Lady First

Lady First လက်ကားသီးသန့်သာဖြန့်ချီပါသည်" လက်လီမရောင်းပါ

ပေးရတဲ့စျေးနဲ့တန်စေရမဲ့နှစ်ထပ်အမိုက်စားလေး5500ks (5ထည်တစ်စီး)Messenger or Viber09776503305Royalရောက်တဲ့မြို့တိုင်းအိမ်ရေ...
20/09/2025

ပေးရတဲ့စျေးနဲ့တန်စေရမဲ့နှစ်ထပ်အမိုက်စားလေး
5500ks (5ထည်တစ်စီး)

Messenger or Viber

09776503305
Royalရောက်တဲ့မြို့တိုင်းအိမ်ရောက်ငွေချေရပါတယ်ရှင့်

22/07/2025

ခေတ်စားနေတဲ့ဂျင်းဒဲ့ပွရောက်ထားပီနော်

Bkk Giants ဆွဲအိလည်ဝိုင်းဂါဝန်Ws-18500/6ထည်၁တွဲ
13/05/2024

Bkk Giants ဆွဲအိလည်ဝိုင်းဂါဝန်
Ws-18500/6ထည်၁တွဲ

စီးပွားရေးမှာ သိပ်အားကျရတဲ့သူတယောက်ရှိတယ်သူပြောဖူးတဲ့ စကားတစ်ခုလူတယောက်က တစ်လဝင်ငွေ ၁သိန်းရတယ် ဆိုပါတော့တစ်လ ကို ၅သောင်း...
30/05/2023

စီးပွားရေးမှာ သိပ်အားကျရတဲ့သူတယောက်ရှိတယ်
သူပြောဖူးတဲ့ စကားတစ်ခု

လူတယောက်က တစ်လဝင်ငွေ ၁သိန်းရတယ် ဆိုပါတော့
တစ်လ ကို ၅သောင်းသုံးတယ်

သူ တစ်လ ဝင်ငွေ ၅သောင်းပဲရတော့တဲ့အခါ
ဘာလုပ်မလဲတဲ့

ကိုယ် ထင်ခဲ့တာ
အသုံးစရိတ်ကို တဝက်လျှော့သုံးမယ်ပေါ့

သူ ရယ်တယ်
အဲ့လိုတွေးရင် သူဌေးမဖြစ်တော့ဘူး

တစ်လကို ၅သောင်း အသုံးစားရိတ်ရှိနေရင်
ငါအမြဲ ဒီလိုသုံးနိုင်အောင် ဘယ်လိုရှာရမလဲ
တွေးရတယ်
လျှော့သုံးဖို့ထက် တိုးရှာနိုင်အောင် လုပ်လေတဲ့

စောစောကပြောတော့ ဝင်ငွေက
တဝက်ကျသွားတာဆိုလို့ ပြန်မေးတော့
သူ ထပ်ရယ်တယ်

ဒီစီးပွားက ငွေဝင်နည်းရင်
အခြားတစ်ခုကိုရအောင်ကြံပေါ့
အချိန်တိုင်း ကြံစည်နေရမှာပဲလေ

လူဆိုတာ မွေးစကနေ သေသည်အထိ
ပြေးလမ်းပေါ်မှာ ပြေးနေသလိုပဲ
ပူလောင်လိုက်တာ မညည်းနဲ့
အေးချမ်းချင် တရားရိပ်ခိုလိုက်တဲ့

အဲ့ဒီလူဟာ အသက် ၂၃ နှစ်မှာ
စက်လှေအစီး ၈၀ ပိုင်တဲ့ Company ရဲ့
Director ဖြစ်နေပြီ

သူငယ်ငယ်က သူ့မိသားစုက
စက်လှေ ၁ စီးထဲနဲ့ ငါးဖမ်းလုပ်ငန်းလုပ်ခဲ့သူတွေ
သူ့ဘဝမှာ ရုပ်ရှင်ရုံလဲ မသိဘူး
ပန်းခြံလဲ မသိဘူး
အချစ်ကိုလဲ ဦးစားမပေးခဲ့ဘူး
အလုပ်ချိန် ချစ်သူကို သတိရမိရင်တောင်
မင်းကြောင့် ငါ အာရုံစိုက်မရဖြစ်တယ်ကွ ဆိုပြီး
လှမ်းဆဲတတ်တဲ့သူမျိုးး

