QNQ Distribution Myanmar

QNQ Distribution Myanmar We have quality and quantity. We'll do our best to support your needs.

ဖြစ်ပါ့မလားဆိုတဲ့ အတွေးများလေလေ သင်ဟာ အဖြစ်မရှိသူ ဖြစ်လာလေပဲ။သင်တွေးနေတာထက် ပိုလုပ်နိုင်တယ်ဆိုတာ သင့်ကိုသင် အမြဲသတိပေးနေ...
18/04/2023

ဖြစ်ပါ့မလားဆိုတဲ့ အတွေးများလေလေ သင်ဟာ အဖြစ်မရှိသူ ဖြစ်လာလေပဲ။
သင်တွေးနေတာထက် ပိုလုပ်နိုင်တယ်ဆိုတာ သင့်ကိုသင် အမြဲသတိပေးနေပါ။ သင်တကယ်ပဲ လုပ်နိုင်လာပါလိမ့်မယ်။


14/04/2023

လုပ်ငန်းတစ်ခုနဲ့ပတ်သက်လို့ လူနှစ်ယောက်ဟာ အမြဲတမ်း သဘောထား တိုက်ဆိုင်နေတယ်ဆိုရင် တစ်ယောက်ယောက်က အသုံးမကျလို့ပါ။

အမြဲတမ်း သဘောထားချင်း မတိုက်ဆိုင်တော့ဘူး ဆိုရင်တော့ နှစ်ယောက်စလုံး အသုံးမကျလို့ပါ....။


လူလိမ်မခံရစေသော နည်းလမ်းများ********************************    လူရယ်လို့ဖြစ်လာရင် မလိမ်ဖူး၊ မညာဖူးတဲ့သူဆိုတာ စကားမပြောတ...
13/04/2023

လူလိမ်မခံရစေသော နည်းလမ်းများ
********************************
လူရယ်လို့ဖြစ်လာရင် မလိမ်ဖူး၊ မညာဖူးတဲ့သူဆိုတာ စကားမပြောတတ်၊ လမ်းမလျှောက်တတ်သေးသော ကလေးများပင်ဖြစ်မည်။ အရွယ်ရောက်ပြီးသူများတွင်တော့ မရှိသလောက် ရှားသည်ဟု ဆိုရမလိုပင်။ အပျော်သဘောဖြစ်စေ၊ ကောင်းကျိုးလို၍ဖြစ်စေ၊ ဆိုးကျိုးလို၍ဖြစ်စေ မုသားစကားကို ဆိုတတ်ကြလေသည်။ မည်သို့ပင်ဖြစ်စေ မိမိအား လာရောက်ပြောဆိုဆက်ဆံသူမှာ လူလိမ်ဟုတ်၊ မဟုတ် အောက်ပါအချက်များဖြင့် သိရှိနိုင်သည်.....

၁။ ပြောဆိုပြုမူပုံကို သေချာကြည့်ပါ။

လူတစ်ယောက်ရဲ့ စိတ်ခံစားချက်ဆိုတာ များသောအားဖြင့် မျက်နှာနဲ့ မျက်လုံးတို့မှာ ပေါ်တာများပါတယ်။ လူလိမ်တွေဟာ များသောအားဖြင့် စကားပြောရင်း နှာခေါင်းနဲ့ ပါးစပ်ကို ဖုံးကွယ်ဖို့ ကြိုးစားတတ်ကြတယ်။ နောက်ပြီးတော့ မျက်လုံးကစားတာ။ လူတော်တော်များများက လိမ်မလိမ်ဆိုတာကို မျက်လုံးချင်းစုံပြီး ပြောခိုင်းလေ့ရှိကြတယ်။ ဒီအချက်ကို လိမ်မယ့်သူကကြိုသိနေတဲ့အတွက် မျက်လုံးချင်းစုံပြီး ပြောနိုင်ဖို့ အထူးလေ့ကျင့်လာပါလိမ့်မယ်။ ဒါကြောင့် သူ့ကို မျက်စိကစားမကစားသိအောင် မျက်လုံးချင်း သိပ်မဆုံပါစေနှင့်။

၂။ စကားသံကို သေချာနားထောင်ပါ။

စကားသံဟာ လိမ်မလိမ်ဆိုတာသိဖို့ နည်းလမ်းကောင်းတစ်ခုပါ။ သူ့အသံဟာ ပုံမှန်ထက် တိုးနေလား၊ ကျယ်နေလား၊ အသံ tone colour ဟာ နားထောင်ရ အဆီအငေါ်မတည့် ဖြစ်နေလား၊ ဒါကိုကြည့်ခြင်းဖြင့် ထိုသူဟာ ဖိအားတွေ စိုးရိမ်ပူပန်မှုတွေ ရှိနေတယ်ဆိုတာ သိသာပါတယ်။ အမှန်ကိုပြောတဲ့သူက ဒါမျိုးဖြစ်တာ နည်းပါတယ်။

