TDL လက်ကားသီးသန့်ဆိုင်အထိုင်ရောင်းစျေးလေးတွေပါရှင့်
လက်လီ လက်ကား စျေးတွေ ကွာလို့ များများဝယ်ရင် ပိုတန်ပါ့မယ်နော်
လက်လီဆို စျေးအနည်းငယ်ကွာပါမယ်

20/03/2023

#လုပ်ငန်းတစ်ခုရဲ့အရှုံးအမြတ်စာရင်းတွက်နည်း

အရှုံးအမြတ်စာရင်းကို
of Profit or Loss လို့ခေါ်ပါတယ်

ဘယ်လိုတွက်လဲ……?? ဘာတွေပါလဲ…🧐🧐🧐
အောက်မှာ အသေးစိတ်ပြောပါမယ်🤩🤩

Revenue
(Cost of Good sold)
Gross Profit
(Operating expenses)
Other Income
Profit Before Interest and Tax
(Interest expenses)
(Tax expenses)
Net Profit

🔶Net Profit
= Revenue-COGS-Operating expenses +Other Income -Interest expenses-Tax expenses

🛑Revenue အရောင်းဝင်ငွေ

ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများရောင်းချခြင်းလုပ်ငန်းမှရရှိသော စုစုပေါင်းငွေဖြစ်သည်။

ဥပမာအားဖြင့်၊
တစ်လလျှင် $100,000 ဝင်ငွေရတယ်ဆိုပါစို့

🛑Cost of Goods Sold ရောင်းလိုက်သောကုန်ပစ္စည်းတန်ဖိုး (COGS)

လုပ်ငန်းမှ ရောင်းချသော ကုန်ပစ္စည်းများ၏ ကုန်ကျစရိတ်ဖြစ်သည်။
ကုန်ပစ္စည်းများဝယ်ယူရာတွင် ကုန်ကျစရိတ်၊ သယ်ယူပို့ဆောင်ခများ ပါဝင်သည်။

Eg ကုန်စုံဆိုင်တစ်ဆိုင်သည် တစ်လလျှင် $60,000 တန်သောကုန်ပစ္စည်းများဝယ်ယူပြီး ပို့ဆောင်ခမှာ $5,000 ဖြစ်ပါက COGS သည် $65,000 ဖြစ်ပါတယ်။

🛑Gross Profit အကြမ်းအမြတ်
GP = Revenue - COGS

ရောင်းရငွေ $100,000
ကုန်ပစ္စည်းတန်ဖိုး $65,000
အကြမ်းအမြတ်မှာ $35,000

🛑Operating Expenses: လည်ပတ်စရိတ်များ-

လုပ်ငန်းလည်ပတ်ရာတွင် ဖြစ်ပေါ်လာသော အသုံးစရိတ်များဖြစ်သည်။

ဒီစားရိတ်ထဲမှာ ဘာတွေပါလဲဆိုရင်
(လစာများ ၊ငှါးရမ်းခ ၊အသုံးစရိတ်များ၊ စျေးကွက်ရှာဖွေရေးစရိတ်များ၊)နှင့် လုပ်ငန်းလည်ပတ်နေစေရန် လိုအပ်သော အခြားကုန်ကျစရိတ်များ ပါဝင်သည်။

♣️ Salaries and Wages :လစာနှင့် လုပ်ခများ-

လုပ်ငန်းပိုင်ရှင်၊ မန်နေဂျာများ၊ အရောင်းဝန်ထမ်းများနှင့် စီမံခန့်ခွဲရေးဝန်ထမ်းများ အပါအဝင် ဝန်ထမ်းများကို ပေးဆောင်ရသည့် ကုန်ကျစရိတ်ဖြစ်သည်။

Salary နဲ့wages ဘာကွာလဲ ဆိုရင် 💡💡

-Salary က လစာအနေနဲ့ တစ်လပြည့်မှပေးရတဲ့ စားရိတ်ပါ
-Wages က တစ်ရက်လုပ်အားခ နဲ့ပေးရတဲ့ နေ့စားသဘောပါ