သူ့မှာ...
လူငယ်ဘဝလဲ ဆုံးရှုံးတယ်
ပျော်စရာဆိုတာ မရှိသလောက်ပဲ

ဒီလို နေရတာ ပျော်ရဲ့လား?
ဘဝက ဘာအဓိပ္ပါယ်ရှိမလဲ ကိုယ်မေးတော့

အနည်းဆုံးတော့ ကိုယ့်ညီတွေကို နိုင်ငံခြားမှာ ကျောင်းထားနိုင်တယ်
ဆင်းရဲသူတွေကို ပေးနိုင်လှူနိုင်တယ်
မကျန်းမာတဲ့အခါ ကုနိုင်တယ်
ဆွေမျိုးတွေကို ထောက်ပံ့နိုင်တယ်
တစ်နေ့ သားသမီးရှိလာရင် ပြည့်စုံမှုပေးနိုင်တယ်လေ
ငွေမရှိပဲ ငယ်ဘဝကိုပေါ့ပေါ့ပါးပါး ပျော်နေခဲ့မယ်ဆို
အတ္တကြီးရာ ကျတာပေါ့တဲ့

ဘဝမှာ တခုပဲရမယ်
အောင်မြင်မှုလားး အေးချမ်းမှုလားး
နှစ်ခုလုံးလိုချင်လို့တော့ မရဘူး
ကြာလာလေ သဘောပေါက်လာလေပဲ

ထမင်းကြမ်းကို ယပ်ခပ်စားရတာ
ပြဿနာမဟုတ်ပေမယ့်
ကိုယ်ချစ်တဲ့သူတွေ မပြည့်မစုံဖြစ်တာ ထိုင်ကြည့်ရတဲ့အခါတော့ အတော့်ကို နာကျင်ရတယ်
သူများစားရင် ကျွေးချင်တယ်
သူများဝတ်ရင် ဆင်ချင်တယ်
သူများပေးရင် ကိုယ်လဲပေးချင်တယ်
ဒါဟာ လောဘ ဆိုရင်
ဟုတ်တယ် ကျနော် သိပ်လောဘကြီးတာပဲ

Crd

🧠 သင့်ခေါင်းထဲက  ထုတ်ပစ်သင့်တဲ့အရာ(၆)ခု=====================================၁။ ဂရုမစိုက်နဲ့။-------------သင့်ကို ဂရုမစို...
30/05/2023

🧠 သင့်ခေါင်းထဲက ထုတ်ပစ်သင့်တဲ့အရာ(၆)ခု
=====================================
၁။ ဂရုမစိုက်နဲ့။
-------------
သင့်ကို ဂရုမစိုက်တဲ့သူတွေကို သင်ဂရုစိုက်စရာ မလိုပါဘူး။ တစ်ချို့လူတွေက သူတို့ကို ဂရုစိုက်လေလေ၊
သင့်ကို တန်ဖိုးမထားလေလေပါပဲ။ ဒီတော့ သူတို့ကို လိုက်ဂရုစိုက်နေမှာထက် ကိုယ့်ကိုယ်ကို ပိုဂရုစိုက်လိုက်ပါ။

၂။ လူ့ခွစာတွေကို ဝေးဝေးက ရှောင်ပါ။
---------------------------------
တစ်ချို့လူတွေကအခြားသူ ဘာလုပ်လုပ် အမြဲအပြစ်ပြောတတ်ကြတယ်။ ဘုကလန့် တိုက်တတ်တယ်။ ဂျစ်ကန်ကန်နဲ့ စိတ်ထဲရှိရင် ရှိသလို မဆင်မခြင်စကားတွေ ပြောတတ်ကြတယ်။ ဒီလို အဆိုးမြင်ဝါဒီရှိသူတွေကို ရှောင်ရှားပါ။ အဆိုးမြင်စိတ်ဓာတ်က သင့်ကိုပါ ကူးစက်လာစေနိုင်လို့ပါ။
၃။ တစ်ခုခုကို အမြဲသင်ယူလေ့လာနေပါ။
-----------------------------------
“ပညာလို အိုသည်မရှိ” ဆိုသလိုပဲ ဘယ်အတတ်ပညာမဆို သင်ယူဖို့ ဝန်မလေးပါနဲ့။ ငါ့ အသက်အရွယ်ကြီးနဲ့
မသင့်တော်ပါဘူးလေ၊ ငါငယ်သေးလို့ မလိုသေးပါဘူး ဆိုပြီး မတွေးပါနဲ့။