၃။ လိုတာထက်ပိုပြောနေသလား။

လူလိမ်တွေဟာ အကြောင်းအရာတစ်ခုကို သူများမယုံကြည်မှာ ကြောက်တဲ့စိတ်နဲ့ လိုအပ်တာထက်ပိုပြီ အသေးစိတ် ပြောဆိုတတ်ကြပါတယ်။ နောက်ပြီး အဲဒီအကြောင်းအရာ တစ်ခုကိုပဲ ထပ်ကာ ထပ်ကာ ပြောလေ့ရှိကြတယ်။ ကတိတွေ၊ အာမခံကြောင်းတွေ၊ ဥပဒေသတွေလည်း ထပ်တလဲလဲ ပြောဆိုသုံးနှုံးတတ်ကြပါသေးတယ်။ သင်မေးတဲ့ မေးခွန်းတွေကိုလည်း ချက်ချင်းမြန်မြန် ပြန်ဖြေနိုင်ပြီဆိုရင် ဒီလူဟာ လူလိမ်ဖြစ်ဖို့ ရာခိုင်နှုံးများပါတယ်။ ဘာလို့လဲ ဆိုတော့ သင့်ဆီမလာခင် သင်မေးနိုင်မဲ့မေးခွန်းတွေကို ကြိုတင် ပြင်ဆင်ထားလို့ပါ။

၄။ ကိုယ်ဟန်အနေအထားကို လေ့လာပါ။

အလွန်အမင်း ချွေးထွက်နေသလား။ လူတွေဟာ လိမ်နေတဲ့အချိန်မှာ စိုးရိမ်စိတ် ရှက်စိတ် ကြောက်စိတ်တွေ ရှိနေနိုင်တဲ့အတွက် သာမန်ထက် ချွေးပိုထွက်တတ်ပါတယ်။ လက်တွေ ခြေတွေဟာ အငြိမ်မနေပဲ တစ်ခုခုကို ကိုင်ပြီး ကစားနေသလား၊ ဥပမာ ဆံပင် အကျီင်္စ စားပွဲပေါ်က အရာတစ်ခုခုကို စကားပြောရင်း ကစားနေတတ်ပါတယ်။ သူ့လည်ချောင်းဟာလည်း ချောင်းဟန့်ရခြင်း၊ စကားဆက်တိုက်ပြောရခြင်း၊ စိုးရိမ်စိတ်ကြောင့် ခန္ဓာကိုယ်တွင်း ဟိုမုန်းများထွက်ခြင်းကြောင့် တံတွေး ခဏခဏ မြိုနေရတတ်တယ်။

၅။ အသက်ရူသံ ပုံမှန်မမှန် စစ်ဆေးပါ။

စိုးရိမ်စိတ်၊ ကြောက်စိတ်တွေကြောင့် လူတွေဟာ တဒင်္ဂ အသက်ရူဖို့မေ့နေတတ်ကြပါတယ်။ ဒါကြောင့်နှလုံးဟာ အောက်စီဂျင်မလောက်ဖြစ်ပြီး အသက်ရူရာမှာ ပိုမြန်လာပါတယ်။ လူလိမ်တွေအသက်ရူသံံဟာ သာမန်ထက် ပိုပြင်းပြီးခန္ဓာကိုယ်ဟာလည်း သက်သောင့်သက်သာမရှိ ဖြစ်နေတတ်ပါတယ်။

၆။ ငြိမ်သက်စွာ နားထောင်ပေးပါ။

ငြိမ်သက်စွာ နားထောင်တဲ့သူကို လိမ်ချင်တဲ့ အကြောင်းအရာ အလုံးစုံကို လူလိမ်တွေ မပြောဆိုနိုင်ကြပါဘူး။ မိမိစကားကို စိတ်ဝင်စားအောင် မဖိတ်ခေါ်နိုင်လို့ပါ။ အဲလိုလူကို စိတ်လည်း မဆိုး တတ်ကြပါဘူး။ ဘာလိုလဲဆိုတော့ သူတို့ကို ငြင်းခုံမှုမရှိလို့ပါ။

၇။ စဉ်းစားချိန်ယူပါ။

သူပြောတာ မှန်လား မှားလား ၊ ဖြစ်နိုင်လား မဖြစ်နိုင်ဘူးလားဆိုတာ သေချာစဉ်းစားဖို့ အချိန်ယူပါ။ ဘုရားဟောခဲ့တာရှိပါတယ် " အမှန်တရားဆိုတာ စာအုပ်ထဲမှာလည်း မရှိဘူး။ ပညာရှိဆီမှာလည်းမရှိဘူး။ ကျမ်းဂန်ထဲမှာလည်း မရှိဘူး။ မိမိကိုယ်တိုင် မိမိ သိမြင်ခံစား နားလည်သဘောပေါက်ပြီး မှန်တယ်လို့ ထင်မြင်ယူဆမိမှ အမှန်တရားမည်၏"တဲ့..

