02/11/2022
💥နယူးယောက်မြို့ရဲ့ လမ်းတွေပေါ်မှာ လျှောက်သွားနေတဲ့ အိမ်ခြေရာမဲ့ ကောင်လေးတစ်ယောက်ဟာ နောက်တော့ ကမ္ဘာ့ boxing ဘုရင်ကြီး
မိုက်တိုင်စန် ဖြစ်လာတယ် ။
💥တရုတ်ပြည်က ဆင်းရဲသားရပ်ကွက်မှာမွေးတဲ့ ပေတီပေစုပ် ကောင်လေးတစ်ယောက်ဟာ နောက်တော့ အလီဘာဘာ ကုမ္မဏီပိုင်ရှင် အာရှရဲ့ သူဌေးကြီး ဂျက်မား ဖြစ်လာတယ်။
💥ဘောလုံးအသင်းတစ်ခုမှာ စီနီယာကစားသမားတွေရဲ့ဖိနပ်ကို တိုက်ပေးရတဲ့ကောင်လေးတစ်ယောက်ဟာ နောက်တော့ တစ်ကမ္ဘာလုံးသိတဲ့ အဆိုတော်ကြီး Rod stewart ဖြစ်လာတယ်။
💥စားစရာမရှိလို့ သူသိပ်ချစ်ရတဲ့ သူ့ခွေးလေးကို ဒေါ်လာ 50နဲ့ ရောင်းစားခဲ့ရတဲ့လူတစ်ယောက်ဟာ နောက်တော့ ဟောလီဝုဒ်စတား မင်းသားကြီး ရမ်ဘို ဖြစ်လာတယ်။
💥ဘောကန်ဖိနပ်တောင် မဝယ်နိုင်လို့ ခြေဗလာနဲ့ jungle style football ကစားခဲ့ရတဲ့ ဘရာဇီးက လူမည်းကောင်လေးတစ်ယောက်ဟာ နောက်တော့ ကမ္ဘာကျော်ဘောလုံးသမားကြီး ပီလီ ဖြစ်လာတယ်။
💥Wheel chair ပေါ်မှာပဲ နေခဲ့ရတဲ့ မသန်စွမ်း ဒုက္ခိတတစ်ယောက်ဟာ နောက်တော့ universe ထဲက black hole တွေအကြောင်းကို ရှာဖွေဖော်ထုတ်နိုင်ခဲ့တဲ့ ကမ္ဘာကျော်သိပ္ပံပညာရှင်ကြီး စတီဗင်ဟော့ကင်း ဖြစ်လာတယ်။
💥အတန်းထဲမှာ စာအညံ့ဆုံးကျောင်းသားလို့ သတ်မှတ်ခံခဲ့ရတဲ့ကောင်လေးတစ်ယောက်ဟာ နောက်တော့ ကမ္ဘာမြေကြီးရဲ့ ဆွဲငင်အား Gravity ကို ပထမဆုံး တွေ့ရှိခဲ့တဲ့ သိပ္ပံပညာရှင်ကြီး အိုင်ဆက်နယူတန် ဖြစ်လာတယ် ။
💥ဆင်းရဲသား လက်သမားတစ်ယောက်ရဲ့သား/ ရေနံဆီမီးအိမ်နဲ့ စာကျက်ခဲ့ရတဲ့ကောင်လေးတစ်ယောက်ဟာ နောက်တော့ အမေရိကန်နိုင်ငံရဲ့ ၁၆ ယောက်မြောက် သမ္မတကြီး အေဗရာဟမ်လင်ကွန်း ဖြစ်လာတယ် ။
အဲ့တော့ ခင်ဗျားတို့ ကျွန်တော်တို့လည်း ဘာမှ အားငယ် စရာ မလိုပါဘူးလေ နော့.......🤣😁
တစ်နေ့နေ့မှာ
တစ်ခုခုတော့ ဖြစ်မှာပေါ့။👍😁
ကြိုးစားမှု နဲ့ ကံတရား လေးပါ ပေါင်းစုံမိရင်