၄။ အရမ်းမတွေးပါနဲ့။
------------------
အတိတ်က အဖြစ်အပျက်တွေ အတိတ်က အကြောင်းအရာတွေကို အရမ်းမတွေးပါနဲ့။
အတိတ်မှာ အမှတ်ရစရာ အများကြီး ရှိကောင်းရှိခဲ့မှာပါ။ ဒါပေမဲ့ အတိတ်ဆိုတာ အချိန်တစ်ခုမှာ ပြီးသွားခဲ့ပြီးသား အဖြစ်အပျက်တွေပါ။ နောက်ထပ်ဖြစ်လာမယ့် အနာဂါတ်တွေကို လှပနေစေဖို့သာ ကြိုးစားပါ။

၅။ ကိုယ့်ကိုယ်ကို တန်ဖိုးထားပါ။
----------------------------
ကိုယ်ကျင့်တရားကောင်းတဲ့သူက
လောကမှာ တန်ဖိုးအရှိဆုံးပါ။
ကိုယ့်ကိုယ်ကို အမြဲတမ်းတိုးတက်အောင် ကြိုးစားပါ။ ကိုယ်စိတ်နှလုံး ဖြူစင်လာအောင် အမြဲကြိုးစားပါ။ စိတ်ကောင်းကောင်းထားပါ။

၆။ ထင်ချင်သလို ထင်ကြပါစေ။
---------------------------
လူအမျိုးမျိုး၊ စိတ်အထွေထွေရှိတယ်ဆိုသလိုပဲ
လူတစ်ယောက်နဲ့တစ်ယောက် တန်ဖိုးထားတာတွေ၊ ခံယူချက်တွေနဲ့ အမြင်တွေ မတူညီကြပါဘူး။ ကိုယ့်အကြောင်းနဲ့ကိုယ် ရှိကြတာမို့ ကိုယ်မှန်တယ်လို့ ယုံကြည်တဲ့အရာကို ရဲရဲသာလုပ်ပါ။ အခြားလူတွေ ဘယ်လိုထင်သလဲဆိုတာ အရေးစိုက်မနေပါနဲ့။
#မူရင်း 𝐂𝐫𝐞𝐝𝐢𝐭 ပေးပါတယ်
#စာပေ

ယနေ့ လူငယ်များအတွက် ဖတ်စေချင်---------------------------အသုံးမကျတဲ့လူ မဖြစ်စေနဲ့။---------------------အသက် ၃၅ နှစ် ပြည့်...
15/05/2023

ယနေ့ လူငယ်များအတွက် ဖတ်စေချင်
---------------------------

အသုံးမကျတဲ့လူ မဖြစ်စေနဲ့။
---------------------

အသက် ၃၅ နှစ် ပြည့်တဲ့အချိန်ထိ ခင်ဗျားဟာ တီဗီလေး ကက်ဆက်လေး တစ်လုံးတောင် မပိုင်သေး တဲ့အခါ ဘယ်သူမှ ခင်ဗျားကို သနားနေလိမ့်မယ် မထင်နဲ့။

စျေးကွက်ထဲ ယှဉ်ပြိုင်မှုကြောင့် ခင်ဗျား ကျရှုံးခဲ့တဲ့ အခါမှာလည်း ဘယ်ပြိုင်ဘက်ကမှ ခင်ဗျားကို ကိုယ်ချင်းစာတယ် ဆိုပြီးတော့ ရှော်ပေးလိမ့်မယ် မထင်နဲ့။ ကလေးကွက်နင်းနေတဲ့လူ စီးပွားရေး လောကမှာ တစ်ယောက်မှ မပါဘူး။

ကိုယ့်ချစ်သူက ပိုက်ဆံမရှိလို့ လမ်းခွဲသွားတဲ့အခါရော။ ဘယ်သူကမှ ခင်ဗျားကို စာနာလို့့ ဆိုပြီးတော့ ကြယ်ငါးပွင့် ဟော်တယ်မှာ မင်္ဂလာဆောင်ပေးမယ် မထင်နဲ့။