လူအချင်းချင်း လှည့်ပတ်ခြင်းမှ ကင်းဝေးကြပါစေ။


12/04/2023

သူများပြောသမျှ အားလုံးကို နားထောင်ပါ။ ဒါပေမယ့် ကိုယ့်ဘာသာကိုယ်ပဲ ဆုံးဖြတ်ချက်ချပါ။

ညီအကိုတွေလို ရင်းရင်းနှီးနှီး ဆက်ဆံပေါင်းသင်းပါ။
စီးပွားရေး လုပ်ပြီဆိုရင်တော့ သူစိမ်းတွေလို လုပ်ပါ။


စကားပြောဆိုခြင်း အနုပညာ**************************စကားဆိုတာ လူတိုင်းပြောတတ်ပါတယ်။ စကားမပြောတတ်တဲ့ လူဆိုတာ လူ့လောကမှာ အနည်...
07/04/2023

စကားပြောဆိုခြင်း အနုပညာ
**************************

စကားဆိုတာ လူတိုင်းပြောတတ်ပါတယ်။ စကားမပြောတတ်တဲ့ လူဆိုတာ လူ့လောကမှာ အနည်းအကျဉ်းပဲရှိပါလိမ့်မယ်။ လူတိုင်း ကတော့ သူတို့ရဲ့ မိခင်ဘာသာစကားကို ကောင်းမွန်စွာ ပြောတတ်ကြပါတယ်။

ဒါပေမယ်.....

တစ်ဖက်သားကို မိမိပြောလိုက်တဲ့ စကားတိုင်းဟာ အရေးပါအရာရောက်သလား (သို့) မိမိပြောလိုက်တဲ့ စကားဟာ မိမိ လိုချင်တဲ့ ရလာဒ်ကို ဆောင်ကြဉ်းပေးနိုင်သလား? ဒီနေရာမှာတော့ အခက်အခဲလေးတွေ ရှိလာပါပြီ။ ဘာကြောင့်လဲဆိုတော့ မ ပြောတတ် မဆိုတတ် ကြလို့ပါပဲ။

ပြောတဲ့စကားရဲ့ အဓိပ္ပာယ်ဟာတူပေမယ့် ပြောပုံဆိုပုံ မကျရင်၊ ပြောပုံဆိုပုံ မယဉ်ကျေးရင် မိမိဆန္ဒနှင့် မိမိပြောတဲ့ ဟာ တစ်သားတည်းမကျတော့ပါဘူး။ အပြောမတတ်တော့ ဆဲ သလိုပဲဆိုတာ ဒါပါပဲ။

အောင်မြင်ချင်တဲ့ သူဟာ ပြောတတ်၊ ဆိုတတ်ဖို့ အရမ်းအရေးကြီးသလို ပြောသင့်တဲ့ အချိန်နဲ့ မပြောသင့်တဲ့အချိန်ကို မှန်မှန်ကန်ကန်နဲ့ ခွဲခြားပြီးတော့ ယဉ်ကျေးလိမ္မာစွာ ပြောဆိုတတ်တဲ့အကျင့် ရှိရပါမယ်။

ဒေးကာနက်ဂျီရဲ့ လူတွေနဲ့ ဆက်ဆံတဲ့ အခါမှာ မဖြစ်မနေ သိထားရမယ့် အချက် လေးတွေကို သိထားရင်တော့ မိတ်ဆွေရဲ့ ပေါင်းသင်းဆက်ဆံရေးဟာ ပိုအဆင်ပြေလာပါလိမ့်မယ်။

