Only you

Only you Join me for success

09/05/2026

အဲကောင်ကအပြောနဲ့အလုပ်မညီတာ
ပြောချင်တာပြောပြီး‌လုပ်တော့စောက်တလွဲ😏chee

06/05/2026

ပိုက်ဆံပဲလိုချင်တဲ့သူကိုမှ‌မေတ္တာတွေသွားပေးနေမိတယ်😅

06/05/2026

Playတဲ့ကောင်ကနှလုံးသားရင်းပလေးတော့အသဲတွေကွဲတာပေါ့🥲
ဒါကလည်းငါ့ရဲ့Dark side ပဲကို😎

ဧရာမသင်္ဘောကြီး၏ အင်ဂျင်ပျက်သွားသည်။ မည်သူမျှ မပြုပြင်နိုင်ကြ။ ထို့ကြောင့် အတွေ့အကြုံ နှစ် ၄၀ ကျော်ရှိသော စက်ပြင်အင်ဂျင်...
21/10/2022

ဧရာမသင်္ဘောကြီး၏ အင်ဂျင်ပျက်သွားသည်။
မည်သူမျှ မပြုပြင်နိုင်ကြ။
ထို့ကြောင့် အတွေ့အကြုံ နှစ် ၄၀ ကျော်ရှိသော စက်ပြင်အင်ဂျင်နီယာထံ ပို့လိုက်ကြလေသည်။

စက်ပြင်ဆရာက အင်ဂျင်ကို အပေါ်ကနေ အောက်အထိ သေသေချာချာစစ်ဆေးသည်။

အားလုံးကိုစစ်ပြီးနောက် အင်ဂျင်နီယာသည် အိတ်ထဲမှ တူလေးတစ်ချောင်းကို ဆွဲထုတ်လိုက်သည်။

အင်ဂျင်စက် တစ်​​နေရာကို ကို ညင်သာစွာ ခေါက်လိုက်သည်။ မကြာခင်မှာ အင်ဂျင်ပြန်အသက်ဝင်လာသည်။ အားလုံးကောင်းသွားလေပြီ။

အင်ဂျင်နီယာက ဧရာမသင်္ဘောကြီးကို ပြုပြင်ရန် စုစုပေါင်းကုန်ကျစရိတ်မှာ ဒေါ်လာ 10,000 - တစ်သောင်း ဖြစ်ကြောင်း ပိုင်ရှင်ကို ပြောကြားခဲ့ပါသည်။

"ဘယ်လို....?" ဟု ပိုင်ရှင်က မကြေမနပ်နှင့် မေးသည်။

"မင်း ဘာမှ ပြင်ရတာလဲမဟုတ်ဘူ။ ငါ့ကို အသေးစိတ် ဘေလ်​ရေးပေးပါ။"

စက်ပြင်ဆရာက
ဘောလ်ထဲမှာ ဤကဲ့သို့ ရေးလိုက်ပါတယ်..
- တူဖြင့် ​ခေါက်ခက- $2 နှစ်ဒေါ်လာ။
ဘယ်နေရာကိုခေါက်ရမယ် နှင့် ဘယ်နှစ်ချက် ခေါက်ရမယ်ဆိုတာ အတွက် ပညာကြေးက - $9,998 ( ကိုးထောင်ကိုးရာကိုးဆယ့်ရှစ်ဒေါ်လာ ) ဟူ၍ဖြစ်သည်။

သတိပြုစရာ.....

