မောင်ဝင်းသူရ - နည်းပညာ

မောင်ဝင်းသူရ - နည်းပညာ ကျွန်တော့်ဆိုဒ်ကိုလာလာသူအားလုံးကျ?

♪ အကြမ်းဒဏ်ခံနိုင်သည့် iPhone 6 Sapphire display ဗီဒီယိုများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာ ♫ ၄.၇ လက်မ iPhone 6 တွင် အသုံး...
20/04/2015

♪ အကြမ်းဒဏ်ခံနိုင်သည့် iPhone 6 Sapphire display ဗီဒီယိုများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာ ♫

၎.၇ လက်မ iPhone 6 တွင် အသုံးပြုမည့် အကြမ်းဒဏ်ခံနိုင်သော
sapphire display နှင့် ပတ်သက်သည့်ဗီဒီယိုများသည် အင်တာနက်
ပေါ်တွင် ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့သည်။၎.၇ လက်မ
sapphire crystal display cover အကြောင်းကို ဆန်နီဒစ်ခ်ဆန်
ဆိုသူက ဗီဒီယိုတစ်ခုဖြင့်ပထမဦးဆုံး ဖော်ပြခဲ့သလို
မားကက်စ်ဘရောင်လီဆိုသူကလည်း sapphire display ၏ အကြမ်း
ဒဏ်ခံနိုင်ပုံကိုYouTube တွင်ဖော်ပြခဲ့သည်။

ဘရောင်လီ၏ ဗီဒီယိုတွင် sapphire display ကို ဓားဖြင့် အကြိမ်ပေါင်း
များစွာ စမ်းသပ်ခဲ့သော်လည်း ခြစ်ရာများမထင်ကျန်ခဲ့သလို ပျက်စီးမှု
လည်း မဖြစ်ပေါ်ခဲ့ပေ။ ထို့အပြင် ၎င်းသည် display ကို ခေါက်ချိုးရန်
ကြိုးပမ်းခဲ့သော်လည်းမိမိ၏ အားဖြင့် display ကို လုံးဝမချိုးနိုင်ကြောင်း
ပြောကြားခဲ့သည်။

အဆိုပါ ဗီဒီယိုဖော်ပြချက်များကြောင့် Apple အနေဖြင့် ၄.၇ လက်မ
iPhone 6 တွင် sapphire display ကို ပထမဦးဆုံးအသုံးပြုနိုင်ဖွယ်
ရှိကြောင်း လေ့လာဆန်းစစ်သူများ၏ ခန့်မှန်းချက် ပိုမိုအားကောင်း
လာခဲ့သည်။ Apple သည် လက်ရှိတွင်iPhone 5S home button
နှင့် ကင်မရာ မှန်ဘီလူးတွင်သာ sapphire ကို အသုံးပြုထားသည်။

ထို့အပြင် အခြားသော ကောလာဟလ သတင်းများကလည်း Apple
အနေဖြင့် တန်ဖိုးကြီးမြင့်သည့် ၅.၅ လက်မ iPhone 6တွင်သာ
sapphire display ကို အသုံးပြုဖွယ်ရှိကြောင်း ဖော်ပြခဲ့ကြသည်။

♪ Pattern Lockကျနေသူများအတွက်အလွယ်ဆုံးပြန်ဖြည်နည်း ♫ အခုတင်ပေးမှာတော့ကိုကိုမမတွေpatternlockပြန်ဖြည်နည်းလေးပါဗျာpatternlo...
20/04/2015

♪ Pattern Lockကျနေသူများအတွက်အလွယ်ဆုံးပြန်ဖြည်နည်း ♫

အခုတင်ပေးမှာတော့ကိုကိုမမတွေpatternlockပြန်ဖြည်နည်းလေးပါဗျာ
patternlockမေ့နေတဲ့သူငယ်ချင်းများအတွက်ပါဒီနည်းလမ်းလေးက
တော့ဖုန်းထဲကဒေတာတွေမပျက်ပါဘူးဗျာလိုအပ်ချက်တော့ရှိတယ်ဗျာ
root တော့ဖောက်ထားရမယ်နောက်တစ်ခုက USB debugging on
မိခဲ့ဖို့ပါ။အဲဒီအချက်ကတော့အရေးအကြီးဆုံးပါပဲ။အဲဒီအချက်ကိုဖုန်းမှာ
လုပ်ထားမိတယ်ဆိုရင်တော့ဖုန်းကိုကွန်ပျူတာနဲ့ချိတ်လိုက်ပါ။
Download လုပ်လို့ရလာတဲ့ ဖိုင်လေးကိုဖြည်ပြီးတော့အထဲက
romove patternဆိုတဲ့bat ဖိုင်လေးကို runလိုက်ပါ press any key to
continueဆိုတာပေါ်လာရင်တော့enterတစ်ချက်နှိပ်လိုက်ပါ။ဒါဆိုရင်တော့
Pattern lockကိုဆွဲချင်သလိုဆွဲလို့ရပါပြီ။လိုချင်ရင်တော့ဒီမှာဒေါင်းပါနော်

http://www.solidfiles.com/d/43e756f243/Remove_Pattern.zip_By_www.winthura1.com

♪ Facebook အကြောင်းသိကောင်းစရာ ♫1. 2004 ခုနှစ်ကစတင်ခဲ့သည့် Facebook သည် မူလက ကျောင်းပြီးသွားသောဟားဗတ်တက္ကသိုလ်ကျောင်းသားမ...
20/04/2015

♪ Facebook အကြောင်းသိကောင်းစရာ ♫

1. 2004 ခုနှစ်ကစတင်ခဲ့သည့် Facebook သည် မူလက
ကျောင်းပြီးသွားသောဟားဗတ်တက္ကသိုလ်ကျောင်းသားများ
ရဲ့မှတ်တမ်းစာအုပ်အဖြစ် ဖန်တီးခဲ့ခြင်းဖြစ်ပြီး ကျောင်းအပြီး
တွင် ကျောင်းသားအချင်းချင်း ဆက်သွယ်နိုင်ရန် အဓိက
ရည်ရွယ်ခဲ့သည်။သို့ရာတွင် ကျန်တက္ကသိုလ်များသို့ လျင်လျင်
မြန်မြန် ပျံ့နှံ့သွားခဲ့ပြီး နောက်ပိုင်းတွင် အထက်တန်းကျောင်း
များအထိ ပျံ့နှံ့လာခဲ့သည်။ယင်းမှတဆင့် လူမှအသိုင်းအ၀ိုင်းတွင်
Facebook သည် ရုရှား၊ ဂျပန်၊ တရုတ်တို့မှလွဲပြီး ကျန်ကမ္ဘာနိုင်ငံ
တိုင်း လူအများဆုံးလူမှုဆက်ဆံရေး website ဖြစ်လာခဲ့သည်။

2. Facebook သုံးစွဲသူအရေအတွက်မှာ ဇူလိုင်လ 21 ရက်နေ့တွင်
သန်း 500 ပြည့်ခဲ့ပြီး ဖြစ်သည်။ ယင်းမှာ ကမ္ဘာပေါ်ရှိ လူ 14 ဦး
လျှင် တစ်ဦးနှုန်း သုံးစွဲနေခြင်းဖြစ်သည်။ (ဒီနေရာမှာ ကျွန်တော်
ကိုဖိုးတရုတ် အနေနဲ့ ထပ်မံ ဖြည့်စွက်ချင်တာ တစ်ခုကတော့
၂၀၁၁ခုနှစ် ဇူလိုင်လမှာ Facebook သုံးစွဲသူ သန်း ၇၅၀ ရှိပြီ
ဖြစ်ကြောင်း Wikipedia မှ တရားဝင် ဖော်ပြထားပါတယ်။)

3. Facebook သည် နိုင်ငံတစ်ခုဖြစ်မည်ဆိုပါက တရုတ်နှင့်
အိန္ဒိယပြီးလျှင် လူဦးရေ အများဆုံးနိုင်ငံ ဖြစ်လာမည် ဖြစ်သည်။
လူမျိုးစုံတည်ရှိမှုနှင့် တွက်မည်ဆိုလျှင်မူ ပင်လယ်ဓားပြ အင်္ဂလိပ်
စကား အပါအ၀င် ဘာသာစကားအမျိုးပေါင်း 60မျှသုံးနိုင်သော
facebook သည်ဘာသာလူမျိုးအစုံလင်ဆုံးနိုင်ငံဖြစ်သည်။

