Investment Option

Investment Option Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Investment Option, Consulting Agency, Kyauktada Township.

★ BREXIT - ဥရောပသမဂ္ဂ EU မှဗြိတိန်ထွက်ပြီ ★ ၂၀၁၆ခုနှစ်၊ ဇွန်လ ၂၃၊ ၂၄ တို့သည် ဗြိတိန်နိုင်ငံအတွက်သမိုင်းဝင်နေ့များ ဖြစ်ပေလ...
24/06/2016

★ BREXIT - ဥရောပသမဂ္ဂ EU မှဗြိတိန်ထွက်ပြီ ★

၂၀၁၆ခုနှစ်၊ ဇွန်လ ၂၃၊ ၂၄ တို့သည် ဗြိတိန်နိုင်ငံအတွက်
သမိုင်းဝင်နေ့များ ဖြစ်ပေလိမ့်မည်။

၁၉၇၃ခုနှစ်မှ စတင်၍ဝင်ရောက်ခဲ့သော ဥရောပသမဂ္ဂ EU မှဗြိတိန်ထွက်/မထွက်ကို ဗြိတိန်နိုင်ငံတွင် လေးလကြာမဲဆွယ်စည်းရုံးခဲ့ပြီးနောက် ၂၃ရက်နေ့ နံနက်၇ နာရီမှ ည၁၀နာရီအထိ ဗြိတိန်နိုင်ငံအဝှမ်းရှိမဲရုံပေါင်း ၃၈၂ရုံတွင် ဗြိတိန်ပြည်သူတို့သည် " Leave " or " Remain " ထွက်မလား/နေမလား မဲပေးခဲ့ကြပြီဖြစ်သည်။

Brexit လို့ခေါ်ကြတဲ့ EU ကနေ ဗြိတိန်ထွက်ဖို့ကိုတော့
လန်ဒန်မြို့တော်ဝန်ဟောင်း ဘောရစ်ဂျွန်ဆင်က အဓိကမဲ
ဆွယ်စည်းရုံးခဲ့ပြီး Bremain လို့ခေါ်ကြတဲ့ EU မှာ ဗြိတိန်ဆက်လက်တည်ရှိရေးကိုတော့ ဗြိတိန်ဝန်ကြီးချုပ်ဒေးဗစ်ကင်မရွန် ကိုယ်တိုင်ဦးဆောင်စည်းရုံးခဲ့ပါတယ်။

ဥရောပသမဂ္ဂကနေ Brexit ဖြစ်မဖြစ်ဟာ တစ်ကမ္ဘာလုံး
က ကာလရှည်စောင့်စားနေရတဲ့ အဓိကဖြစ်ရပ်တစ်ခုဖြစ်ပြီး Brexit အလွန်ကာလတွေမှာ ဗြိတိန်နဲ့ EU နိုင်ငံတွေ
ဟာ သူတို့ရဲ့အနေအထားကို ဘယ်လိုပြန်လည်တည်ဆောက်ကြမလဲဆိုတာဟာ အရမ်းကိုအရေးပါတဲ့အရာတစ်ခုဖြစ်နေခဲ့ပါတယ်။ ဥရောပတစ်တိုက်လုံးသာမက ကမ္ဘာ့
နိုင်ငံရေး၊ စီးပွားရေးအင်အားကြီးနိုင်ငံအားလုံးကို ပြင်းပြင်း
ထန်ထန်ရိုက်ခတ်မယ့် ဖြစ်ရပ်လည်း ဖြစ်နေခဲ့ပါတယ်။

ဗြိတိန်ပြည်သူများမဲပေးအပြီး မဲရုံရလဒ်များတစ်ခုပြီးတစ်ခု
ထွက်လာချိန်တွင်တော့ တဖြေးဖြေးချင်း " leave " ထွက်မယ့်ဘက်မှ အလေးသာလာခဲ့ပြီးနောက်ဆုံးတွင်တော့ ဗြိတိန်ထွက်မည့်ဘက်မှ မဲဆန္ဒရှင်ပေါင်း ၁၇သန်းကျော်ကနေမည့်ဘက်မှ မဲဆန္ဒရှင် ၁၆သန်းကျော်အား 51.9% ဖြင့် မဲခွဲဆုံးဖြတ်မှု အသာစီးရကာ ဥရောပသမဂ္ဂ
မှ ဗြိတိန်ထွက်ခွာရန်ဆုံးဖြတ်ကြောင်း ကြေငြာခဲ့ပြီဖြစ်သည်။