မိဘတွေကို ဆေးရုံဆေးခန်း ကောင်းကောင်းမှာ ဆေးကုချင်တယ်။ ဘယ်သူကမှ ခင်ဗျားကို ချစ်လို့ ဆိုပြီးတော့ ခင်ဗျားမိဘကို အကောင်းစား ဆေးရုံ ပို့ပေးမယ် မထင်နဲ့။

မိသားစု ဆင်းရဲလို့ မချမ်းသာလာတာပေါ့။ ဟုတ်သလား။ အသိပညာ မဆင်းရဲ စမ်းပါနဲ့။ ဆင်ခြေတွေ အလီလီပေးနိုင်တဲ့ အတွက် ဘယ်သူကများ တော်လွန်းလို့ ဆိုပြီးတော့ ပိုက်ဆံလာပေးတုန်း။ မပေးဘူးနော်။

ကိုယ်လုပ်တဲ့အလုပ်ရဲ့ ရလဒ်ကို ကြိုမမြင်နိုင်တဲ့လူ ဆင်းရဲမှာပဲ။

ခိုင်မာတဲ့ဆုံးဖြတ်ချက်နဲ့ လျှောက်ရဲတဲ့ သတ္တိ မရှိတဲ့လူ ဆင်းရဲမှာပဲ။

စွန့်စားရမှာကို ကြောက်နေတဲ့ လူဟာ ဆင်းရဲမှာပဲ။

ချမ်းသာချင်စိတ် မပြင်းပြတဲ့လူဟာ ဆင်းရဲမှာပဲ။

အသွေးထဲ အသားထဲကနေ ချမ်းသာချင်လာတဲ့လူဟာ နိမ့်ကျမှုတွေ အားလုံးကို ဂရုမစိုက်နိုင် တော့ ဘူး။ ပျောက်သွားတယ်။ ချမ်းသာဖို့ ဆိုရင် ၁၀၀% အပြည့် ကိုယ့် ခွန်အားကို ထုတ်သုံးဖို့ အဆင်သင့် ဖြစ်နေကြတဲ့ လူတွေ ဖြစ်တယ်။

အသွေးထဲ အသားထဲကနေ ချမ်းသာချင်လာတဲ့လူဟာ ဘာကြီးပဲ ဖြစ်နေနေ အသစ်တွေ သင်ယူဖို့ကို ဆာလောင်မွတ်သိပ်လာတယ်။ အမြဲတစေ ကိုယ့်အနေနဲ့ အဘက်ဘက်က ပြီးပြည့်စုံဖို့အတွက် တိုက်ချွတ် လေ့လာ နေလေ့ ရှိတယ်။
အသွေးထဲ အသားထဲကနေ ချမ်းသာချင်လာတဲ့လူဟာ ကျရှုံးခဲ့ရင်တောင် အဲဒီကျရှုံးမှုကို ဘေးဖယ် ထုတ်ပြီး ဘယ်သူမှ စိတ်မကူးရဲတဲ့ အားထုတ်ခြင်း အသစ်တစ်ခုနဲ့ ဖြစ်စဉ်ကို ချက်ချင်း ပြောင်းပြန်လှန် ပစ်ချင်သူတွေ ဖြစ်တယ်။

ဒါပဲ။ ဒီတော့ ခင်ဗျား စဉ်းစားတော့။ ဆင်ခြေတွေ ဘေးဖယ် ထားလိုက်စမ်းပါဗျာ။ ခင်ဗျား ရှေ့ဆက် ရမယ့် လမ်းက နှစ်လမ်းပဲ ရှိတယ်။ ငွေပုံရှိရာ လမ်းရယ် အိမ် အပြန် လမ်းရယ်။ နှစ်ခု ထဲက တစ်ခုကို ရွေးရလိမ့်မယ်။ ရပ်မနေနဲ့နော်။ ခင်ဗျား အသုံးမကျတဲ့လူ ဖြစ်သွားလိမ့်မယ်။
Photo

စီးပွားရေးမှာ အကျအရှံးများနေတဲ့မိတ်ဆွေများ

ကျနော်လက်ရှိလုပ်ကိုင်နေတဲ့ ကမ္ဘာရွှေ ကို ဝင်ရောက်အရောင်းအဝယ်လုပ်ဖို့ ဖိတ်ခေါ်ပါရစေ❤❤