4. ကမ္ဘာပေါ်တွင် ကွန်ပျူတာအလုံးရေမှာ သန်း 1000 ကျော်ရှိရာ
Facebook သုံးစွဲသူအရေအတွက်ထက် အသာရနေသည်။သို့ရာတွင်
မိုဘိုင်းဖုန်းကဲ့သို့သော အခြားကွန်ပျူတာမဟုတ်သည့် နည်းပညာ
ပစ္စည်များဖြင့် အင်တာနက်သုံးစွဲခြင်းများလာခြင်းနှင့် အတူ
ကွန်ပျူတာအလုံးရေထက် Facebook သုံးစွဲသူအရေအတွက်က
ပိုမိုများလာနိုင်သည်ဟုလည်း ခန့်မှန်းနိုင်သည်။

5. အသက်26နှစ်သာ ရှိသေးသော Facebook တည်ထောင်သူနှင့်
ceo ဖြစ်သူဟားဗတ်ကျောင်းသားဟောင်း ဇူကာဘာ့ဂ်ျသည်
Facebook ပိုင်ဆိုင်မှုနှင့် ပတ်သတ်ပြီး တရားရင်ဆိုင်နေရသည်။
2008 ခုနှစ်ကတည်းက ယခုwebsite တည်ထောင်သည့် အိုင်ဒီယာ
ခိုးယူခံရမှုဖြင့်လူတစ်ဦးက နစ်နာကြေး အမေရိကန်ဒေါ်လာ
65 သန်း တောင်းဆိုထားသကဲ့သို့ website ရဲ့ 84% ကို ပိုင်ဆိုင်
သည်ဟုဆိုကာ Website Designer တစ်ဦးကလည်း တရားစွဲဆို
ထားသည်။

မှတ်ချက်။ ။ တရားရင်ဆိုင်ခံရမှု နောက်ဆက်တွဲ သတင်း အခြေအနေ
အား ဆက်လက် စုံစမ်းနေပါတယ်။ နောက်ဆုံး အခြေအနေ သိရှိ
နားလည်သူများ Comment များ ပေးသွားခြင်းဖြင့် ရှယ်သွားပေးစေ
လိုပါတယ်။ တခြား Facebook နဲ့ ပတ်သက်ပြီး သိကောင်းစရာများ
ရှိမယ်ဆိုရင်လည်း Comment များပေးကာ ရှယ်ပေးစေလိုပါတယ်။

Facebook ကို လျှင်လျှင်မြန်မြန်နဲ့ လွယ်လွယ်လေးပဲ သုံးရအောင်။
(Facebook Shortcut Keys)ယနေ့ ကမ္ဘာတစ်ဝှမ်းလုံးမှာ လူသုံးအများ
ဆုံး ဖြစ်လာတဲ့ Facebook အတွက် အချိန်တို အတွင်းမှာ လွယ်လွယ်
ကူကူနဲ လျှင်လျှင်မြန်မြန်အသုံးပြုနိုင်ရန် shortcut key လေးတွေကို
မျှဝေပေးလိုက်ရပါတယ်။ တစ်နေ့တစ်နေ့ ... Facebook မသုံးရမနေ
နိုင်တဲ့ သူတွေအတွက်ဒီ shortcut key လေးတွေက အများကြီးအ
ထောက်အကူဖြစ်စေပါလိမ့်မယ် ။

သူ့ ရဲ့ ကီးတွေက အသုံးပြုတဲ့ browser ပေါ်မှာ မူတည်ပြီး ကွဲသွား
တာပါ။ သုံးရတာ တော်တော်လေးကို အဆင်ပြေပါတယ် ။ အချိန်ကို
တော်တော်လေး save ဖြစ်စေပါတယ်။ တစ်ခုနဲ့ တစ်ခု တစ်နေရာနဲ့
တစ်နေရာ သွားရတဲ့ နေရာမှာ အရမ်းကို လျှင်မြန်လွယ်ကူသွားပါတယ်

သူ့ မှာအသုံးပြုရတဲ့ number key တွေက num lock နဲ့ဆို မရပါဘူး။
Keyboard အပေါ်ဘက်က num key တွေနဲ့ပဲသုံးလို့ရပါတယ်။
ကျွန်တော် စစ သုံးကြည့်တုန်းကတော့ တော်တော်တိုင်ပတ်သွား
ပါတယ်။ ဒီဟာက တော်တော်လေးကို အရေးကြီးပါတယ် ။ တော်ကြာ
နှိပ်သာ နှိပ်နေရတာ ရလည်း မရဘူးဆိုပြီး ကျွန်တော့်လို ဖြစ်ကုန်ကြ
ပါလိမ့်မယ်။ (laptop နဲ့သုံးတဲ့သူတွေကတော့ အခက်အခဲမဖြစ်နိုင်ဘူး
ပေါ့။)အဲ့ဒါဆို shortcut လေးတွေကို စမ်းသုံးကြည့်ကြပါဦး ခင်ဗျာ။

1. Shortcuts For Firefox (Use Alt + Shift + ....)

* Alt+ Shift+ 1-Go to Homepage

* Alt+ Shift+ 2-Go to Profile Page

* Alt+ Shift+ 3-Friend Requests

* Alt+ Shift+ 4-Open Messages

* Alt+ Shift+ 5-Notifications

* Alt+ Shift+ 6-My Account Page

* Alt+ Shift+ 7-Choose Your Privacy Settings

* Alt+ Shift+ 8-Facebook’s page

* Alt+ Shift+ 9-Facebook Terms & Conditions

* Alt+ Shift+ 0-Facebook Help Center

* Alt+ Shift+ ?-Search

* Alt+ Shift+ M-Compose New Message

2. Shortcuts For Chrome , Opera , Safari ( Use Alt + ...)

* Alt+?-Search

* Alt+ M-Compose New Message

* Alt+1-Go to Homepage

* Alt+2-Go to Profile Page

* Alt+ 3-Friend Requests

* Alt+ 4-Open Messages

* Alt+ 5-Notifications

* Alt+ 6-My Account Page

* Alt+ 7-Choose Your Privacy Settings

* Alt+ 8-Facebook’s page

* Alt+ 9-Facebook Terms & Conditions

* Alt+ 0-Facebook Help Center

3 . Shortcuts For Internet Explorer (Use Alt + ...)

* Alt+ ?+ Enter-Search

* Alt+ 1+ Enter-Go to Homepage

* Alt+ 2+ Enter-Go to Profile Page

* Alt+ 3+ Enter-Friend Requests

* Alt+ 4+ Enter-Open Messages

* Alt+ 5+ Enter-Notifications

* Alt+ 8+ Enter-Facebook’s page

* Alt+ 9+ Enter-Facebook Terms & Conditions

* Alt+ 0+ Enter-Facebook Help Center

4. Facebook for BlackBerry devices shortcuts

In a notification:

To view the next notification in the list, press N.

To view the previous notification in the list, press P.

In the notification list

To view status updates, press S.

To view your friend list, press F.

To send a friend request, press V.

To write on a friend’s Wall, press W.

To send a message to a friend, press M.

To send a poke to a friend, press P.

To upload a picture, press U

5.Shortcuts for Firefox(Mac)

* Function+ Ctrl+ ?-Search

* Function+ Ctrl+ M-Compose New Message

* Function+ Ctrl+ 1-Go to Homepage

* Function+ Ctrl+ 2-Go to Profile Page

* Function+ Ctrl+ 3-Friend Requests

* Function+ Ctrl+ 4-Open Messages

* Function+ Ctrl+ 5-Notifications

* Function+ Ctrl+ 6-My Account Page

* Function+ Ctrl+ 7-Choose Your Privacy Settings

* Function+ Ctrl+ 8-Facebook’s page

* Function+ Ctrl+ 9-Facebook Terms & Conditions

* Function+ Ctrl+ 0-Facebook Help Center

6. Shortcuts for All Other Browsers (Mac)

* Ctrl+ Option+ ?-Search

* Ctrl+ Option+ M-Compose New Message

* Ctrl+ Option+ 1-Go to Homepage

* Ctrl+ Option+ 2-Go to Profile Page

* Ctrl+ Option+ 3-Friend Requests

* Ctrl+ Option+ 4-Open Messages

* Ctrl+ Option+ 5-Notifications

* Ctrl+ Option+ 6-My Account Page

* Ctrl+ Option+ 7-Choose Your Privacy Settings

* Ctrl+ Option+ 8-Facebook’s page

* Ctrl+ Option+ 9-Facebook Terms & Conditions

* Ctrl+ Option+ 0-Facebook Help Center

Facebook ကို G-Mail ထဲက ၀င်သုံးကြမယ်

(၁) မိမိရဲ့ G-mail ကိုဖွင့်ပြီး Setting ကိုနှိပ်ပါ။ ပွင့်လာပြီဆိုရင်
Lab ကိုနှိပ်ပါ။

