ဘုန်းမြတ် ငွေလွှဲ-ငွေထုတ် ဝန်ဆောင်မှု

  • Home
  • Myanmar
  • Magway
  • ဘုန်းမြတ် ငွေလွှဲ-ငွေထုတ် ဝန်ဆောင်မှု

ဘုန်းမြတ် ငွေလွှဲ-ငွေထုတ် ဝန်ဆောင်မှု ငွေလွှဲ ငွေထုတ်,ဖုန်းဘေဖြည့်, ဒေတာမိနစ်, Dia/Uc, မီတာဘေ, Wifiဘေဆောင် အစရှိသည့် ဝန်ဆောင်မှုများရရှိပါသည်
Viber = 09785391242

Shout out to my newest followers! Excited to have you onboard! MinMin Tun, Lang NuGalau
11/10/2025

Shout out to my newest followers! Excited to have you onboard! MinMin Tun, Lang NuGalau

မဂ်လာရှိသော နံနက်ခင်းလေးဖြစ်ပါစေ☺
02/10/2025

မဂ်လာရှိသော နံနက်ခင်းလေးဖြစ်ပါစေ☺

Wave ဘက်ကတော့ MMQRကျလာခဲ့ဘီ ဒီနေ့ Kpayကတော့ ​လွန်ခဲ့တဲ့ 2လလောက်ကတည်းက ရခဲ့ပြီးခဲ့ဘီ  #ဘုန်းမြတ်
22/09/2025

Wave ဘက်ကတော့ MMQRကျလာခဲ့ဘီ ဒီနေ့
Kpayကတော့ ​လွန်ခဲ့တဲ့ 2လလောက်ကတည်းက ရခဲ့ပြီးခဲ့ဘီ
#ဘုန်းမြတ်

  ကြော်ငြာတွေရောက်ဘီ အပြည့်အစုံတော့မပါသေးဘူး #ဘုန်းမြတ်
22/09/2025

ကြော်ငြာတွေရောက်ဘီ အပြည့်အစုံတော့မပါသေးဘူး
#ဘုန်းမြတ်

ဖုန်းဘေအစုံကို Applicationတစ်ခုထဲဖြင့် ပြန်ဘဲရောင်းချင်လိုဘဲဖြစ်စေ ကိုယ်တိုင်စျေးချိူချိုနဲ့အသုံးပြုချင်လို့ဘဲဖြစ်စေ👨‍💻ဖ...
20/09/2025

ဖုန်းဘေအစုံကို Applicationတစ်ခုထဲဖြင့် ပြန်ဘဲရောင်းချင်လိုဘဲဖြစ်စေ ကိုယ်တိုင်စျေးချိူချိုနဲ့အသုံးပြုချင်လို့ဘဲဖြစ်စေ👨‍💻

ဖုန်းဘေ 1000ကို 965ksဖြင့် ဝယ်ယူလို့ရတယ်ဆိုရင် မိတ်ဆွေတို့ဖြင့် သိပြီးပြီလား👨‍💻

မိမိက တနိင်တပိုင်လုတ်ငန်းလေးစလုတ်ချင်လို့ဘဲ ဖြစ်ဖြစ်
မိမိကုန်စုံဆိုင်လေးဖွင့်ထားပြီး မိမိဆိုင်မှာပြန်ရောင်းဖို့ဘဲဖြစ်ဖြစ်

ဖုန်းလေးတစ်လုံးရှိရုံနဲ့ internet နဲ့ Wifi ရတဲ့ မည်သည် ဒေသတွင်မဆို
လွယ်လွယ်ကူကူ အချိန်ကုန်သက်စွာဖြင့် ရောင်းချနိင်မှာဘဲဖြစ်ပါတယ်

မိမိကအခုမှစပြီးလုတ်ချင်တယ် ဘယ်ကဘယ်လိုစပြီးလုတ်ရမလဲ မသိသူတွေအတွက်လဲ ဘာမှစိတ်ပူမရာမလိုပါဘူးနော်