♣️Rental fees : အိမ်ခြံမြေ ဆိုင်ခန်း ကား ငှားရမ်းခများ

♣️Utilities :လျှပ်စစ်မီတာခ ၊ ရေ၊ သဘာဝဓာတ်ငွေ့နှင့် အင်တာနက်၊ ဖုန်းဘေ

♣️Advertising and Marketing သတင်းစာကြော်ငြာများ ဆိုရှယ်မီဒီယာကြော်ငြာခများ

♣️Insurance :

မီး၊ ခိုးမှု၊ ရေဘေး မတော်တဆမှုများကဲ့သို့ ဖြစ်နိုင်ခြေရှိသော သဘာဝဘေးအန္တရာယ်များမှ လုပ်ငန်းကို အာမခံထားထားသော လုပ်ငန်းအာမခံ၊ တာဝန်ယူမှုအာမခံစသည်ဖြင့် စားရိတ်များ

♣️Supplies and Equipment

လုပ်ငန်းလည်ပတ်ရန်အတွက် ရုံးသုံးပစ္စည်းများ၊ သန့်ရှင်းရေးသုံးပစ္စည်းများနှင့် အခြားလိုအပ်သော စက်ကိရိယာများ ဝယ်ယူခြင်းကုန်ကျစရိတ်များ ပါဝင်သည်။

♣️Bank Charges:

ငွေလွှဲခနှင့် အတိုးနှုန်းများကဲ့သို့သော ဘဏ်အခကြေးငွေများနှင့် ကုန်ကျစရိတ်များ ပါဝင်သည်။

♣️Repair and Maintainance

စက်ကိရိယာများ၊ ပရိဘောဂများနှင့် ဆိုင်ကို ပြုပြင်ထိန်းသိမ်းခြင်းအတွက် ကုန်ကျစရိတ်များအားလုံး ပါဝင်သည်။

🔺🔺ဥပမာအားဖြင့်၊

ငှားရမ်းခ- $5,000
လစာ - $ 2000
မီတာခ / ရေဖိုး - $500
ကြော်ငြာ- $500
အာမခံ: $1,000
ပြုပြင်ထိန်းသိမ်းမှု- $1,000

💸💸ကုန်ကျစရိတ်
= ငှားရမ်းခ + လစာ + မီတာခ + ကြော်ငြာ ခ+ အာမခံ + ပြုပြင်ထိန်းသိမ်းမှု

= $5,000 + $2000 + $500+ $500+ $1,000 + $1,000

= $10000

Operating expenses မှာ $10000 ပါ

🛑Interest Expenses

လုပ်ငန်းလည်ပတ်ရန် ချေးငွေယူထားသောကြောင့် ပေးရသောအတိုးဖြစ်ပါတယ်

🛑Tax expenses

လုပ်ငန်း၀င်ငွေအပေါ်အခြေခံ၍ အစိုးရထံပေးဆောင်ရမည့်အခွန်ပမာဏဖြစ်သည်။

💢Other Income: အခြားဝင်ငွေ

♣️အရှုံးအမြတ်တွက်ရန် အပေါ်မှာ လိုအပ်တဲ့ဂဏာန်းတွေ နဲ့ ဘာတွေပါလဲ သိပြီဆိုတော့ တွက်ကြည့်ပါမယ်🕵️‍♀️🕵️‍♀️

🔺အရောင်းမှ ဝင်ငွေ- $100000
🔺ကုန်ပစ္စည်းတန်ဖိုးငွေ $65000
🔺အကြမ်းအမြတ်ငွေ- $35000
🔺လည်ပတ်စရိတ်- $10000
🔺အတိုးကုန်ကျစရိတ်- $100
🔺အခွန်ကုန်ကျစရိတ်- $300

Revenue $100000
(Cost of Good sold) ($65000)
Gross Profit. $35000
(Operating expenses). ($10000)
Profit before interest and tax. $25000
(Interest expenses). ($100)
(Tax expenses). ($300)
Other Income.. -
Net Profit 24600

တစ်နည်းအားဖြင့်

♻️Net Profit = Gross Profit - Operating Expenses - Interest Expenses - Tax Expenses