(၂) Lab ပွင့်လာပြီးတဲ့နောက်မှာ Add any gadget by URL
ဆိုတာလေးကို Enable ပေးထားပါ။ save change တစ်ခါလုပ်ပါ

(၃) နောက်တစ်ဆင့် ...setting ထဲသွားပြီး Gadget ကိုနှိပ်ပါ။

(၄) Add ဆိုတဲ့ Box လေးကျလာပြီဆိုရင် အောက်မှာပေးထားတဲ့
Link ကိုကူးထည့်ပြီး Add နှိပ်ပါ။

(၅) http://hosting.gmodules.com/ig/gadgets/file/1049714
04861070329537/facebook.xml အဲဒါတွေပြီးသွားရင်တော့
ကျနော်တို့ရဲ့G-mail ကို Reload ပြန်ပေးလိုက်ပါ (သို့) Keyboard
ပေါ်က F5 ကီးကိုနှိပ်ပေးလိုက်ပါ။ အဲဒီအခါမှာ ကျနော်တို့ရဲ့ G-mail
Inbox ထဲကဘယ်ဘက်အောက်နားလေးမှာ face book Logo
လေးတွေ့နေရပါပြီ။

(၆) အဲဒီလိုဂိုလေးကိုနှိပ်လိုက်ရင် face book login in လေးကို
ကလစ်ပေးပြီး အကောင့်ဖြည့်ပြီးဝင်လိုက်ပါ...

(၇) Box လေးတစ်ခုကျလာပါလိမ့်မယ်။ Allow ကိုနှိပ်ပေးလိုက်ပါ။

ဒါဆိုရင်တော့ Face book ထဲကို Log-in ၀င်လို့ရပါပြီ။

♪ အသိပညာပေး ဆွေးနွေးပွဲ တစ်ရပ်ကို Facebook , Google တို့နှင့်ပူးပေါင်း ပြုလုပ်နိုင်ရန် အစိုးရစီစဉ်လျက်ရှိ ♫မြန်မာနိုင်ငံ...
20/04/2015

♪ အသိပညာပေး ဆွေးနွေးပွဲ တစ်ရပ်ကို Facebook , Google တို့နှင့်ပူးပေါင်း ပြုလုပ်နိုင်ရန် အစိုးရစီစဉ်လျက်ရှိ ♫

မြန်မာနိုင်ငံတွင် အင်တာနက်ပေါ်ရှိ လူမှုကွန်ရက် စာမျက်နှာများ
သုံးစွဲခြင်းနှင့် ပတ်သက်ပြီးအသုံးပြုသူများကို အသိပညာများပေး
ရန်အတွက်Facebook နှင့် Google ကဲ့သို့သောနည်းပညာ ကုမ္ပဏီ
ကြီးများမှ တာဝန်ရှိသူ များနှင့် ပြည်တွင်းနည်းပညာနယ်ပယ်မှ
ပညာရှင်များ၊အသုံးပြုသူများ ပါဝင်သည့် တွေ့ဆုံဆွေးနွေးပွဲ တစ်ခု
ကိုပြုလုပ်နိုင်ရန်အတွက် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်
နည်းပညာဝန်ကြီးဌာနမှကူညီဆောင် ရွက်ပေးသွားရန် အစီအစဉ်ရှိ
ကြောင်း သတင်းရရှိသည်။

လူမှုကွန်ယက် စာမျက်နှာများပေါ်မှတဆင့် ပဋိပက္ခများ ဖြစ်ပွားနေ
ခြင်းမျာကို လျော့ပါးစေရန်အတွက် ပြုလုပ် မည့် အဆိုပါဆွေးနွေးပွဲကို
ယခုလတတိယပတ်အတွင်း အကောင်အထည်ဖော်နိုင်ရန် အထက်ပါ
ဝန်ကြီး ဌာနက ညှိနှိုင်းကြိုးပမ်းနေကြောင်း သိရသည်။ ရည်ရွယ်ချက်မှာ
လူမှုကွန်ရက်စာမျက်နှာများကို အသုံးပြုရာ တွင် ဒေသတွင်း ပဋိပက္ခ
ဖြစ်ပွားစေနိုင်မည့် ရေးသားချက်များကို နားလည်နိုင်ရန်နှင့် လက်ရှိဖြစ်
ပေါ်နေ သည့် အခြေအနေများကို လျော့ပါးစေရန်အတွက်ဖြစ်ကြောင်း
သိရသည်။

ထို့အပြင် Facebook နှင့် Google မှ တာဝန်ရှိသူများသည် လူမှုကွန်ရက်
စာမျက်နှာများပေါ်တွင် ပဋိပက္ခအခြေအနေများကို ဖန်တီးရေးသား
ခြင်းများကို နည်းပညာဆိုင်ရာ ဥပဒေကြောင်းများအရ ထိန်းချုပ်နိုင်ရန်နှင့်
စိစစ်ပေးခြင်းများကို Facebook က ကူညီပေးသွားရန်ရှိကြောင်း သိရသည်။

♪ Android ဖုန်းများသည် ကိုယ်ရေးကိုယ်တာ အချက်အလက်များအား အပြီးသတ် ဖျက်ပေးနိုင်ခြင်း မရှိဟုဆို ♫ Android တွင် default အနြေ...
20/04/2015

♪ Android ဖုန်းများသည် ကိုယ်ရေးကိုယ်တာ အချက်အလက်များအား အပြီးသတ် ဖျက်ပေးနိုင်ခြင်း မရှိဟုဆို ♫

Android တွင် default အနေဖြင့် ပါဝင်သည့် အချက်အလက် ဖျက်နိုင်သော
tool များသည် ကိုယ်ရေး ကိုယ်တာအချက်အလက်များကို ဖျက်ပေးနိုင်ခြင်း
မရှိကြောင်း လုံခြုံရေးဆော့ဖ်ဝဲ ကုမ္ပဏီ Avast ၏ လေ့လာ ဆန်းစစ်မှု တစ်ရပ်
အရသိရသည်။ Android စမတ်ဖုန်း အဟောင်းများကို ပြန်လည်ရောင်းချခြင်း
သို့မဟုတ် လှူဒါန်းခြင်းတို့ ပြုလုပ်ရာတွင်ကိုယ်ရေးကိုယ်တာ အချက်အလက်
များကို ဖျက်ပေးသည့် Android ၏ factory reset option ၏ ထိရောက်မှု မရှိ
ခြင်းအပေါ် Avast က မေးခွန်းထုတ်ခဲ့သည်။ Windows, Mac နှင့် Android
အတွက် နာမည်ကျော် လုံခြုံရေးဆော့ဖ်ဝဲများကိုထုတ်လုပ်ပေးသည့် Avast
သည် eBay မှ Android စမတ်ဖုန်း အလုံး ၂၀ ကို ဝယ်ယူခဲ့ပြီးနောက် ၎င်းဖုန်း
များတွင်အမျိုးသားများ၏ ဝတ်လစ်စလစ် selfie ဓာတ်ပုံ ၂၅၀ အပါအဝင်
ဓာတ်ပုံ ၄၀,၀၀၀ ကျော်နှင့်အတူ email နှင့်text message ၇၅၀ နှင့် ဆက်
သွယ်မှုနံပါတ် ၂၅၀ တို့ကို ရှာဖွေတွေ့ရှိခဲ့ကြောင်းဆိုသည်။ အဆိုပါ ပြသာနာ
သည်Android သုံးစွဲသူ များကစမတ်ဖုန်းပေါ်မှ ကိုယ်ရေးကိုယ်တာ အချက်
အလက်များကို factory reset ပြုလုပ်ပြီးရှင်းလင်းသော် လည်း၎င်း option
သည် application layer ကိုသာ ရှင်းလင်းပေးခြင်းကြောင့် ဖြစ်ကြောင်း Avast မိုဘိုင်းဌာနမှ ဥက္ကဋ္ဌဖြစ်သူ ဂျုဒ်မက်ခ်ကိုလ်ဂန်က ပြောကြားခဲ့သည်။ ထို့အပြင် Avast ၏ အစီရင်ခံစာ၌ ကုမ္ပဏီ၏ကိုယ်ပိုင် Android security app တွင် ပါဝင်သော deletion tool သည် ကိုယ်ရေးကိုယ်တာ အချက် အလက်များကိုဖျက်ပစ်ရာတွင် Android ၏ reset option ထက် ပိုမို ကောင်းမွန်သည့် လုပ်ဆောင် ချက်ဖြင့် ဆောင်ရွက်ပေးနိုင်ကြောင်း
ဖော်ပြခဲ့သည်။

