဲ့ အဆင်ပြေမယ့် Flexible Business Model တစ်ခုကို စတင်လေ့လာကြည့်မလား?
အခွင့်အရေးဆိုတာ စောင့်နေရုံနဲ့ ရောက်လာတာမဟုတ်ပါဘူး။
ကိုယ်တိုင် စတင်လေ့လာပြီး အခွင့်အရေးကို ဖန်တီးယူရတာပါရှင်။ ❤️
ကျွန်မတို့ရဲ့ Digital Business အကြောင်းကို ပိုပြီးသိချင်တယ်ဆိုရင် Comment မှာ တစ်ခုခု ရေးခဲ့ပေးပါရှင်။ 💻❤️
Seine Seine Nyunt

☀️ Good Morning Digital Entrepreneur တို့ရေ 🌷အခွင့်အရေးက ကိုယ့်ဆီကို ရောက်လာမယ့်အချိန်ကို စောင့်နေမယ့်အစား ကိုယ်တိုင် အ...
12/10/2026

☀️ Good Morning Digital Entrepreneur တို့ရေ 🌷
အခွင့်အရေးက ကိုယ့်ဆီကို ရောက်လာမယ့်အချိန်ကို စောင့်နေမယ့်အစား ကိုယ်တိုင် အခွင့်အရေးကို ဖန်တီးကြရအောင်။
📱 လေ့လာပါ 💻 လက်တွေ့လုပ်ပါ 🌱 Consistency ရှိပါ 🚀 မရပ်တန့်ပါနဲ့
Small Steps Every Day = Big Results Someday. ❤️

သင့်အချိန်တွေကို ဘယ်လိုကုန်လွန်စေချင်သလဲ°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°**စိတ်ငြိမ်းချမ်းမှုဖြင့် ကိ...
12/10/2026