တစ်ခါတလေမှာ -
"လွယ်လွယ်လေး " နဲ့ "ဒါလေးပဲဟာ" ဆိုတဲ့ စကားလုံးတွေကို ဘေးဖယ်ထားသင့်ပါတယ်။
ပညာရှင်တယောက်ဟာ အတွေ့အကြုံနှင့် ကျွမ်းကျင်မူရရန် အများကြီး ကြိုးစားခဲ့ရပါတယ်။

(အလုပ်တစ်ခုကို မိနစ် 30 နှင့် ပြီးလျင်၊ ဤကဲ့သို့ မိနစ် 30 နဲ့ ပြီးသွားအောင် 10 နှစ်​လောက် အချိန်ပေး လေ့လာ သင်ယူခဲ့ရခြင်းဖြစ်သည်။
ဒါကြောင့်ပေးရတဲ့လုပ်ခဟာ ဆယ်နှစ် လောက်လေ့လာခဲ့ရတဲ့ ပညာကြေးပါ။မိနစ် 30 ရဲ့ ကြာချိန် အတွက်မဟုတ်ပါဘူး။ )

ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံက ဈေးကြီးပါတယ်။

ကံမကောင်းစွာပဲ၊ ကျွန်တော်တို့ဟာ အခုချိန်ထိ လူတယောက်ရဲ့ လုပ်အားခကို ကြာချိန်နဲ့ တွက်ဆနေကြတုန်းပါပဲ။

Saya U Khin Zaw ( ဘာသာပြန် )
#ကံ့ကော်

ပန်းတိုင်ရောက်ဖို့အတွက် ကြိုးစားနေပေမယ့် အချိန်သာကုန်လာပြီး ဘာမှမဖြစ်မြောက်သေးဘူးဆိုရင် ဒီအချက်တွေကို လုပ်မိနေသလားဆိုတာ ...
20/10/2022

ပန်းတိုင်ရောက်ဖို့အတွက် ကြိုးစားနေပေမယ့် အချိန်သာကုန်လာပြီး ဘာမှမဖြစ်မြောက်သေးဘူးဆိုရင် ဒီအချက်တွေကို လုပ်မိနေသလားဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ကြည့်ပါ။ 🤔

============

၁. ပန်းတိုင်ကို သေချာသတ်မှတ်ပါ 🌟

🟢 ကိုယ်သွားမယ့်ပန်းတိုင်ကို ဝိုးတဝါးမဖြစ်ပါစေနဲ့။ သွားတော့သွားနေပေမယ့် ဘယ်သွားနေမှန်း ကိုယ်တိုင်ကသေချာမသိဘူးဆိုရင် ပန်းတိုင်နဲ့ဝေးသထက်ဝေးနေပါလိမ့်မယ်။ ကိုယ်ဖြစ်ချင်တာကဘာလဲဆိုတာ သေချာသိအောင်လုပ်ပါ။

============

၂. ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပါ 🌟

🟠 ကိုယ်တိုင်က ငါလုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်ထားပါ။ ကိုယ်ရောက်ချင်တဲ့ပန်းတိုင်ကို ယုံကြည်ချက်အပြည့်နဲ့ သွားပါ။ လုပ်နိုင်ပါ့မလားမသိဘူးဆိုတဲ့ အတွေးတွေကို စွန့်ပစ်လိုက်ပါ။ သင်လုပ်နိုင်မယ်ဆိုတာ ယုံကြည်ပါတယ်။

============

၃. သေချာအစီစဉ်ဆွဲပါ 🌟

🔵 ပန်းတိုင်တစ်ခုကိုသတ်မှတ်လိုက်ပြီဆိုတာနဲ့ သေချာတဲ့အစီအစဉ်တစ်ခု ရှိနေသင့်ပါတယ်။ ကိုယ့်ရဲ့ပန်းတိုင်ကဘာလဲ ဘယ်လိုရောက်အောင်သွားမှာလဲ စတဲ့ Plan တွေ ကိုယ့်မှာရှိနေရပါမယ်။

============

၄. အာရုံမလွဲပါစေနဲ့ 🌟

🔴 ကိုယ်သွားမယ့်ပန်းတိုင်က တခြား ကိုယ်လုပ်နေတာက တခြားမဖြစ်ပါစေနဲ့။ တစ်ခုဆိုတစ်ခုတတ်မြောက်အောင် အရင်လုပ်ပါ။ ( ဥပမာ- ကိုယ်သွားမှာက ကိုရီးယား သင်နေတာက ဂျပန်ဆို မဖြစ်သေးဘူးလေနော် )