♪ မိုဘိုင်းဖုန်းရဲ့ အန်ဒရိုက် (Android) စက်လည်ပတ်မှုစနစ် ♫ အန်းဒရိုက် (Android) ဆိုတာဟာ စမတ်ဖုန်း (Smart Phone) နှင့် သင်...
20/04/2015

♪ မိုဘိုင်းဖုန်းရဲ့ အန်ဒရိုက် (Android) စက်လည်ပတ်မှုစနစ် ♫

အန်းဒရိုက် (Android) ဆိုတာဟာ စမတ်ဖုန်း
(Smart Phone) နှင့် သင်ပုန်း (Tablet) အတွက်
လင်းနစ် (Linux) ကို အခြေခံထားတဲ့ စက်လည်ပတ်မှု
စနစ် တစ်ခုဖြစ်ကြောင်းကို မိုဘိုင်းဖုန်းကိုင်ဆောင်တဲ့
သူတိုင်း နားလည်သဘောပေါက်ကြပါတယ်။ သို့တိုင်
ဘာဖြစ်လို့ “အန်ဒရိုက်”နာမည်ပေးထားရသလဲ၊ မိုဘိုင်း
ဖုန်းဟာ ဘာစနစ်နဲ့ ဘယ်လို လုပ်ဆောင်နေတာလဲ
ဆိုတာကိုတော့ လူတိုင်း စိတ်ဝင်စားမှု နည်းပါးကြပါတယ်။
မိုဘိုင်းဟန်းစက် တစ်လုံးကို ၀ယ်တဲ့အခါ အများစုက
လှပရေးကိုသာ ဦးစားပေး ၀ယ်ယူသုံးစွဲကြပါတယ်။ ဒါပေမယ်
ဖြစ်သင့်တာက မိုဘိုင်းဟန်းစက်တစ်လုံး လှပ စွဲမက်ဖွယ်
ရုပ်အသွင်အပြင် ရှိရေးထက် စက်လည်ပတ်မှုစနစ် ကောင်းမွန်
ရေးကိုသာ ဦးစားပေး ရွေးဝယ်သင့်တာ အမှန်ပါ။ ထိုသို့စက်
လည်ပတ်မှုစနစ် ကောင်းတယ်၊ မကောင်းဘူး သိရှိနိုင်ရန်
စာရေးသူဖက်က ဗဟုသုတအနေနဲ့ တင်ပြပေးမှာပါ။ တင်ပြတဲ့
နေရာမှာ အင်ဂျင်နီယာလိုတိကျခြင်း၊ ပရိုဂရမ်သမားလို ဖုန်းပိုင်း
ဆိုင်ရာဝေါဟာရ မကြွယ်ဝခြင်းတို့ကြောင့် အကြမ်းဖျင်းမျှသာ
တင်ပြပေးနိုင်မှာပါ။ အကြမ်းဖျင်းဆိုသော်ငြား စာရေးသူကိုင်
တွယ်သုံးစွဲဖူးသမျှ ကွန်ပျူတာ၊ သင်ပုန်းနှင့် မိုဘိုင်းဖုန်းတို့ရဲ့
အတွေ့အကြုံကိုလည်း ထည့်သွင်း အခြေခံမှာပါ။

*အန်ဒရိုက် (Android) ဆိုတာ ဘာလဲ*
အန်ဒရိုက် (Android) ဆိုတာ မိုဘိုင်ဖုန်းအတွက် တီထွင်ထားတဲ့
ဆော့ပ်ဝဲလ်တစ်ခု ဖြစ်ပါတယ်။ ဒီဆော့ပ်ဝဲလ်မှာ မိုဘိုင်းဖုန်း စက်
လည်ပတ်မှု စနစ်၊ကြားခံပေါင်းစည်း ဆော့ပ်ဝဲလ်၊ အသုံးချရတဲ့
ခလုတ် (သို့မဟုတ်) တို့ထိခလုတ်တို့ ပါဝင်ရပါမယ်။ ကိရိယာ
တန်ဆာပလာရယ်၊ ယင်းကို အသုံးချရမယ့်ဆော့ပ်ဝဲလ်ရယ်ကို
အန်ဒရိုက်ပလက်ဖောင်း လမ်းကြောင်းမှာ အသုံးပြုနိုင်ဖို့ Java
Programing (ကွန်ပျူတာ နားလည်တဲ့ ဘာသာစကား) နဲ့ ရေသား
ထားပြီးအက်စ်ဒီကေ လို့ခေါ်တဲ့ Software Development Kit (SDK)
ဆီသို့ ပို့ဆောင် ထိန်းသိမ်းထားတဲ့ မိုဘိုင်ဖုန်းသုံး အပျော့ထည်
ပစ္စည်းတစ်မျိုး ဖြစ်ပါတယ်။ ဒီအပျော့ထည် ပစ္စည်းကို မိုဘိုင်းဖုန်း
လောကသုံး ဝေါဟာရအနေနဲ့ အန်ဒရိုက်လို့ ခေါ်ပါတယ်။

*အန်ဒရိုက် (Android) ရဲ့ သွင်ပြင်လက္ခဏာ*
၁။ အသုံးချ ဖရိမ်ဝေါ့က်ကို အစိတ်အပိုင်းအလိုက် အစားထိုးပြီး
ပြန်လည် အသုံးပြုနိုင်ခြင်း။
၂။ ဒါဝစ်က်-ဗာလ်ကြွယ်လို့ ခေါ်တဲ့ မမ်မိုရီအတု အစားထိုးနည်း
ကို ဆောင်ရွက်ပေးခြင်း။
၃။ ၀က်ပ်ကစ်-ဘရောက်စာကို အခြေခံပြီး ဘရောက်စာချင်း
ပေါင်းစပ်နိုင်ခြင်း။
၎။ သရီး-ဒီ (သုံးဘက်မြင်) ကို အခြေခံ တည်ဆောက်ထားသော်
လည်း တူး-ဒီ (နှစ်ဘက်မြင်) ပါဝါကိုသာ စားခြင်း။
၅။ အချက်အလက် (Data) များကို SQLite ခေါ် အသေးအမွှား
ပရိုပရမ်သိုလှောင်ရုံမှာ သိုလှောင်နိုင်ခြင်း။
၆။ မီဒီယာ (အသံ၊ ဗီဒီယို၊ ရုပ်ပုံ) ရဲ့ ဖော်မက် (Format) ကို
အသုံးများတဲ့ (MPEG4, H.264, MP3, AAC, AMR, JPG, PNG, GIF)
တို့ကို စုံလင်အောင် ထည့်ပေးထားခြင်း။
၇။ ဂျီအက်စ်အမ်-မိုဘိုင်းဖုန်း နည်းပညာကို အမှီပြုထားခြင်း။
၈။ ဘလူးတု(Bluetooth)၊ အက်ဂ်ျ (EDGE) သရီး-ဂျီနှင့်ဝိုင်ဖိုင်စနစ်
တို့ကို ထည့်သွင်းထားခြင်း။
၉။ ကင်မရာ၊ မြေပုံစနစ်၊ အိမ်မြှောင်စနစ်၊ အရှိန်ပေးစနစ်တို့ ပါဝင်ခြင်း။
၁၀။ အိုင်ဒီအီး (IDE) အပါအ၀င် ပြင်ပနဲ့ ချိတ်ဆက်နိုင်တဲ့ အပေါက်
များကို တပ်ဆင်ထားခြင်းတို့ ဖြစ်ပါသည်။