အဲဒါတွေကတော....
၁။ သူတစ်ပါးစကားကို အာရုံစိုက်နားထောင်ခြင်း✔

၂။ သူတပါး စိတ်ဝင်စားမည့် အကြောင်းအရပ်ကိုပြောခြင်း✔

၃။ အရေးမကြီးသည့် အသေးစိတ်များ ထည့်မပြောခြင်း✔

၄။ စကားတစ်လုံးတည်းကို ထပ်တလဲလဲ မသုံးမိအောင်ရှောင်ကြဉ်ခြင်း✔

၅။ ရှင်းလင်းပြတ်သားစွာပြောခြင်း✔

၆။ မေးခွန်းကောင်းမေးတတ်ခြင်း✔

၇။ အမြင်မတူတာကို စိတ်မငြိုငြင်အောင် ပြောတတ်ခြင်း✔

၈။ သူတပါးစကားကို ကြားဖြတ်မပြောခြင်း✔

၉။ တစ်ဖက်သားကို အငြင်းမပွားပဲ သည်းခံနိုင်စွမ်းရှိခြင်း✔

၁၀။ အခါအားလျော်စွာ ချီးမွမ်းစကားဆိုတတ်ခြင်း✔

ဒီအချက်တွေဟာ လူမှုဆက်ဆံရေးနယ်ပယ်မှာ အထိရောက်ဆုံးနဲ့ မရှိမဖြစ် လိုအပ်သော အချက်အလက်များဖြစ်ပါတယ်။
စကားပြောတတ်ရင် လေယာဉ်တောင် အလကားစီးလို့ရတယ်လို့ ခိုင်းနှိုင်းသုံးနှုံးရလောက်တဲ့အထိ စကားပြောတတ် ဆိုတတ်ဖို့ဟာ အင်မတန်မှ အရေးကြီးပါတယ်။


Change your management.
06/04/2023

Change your management.

အထက်လူကြီးကောင်းတစ်ယောက် ဖြစ်အောင်လုပ်နည်း**************************************************👉 ချီးကျူးမှု၊ ရိုးရိုးသားသာ...
04/04/2023

အထက်လူကြီးကောင်းတစ်ယောက် ဖြစ်အောင်လုပ်နည်း
**************************************************

👉 ချီးကျူးမှု၊ ရိုးရိုးသားသား အသိအမှတ်ပြုမှုတို့ ဖြင့် စတင်ပါ။ ဒေးကါနက်ဂျီကတော့ လူတစ်ယောက်ရဲ့ ကောင်းကွက်ကို ပထမစတွေ့တဲ့ ၃ စက္ကန့်အတွင်းမှာ ရှာဖွေနိုင်တဲ့သူက သူ့ရဲ့ communications ကို 50% အောင်မြင်ပြီလို့ ပြောလို့ရပါတယ်တဲ့။

👉 လူအများ၏အမှားကို သွယ်ဝိုက်သည့်နည်း ဖြင့် သတိပေးပါ။ အခြားသူကို မဝေဖန်မီ မိမိအမှားများအ
ကြောင်းကို ဦးစွာပြောပါ။

👉 တိုက်ရိုက်အမိန့်ပေးမည့်အစား မေးခွန်းများ မေးပါ။အခြားသူမျက်နှာပျက်အောင် မလုပ်ပါနှင့်။ သူများကို နားလည်မပေးပဲ ကိုယ့်ကိုနားလည်စေချင်လို့မရပါဘူး။
အလွယ်တကူပြင်နိုင်မည့် အမှား လေးတွေကို ထောက်ပြပါ။

👉 အနည်းငယ် တိုးတက်မှုကလေးကိုပင်လျှင် စိတ်ပါလက်ပါ ချီးကျူးပါ။ (တချို့လုပ်ငန်းရှင်တွေက ချီးကျူးလိုက်ရင် ရောင့်တတ်မှာ အလုပ်တွေကို နားလိုက်မှာကို စိုးရိမ်တတ်ကြပါတယ်။) ဒါကြောင့် ချီးကျူးတယ်ဆိုတဲ့နေရာမှာ အချက်အလက် အတိအကျ ပြောပြီး ချီးကျူးပေးခြင်းဟာ အကောင်းဆုံးပါပဲ။

👉တစ်ဘက်သား တစ်သက်လုံး လုပ်စားစရာ နာမည် ကောင်းရပါစေ။ ကိုယ့်ဆီမှာ ကောင်းကောင်းလုပ်ခဲ့လျှင် အခြားတိုးတတ်ရာကို မြေတောင်မြှောက် အားပေးပါ။ အမြဲတမ်းဝန်ထမ်းဆိုတာ ဘယ်မှာမှ မရှိပါဘူး။