♻️အသားတင်အမြတ် = အကြမ်းအမြတ် - လည်ပတ်စရိတ်များ - အတိုးများ - အခွန်စရိတ်များ

= $35000– $10000– $100– $300
= $24600

🔲ကုန်စုံဆိုင်အတွက် အတိုးနှင့်အခွန်ပြီးနှုတ်ပြီးနောက် အသားတင်အမြတ်မှာ $24600 ပါ

အော် -Profit before interest and tax ဆိုတာ
📕PBIT - အတိုးနဲ့အခွန်မနှုတ်ရသေးတဲ့အမြတ်ပါ

📌အရှုံးအမြတ်ကို တွက်ချက်ရာမှာ

1- Accrual basic
2- Cash basic ဆိုပြီးနည်းလမ်းနှစ်ခုရှိသည်။

✅Accrual နည်းလမ်းသည်
ဝင်ငွေနှင့် အသုံးစရိတ်များ ရသည်ဖြစ်စေ မရသေးသည်ဖြစ်စေ
သက်ဆိုင်ရာ ကာလမှာပဲထည့်သွင်းတွက်ချက်တာကိုခေါ်တာပါ
ထိုနည်းလမ်းကို ကြီးမားတဲ့စီးပွားရေးလုပ်ငန်းများအတွက် အသုံးပြုတာများပါတယ်

🔺ဉပမာ
1- မီတာခ 💡🔌
ဒီလအတွက် မီတာခ သည် အမြဲ နောက်လမှ ပေးဆောင်ရတာပါ
ဒါပေမဲ့ ဒီလအတွက် မီတာသုံးလိုက်ပြီးပါပြီ
ဒါကြောင့် ထိုမီတာခသည် နောက်လမှပေးရမည် ဖြစ်သော်လည်း တကယ်သုံးထားပြီးဖြစ်သောကြောင့် ဘောင်ချာမရသေးလဲ ခန့်မှန်းပြီး ဒီလစာရင်းထဲမှာ ထည့်သွင်းတွက်ချက်ရမည်ဖြစိပါသည်။

2- ကုမ္မဏီမှ ပြန်ပေးသော ထပ်ဆောင်းခံစားခွင့်

တချို့company တွေရဲ့ Quartly yearly ပြန်ပေးတဲ့ ခံစားခွင့် % တွေက
သိတဲ့အတိုင်း အမြဲ နောက်ကျမှရတယ်ဟူတ်💁🏼‍♀️💁🏼‍♀️

🔺ဥပမာ
၄ လတစ်ကြိမ်မှာ ကိုယ်ဝယ်ခဲ့တဲ့ အဝယ်ရဲ့ 2%ကို ထပ်ဆောင်းခံစားခွင့် ပြန်ပေးတယ် ဆိုပါတော့💁🏼‍♀️

💸💸5လ လောက်ပြီးသွားတာတောင် အဲဒီသူတို့ပြန်ပေးမဲ့ ငွေတွေက ကိုယ့်ဆီမရောက်သေးပါဘူး 😇😇
ဒါပေမဲ့ အဲဒီပြန်ရမယ့်ငွေဟာ ရှေ့က ၄ လနဲ့ သက်ဆိုင်တဲ့ ဝင်ငွေ ဖြစ်လို့

-Accural basic အရဆို ငွေမရသေးပေမဲ့ သက်ဆိုင်တဲ့လမှာပဲ တစ်လချင်းစီအတွက်ရရန်ရှိဝင်ငွေအဖြစ် စာရင်းသွင်းခဲ့ရပါမယ်

-Cash basic ဆို ငွေတကယ်ရတဲ့ လမှာပဲ ၄လလုံးစာ
ဝင်ငွေ အဖြစ်စာရင်းသွင်းပါတယ်

♣️Cash Basic ဆိုတာ
ငွေပေးချေမှုပြုလုပ်သည့်အခါ သို့မဟုတ် လက်ခံရရှိသည့်အခါတွင်သာ
ဝင်ငွေနှင့် အသုံးစရိတ်များကို အသိအမှတ်ပြု စာရင်းသွင်းတာပါ
ဤနည်းလမ်းကို အသေးစားစီးပွားရေးလုပ်ငန်းများအတွက် အသုံးများသည်။

ဉပမာ
ဒီလအတွက် မီတာသုံးလိုက်ပြီးသော်လည်း ထိုမီတာခသည် နောက်လမှပေးရမည်
ဒါကြောင့် ဒီလစာရင်းထဲမှာ ထည့်မတွက်ပါ
ငွေတကယ်ပေးတဲ့ နောက်လမှသာ စာရင်းသွင်းပါတယ်။