*အန်ဒရိုက် (Android) ရဲ့ သမိုင်းကြောင်း*
အန်ဒရိုက် (Android) ဆိုတာဟာ ဂူးဂဲလ်နဲ့ အခြားမိတ်ဖက်ကုမ္ပဏီတို့က
အိုပင်း-ဟန်းစက်-အလီယန်း (Open Handset Alliance) လို့ ခေါ်တဲ့
အိုအိတ်ခ်ျအေ (OHA) နာမည်နဲ့ ပူးပေါင်းလုပ်ငန်းတစ်ခုကို တည်ထောင်
ခဲ့ပြီး အန်ဒရိုက် (Android) စက်လည်ပတ်မှုစနစ် ဖွံ့ဖြိုးတိုးတက်အောင်
အဆင့်အဆင့် လုပ်ဆောင်ခဲ့ကြတာပါ။ ဒီစုပေါင်းအဖွဲ့ဟာ ၂၀၀၇-ခုနှစ်၊
နိုဝင်ဘာလ ၅-ရက်က ဖွဲ့စည်းခဲ့တာပါ။ ဂူးဂဲလ်ကပဲ ဦးဆောင်ကမကထ
လုပ်ပြီး အဖွဲ့ဝင် အင်အား ၃၄ ယောက်နဲ့ ဖွဲ့စည်းခဲ့တယ်။ တောင်ကိုရီယား
နိုင်ငံမှာ ရုံးချုပ်ထား အခြေစိုက်ပါတယ်။ ဒီအဖွဲ့ထဲမှာ ပါဝင်တဲ့ ကုမ္ပဏီများ
ကတော့ဂူးဂဲလ် (Google)၊ အိတ်ခ်ျတီစီ (HTC)၊ ဆိုနီ (Sony)၊ ဒဲလ် (Dell)၊
အင်တယ်လ် (Intel)၊ မော်တိုရိုလာ (Motorola)၊ ကွာလ်ကွမ် (Qualcomm)၊
တက္ကဆပ် (Texas)၊ ဆမ်ဆောင်း (Samsung Electronics)၊ အယ်လ်ဂျီ
(LG Electronics)၊ တီ-မိုဘိုင်း (T-Mobile)၊ စပရင့် နက်တယ်လ် (Sprint
Nextel)၊အင်(န်)ဗီဒီယာ (Nvidia) နှင့် ၀င်းရေဗာ (Wind River)တို့ ဖြစ်ကြ
ပါတယ်။၂၀၀၅ ခုနှစ်ကတည်းက ဂူးဂဲလ်ကနေ ဆော့ပ်ဝဲလ်လုပ်ငန်း တိုးတက်
ရေးအတွက်ဆိုပြီး အန်ဒရိုက် (Android) ကို ထူထောင်ခဲ့တာပါ။ ၂၀၀၇ ခုနှစ်
ကျမှ ဟဒ်ဝဲလ်၊ ဆော့ပ်ဝဲလ်နှင့် ဆက်သွယ်ရေး ကုမ္ပဏီတွေကို ဖိတ်ခေါ်ပြီး
ပူပေါင်းလုပ်ဆောင်ကြခြင်းပါ။ အန်ဒရိုက်ရဲ့ ကုဒ်ကိုတော့ ဂူးဂဲလ်ကပဲ အိုပင်း
စို့စက် (Open Sources) ပုံစံနဲ့ ဆော့ပ်ဝဲလ်လိုင်စင်ကို အခမဲ့ ဖြန့်ဖြူးခဲ့တယ်။
အန်ဒရိုက်မှာရေးသားထားတဲ့ အသုံးချဆော့ပ်ဝဲလ် ခေါ် အပ်ပ် (Apps) တွေ
များမှများ။ ဒီအသုံးချ ဆော့ပ်ဝဲလ်တွေကို မိုဘိုင်းဖုန်းမှာကော သင်ပုန်းမှာပါ
အသုံးပြုလို့ရတယ်။ဒီအပ်ပ်တွေကို သာဒ်ပါတီလို့ ခေါ်တဲ့ အွန်းလိုင်းစတိုးတွေမှာ
အခမဲ့ကော၊ ဈေးချိုချိုနဲ့ကော ဒေါင်းလုတ် ရယူနိုင်ပါတယ်။ အထူးသဖြင့်
ဂူးဂဲလ်ပလေ (Google Play)စတိုးမှာပေါ့။ အန်ဒရိုက်ရဲ့ အပ်ပ်တွေ ဘယ်လောက်
များသလဲဆိုရင် ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလမှာ အမျိုးအစားပေါင်း ၅-သိန်း
အထိ တီထွင်ထုတ်လုပ်နိုင်ခဲ့တယ်။
အန်ဒရိုက် စက်လည်ပတ်မှုစနစ်သုံး မိုဘိုင်ဖုန်းကော သင်ပုန်းမှာပါ အပ်ပ်တွေကို
ဒေါင်းလုတ်ရယူခဲ့တဲ့ အရေအတွက်ဟာ ၂၀၁၁ ဒီဇင်ဘာလ စာရင်းအရ
သန်းပေါင်းတစ်သောင်း (၁၀-ဘီလျံ) တောင် ရှိတယ်ဆိုပဲ။အိုအိစ်ခ်ျအေအဖွဲ့ဟာ
အေအိုအက်စ်ပီလို့ အတိုကောက် ခေါ်ဆိုတဲ့ အန်ဒရိုက်-အိုပင်းဆို့စ်-ပရိုဂျက်
(Android Open Source Porject) ကို လုပ်ဆောင်တယ်။ ဂူးဂဲလ်ကနေပဲ ဦးဆောင်
တာပါ။ အန်ဒရိုက် စက်လည်ပတ်မှုစနစ်ကို ထိန်းသိမ်းဖို့ရယ်နှင့် အမြဲတန်း
Update (ထပ်မြှင့်) နေဖို့ရယ် ရည်ရွယ်တာပါ။ သုံးစွဲသူတွေအတွက် အတွေ့အကြုံ
တဖြေးဖြေး ရင့်ကျက်လာအောင်ဆိုပြီး အပ်ပ်တွေကို မကြာမကြာ ဗားရှင်း
တိုးတိုးပြီး ခေတ်မီနေအောင် လုပ်ဆောင်ပေးထားတယ်။

အန်ဒရိုက်ရဲ့ မူလ စက်လည်ပတ်မှုစနစ် ဗားရှင်းဟာ အက်စ်စထရို (Astro) ဖြစ်တယ်။
အက်စ်စထရို (Astro)ကို ဂဏန်းနဲ့ တိုးတိုးပြီး ထုတ်လုပ်တယ်။ ပထမဦးဆုံး
အက်စ်ထရို ဗားရှင်းကိုတော့ ၁.၅ (၀မ်းပွိုင့်ဖိုက်) နဲ့ စတင်တယ်။ ဒီစနစ်မှာ ဘတ်ဂ်ျ
(Bugs) လို့ခေါ်တဲ့ ဖုန်းဆက်သွယ်မှုမအောင်မမြင်တာတွေ၊ အမှားတွေကို ဖော်ထုတ်
ပေးတဲ့ စနစ် ထည့်သွင်း အသုံးပြုထားတယ်။နောက်တော့ ဂင်ဂျာဘရိတ် ၂. ၃
(Gingerbread 2.3) ဗားရှင်းကို ထုတ်တယ်။ဒီဗားရှင်းမှာ အက်စ်အိုင်ပီ (SIP) ကို
စမ်းသုံးကြည့်ပြန်တယ်။ အက်စ်အိုင်ပီ-ဆိုတာက ဖုန်းနဲ့ ဆက်သွယ်တဲ့အခါမှာ ဆက်
သွယ်ရေး အော်ပရေတာရုံးက လိုင်းတွေကိုမမိ မိအောင် အချက်ပြ ဆက်သွယ်ပေး
တယ်။ ပြီးတော့ အင်တာနက် အကောင့်ကနေတစ်ဆင့် ဖုန်းဆက်လို့ရတဲ့ ဗွိုက် (VoIP)
စနစ်ကိုလည်း စမ်းသုံးထားတယ်။နောက်တစ်ဆင့်တိုးပြီး ပျားသလက်ကွန်ရက်လို့
နာမည်ရတဲ့ ဟွန်းနီကုမ် (Honeycomb) ကို မိတ်ဆက်ပေးတယ်။ ဒီဟွန်းနီကုမ်
ဗားရှင်းကိုတော့ မျိုးဆက် ၃-ခု ဆက်တိုက်ထုတ်လုပ်တယ်။ ဟွန်းနီကုမ် ၃.၀၊
ဟွန်းနီကုမ် ၃.၁၊ ဟွန်းနီကုမ် ၃.၂ ဆိုတဲ့ ဗားရှင်း ၃-ခုပါ။ ဟွန်းနီကုမ် စနစ်ကို စတင်
မိတ်ဆက်တဲ့အခါမှာ မော်တိုရိုလာကုမ္ပဏီကဆုမ် (Xoom) Tablet ကို ထုတ်လုတ်တဲ့
အချိန်နဲ့ သွားပြီး တိုက်ဆိုင်နေတယ်။ ဒါကြောင့် ဒီစနစ်ကို ဖုန်းမှာကော Tablet မှာပါ
စပြီး အသုံးပြုကြတယ်။ အချိန်ကား၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီလပါ။ နောက်သုံးလကြာ
မေလ ရောက်တဲ့အခါ ဟွန်းနီကုမ် ၃.၁ ဗားရှင်းကို အဆင့်မြှင့် ထပ်ထုတ်ပြီး၊ ဇူလိုင်လ
ကျတော့ ဟွန်းနီကုမ် ၃.၂ဗားရှင်းကို နောက်ဆုံး အနေနဲ့ ထုတ်လုပ်ခဲ့ပြန်တယ်။