ကျနော်တို့ ဘုန်းမြတ် Pageက အခုမှလုတ်ငန်းစလုတ်သူများအတွက် accဖွင့်နည်း ငွေသွင်းနည်းနဲ့ အသုံးပြုနည်းတို့ကို သေသေချာချာ ရှင်းပြပေးသွားမှာဘဲဖြစ်ပါတယ်

ကဲ့အဲ့ဆို အရင်းအနှီးဘယ်လောက်ကစလိုမယ်လို့မိတ်ဆွေတို့ထင်ပါသလဲ.... ဟုပါတယ်
အရင်းကလဲ 10000ksနဲ့ စတင်လို့ဘဲရမှာဘဲဖြစ်ပါတယ်

မိမိ accထဲ ငွေ10000ksရှိရုံနဲ့ ဖုန်းဘေအပြင် တခြားသော ဒေတာ မိနစ်နဲ့ Mobile Legends Diamond တွေပါ စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူရောင်းချနိင်မှာဘဲဖြစ်ပါတယ်ခင်ဗျာ

မိတ်ဆွေတို့အနေဖြင့် ဖုန်းဖြင့်သော်လည်းကောင်း Viber နှင့် Page Messenger တို့တွင်လည်းကောင်း လာရောက်ဆက်သွယ်နိင်ပါသည်ခင်ဗျာ

Viber - 09785391242
Telegram

အူရီဒူးကို  U9 အဖြစ် အမည် ပြောင်းလဲစက်တင်ဘာ ၁၂ - ၂၀၂၅မြန်မာနိုင်ငံရဲ့ မိုဘိုင်းအော်ပရေတာ တခုဖြစ်တဲ့ အူရီဒူးမြန်မာနဲ့ ပတ်...
20/09/2025

အူရီဒူးကို U9 အဖြစ် အမည် ပြောင်းလဲ

စက်တင်ဘာ ၁၂ - ၂၀၂၅
မြန်မာနိုင်ငံရဲ့ မိုဘိုင်းအော်ပရေတာ တခုဖြစ်တဲ့ အူရီဒူးမြန်မာနဲ့ ပတ်သက်လို့ ပိုင်ရှင်အပြောင်းအလဲ ဖြစ်ပေါ်တဲ့ သတင်းတွေ ထွက်ပေါ်မှုအပြီး တနှစ်‌ကျော် အကြာမှာတော့ အူရီဒူးမြန်မာမှ “U9” အမည်ကို တရား၀င် ပြောင်းလဲလိုက်ပြီ ဖြစ်တယ်လို့ အဆိုပါ ဆက်သွယ်ရေး ကုမ္ပဏီမှ သတင်း ထုတ်ပြန်လာပါတယ်။

လာမယ့် စက်တင်ဘာ ၂၀ ရက်နေ့မှ စတင်ကာ U9 အမည်သစ်ကို တရားဝင် ကူးပြောင်းမှာဖြစ်တယ်လို့ သိရပြီး လက်ရှိ ဖုန်းနံပါတ်တွေနဲ့ SIM ကတ်တွေကတော့ တစ်စုံတရာ ပြောင်းလဲမှု ရှိမှာမဟုတ်ဘူးလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါနဲ့ ပတ်သက်လို့ U9 ရဲ့ အမှုဆောင်အရာရှိချုပ် (CEO) ဒေါ်ကာရိုလိုင်း ယဉ်ယဉ်ဌေးက “အခုလို အသွင်အသစ် ပြောင်းလဲမှုဟာ ကျွန်မတို့ ကုမ္ပဏီအတွက်သာမက ဆက်သွယ်ရေး နယ်ပယ်အတွက်ပါ အရေးပါတဲ့ မှတ်တိုင်တခု ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ အမည် ပြောင်းလဲသွားပေမယ့် သုံးစွဲသူတွေအနေနဲ့ ယုံကြည် စိတ်ချရတဲ့ ဝန်ဆောင်မှုတွေကို ဆက်လက် ရရှိနေမှာဖြစ်သလို ပိုပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ အတွေ့အကြုံသစ်တွေကိုလည်း မကြာခင်မှာ ရရှိလာမှာဖြစ်ပါတယ်” လို့ ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။