🤩🤩ဒါကတော့ အရှုံးအမြတ်ကို တွက်ချက်ရာမှာ
accrual basic or Cash basic ရဲ့ ကွာခြားချက်ပါ

✳️လုပ်ငန်းအမျိုးအစားပေါ်မူတည်ပြီး ကုန်ကျစာရိတ်
ဝင်ငွေ အမျိုးမျိုးရှိနိုင်တာမို့ ကိုယ့်လုပ်ငန်းနဲ့သင့်တော်တဲ့ အရှုံးအမြတ်စာရင်းကို ဆွဲတဲ့နည်းအနည်းငယ်ကွဲပြားနိုင်ပါတယ်

အပေါ်က ပြောပြထားတဲ့ တွက်နည်းက အသေးစားလုပ်ငန်းတွေအတွက်သာ ဖြစ်ပါတယ် ⏫⏫

တကယ့်လုပ်ငန်းကြီးတွေမှာဆို Accrual basic နဲ့ပဲ ဆွဲရပါတယ်
ဒီနည်းသုံးဖို့အတွက်အရမ်းလဲ ကျယ်ကျယ့်ပြန့်ပြန့်သိဖို့လိုသလို လိုက်နာကျင့်သုံးရမယ် အရာတွေလဲ အများကြီးလိုအပ်ပါတယ်။

ဒီလောက်ဆို ကို့ဘာသာ တွက်ဖို့အဆင်ပြေလောက်ပြီထင်ပါတယ်🤩🤩

အရင်က share ပေးထားတဲ့ ပိုစ့်များသိချင်လျှင် အောက်မှာ link များစုပေးထားပါတယ်

📌အရင်းပေါ်မှာ အမြတ်% တင်ပြီး ရောင်းစျေးတွက်နည်း

https://www.facebook.com/100064900666882/posts/558454379661246/?mibextid=cr9u03

📌ကုန်စုံဆိုင်လုပ်ငန်းမစတင်ခင် သိသင့်သိထိုက်တဲ့ ကောင်းကျိုး ဆိုးကျိုးများ

https://www.facebook.com/100064900666882/posts/586484026858281/?mibextid=cr9u03

📌 ဒီကာလမှာ ကုန်စုံဆိုင်ဖွင့်ဖို့စိတ်ကူးနေလား…..?
ဖွင့်ရင်ရော ဘယ်ဆိုင်မှာ ဘယ်လိုဝယ်ယူရမလဲ …..???

https://www.facebook.com/100064900666882/posts/560705022769515/?mibextid=cr9u03

📌 ရင်းနှီးမြုပ်နှံမှုတစ်ခုခုလုပ်လျှင် အဲ့ဒီကနေပြန်ရမယ့်ဘအမြတ်ငွေ ရာခိုင်နှုန်းကို ကြည့်ပြီး ဆက်လုပ်သင့်မလုပ်သင့် ဆုံးဖြတ်ရန် တွက်တဲ့ ROI

https://www.facebook.com/100064900666882/posts/586523396854344/?mibextid=cr9u03

📌သင့်လုပ်ငန်း စီးပွါးရေး ပုဂ္ဂိုလ်ရေးနဲ့ ပညာရေးမှာ အောင်မြင်ရန် ကူညီပေးမဲ့ SWOT Analysis

https://www.facebook.com/100064900666882/posts/584319360408081/?mibextid=cr9u03

📌 ငွေဖြူငွေမဲ သို့ ငွေကြေးခဝါချခြင်း အကြောင်း

https://www.facebook.com/100064900666882/posts/584909137015770/?mibextid=cr9u03

📌အောင်မြင်ခြင်းရဲ့ နောက်ကွယ်က အဓိကသော့ချက်

https://www.facebook.com/100064900666882/posts/581711537335530/?mibextid=cr9u03

📌လုပ်ငန်းတစ်ခုရဲ့ အရင်းကြေအမှတ် ဘယ်လိုတွက်လဲ
အရင်းကြေအောင် ဘာတွေလုပ်ဖို့လိုလဲ….?