👉 မိမိ၏အကြံကို လိုက်နာလုပ်ဆောင်လိုက်ရသဖြင့် တစ်ဘက်သား စိတ်ချမ်းသာပါစေ။ ကိုယ့်ရဲ့ လက်အောက်ဝန်ထမ်းတွေအပေါ် အမှန်တရားအတိုင်း ရဲရဲဝံ့ဝံ့ ရပ်တည်ပေးပါ ကာကွယ်ပေးပါ၊ သူတို့ကိုယ်တိုင် လိုလိုလားလား ခေါင်းဆောင်နေရာကို ပေးလါပါလိမ့်မယ်။


လူ​တွေကို မိမိဘက်ပါအောင် ဘယ်လိုစည်းရုံးကြမလဲ?-----------------------------------တိုးတတ်အောင်မြင်သော ဘဝတစ်ခုကို ဖန်တီးနို...
03/04/2023

လူ​တွေကို မိမိဘက်ပါအောင် ဘယ်လိုစည်းရုံးကြမလဲ?
-----------------------------------

တိုးတတ်အောင်မြင်သော ဘဝတစ်ခုကို ဖန်တီးနိုင်ဖို့ဆို ကျွန်တော်တို့ဟာ လူအများကို စည်းရုံးနိုင်ရပါမယ်။

ဒီနေ့ခေတ်လို Digital Marketing မှာတောင်မှ Social platform တွေပေါ်ကနေ လူတွေကို ကိုယ်ပြောတာ နားထောင်ဖို့၊ ကိုယ့်ဘက်ပါလာဖို့ နည်းမျိုးစုံနဲ့ ကိုယ့်ရဲ့ Video, Streaming, Youtube စတာတွေကို viewer များအောင် စည်းရုံးနေကြရပါတယ်။

ဒါကြောင့် စည်းရုံးခြင်းနည်းလမ်းတွေဟာ ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် မိမိအတွက် မိမိလုပ်ငန်းအတွက် အကျိုးရှိတဲ့အပြင် လူအများရဲ့ ထောက်ခံအားပေးမှုကြောင့် ခေါင်းဆောင်ဖြစ်လာနိုင်ပါတယ်။

ဒါဆိုရင် ကျွန်တော်တို့ ဘယ်လိုစည်းရုံးကြရမလဲ🤔?

တစ်ဖက်လူရဲ့ မိမိနဲ့ မတူသော အမြင်တွေ မိမိနှင့်တူလာအောင် စည်းရုံးတဲ့အခါမှာ " ငြင်း" ခုန်ခြင်းကို အထူးဂရုပြုရှောင်ရှားရပါမည်။ ❌❌

ဒီနေ့ ကျွန်တော် sharing လုပ်ပေးချင်တာကတော့ KOPMEYER ရဲ့ စည်းရုံးရေး နည်းလမ်း (၆) ချက်ကိုပါ။

1️⃣ ကိစ္စတစ်ရပ်နှင့်ပတ်သက်၍ အပြန်အလှန် ညှိနှိုင်းရာမှာ မိမိ၏ အယူအဆနှင့် အနေအထားကို ဘယ်တော့မှ အရင်ဆုံး မဖော်ထုတ်ပါနှင့်။

2️⃣ တစ်ဖက်လူရဲ့ ထင်မြင်ချက်ကို ပထမဦးစွာ အမြဲတမ်း ရယူပါ။

3️⃣ ထို့နောက် တစ်ဖက်လူရဲ့ အကြောင်းပြချက်များကို မိမိလိုချင်တာရဖို့အတွက် ရှေ့ဆက်ဆွေးနွေးရန် အခြေခံ အဖြစ်သဘောထားပါ။

4️⃣ တစ်ဖက်သား၏ ထင်မြင်ချက်များကို စိတ်ပါလက်ပါ နားထောင်ပြီး မိမိလိုရာသို့ လိမ္မာပါးနပ်စွာ တဖြည်းဖြည်းဆွဲယူပါ။

5️⃣ နှစ်ဦးနှစ်ဖက် အမြင်ချင်းညှိယူခြင်းဖြင့် မိမိ၏အမြင်နှင့်တဖက်သား၏ အမြင်တူညီလာသည်အထိ ကြိုးစားပါ။

6️⃣ မိမိ၏ရည်မှန်းချက် ပြီးမြောက်သည်အထိ တဖက်သားအပေါ် စိတ်ရှည်စွာ ထားပြီး ညှိနှိုင်းယူပါ။

လူအများကို စည်းရုံးနိုင်ခြင်းဟာ ခေါင်းဆောင်ကောင်းတို့ရဲ့ အဓိကကျတဲ့ အရည်အချင်းတခုဆိုလည်း မမှားပါဘူး။😊


Address

AungMyayTharZan Tsp
Mandalay

Website

Alerts

Be the first to know and let us send you an email when QNQ Distribution Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share