သင့်အချိန်တွေကို ဘယ်လိုကုန်လွန်စေချင်သလဲ
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
**စိတ်ငြိမ်းချမ်းမှုဖြင့် ကိုယ်ပိုင်အချိန်များကို တည်ဆောက်ခြင်း**
ငါ့ရဲ့ အချိန်တွေကို စိတ်ဖိစီးမှုတွေနဲ့ ရှုပ်ထွေးမှုတွေကြားမှာ ကုန်လွန်မသွားစေဘဲ၊ ရင်ထဲမှာ စိတ်အေးချမ်းမှုရစေမည့် နည်းလမ်းများဖြင့်သာ ကုန်လွန်စေချင်ပါတယ်။ ဘဝရဲ့ ရှုပ်ထွေးလှတဲ့ အပြိုင်အဆိုင်တွေကြားထဲမှာ ခဏတာ ရပ်တန့်ပြီး မိမိကိုယ်ကို ပြန်လည်ဂရုစိုက်ဖို့၊ စာအုပ်ကောင်းတစ်အုပ် ဖတ်ဖို့ ဒါမှမဟုတ် သဘာဝတရားရဲ့ အလှတရားကို အေးဆေးစွာ ခံစားဖို့ အချိန်ပေးချင်ပါတယ်။ အမြဲတမ်း အလုပ်တွေနဲ့ပဲ လုံးပတ်လိုက်နေတာမျိုး မဟုတ်ဘဲ၊ စိတ်ရော ကိုယ်ပါ အနားရပြီး တည်ငြိမ်အေးချမ်းမှုကို ခံစားရစေမည့် ကိုယ်ပိုင်အချိန်လေးတွေကို ဖန်တီးချင်ပါတယ်ရှင့်။
**မိသားစုနှင့် ချစ်ခင်ရသူများအတွက် အဓိပ္ပာယ်ရှိသော အချိန်များ**
ဒါ့အပြင် အချိန်ဆိုတာ ပြန်မရနိုင်တဲ့ တန်ဖိုးရှိတဲ့အရာ ဖြစ်တာကြောင့် မိသားစု၊ မိတ်ဆွေအပေါင်းအသင်းနဲ့ ချစ်ခင်ရသူတွေအတွက် ထိုက်ထိုက်တန်တန် အသုံးပြုချင်ပါတယ်။ သူတို့နဲ့အတူတူ စကားစမြည်ပြောရင်း ရယ်မောရတဲ့ အချိန်တွေ၊ အခက်အခဲတွေကို အတူတူရင်ဆိုင် ကူညီပေးရတဲ့ အခိုက်အတန့်တွေဟာ ဘဝအတွက် အမှတ်တရကောင်းတွေကို ဖန်တီးပေးပါတယ်။ ချစ်ခြင်းမေတ္တာနဲ့ နွေးထွေးမှုတွေကို ပေးဝေရင်း တန်ဖိုးရှိတဲ့ ဆက်ဆံရေးတွေကို ပိုမိုခိုင်မာအောင် တည်ဆောက်တဲ့နေရာမှာ ငါ့ရဲ့ အချိန်အများစုကို ကုန်လွန်စေချင်ပါတယ်။
**ကိုယ်တိုင်တိုးတက်မှုနှင့် အိမ်မက်များကို အကောင်အထည်ဖော်ခြင်း**
နောက်ဆုံးအနေနဲ့ကတော့ ငါ့ရဲ့အချိန်တွေကို ကိုယ်တိုင်တိုးတက်စေမည့် အလေ့အကျင့်ကောင်းများနဲ့ အိမ်မက်များကို အကောင်အထည်ဖော်တဲ့ နေရာမှာ အသုံးချချင်ပါတယ်။ ဗဟုသုတအသစ်တွေ သင်ယူတာ၊ ဝါသနာပါတဲ့ အလုပ်တွေကို စိတ်နှစ်ပြီး လုပ်ဆောင်တာနဲ့ မိမိရဲ့ ရည်မှန်းချက်တွေဆီ တစ်လှမ်းချင်းစီ တက်လှမ်းတာတွေဟာ ဘဝကို အဓိပ္ပာယ်ရှိစေပါတယ်။ နေ့ရက်တိုင်းမှာ အဓိပ္ပာယ်ရှိတဲ့ အပြောင်းအလဲအသေးလေးတွေ ဖန်တီးရင်း၊ စိတ်ကျေနပ်မှု အပြည့်နဲ့ မိမိကိုယ်ကို ပိုမိုကောင်းမွန်တဲ့ ပုံစံတစ်ခုဖြစ်အောင် တည်ဆောက်ရာမှာ အချိန်တွေကို ကုန်လွန်စေချင်ပါတယ်။
ဒါကြောင့် ဒီအခြေအနေတွေကို ဖန်တီးရရှိနိုင်တဲ့ Digital Business ကို လုပ်ကိုင်နေပါတယ်။
သူငယ်ချင်း တို့လည်း ကိုယ့်အချိန်တွေ ကိုယ်တိုင် အကျိုးရှိရှိ အသုံးချင်တယ်ဆိုရင် လက်ကမ်းကြိုဆိုလျှက်ပါ နော်
Seine Seine Nyunt
Digital Business Mentot

(4)လအတွင်း လူတိုင်းမမှတ်မိနိုင်တဲ့အထိ ပြောင်းလဲချင်ရင် ဒါတွေကိုလုပ်ကြည့်လိုက်ပါ။(၁)မနက်တိုင်း ၅နာရီမှာ အိပ်ယာထပါ။အိပ်ယာစ...
12/10/2026

(4)လအတွင်း လူတိုင်းမမှတ်မိနိုင်တဲ့အထိ ပြောင်းလဲချင်ရင် ဒါတွေကိုလုပ်ကြည့်လိုက်ပါ။

(၁)မနက်တိုင်း ၅နာရီမှာ အိပ်ယာထပါ။
အိပ်ယာစောစောထခြင်းရဲ့ ကောင်းကျိုးက
လေ့ကျင့်ခန်းလုပ်ဖို့
နေ့တစ်နေ့ကိုစီစဉ်ဖို့
စီးပွါးရေးကိုစတင်ဖို့ အတွက်
အချိန်ကို အကျိုးရှိရှိ အသုံးချတတ်သွားမယ်။