https://www.facebook.com/100064900666882/posts/580368187469865/?mibextid=cr9u03

📌Microsoft Excel keyboard shortcuts
ကွန်ပြူတာသုံးရင် Mouse မလိုပဲ keyboard နဲ့တင် မြန်မြန်ဆန်ဆန်နဲ့ အထာကျကျ ဘယ်လို shortcut သုံးမလဲ….?

https://www.facebook.com/100064900666882/posts/578428180997199/?mibextid=cr9u03

📌 Inventory ကုန်လက်ကျန်စာရင်း ကုန်ပစ္စည်းစာရင်းများအကြောင်း

https://www.facebook.com/100064900666882/posts/564935112346506/?mibextid=cr9u03

📌Brand Awareness and Brand Loyalty

https://www.facebook.com/100064900666882/posts/561350782704939/?mibextid=cr9u03

📌 Group Company(CDSG -ဟတ်ပီး၊ပရီမီယာ)အကြော င်း
group company က ရိုးရိုး company နဲ့ ဘာကွာလဲ…….??

https://www.facebook.com/100064900666882/posts/556180836555267/?mibextid=cr9u03

📌ကိုယ့်ဆိုင်ကို ပစ္စည်းလာရောင်းတဲ့ company က တကယ်ရှိရဲ့လား အလိမ်အညာလား……..??
ဘယ်လို သိအောင် လုပ်မလဲ …..?
ဘယ်မှာရှာလို့ရလဲ……..??

https://www.facebook.com/100064900666882/posts/555565786616772/?mibextid=cr9u03

📌ကိုယ့်လုပ်ငန်းနဲ့ နာမာည်ကို ထိခိုက်စေမည့် အချက်များ

https://www.facebook.com/100064900666882/posts/550635867109764/?mibextid=cr9u03

📌social media ( facebook) မှာ စျေးနှုန်းများတင်ခြင်း မတင်ခြင်း ပြသနာများနဲ့ ကောင်းကျိုး
ဆိုးကျိုးများ

https://www.facebook.com/100064900666882/posts/548580753981942/?mibextid=cr9u03

#သီတာလွင်ကုန်မျိုးစုံရောင်းဝယ်ရေး
by သီတာလွင်

18/03/2023

https://www.facebook.com/KST2198?mibextid=LQQJ4d

“Your Reliable Supplier : Integrity You can trust, Commitment You can rely on”

🏠85 လမ်း ,33&34 ကြား 📌ဈေးချိုဆိုင်
🏠107 လမ်း,54&55 ကြား 📌မြို့သစ်ဆိုင်

16/03/2023

11.3.23 ✅(ဘလူးမောင်တိန် -၅၁၀၀ ကျပ်ပဲနော်)

🙏 #တစ်ဆင့်ပြန်လည်ရောင်းချချင်သူများနှင့်မီနီမတ် ဖွင့်ချင်သူများ

👉🤝🏻ခုမှစ၍ပစ္စည်းဝယ်ယူချင်သူမိတ်သစ်များလဲ အောက်မှာပေးထားတဲ့ဖုန်းကိုဆက်ပြီး လက်ကားစျေးများမေးလို့ရပါတယ်

💵 #ငွေပေးချေမှုနည်းလမ်း

💁🏼‍♀️နယ်ကုန်သည်များအတွက်ကားဂိတ်ချငွေခံရပါတယ်

💁🏼‍♀️KBZ, CB, YOMA, MAB, UAB ,AYA ,Wave Pay

💁🏼‍♀️ဆိုင်လာဝယ်ချင်သူများလဲ ကိုယ်တိုင်လာကြည့်ပြီး ဝယ်ယူနိုင်ပါတယ်

update စျေးတွေသိချင်ရင်
Viber..channel link👇👇 ကို join ထားလို့ရပါတယ်

https://invite.viber.com/?g2=AQACQvPj1jdGsU7jZiavLzYR%2FdlUqPFVrs3MJA0cfk2QtYPmlpXlqhmpabu5Pswn