============

၅. ပစ္စုပ္ပန်ကိုပဲ အာရုံစိုက်ပါ 🌟

🟡 လက်ရှိပစ္စုပ္ပန်ကသာ အရေးအကြီးဆုံးပါ။ ပြင်လို့မရတဲ့ အတိတ်ကအကြောင်းတွေကို ပြန်တွေးပြီးလည်း နောင်တရမနေပါနဲ့။ ဖြစ်မလာသေးတဲ့ အနာဂတ်ကိုလည်း ကြိုတင်ခန့်မှန်းပြီး စိတ်ဓာတ်ကျမနေပါနဲ့။ လက်ရှိအချိန်မှာ အကောင်းဆုံးကြိုးစားပါ။

============

၆. အချိန်ကိုစီမံခန့်ခွဲပါ 🌟

🟣 ကိုယ့်ရဲ့တန်ဖိုးရှိတဲ့ အချိန်တွေကို အလကားအကုန်မခံပါနဲ့။ အချိန်ဇယားကိုသေချာဆွဲပြီး ကိုယ့်အချိန်ကိုသေချာစီမံပါ။ ကုန်သွားတဲ့အချိန်တွေက ပြန်ယူလို့မရတာကြောင့် အချိန်ကိုတန်ဖိုးထားပါ။

============

၇. ရလဒ်ကိုပဲအာရုံစိုက်မနေပါနဲ့ 🌟

🟤 ကိုယ့်ဘက်က ဘာမဆို အကောင်းဆုံးကြိုးစားပါ။ ကိုယ်ကြိုးစားထားတာနဲ့တန်တဲ့ ရလဒ်တစ်ခုကို ရမှာအသေအချာပဲမို့ ရလဒ်ကိုပဲအာရုံစိုက်နေတတ်တဲ့ အကျင့်ကိုပြင်ပါ။

============

သင်ကအောင်မြင်ချင်တဲ့သူတစ်ယောက်ဆိုရင် ဒီအချက်တွေကို အတတ်နိုင်ဆုံးရှောင်သင့်ပါတယ်လို့ အကြံပြုချင်ပါတယ်။

အခုပြောပြသွားတဲ့အကြံပေးချက်လေးကို ဖတ်ရှုပြီး ကိုယ့်ရဲ့ပန်းတိုင်ကို အရောက်လှမ်းနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ✌️

အချိန်ပေးဖတ်ရှုပေးတဲ့အတွက်လည်း စာဖတ်သူကို ကျေးဇူးအထူးတင်ရှိပါတယ်။ 🫶

နောက်ထပ် ဒီလိုစာလေးတွေဖတ်ရှုချင်တယ်ဆိုရင်လည်း Like & Share လေးလုပ်သွားပေးဖို့တောင်းဆိုပါတယ်။ 🤗============

to owner

ကြမ်းတမ်းသောနေ့ရက်များ  လောကကြီးဆိုတာ မိခင်တစ်ယောက်လိုမဟုတ်ပါဘူး။အကောင်းတွေချည်းပဲ မမျှော်လင့်ထားပါနဲ့။ အရှုံးကို မလိုချ...
15/10/2022

ကြမ်းတမ်းသောနေ့ရက်များ

လောကကြီးဆိုတာ
မိခင်တစ်ယောက်လိုမဟုတ်ပါဘူး။
အကောင်းတွေချည်းပဲ မမျှော်လင့်ထားပါနဲ့။
အရှုံးကို မလိုချင်ရင် မခံချင်စိတ်နဲ့ ကြိုးစားပါ။

ကိုယ့်ကို အလဲထိုးတဲ့လူတွေကသာ
ကိုယ့်ကို ပိုတော်ဖို့အတွက် လှုံဆော်မူ့
အကောင်းဆုံးပေးနိုင်တာပါ။