အခုအခါမှာတော့ အန်ဒရိုက်သုံး မိုဘိုင်ဖုန်းရဲ့ စက်လည်ပတ်မှုစနစ်ဟာ အိုက်စကရင်း
ဆန်းဒ၀စ် (Ice Cream Sandwich)ဗားရှင်းကို ရောက်လို့နေပါပြီ။ ၂၀၁၁ ခုနှစ်၊
အောက်တိုဘာလ ၁၉-ရက်နေ့မှာ အန်ဒရိုက်အတွက် ဒီနာမည်နဲ့ စတင် မိတ်ဆက်
ပေးတာပါ။ ဒီဗားရှင်းကို ၄.၀ (ဖိုးပွိုင့်အို) ကနေစတင်တယ်။ နိုဝင်ဘာ ၁၄-ရက်နေ့မှာ
တော့ ၄.၀.၁ ကို ထပ်မြှင့်ပြီး အခုအခါမတော့ အိုက်စကရင်း ဆန်းဒ၀စ် ၄.၀.၄ ဗားရှင်း
ကို ရောက်နေပြီ ဖြစ်တယ်။

*အန်ဒရိုက် (Android) ရဲ့ တိုးတက်မှု ဖြစ်စဉ်အဆင့်ဆင့်*
-၂၀၀၇-ခုနှစ်၊ နိုဝင်ဘာလ ၅-ရက်နေ့မှာတော့ အန်ဒရိုက်ဘီတာ (Android beta) ကို
စတင် မိတ်ဆက်ပေးတယ်။

-၂၀၀၈-ခုနှစ်၊ စက်တင်ဘာလ ၂၃-ရက်နေ့မှာတော့ အန်ဒရိုက် ၁.၀ (Android 1.0) ကို
ဈေးကွက်မှာ စတင်ရောင်းချတယ်။ အိတ်စ်တီစီ ကုမ္ပဏီထုတ် ဒရင်း(မ်) မိုဘိုင်းဖုန်း
(HTC Dream) နဲ့ စတင်အသုံးပြုကြည့်တယ်။

-၂၀၀၉-ခုနှစ်၊ ဖေဖော်ဝါရီလ ၉-ရက်နေ့မှာတော့ အန်ဒရိုက် ၁.၁ (Android 1.1) ကို
ထပ်ထုတ်တယ်။ တီ-မိုဘိုင်း (T-mobile) မှာ ထည့်သွင်း အသုံးပြုတယ်။

-၂၀၀၉-ခုနှစ်၊ ဧပြီလ ၃၀-ရက်နေ့မှာတော့ အန်ဒရိုက်ကနေ ကပ်ကိတ် (Cupkate 1.5)
(ပန်းကန်ပြားမုန့်) သို့ အမည်ပြောင်းပြီး ထပ်ထုတ်လုပ်တယ်။

-၂၀၀၉-ခုနှစ်၊ စက်တင်ဘာလ ၁၅-ရက်နေ့မှာတော့ ဒိုနတ် ၁.၆ (Donut 1.6)
(မုန့်အမည်နဲ့) ကို ထပ်ထုတ်တယ်။

-၂၀၀၉-ခုနှစ်၊ အောက်တိုဘာလ ၂၆-ရက်နေ့မှာတော့ မူလ အန်ဒရိုက်နာမည်ကို
ပြန်သုံးပြီး အန်ဒရိုက် ၂.၀ (Android 2.0) ကို ထပ်ထုတ်တယ်။ မူလနာမည်နဲ့
ဆိုပေမယ့်တစ်ချို့က အယ်ကလဲယား (E’clair) လို့လည်း ခေါ်ဆိုကြသေးတယ်။
နောက်ထပ်ဗားရှင်းတစ်ခု ထပ်ထုတ်သေးတယ်။ အယ်ကလဲယား ၂.၁ (E’clair 2.1) ပါ။

-၂၀၁၀-ခုနှစ်၊ မေလ ၂၀-ရက်နေ့မှာတော့ နောက်ထပ်နာမည်တစ်မျိုးနဲ့ အန်ဒရိုက်
ဖုန်းစနစ်ကို ထပ်ထုတ်ပြန်တယ်။ နာမည်က ဖရိုယို ၂.၂.အိစ် (Froyo 2.2.x) ပါ။

-၂၀၁၀-ခုနှစ်၊ ဒီဇင်ဘာလ ၆-ရက်နေ့မှာတော့ အန်ဒရိုက်စနစ် ၂.၃ ကို မြှင့်ပြီး
ဂင်ဂျာဘရိတ် (Gingerbreak) (ဂင်ဂျာပေါင်မုန့်) နဲ့ နောက်ထပ်ဗားရှင်း အသစ်တစ်ခုကို
ထပ်ထုတ်ပြန်တယ်။

-၂၀၁၁-ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂-ရက်နေ့မှာတော့ အန်ဒရိုက်စနစ် ၃.၀ သို့ ထပ်မြှင့်ပြီး
ဟွန်းနီကုမ် (Honeycomb) (ပျားသလက်) နာမည်နဲ့ ထပ်ထုတ်ပြန်တယ်။ ဒီအချိန်မှာ
သင်ပုန်း(Tablet) က ထွက်ရှိနေလို့ မိုဘိုင်းဖုန်းမှာသာမကပဲ သင်ပုန်းမှာပါ သုံးကြည့်
တယ်။

-၂၀၁၁-ခုနှစ်၊ အောက်တိုဘာလ ၁၉-ရက်နေ့မှာတော့ အန်ဒရိုက်စနစ် ၄.၀ ကို ပြောင်း
ထုတ်ပြန်တယ်။ ဒီတစ်ခါတော့ နောက်ထပ် နာမည်တစ်မျိုးနဲ့ ထပ်မှည့်ပြန်တယ်။ ဒီ
တစ်ခါလည်းမုန့်အမျိုးအစား နာမည်ကိုပဲ ရွေးထားတယ်။ ဘာတဲ့ - အိုက်စကရင်း
ဆန်းဒ၀စ် (Ice Cream Sandwich) (ရေခဲမုန့် ဆန်းဝစ်) ပေါ့။ ဒီဗာရှင်းကိုတော့
၎.၀ ကနေ ၄.၀.၁.၊ ၄.၀.၂၊ ၄.၀.၃. ၄.၀.၎
အထိ ဗားရှင်း ၅-ခု ဆက်တိုက် ထုတ်လုပ်တယ်။

-၂၀၁၂-ခုနှစ်ကျတော့ အန်ဒရိုက်စနစ် ၅.၀ ကို ထပ်ထုတ်မယ်လို့ မျှော်လင့်
နေကြတယ်။ ထပ်ထွက်ဖြစ်ဖို့ များမှာပါ။ ဒီတစ်ခါ ရွေးမယ့်နာမည်ကိုတော့ ဂျယ်လီ
ဘိန်း (Jelly Bean)(ဂျယ်လီပြား) ဖြစ်ဖို့များနေတယ် ဆိုပဲ။ ခန့်မှန်းထားတာက
၂၀၁၂-ခုနှစ်၊ နှစ်ရဲ့ လေးပုံတစ်ပုံ (ဧပြီလ) လောက် ထွက်မယ်တဲ့။ ဒါပေမယ့် အခု
မေလတောင် ကုန်တော့မှာဆိုတော့ နှစ်ဝက်လောက်မှထွက်နိုင်မှာပါလို့ ထပ်ခန့်မှန်း
ကြပြန်တယ်။