🛒 #သီတာလွင်ကုန်မျိုးစုံရောင်းဝယ်ရေး🛒

☎️09766137620
☎️0991045683
☎️09449666150
☎️09964120889

🏠🏠လိပ်စာ- 54B,107 st, (အောင်ဆန်းလမ်းထောင့်)
ချမ်းမြသာစည် မန္တလေးမြို့

knowledge sharing
16/03/2023

knowledge sharing

#အောင်မြင်ခြင်းရဲ့နောက်ကွယ်ကအဓိကသော့ချက်

#ဘဝလမ်းတစ်လျှောက်မှာအောင်မြင်မှုရရှိရန်
လုပ်ဆောင်ရမည့် အချက်(၃)ချက် ……

(1 ) Doing

🔶အောင်မြင်မှုကို အဆုံးသတ် သို့မဟုတ် နောက်ဆုံးနေရာတစ်ခုအဖြစ် မကြာခဏ ထင်မြင်လေ့ရှိသော်လည်း
👻တကယ့်လက်တွေ့မှာတော့ 🚶‍♀️🚶‍♀️
လုပ်ဆောင်ခြင်း🙇
သင်ယူခြင်း👩‍💻နှင့် တိုးတက်ခြင်း🧑‍🎓အစရှိတဲ့ အရာများကို စဉ်ဆက်မပြတ် လုပ်ဆောင်နေရမဲ့ခရီးတစ်ခုဖြစ်ပါတယ်
☘️ထိုအချက်သုံးချက်သည်
သင်၏အသက်မွေးဝမ်းကျောင်းဘဝတစ်လျောက် 👩‍⚕️👨‍🍳🧑‍💻
ကိုယ်ရေးကိုယ်တာဆက်ဆံရေး 🤝🤝နှင့်
(သို့ )ပုဂ္ဂိုလ်ရေးတိုးတက်မှု🤝🤝တွင် သာမက
ဘဝ၏ မည်သည့်နယ်ပယ်တွင်မဆို အောင်မြင်မှုရရှိရန်အတွက် မရှိမဖြစ်လိုအပ်သော အချက်များဖြစ်ပါတယ်

🌏Success is often thought of as an endpoint or destination, but in reality, it is a continuous journey that involves doing, learning, and improving. These three elements are essential for achieving success in any area of life, whether it's in your career, personal relationships, or personal growth.

👤👤အချိန်ဆွဲမှုမရှိပဲ လုပ်ဆောင်နေခြင်းသည်
အောင်မြင်မှုခရီး၏ ပထမခြေလှမ်းဖြစ်ပါတယ်
🙅🙅လုပ်ဆောင်ချက်မရှိရင် တိုးတက်မှုဆိုတာမရှိနိုင်သလို
တိုးတက်မှုမရှိရင် အောင်မြင်နိုင်မှာလည်း
မဟုတ်ပါဘူး။
🧚‍♂️ကိုယ်ရဲ့ရည်ရွက်ချက် ပန်းတိုင်တစ်ခုကိုရောက်အောင် လုပ်ဆောင်ဖို့အတွက်
🙈စွန့်စားရန် သက်တောင့်သက်သာဇုန်မှ ထွက်ခွာရန်နှင့်
စိန်ခေါ်မှုများ (challenges)ကို ရင်ဆိုင်ရန် သတ္တိရှိရန်လဲ
လိုအပ်ပါတယ်

🌏Doing is the first step in the success journey. It involves taking action and making things happen. Without action, there can be no progress, and without progress, there can be no success. Doing requires courage and a willingness to take risks, to step out of your comfort zone, and to face challenges head-on.

(2) Learning

🔶သို့သော် လုပ်ဆောင်ခြင်းတစ်ခုထဲနဲ့ မလုံလောက်ပါ။
🧠🧠လေ့လာသင်ယူခြင်းကလဲ အောင်မြင်မှုရရှိရန် အတွက် ထပ်တူအရေးကြီးပါသည်။
လေ့လာသင်ယူခြင်းဆိုသည်မှာ တရားဝင်ပညာရေးမှတစ်ဆင့်
သို့မဟုတ်
Experiences လို့ခေါ်တဲ့ဘဝအတွေ့အကြုံများမှတစ်ဆင့် အသိပညာနှင့် ကျွမ်းကျင်မှုများ ဆည်းပူးခြင်း များပါဝင်ပါတယ်။

🌏However, doing alone is not enough. Learning is equally important in achieving success. Learning involves acquiring knowledge and skills, either through formal education or through life experiences.