လက်ရှိ အသုံးပြုနေတဲ့ အစီအစဉ်တွေ၊ လက်ကျန်ငွေတွေနဲ့ ဝယ်ယူထားတဲ့ ဝန်ဆောင်မှု အစီအစဉ်တွေဟာလည်း ပုံမှန်အတိုင်း ဆက်လက် အလုပ်လုပ်နေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် သုံးစွဲသူတွေအနေနဲ့ လက်ရှိ ဝန်ဆောင်မှုတွေ ဆက်လက် ရရှိဖို့အတွက် မည်သည့် ဆောင်ရွက်မှုမျိုးကိုမျှ ပြုလုပ်ဖို့ မလိုသလို သုံးစွဲသူ ဝန်ဆောင်မှုစင်တာ ဖုန်းနံပါတ်တွေနဲ့ ဆိုင်လိပ်စာတွေ အားလုံးလည်း အရင်အတိုင်းသာ ဆက်လက် ရှိနေမှာဖြစ်တယ်လို့ သိရပါတယ်။

လာမယ့် စက်တင်ဘာ ၂၀ ရက်နေ့မှ စတင်ကာ သုံးစွဲသူတွေ အနေနဲ့ U9 အက်ပလီကေးရှင်း အသစ်ကို Apple App Store နဲ့ Google Play တို့မှာ ရယူနိုင်မှာ ဖြစ်ပြီး အူရီဒူးမြန်မာ App အသုံးပြုစဉ်က အကောင့် အချက်အလက်တွေအတိုင်း ပြန်လည် အသုံးပြုကာ ဝင်ရောက်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါအပြင် U9 မိတ်ဆက်ပွဲကို ဂုဏ်ပြုသောအားဖြင့် စက်တင်ဘာ ၂၀ ရက်နေ့မှ စတင်ကာ သုံးစွဲသူတွေအနေနဲ့ 9999 ကို “Hello U9” လို့ စာတို ပေးပို့ပါက 9GB အထိ အခမဲ့ဒေတာ ရရှိနိုင်မယ့် အခွင့်အရေးကိုပါ စီစဉ်ပေးထားတယ်လို့ သိရပါတယ်။

အူရီဒူးနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လက ထွက်ပေါ်ခဲ့တဲ့ သတင်းတွေမှာ အမည်ပြောင်းပြီး ပိုင်ရှင်သစ်ထံ မကြာမီ လွှဲပြောင်းပေးတော့မှာ ဖြစ်သလို အပြောင်းအလဲ ကာလအတွင်း ဝန်ထမ်းအင်အား လျှော့ချနေတယ်ဆိုတဲ့ သတင်းတွေလည်း ပျံ့နှံ့ခဲ့တာ ဖြစ်ပါတယ်။

အူရီဒူးမြန်မာ ဆက်သွယ်ရေး ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ ၂၀၁၄ ခုနှစ်မှ စတင်ကာ ဝန်ဆောင်မှု ပေးခဲ့ခြင်းဖြစ်ပြီး မူလက ကာတာနိုင်ငံ အခြေစိုက် အူရီဒူးကုမ္ပဏီက ပိုင်ဆိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ အူရီဒူးမြန်မာ အမည်မှ U9 အမည်ကို ပြောင်းလဲသွားဖို့ စီစဉ်ထားပေမယ့် မည်သူက ပိုင်ဆိုင်တယ် ဆိုတာကိုတော့ ကုမ္ပဏီဘက်က ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

အခု ၂၀၂၅ ခုနှစ်၊ ဇွန်လကုန်အထိ အူရီဒူးမြန်မာအနေနဲ့ မိုဘိုင်းချိတ်ဆက်မှုပေါင်း ၈ ဒသမ ၅ သန်းကျော် ရှိတယ်လို့ သိရပါတယ်။

Credit

Address

Magway

Telephone

+959785391242

Website

Alerts

Be the first to know and let us send you an email when ဘုန်းမြတ် ငွေလွှဲ-ငွေထုတ် ဝန်ဆောင်မှု posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share