♪ Facebook Unlock ♫မင်္ဂလာပါခင်ဗျာ...လတ်တလောFacebook ရဲ့ ပြောင်းလဲသွားသော ပေါ်လစီကြောင့် ကမ္ဘာတစ်လွှားက အကောင့်တွေ တော်တော်မျ...
20/04/2015

♪ Facebook Unlock ♫

မင်္ဂလာပါခင်ဗျာ...
လတ်တလောFacebook ရဲ့ ပြောင်းလဲသွားသော ပေါ်လစီကြောင့်
ကမ္ဘာတစ်လွှားက အကောင့်တွေ တော်တော်များများပိတ် (Lock)
ကျသွားပါတယ်။ ပြန်မရတော့လောက်အောင်ကို စိတ်ညစ်စရာ
ကောင်းပေမယ့် အကောင့်ကို အလွယ်တကူပြန်ရနိုင်ပါတယ်။
ဒါကြောင့် အကောင့်သစ်သုံးနေရပြီး မူလအကောင့် ကိုပန်လိုချင်သူ
များ အောက် ပါ အတိုင်း လုပ်ဆောင်ရန်လိုအပ်ပါတယ်။

*အကောင့် လော့ကျတဲ့အခါ ဖုန်းနံပါတ် တောင်းပါလိမ့်မယ်။ ဒါကို
တော့ကာယကံရှင် လူတိုင်းကြုံတွေ့ပြီး ဖြစ်ပါတယ်။ ဖုန်းနံပါတ်
ရမှအကောင့်ပြန်ဖွင့်ပေးမယ်လို့ပြောထားပြီး နီးစပ်ခင်မင်ရာ
သူငယ်ချင်း ဖုန်းနံပါတ် ငှားလိုက်တာမျိုး မလုပ်သင့်ပါဘူး။
နိုင်ငံခြားရောက်နေတဲ့အသိတစ်ယောက်ယောက်ရဲ့ ဖုန်းနံပါတ်ကို
အသုံးပြုပြီး အကောင့် ပြန်ရတာမျိုးအနည်းငယ်ရှိပေမယ့် ဒါက
ရေရှည်မကောင်းပါဘူး။ဘာလို့လဲဆို Facebook ဟာ ယင်းဖုန်း
နံပါတ်ကို မှတ်သားလိုက်ပြီဖြစ်ပြီး နောက်ထပ် ယခုလို Lock ကျ
တာမျိုးတို့ Hack ခံရတာမျိုးနဲ့ကြုံတဲ့အခါ ယင်းဖုန်းနံပါတ်နဲ့ အမြဲ
ပတ်သက်နေရတော့မှာ ဖြစ်ပါတယ်။ ဒါကလည်း အမြဲပြောင်းလဲ
နိုင်ပါတယ်။ဒါကြောင့် အကောင့်လော့ကျတဲ့အခါ အကောင့်ကို
ဘာမှ မသုံးပဲ ၄၈ နာရီ (၂ ရက်တိတိ) ဒီတိုင်းထားပါ။ ၁ရက်ခွဲ
လည်း ရပေမယ့် Facebook က၂ ရက်လို့သတ်မှတ်ထားတဲ့
အတွက် သူသတ်မှတ်ထားတဲ့ Step အတိုင်းသွားတာ ကောင်းပါ
တယ်။ အဲလိုမဟုတ်ပဲ ၄၈ နာရီအတွင်းမှာ ထိုင်ကလိနေရင်တော့
သတ်မှတ်ရက်ထက် ပိုကြာသွားနိုင်ပါတယ်။၂ ရက် (၄၈ နာရီ)
ပြည့်ပြီဆိုမှ အကောင့်ကို ယခင်ထုံးစံအတိုင်းLog In လုပ်ပါ။
ဒီမှာ Internet Explorer ကို အသုံးပြုဖို့ ပိုအကြံပေးချင်ပါတယ်။
Mozilla Firefox၊ Google Chrome, Safari အစရှိသဖြင့် အမျိုး
မျိုးခေတ်စားနေတဲ့ Browser များဟာ Security မြင့်မားပါတယ်။
Internet Explorer ကတော့ တားမြစ်ထားတာ သိပ်မရှိပါဘူး။
အချို့  ဝဘ်ဆိုဒ်များက Right click Disable လုပ်ထားတာတောင်
Internet Explorer မှာ ရတတ်ပါတယ်။ ဘာပဲ Download ဆွဲဆွဲ
Internet Explorer မှာအတားအဆီး နည်းတယ်ဆိုတာ လက်တွေ့
သုံးဖူးသူတိုင်းသိမှာ ဖြစ်ပါတယ်။ဒါကြောင့် Account ကို Log In
ဝင်ရန် Internet Explorer ကိုအသုံးပြုစေလိုပါတယ်။ Mozilla
Firefox, Chrome တို့လည်း အသုံးပြုမရလို့ မဆိုလိုပါ။ အသုံးပြုနိုင်
ပါတယ်။ သို့ပေမယ့် အကြောင့်အမျိုးမျိုးကြောင့်ဖုန်း Message box
ပြန်ပေါ်လာမှာ စိုးလို့ ဖြစ်ပါတယ်။ဒါလို Log In ဝင်ပြီးပြီဆိုပါဆို့။
သူက Password မေ့သူတို့ထုံးစံအတိုင်းပဲ Verification stepတွေ
လာပါတယ်။ ဘာမှမပါပါဘူး။ သူငယ်ချင်း နာမည်ကိုမှန်ရောင် ရွေး
ခိုင်းတာမျိုးပဲ ဖြစ်ပါတယ်။ ဓာတ်ပုံနဲ့ လူအမည်နဲ့ တွဲပေးရတာ ဖြစ်တဲ့
အတွက်သတိထားစေချင်ပါတယ်။ဒီမှာ ၅ ခုလောက်တွဲခိုင်းပါတယ်။
မရတဲ့ဟာဆိုရင် ရဲရဲကြီး Skip လုပ်ပါ။ အမှားများရင်တော့ အကောင့်
ကို ထပ်မံ Lock ချမှာဖြစ်ပါတယ်။ မရတာတွေကိုSkip လုပ်လိုက်တဲ့
အခါ မေးခွန်းမပြည့်ပြည့်အောင် မေးပေးတာ Facebook ရဲ့ တာဝန်ဖြစ်
တဲ့အတွက် နောက်တစ်ခါ ထပ်မေးပါတယ်။ ဒီမှာလည်း မရတာ Skip
လုပ်ပြီး သေချာမှာSubmit လုပ်စေချင်ပါတယ်။အကယ်၍ လူရွေးခိုင်း
တဲ့ Step ကို တစ်ခါရှုံးပြီး နောက်တစ်ခါထပ်ရှုံးရင်တော့ နောက်မှ
ပြန်လာတော့လို့ စာတန်းပေါ်လာတတ်ပါတယ်။ သို့ပေမယ့် Log out
လုပ်ပြီး နောက်တစ်ခါ Log In ဝင်၊ အထက်ပါ လူရွေးတဲ့မေးခွန်းကိုပဲ
ဆက်တိုက်ပြန်လည်ဖြေဆိုပေးခြင်း လုပ်နိုင်ပါတယ်။သူငယ်ချင်းနည်း
ပြီး ရှိတဲ့သူငယ်ချင်းများရဲ့ ဓာတ်ပုံတွေ ကြည့်ရှုလေ့ရှိသူများအတွက်
အိုကေပေမယ့် သူငယ်ချင်း ထောင်ချီရှိပြီး မမှတ်မိဘူးဆိုရင်တော့
ခက်ပါလိမ့်မယ်။ သို့ပေမယ့် စိုးရိမ်စရာမလိုပါ။ သူငယ်ချင်းများလေ
လေ Facebook ကအခွင့်အရေးများများပေးလေ ဖြစ်ပါတယ်။ တစ်ခါ
ဖြေမရ၊ နှစ်ခါ ဖြေမရရင်ထောင်ချီ Friend List ရှိသူများ ကို နောက်ထပ်
ဖြေခွင့် ပေးတတ်ပါတယ်။ဖြေပြီးလို့ အောင်မြင်ပြီဆိုရင်တော့ Account
ပြန်လည် ရရှိပါပြီ။ ဒီမှာ အကောင့်ပြန်ရပြီ ဆိုပြီး အရင်ကလုပ်နေကျ
အတိုင်း Like, Comment , Post,Link , Message စတာတွေကို
ထင်တိုင်းမကျဲသင့် သေးပါဘူး။ သေချာတာကတော့ Friend Request
၎ ရက်ပိတ်ထားပါတယ်။ Message လည်းပို့ခွင့်မရပါဘူး။ အရင်က
Activity တစ်ခုခုလုပ်တိုင်း Warning တွေတက်တက်လာတတ်ပါတယ်။
အာလုံးအဆင်ပြေကြပါစေခင်ဗျာ...
အားလုံးကို ကျေးဇူးတင်ပါတယ်။