🦻👀🧠🗣လေ့လာသင်ယူခြင်းက သင့်အား ကမ္ဘာကြီးကို ပိုမိုကောင်းမွန်စွာ နားလည်နိုင်စေပြီး အတွေးအမြင်သစ်များ ရရှိစေပါသည်။
ဒါ့အပြင် သင့်အား အခွင့်အလမ်းများကို ရှာဖွေဖော်ထုတ်ရန် တစ်ချို့နေရာမှာအသိဉာဏ်ဖြင့် ဆုံးဖြတ်ချက်များ(ပြုလုပ်ရာတွင် ကူညီပေးနိုင်ပါလိမ့်မယ်

🌏Learning enables you to understand the world better and to gain new perspectives. It helps you to identify opportunities and to make informed decisions.

သင်ယူခြင်းမရှိလျှင် သင်ရဲ့လုပ်နိုင်စွမ်းနှင့်တိုးတက်မှုအတွက် အကန့်အသတ်ရှိနိုင်ပါတယ်

🌏Without learning, you may be limited in your ability to grow and progress.

(3) Improving

🔶ရေရှည်အောင်မြင်ဖို့အတွက် ကိုယ်ကိုယ်တိုင်က တိုးတက်နေဖို့ လိုအပ်ပါတယ်။
တိုးတက်မှုသည် သင်ရဲ့ကျွမ်းကျင်မှု၊
အသိပညာနှင့် စွမ်းရည်များကို စဉ်ဆက်မပြတ် မြှင့်တင်ရန် သင်ယူခဲ့ပြီးသော အရာများကို အသုံးပြုခြင်းဖြင့် ရရှိနိုင်ပါတယ်
🌏Finally, improving is essential in achieving long-term success. Improvement involves using what you have learned to enhance your skills, knowledge, and abilities continually..

🥸🤯တိုးတက်မှုအတွက် စည်းကမ်း၊ ဇွဲလုံ့လနှင့် ကြီးပွားသောစိတ်ထားတို့ လိုအပ်သည်။
🌏Improvement requires discipline, dedication, and a growth mindset.

🔑🗝 အောင်မြင်မှုရရှိရန် အဓိကသော့ချက်မှာ
အထက်ပါ အချက်သုံးချက်ကို အတူတကွပေါင်းစပ်ပြီးပြုလုပ်ရန် လိုအပ်ပါသည်
လုပ်ဆောင်မှု၊ အသိပညာဆည်းပူးခြင်းနှင့် သင်၏အရည်အချင်းများကို စဉ်ဆက်မပြတ်မြှင့်တင်ခြင်းဖြင့် သင်သည် သင်၏ပန်းတိုင်များကို အောင်မြင်စွာလျောက်လှမ်းနိုင်ပြီး ပြည့်စုံပြီး အဓိပ္ပါယ်ရှိသော ဘဝတစ်ခုကို ဖန်တီးနိုင်မည်ဖြစ်သည်။

🌏The key to achieving success is to combine doing, learning, and improving. By taking action, acquiring knowledge, and continually enhancing your skills, you can achieve your goals and create a fulfilling and meaningful life.

ဒါပေမဲ့
အောင်မြင်မှုသည် နောက်ဆုံးမဟုတ်ပဲ🎭🎭
စဉ်ဆက်မပြတ် ကြိုးစားအားထုတ်မှု လိုအပ်သော ခရီးတစ်ခုပဲဖြစ်တယ်ဆိုတာ သတိရပါ
မှန်ကန်သော အတွေးအမြင်နဲ့ ကိုယ့်အနားကကမ္ဘာကို ကောင်းတဲ့အကျိုးသက်ရောက်မှုများဖြစ်စေမဲ့ ကောင်းမွန်သောအရာများကို လုပ်ဆောင်ပြီး
ဘဝရဲ့ကောင်းမွန်တဲ့အရာတွေကို ရယူလိုက်ပါ🌈🌈🌞🌞

🌎Remember, success is not a destination; it is a journey that requires constant effort and dedication. With the right mindset and approach, you can achieve great things and make a positive impact on the world around you.

16/03/2023

Address

107St &54B Corner
Mandalay
05041

Website

Alerts

Be the first to know and let us send you an email when TDL posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share