စိတ်ဝင်စားလို့ဆက်သွယ်ချင်တဲ့ မိတ်ဆွေများ
☎09-896036056 ကိုဆက်သွယ်၍ စုံစမ်းမေးမြန်းနိုင်ပါသည်။

ပန်းတိုင်ကိုရောက်ဖို့အတွက်.....လူတွေရဲ့မျက်လုံးတွေကို မကြည့်ပါနဲ့ကိုယ်လမ်းကိုသာကြည့်ပါ။အောင်မြင်မှုရဖို့အတွက်......လူတွေ...
05/05/2023

ပန်းတိုင်ကိုရောက်ဖို့အတွက်.....
လူတွေရဲ့မျက်လုံးတွေကို မကြည့်ပါနဲ့
ကိုယ်လမ်းကိုသာကြည့်ပါ။

အောင်မြင်မှုရဖို့အတွက်......
လူတွေရဲ့ စကားတွေကို နားထောင်မနေပါနဲ့။
ကိုယ်ဆုံးဖြတ်ချက်ကိုသာ ခိုင်ခိုင်မာမာချပါ။

ဘဝတက်လမ်းအတွက်......
လူတွေရဲ့ အမှုအရာတွေကို ဂရုမစိုက်ပါနဲ့။
ကိုယ်လုပ်သင်တာကို ရဲရဲဝံ့ဝံ့လုပ်ပါ။

စကားများများ ပြောမိရင်......
ရူးနေလားလို့ အထင်ခံရလိမ့်မယ်။

စကားပြန်မပြောရင်လည်း
မာနကြီးတယ်လို့ အထင်ခံရလိမ့်မယ်။

အမြဲတမ်းပြုံးနေရင်
ပေါတောတောလို့ အထင်ခံရလိမ့်မယ်။

တည်တည်ကြည်ကြည် နေမိရင်လဲ
ဘဝင်မြင့်နေတယ်လို့ အထင်ခံရလိမ့်မယ်။

ကိုယ့်ဘဝကို ကိုယ်တိုင်သိနေတာပဲလို့
သူတစ်ပါးကို မထိခိုက်ပဲ
ကိုယ်အဆင်ပြေသလို နေထိုင်တတ်ဖို့က အရေးကြီး
ပါတယ်။

သူတစ်ပါးလဲကျနေရင် စေတနာသန့်သန့်နဲ့
ကိုယ်တတ်နိုင်သလောက် ဆွဲထူပေးလိုက်ပါ။

ကိုယ်လဲကျနေရင်တော့ ကိုယ်ကိုတိုင်းပဲ
ပြန်ထနိုင်အောင် ကြိုးစားပါ။
ဘာကြောင့်လဲဆိုတော့
ကိုယ်လို စိတ်ဓာတ်မျိုးက သူတစ်ပါးဆီမှာ
ရှိချင်မှရှိမှာ။

မနေ့ကဆိုတာ အတိတ်တစ်ခုပါ။
မနက်ဖြန်ဆိုတာလဲ အိပ်မက်တစ်ခုပါပဲ။
ဒီနေ့သာလျှင် ဘဝတစ်ခုလေ.......
ဘဝဆိုတာ ပျော်လည်းတစ်နေ့ မပျော်လည်း
တစ်နေ့ပါပဲ။

အကောင်းဆုံးဖြစ်အောင်
ဘယ်လိုဖြတ်သန်း ရမှာလည်းဆိုတာ
ကိုယ်အပေါ်မှာပဲ မူတည်တယ်။

အရိုးသားဆုံး လူတစ်ယောက်မဖြစ်သေးရင်တောင်
က်ုယ့်ကိုယ်ကို မလိမ်မိပါစေနဲ့၊ ယုံကြည်မှု မပျက်စေနဲ့ ကိုယ့်အတွက် ယုံကြည်ရဆုံးက
ကိုယ်တစ်ယောက်တည်းပဲရှိတယ်။

#မေတ္တာများစွာဖြင့်
(ဘဝစာပေ)

05/05/2023

မင်္ဂလာနံနက်ခင်းလေးမှာ
စိတ်ချမ်းသာ​ခြင်း၊
ကိုယ်ကျန်းမာခြင်းနှင့်
ပြည့်စုံနိုင်ကြပါစေ။

