02/05/2023
၏
#ကား ဘက်ထရီ ခေါင်း ဖြုတ်မိသောအခါ သေချာ ပေါက် ကြုံကျရသော ပါဝါဝင်းဒိုး ပြသာနာ .....
🚘 ကား ဘက်ထရီ ခေါင်းဖြုတ်မိသောအခါ၊ ယာဉ်မောင်းသူ တံခါးပေါက်ရှိ ပါဝါဝင်းဒိုး မိန်း ခလုတ်မှ ယာဉ်မောင်းဘက် တံခါးမှန်မှလွဲ၍ ကျန် တံခါးပေါက် ၃ခုမှ မှန်များအား ယာဉ်မောင်းသူမှ အတင်အချ ပြုလုပ်၍ မရတော့ပါ။
ကျန် တံခါးပေါက် ၁ခုချင်းဆီမှသာ အတင်အချ ပြုလုပ်နိုင်တော့ခြင်း မျိုးဖြစ်တတ်ပါသည်။
ဒီအချိန်မှာ မှန် အတင်အချ ခလုတ်မှာ ပါသော မီးအစိမ်းလေးမှာ မှိတ်တုတ်မှိတ်တုတ် သာ လင်းနေပါမယ် ...
🤔 ခုလိုဖြစ်နေရင် ဝါယာရိန်းဆိုင် သို့ ပြေးစရာ မလိုဘဲ ကိုယ်တိုင် အလွယ်တကူ ဖြေရှင်းနိုင်ပါတယ် ...
👀 ကျနော်တို့အခေါ် အဝေါ်
ဆက်တင်ပြန်ချိန်ရ မယ် တို့ .. ဆော့ဝဲလ် သွင်း ရမယ် ဆိုပီး လူရှိန်အောင် ပြောရတာ ပေါ့ဗျာ 😁 ဒါမှ ပိုက်ဆံ ပေးရမယ်သူလည်း ပျော်၂ ကြီး ပေးမှ လေ ...
💭 ဘယ်လိုလုပ်ရမလဲ ?
🚘 ကားစက်နိုးထားပါ ...
ယာဉ်မောင်းသူမှ မှန်အတင်အချ ပြုလုပ်မရသော
တံခါးပေါက် ၁ခုမှ မှန်အတင်အချခလုတ်ကို နိပ်၍
မှန် ကို အဆုံးထိ တင်ပါ ...
အဆုံးထိ ရောက်သွားပါက ခလုတ်ကို မလွှတ်သေးဘဲ
၃ စက္ကန့် လောက် ဆက် ' မ ' ထားပေးပါ..
🚘 ပြီးနောက် မှန်ကို အဆုံးထိချပါ
အဆုံးထိ ရောက်သွားပါက ခလုတ်ကို မလွှတ်သေးဘဲ
၅ စက္ကန့် လောက် ဆက် ' ဖိ ' ထားပေးပါ..
ထိုသို့ အတင်အချ ၃ကြိမ် ပြုလုပ်ပါ ။
(မသေချာမှာ စိုးလို့)
ကျန်တံခါးပေါက်အသီးသီးကိုလည်း အထက်ပါ နည်း အတိုင်း တံခါး၁ပေါက်ချင်း ပြုလုပ်ပေးပါ ..
ု ပြုလုပ်မူ အောင်မြင်ရင် ခလုတ်မှ မီးအစိမ်းလေးမှာ မှိတ်တုတ်မှိတ်တုတ် မဖြစ်တော့ဘဲ ငြိမ် သွားပါတယ် ...
ယာဉ်မောင်းသူဘက် မိန်းခလုတ်မှ အပေါက်တိုင်းမှ မှန်များကို အတင်အချ လုပ်ကြည့်ပါ ။
မရသေး သော တံခါးပေါက် ကျန်ရှိနေပါက
အထက်ပါ နည်းအတိုင်း ပြန်လည်ပြုလုပ်ပေးပါ ..
ရသွားပါလိမ့်မယ်...
🚨 သတိပေးချက် ။ ။
ဘက်ထရီ ခေါင်း ဖြုတ်ခြင်းကြောင့် အခြား ပြသာနာ များ (ဥပမာ tv မှ ဘက်ကင်မရာ ပျောက်ခြင်း map ခွေ တောင်းခြင်း code တောင်းခြင်း အခြား error များ) ဖြစ်တတ်ပါသဖြင့် ဘက်ထရီခေါင်းကို မဖြုတ်ကြပါနဲ့ ...
လိုအပ်လို့ဖြုတ်မယ်ဆိုရင်လည်း OBD 2 ပေါက်မှ ဘက်ထရီ ကျွေး ဖြုတ်ပါရန် အကြံပြုပါရစေ ...
ားချစ်သူ
မူရင်းရေးသားသူအားလေးစားစွာဖြင့် Credit
ပေးပါသည်။
#မော်တော်ယာဉ်သက်တမ်းတိုးနှင့်
#ယာဉ်မောင်းလိုင်စင်
#တာဝန်ယူ
#ဝန်ဆောင်မှု
Ko Pho La Pyae📲 (09;5060210)
Ma Zin Mar
☎(09 440009300) ☎(09 450 840 505)
🏢 Office - တိုက်အမှတ် (၂၂)မြေညီ ၊ လိုင်စင်ရုံး
ဘတ်(စ်)ကားမှတ်တိုင်အနီး ၊ ငမိုလ်ရိပ် (၁၀)လမ်း ၊ သံသုမာလမ်းမကြီး ၊သင်္ဃန်းကျွန်းမြို့နယ် ၊ ရန်ကုန်မြို့။