ထွက်ခွာမယ်လို့ ဆုံးဖြတ်ချက်အတည်ပြုခဲ့သော်လည်း ဗြိတိန်အနေဖြင့် နှစ်နှစ်ခန့် ဥရောပသမဂ္ဂနှင့် နိုင်ငံရေးညှိနှိုင်းမှုများ၊ သဘောတူစာချုပ်များ၊ ဥပဒေများကိုတော့
ဆက်လက်လိုက်နာ ဆွေးနွေးညှိနှိုင်းမှုပြုပြီးမှ အပြီးသတ်
ထွက်ခွာနိုင်မှာ ဖြစ်ပါတယ်။

သို့သော်လည်း ကမ္ဘာ့ငွေကြေးဈေးကွက်တွင်တော့ ဗြိတိန်
၏ ပေါင်စတာလင်ငွေကြေးတန်ဖိုးမှာ ၃၁နှစ်အတွင်း အနိမ့်
ဆုံးအထိ ထိုးဆင်းသွားခဲ့သည်။ လန်ဒန်နှင့် စကော့တလန်
နယ်ဘက်များတွင် ဆက်လက်နေထိုင်ရေးမဲပေးခဲ့ကြသော်
လည်း ဝေးလ်စ်နှင် လန်ဒန်ပြင်ပနယ်များမှ ထွက်ခွာရေးကို
မဲပေးခဲ့ကြသည်။

ထွက်ခွာရေးမဲပေးခဲ့သူများမှ ဗြိတိန်နိုင်ငံ၏ လွတ်လပ်ရေး
နေ့အဖြစ် တင်စားခဲ့ကြပြီး ဗြိတိန်နိုင်ငံသည် နံနက်ခင်းနေ
ရောင်အောက်တွင် တောက်ပလာပြီဟု ပြောဆိုခဲ့ကြသည်။

သို့သော် Brexit ရလဒ်အရ ဥရောပနှင့် တိုကျိုအပါအဝင်
စတော့အိတ်ချိန်များတွင် ရင်းနှီးမြှုပ်နှံမှုဈေးကွက်တန်ဖိုးများ ထိုးကျသွားခဲ့ပြီး EU ၏ ယူရိုငွေကြေးမှာလည်းတန်
ဖိုးကျဆင်းသွားခဲ့သည်။

လုံခြုံစိတ်ချရသော ဝယ်ယူမှု safe haven အဖြစ် ရွှေ၊ ဆွစ်ဇာလန် ဖရန့်ငွေနှင့် ဂျပန်ယန်းငွေကြေးတို့ တန်ဖိုးသိသိသာသာ မြင့်တက်သွားခဲ့သည်။

ကြီးမားသော အပြောင်းအလဲများ၊ ပြင်းထန်သော နောက်
ဆက်တွဲရိုက်ခတ်မှုများ ကို ကမ္ဘာ့စီးပွားရေးရင်းနှီးမြှုပ်နှံသူ
များ၊ ဈေးကွက်ရောင်းဝယ်သူများမှ မျက်ခြေမပြတ် ကြည့်
ရှုနေကြရပြီဖြစ်သည်။ မျှော်လင့်ထားသည် ဖြစ်စေ၊ မမျှော်
လင့်ထားသည်ဖြစ်စေ ဗြိတိန်နိုင်ငံသည် ဥရောပသမဂ္ဂရှိ
ရာဘက်သို့ ကျော်ခိုင်းလှည့်ထွက်ခဲ့ပြီဖြစ်သည်။

UK voted to quit from EU
24/06/2016

UK voted to quit from EU

profit within 4 days....
17/05/2016

profit within 4 days....

13/05/2016

Make Extra Income the Quick and Easy way by investing in FOREX market. Our mission includes providing partners and customers with affordable, liable and quality Financial services based on advanced technology. We give liable, affordable and quality services based on personal approach to each customer's needs. The company's stability depends on their ability to gain insight into the dynamics of the market situation to track appearance of new tools and workflows. Today, the company provides its customers and partners with a widest range of services for business and efficient investment.
JOIN and START Trading today.

Address

Kyauktada Township

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959788399708

Website

Alerts

Be the first to know and let us send you an email when Investment Option posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Investment Option:

Share