❗ရင်းနှီးမြှပ်နှံမူဆိုတော့ ခေါင်းစဉ်အောက်မှာ❗🔸 Real estate (အိမ်ခြံမြေ )🔸 Forex (ငွေကြေးလဲလှယ်ခြင်း)🔸 Stock(စတော့) အစရှိ...
04/05/2023

❗ရင်းနှီးမြှပ်နှံမူဆိုတော့ ခေါင်းစဉ်အောက်မှာ❗

🔸 Real estate (အိမ်ခြံမြေ )
🔸 Forex (ငွေကြေးလဲလှယ်ခြင်း)
🔸 Stock(စတော့)
အစရှိတာတွေပါဝင်ပါမယ်

🛑ဒီထဲကမှ ကျွန်တော်ညွှန်းပေးချင်တာကတော့
Forex marketဘဲဖြစ်ပါတယ် Forexစျေးကွက်
က Online ကနေ အရောင်းအဝယ်လုပ်တာဖြစ်တဲ့
အတွက်အပြင်လည်းထွက်စရာမလို အချိန်ကုန်လည်း
သက်သာ အိမ်မှာဘဲနေပြီးအရောင်းအဝယ်လုပ်လို့ရတဲ့ စီးပွားရေးလုပ်ငန်းဖြစ်တယ်

🛑 Forexမှာ ကမ္ဘာ့ရွှေ ငွေကြေး ရေနံ
ကုန်စည်တွေကို Online Platformကနေ အရောင်းအဝယ်လုပ်လို့ရမှာဖြစ်ပြီး အပြင်မှာလို
လက်ဝယ်ကိုင်ဆောင်ပြီး Trading လုပ်တာ
မဟုတ်ဘဲ ကမ္ဘာ့ရွှေဆိုတဲ့ စျေးတန်းအတက်
အကျကို ခန့်မှန်းပြီး အရောင်းအဝယ်လုပ်ရတာပါ

🛑ကျွန်တော်တို့ ခန့်မှန်းတဲ့နေရာမှာလည်း
Technical Analysis ,
Fundament Analysis.,
တွေနဲ့ ခန့်မှန်းပြီး ဘယ်စျေးတန်းမှာတော့ဝယ်သင့်
ရောင်းသင့်ဆိုပြီး အရောင်းအဝယ်လုပ်ရတာပါ

🛑ကျွန်တော်တို့ Forex marketက
အမေရိကန်နိုင်ငံရဲ့ ငွေကြေး(ဒေါ်လာ)နဲ့
အရောင်းအဝယ်လုပ်တာဖြစ်တဲ့အတွက်
အမေရိကန်နိုင်ငံရဲ့ စီးပွားရေးသတင်းတွေ
ကမ္ဘာ့သတင်းတွေကစျေးကွက်အပေါ်မှာ အများကြီးသက်ရောက်မူရှိတယ်ဒါကြောင့်
Newsတွေကို နားစွင့်ထားရပါမယ်

🛑ကဲ မိတ်ဆွေတို့အနေနဲ့ ဒေါ်လာနဲ့အရောင်း
အဝယ်လုပ်တဲ့ Forex မှာ ရင်းနှီးငွေသွင်းပြီး အရောင်းအဝယ်လုပ်ချင်ပါသလား❓❓❓
🛑အခုလိုကာလမှာ Online ကနေလုပ်ကိုင်နိုင်မယ့်
business ကို ရှာနေပါသလား❓❓❓

အဲ့တာဆိုရင်တော့ ကျွန်တော့်ဆီလာပြီး အသေးစိတ်မေးမြန်းနိုင်ပါတယ်
👉 (☎09-896036056)👈

🛑အကယ်၍ ရုံးမှာ Appointment ယူပြီး အသေးစိတ်ဆွေးနွေးချင်တယ်ဆိုရင်လည်းရပါတယ်
အခမဲ့ဆွေးနွေးပေးပါတယ်

🌐Mandalay Office
58လမ်း , 103 & 104 လမ်းကြား,
ချမ်းမြသာစည်မြို့နယ် မန္တလေးမြို့

Win Soe(Business Advisor)
☎09-896036056

Gold & Forex Trading

Address

Mandalay

Telephone

+959896036056

Website

Alerts

Be the first to know and let us send you an email when Lady First posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Lady First:

Share