(၂)အိပ်ယာမဝင်ခင် ကိုယ့်ရဲ့အတွေးတွေကို ချရေးပါ။
မနက်ဖြန်မှာ ဘာတွေလုပ်နိုင်ရမလဲ
ဘာကြောင့် ပျော်ရွှင်ခဲ့လဲ
မကောင်းတဲ့အတွေးတွေကို ချရေးနိုင်ပါတယ်။

(၃)skill အသစ်တစ်ခုကို နေ့တိုင်း (၁၀)မိနစ် လေ့လာပါ။
ဘာသာစကားလေ့လာတာ
စာရေးတာ
content creation လုပ်တာတွေကို လေ့လာသင့်ပါတယ်။ဒါတွေက ဝင်ငွေအတွက်လဲ အထောက်အကူဖြစ်ပါတယ်။

(၄)တစ်နေ့ကို အနည်းဆုံး ၁၀ မိနစ်လောက် ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။
ပြေးတာ
အိပ်ထမတင်လုပ်တာ
လမ်းလျှောက်တာ ဒါတွေလုပ်နိုင်ပါတယ်။

(၅)၁၀ မိနစ် အနားယူတဲ့အကျင့်လုပ်ပါ။
ငြိမ်ငြိမ်လေးထိုင်ပြီး
ဘာကိုမှမတွေးပဲ
သက်သောင့်သက်သာနေကြည့်ပါ။

(၆)အိပ်ချိန်မှန်မှန်အိပ်ပါ။
အိပ်ယာဝင်ခါနီး ၂ နာရီအလိုမှာ ဖုန်းကိုလက်ထဲကနေချလိုက်ပါ။
အိပ်ယာဝင်ခါနီး ဘာမှမစားပါနဲ့။
အခန်းကို မွှေးပျံ့သန့်ရှင်းအောင်ထားပါ။

(၇)သဘာဝနဲ့ ၃၀ မိနစ်လောက် ထိတွေ့ပါ။
စိတ်ပူပန်မှု လျော့ကျပြီး
စိတ်ကြည်လင်အေးချမ်းလာနိုင်ပါလိမ့်မယ်။

(၈)တစ်နေ့ကို စာအုပ် ၁၀ မျက်နှာဖတ်ပါ။
အာရုံစိုက်နိုင်လာပြီး
စကားလုံးတွေလဲ ကြွယ်ဝလာမယ်
ဗဟုသုတအတွေးအမြင်လဲ တိုးပွါးလာပါလိမ့်မယ်။

(၉)တစ်နေ့ကို ရေ ၃လီတာသောက်ပါ။
ရေများများသောက်တာက ကျန်းမာရေးရော၊
ခန္တာကိုယ်အတွက်ရော အရမ်းကောင်းပါတယ်။




12/10/2026

Digital Business Live Talk

🎙️ New to streaming or looking to level up? Check out StreamYard and get $10 discount! 😍

Digital Business (Today our Live Talk)  “Success in Business: How Do You Keep Going When Results Take Time?”ခေါင်းစဥ် နဲ...
11/10/2026

Digital Business (Today our Live Talk)

“Success in Business: How Do You Keep Going When Results Take Time?”ခေါင်းစဥ် နဲ့

(1)Starting With a Why

(2)Facing Challenges

(3)Staying Consistent

(4)Lessons & Growth ဆိုတဲ့ အကြောင်းအရာ တစ်ခုချင်းစီကို တစ်ယောက်စီ ဆွေးနွေးမျှဝေပေးကြမှာဖြစ်ပါတယ်။
လက်ရှိ အလုပ်နဲ့ တွဲဖက်ပြီးနောက်ထပ်စီးပွားရေး လမ်းကြောင်း တစ်ခု တည်ဆောက်ချင်သူများနှင့် အိမ်မှုကိစ္စ များလုပ်ကိုင်ရင်း စီးပွားရေး လုပ်ကိုင် ချင်သူများ လေ့လာ ကြည့် လိုက်ပါ။
Messenger ကတဆင့် လည်း မေးမြန်းစုံစမ်း နိုင်ပါတယ်။
Warmly Welcome
Seine Seine Nyunt

Address

Kyaikmaraw

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Alerts

Be the first to know and let us send you an email when Seine Seine -Digital Business posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share