♪ Clash Of Clans (မြန်မာဖောင့်) ♫လတ်တလော ရေပမ်းစားနေတဲ့ COC (Clash of Clans) ရဲ့ ဗားရှင်းအသစ်မှာ လူတိုင်းမသိသေးတဲ့ မြန်မ...
20/04/2015

♪ Clash Of Clans (မြန်မာဖောင့်) ♫

လတ်တလော ရေပမ်းစားနေတဲ့ COC (Clash of Clans) ရဲ့ ဗားရှင်းအသစ်မှာ လူတိုင်းမသိသေးတဲ့ မြန်မာနိုင်ငံသားတွေ အကြိုက်တွေ့ စေမယ့် မြန်မာလို ဆက်သွယ် နိုင်စေမယ့် Functionလေးတစ်ခု ထပ်လောင်းပါဝင်လာတာကိုတွေ့ရပါတယ် လုပ်ရတာ ဇယားလဲမရှုပ်ပါဘူး လွယ်လွယ်လေးပါ Font Tool Apk လေး Run ပေးရုံပါဘဲ.. ကဲ ကဲ လေရှည်မနေတော့ပါဘူး လိုချင်တယ် ဆိုရင်တော့ အောက်ကလင့်လေးမှာ ဒေါင်းယူနိုင်ပါတယ်ဗျာ.......

http://adf.ly/1CPawD

♪ Viber မှာ Public Chat ဆိုတာကိုအသုံးပြုနည်း ♫ Viber မှာ Public Chat ဆိုတာကို အသုံးပြုနည်းမင်္ဂလာပါဒီနေ့ အသစ်တက်လာတဲ့ သတင်...
20/04/2015

♪ Viber မှာ Public Chat ဆိုတာကိုအသုံးပြုနည်း ♫

Viber မှာ Public Chat ဆိုတာကို အသုံးပြုနည်း
မင်္ဂလာပါ
ဒီနေ့ အသစ်တက်လာတဲ့ သတင်းတွေနဲ့အတူ Viber မှာ Public Chat ဆိုတာ
တကယ် ထပ်တိုးလာပါတယ်။ Official ကမက်ဆက် တိုက်ရိုက်ပို့ပေးပါတယ်။
Viber ချစ်ပရိတ်သတ်ကြီးများခင်ဗျား လိုင်းဖွင်ထားရင် Viber လေးကို
တစ်ချက်ကြည့်ကြည့်လိုက်ပါ Viber Official က ပို့ပေးထားတဲ့ မက်ဆက်
အသစ်လေးရောက်နေတာကို တွေ့ကြရမှာပါ။
(ဒီနေရာမှာ မိမိနေထိုင်ရာ နိုင်ငံအလိုက် ပို့ပေးမှာဖြစ်ပါတယ်)
Public Chat ဆိုတာ သတင်းအချက်အလက်များကို
လူအများဆီသို့ လွယ်ကူလျင်မြန်စွာ ဖြန့်ချိပေးနိုင်မှာဖြစ်ပါတယ်။
Viber ရဲ့ ပြောရဲဆိုခွင့်ရှိသူပြောကြားချက်အရတော့
“ဆိုရှယ်မီဒီယာတစ်ခုအနေနဲ့ ဘယ်လိုလုပ်မလဲဆိုပြီး
စဉ်းစားတဲ့အခါမှာ Public Chat ဆိုတာ ပေါ်ပေါက်လာခဲ့ပါတယ်။
Public Chat သည် ကိုယ်ပိုင်အမည် တစ်ခုနှင့် စာမျက်နှာတစ်ခု
ထူထောင်နိုင်သည့် စနစ်တစ်ခုဖြစ်ပြီး အဆိုပါစာမျက်နှာကို Viber အသုံးပြုသူ
မည်သူ မဆို Follow ပြုလုပ်နိုင်သည်ဟု သိရသည်။
ဒီလောက်ဆိုရင် Viber Public Chat ဆိုတာ မိမိအတွက်
ဘယ်လောက်တန်ဖိုးရှိလာပြီဆိုတာသဘောပေါက်လောက်ပါပြီ။
အသုံးချတတ်သူတစ်ယောက်သာဖြစ်ဖိုလိုပါတယ်။ ကောင်းသောအလုပ်နဲ့
လူသားအကျိုးပြု စာမျက်နှာဖွင့်နိုင်ကြပါစေခင်ဗျား။

၁။ Viber ကိုဖွင့်လိုက်ပါ။
၂။ Explore ကိုနှိပ်ပါ။
၃။ Explore ရဲ့အောက်မှာ Follow လုပ်မယ့် စာမျက်နှာတွေ
အများကြီးပေါ်လာပါလိမ့်မယ်၊ မိမိ ကြိုက်နှစ်သက်ရာ
စာမျက်နှာလေးကို Follow ဆိုတာကိုနှိပ်လိုက်ပါ။
၎။ မိမိ Follow လုပ်ထားတဲ့ စာမျက်နှာလေးပေါ်လာပါလိမ့်မယ်။
၅။ မိမိသူငယ်ချင်း Group ထဲက ဖိတ်ချင်တဲ့ ဘော်ဒါတွေကို ဖိတ်ဖို့ Invite Friend ဆိုတာလေးကိုနှိပ်ပါ။ Viber ထဲကသူငယ်ချင်းတွေ အကုန်ဖိတ်လို့ပါတယ်။ မိမိကြိုက်နှစ်သက်တဲ့ စာမျက်နှာ (Group) လေးကိုလည်း Share လုပ်ချင်တယ်ဆိုရင် Share ဆိုတာကိုနှိပ်လိုက်ပါ။
၆။ မိမိ Group ထဲမှာသူငယ်ချင်းတွေကိုကြည့်ချင်ရင်တော့ ကျနော်အနီဝိုင်းပြထားတဲ့နေရာလေးကိုနှိပ်ပါ။
၇။ မိမိ Follow လုပ်ထားတဲ့ Group လေးကို မကြိုက်တော့ဖူး Group ထဲကထွက်လိုက်ချင်ရင်တော့ Unfollow Public Chat ဆိုတာလေးကို နှိပ်ပေးလိုက်ပါခင်ဗျား။

အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ် အတွေးသစ် အမြင်သစ်နဲ့ လူသားအကျိုးပြု စာမျက်နှာကြီးတွေကို ဖွင့်နိုင်ကြပါစေ အောင်မြင်သူတွေ
ဖြစ်နိုင်ကြပါစေဟု ဆန္ဒပြုလျှက် ...........

♪ လူသိနည်းသော iPhone လုပ်ဆောင်ချက် (၂၁) ချက် ♫  iPhone သုံးစွဲသူများသည် သတိမထားမိနိုင်သော မှော်ဆန်သည့် လုပ်ဆောင်ချက်များ...
20/04/2015

♪ လူသိနည်းသော iPhone လုပ်ဆောင်ချက် (၂၁) ချက် ♫

iPhone သုံးစွဲသူများသည် သတိမထားမိနိုင်သော မှော်ဆန်သည့် လုပ်ဆောင်ချက်များဖြင့် အသုံးပြုနိုင်သည်။ ထို့ကြောင့် iPhone သုံးစွဲသူများ သတိမထားမိနိုင်သော hidden feature များကို ဖော်ပြထားတဲ့ PDF File လေးပါ။မသိသေးတဲ့သူတွေအတွက်တော့ဗဟုသုတကောင်းတစ်ခုပါပဲဗျာ။ လိုချင်ရင်အောက်ကလင့်လေးမှာဒေါင်းလော့ ရယူနိုင်ပါပြီဗျာ.....

http://adf.ly/qTmQJ

Address

Taung Twin
Magway
20505

Alerts

Be the first to know and let us send you an email when မောင်ဝင်းသူရ - နည်းပညာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to မောင်ဝင်းသူရ - နည်းပညာ:

Share