သင် နာကျင်ရတဲ့အခါ လက်ခံလိုက်ပါ။
ဘဝက သင့်ကို တစ်ခုခု သင်ပေးဖို့
ကြိုးစားနေတာပါ။

ဆုံးရှုံးမူ့တိုင်းမှာ ရလဒ်ဆိုတာရှိပါတယ်။
အနည်းဆုံးတော့ သင်ခန်းစာပေါ့။
ရည်မှန်းချက် ရှိဖို့လိုပါတယ်။
ဒါပေမယ့် မျှော်လင့်နေရုံနဲ့တော့
ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။
အလုပ်နဲ့ အကောင်ထည်ဖော်ဖို့လိုပါတယ်။

စာအုပ်စာပေတွေ ဖတ်ပြီး
အသိဉာဏ်တွေ တိုးလာပေမယ့် လက်တွေ့
အသုံးမချရင်တော့ သင်ဟာ စိတ်ကူးယှဉ်သမား
တစ်ယောက်ပါပဲ။ ငါးကြီးကြီးလိုချင်ရင်
ပင်လယ်ထဲသွားပါ။ အဲ့ဒီမှာ မုန်းတိုင်းတော့ ရှိမယ်။

ဘဝကို ကြက်တူရွေးလို မဖြစ်စေနဲ့။
သိန်းငှက်လိုနေထိုင်ပါ။ ကြက်တူရွေးက
စကားသာများတာ မြင့်မြင့်မပျံနိုင်ဘူး။
သိန်းငှက်ကတော့ နှုတ်ဆိတ်ပေမယ့်
မိုးထိတက်နိုင်တဲ့ စွမ်းအားရှိတယ်။

လူ့သက်တမ်းကပဲ အကန့်အသတ်ရှိတာပါ။
သင့် ကြိုးစားနိုင်မူ့စွမ်းရည်ဆိုတာ
အကန့်အသတ်မရှိပါဘူး။

ကြိုးစားတဲ့သူတိုင်း မအောင်မြင်ကြပါဘူး။
ဒါပေမယ့် အားမလျော့လိုက်ပါနဲ့။
အောင်မြင်သူတိုင်း ကြိုးစားခဲ့ကြပါတယ်။
လမ်းမရှိဘူးလို့ ညည်းမနေပါနဲ့။
ကိုယ်လျှောက်မယ့်လမ်းကို ကိုယ်တိုင်ပဲ
ဖောက်ကြရမှာပါ။


#ဘဝအောင်မြင်ရေးစာပေများ

လူကြီးမင်းတို့အနေနဲ့forex trading နဲ့ပတ်သတ်ပြီးအသေးစိတ်သိရှိလိုရ်ျဖြစ်စေ၊သင်တန်းတက်လိုရ်ျဖြစ်စေ၊tradingအ​ေကာင့်ဖွင့်လိုရ်ျဖြစ်စေpage messanger (or)09441370392သို့ဆက်သွယ်မေးမြန်းပေးပါဗျ။





14/10/2022

အားလုံးပဲမင်္ဂလာရှိသောနံနက်ခင်းလေးပါဗျ🙏
(14.10.2022)
ယနေ့ကမ္ဘာ့ရွှေအဖွင့်စျေးလေးကတော့
1‌ေအာင်စ=$1666 ဖြစ်ပါတယ်ဗျ။

(13.10.2022)အတွက်တစ်‌ေန့တာကမ္ဘာ့ရွှေဈေးခန့်မှန်းသုံးသပ်ချက်များကိုတင်ပြပေးသွားမှာဖြစ်ပါတယ်။📢ယခုလက်ရ‌ှိဈေးတန်း(11:29 am) ...
13/10/2022

(13.10.2022)အတွက်တစ်‌ေန့တာကမ္ဘာ့ရွှေဈေးခန့်မှန်းသုံးသပ်ချက်များကိုတင်ပြပေးသွားမှာဖြစ်ပါတယ်။

📢ယခုလက်ရ‌ှိဈေးတန်း(11:29 am) - $1669

ယနေ့အတွက်ဖောက်တက်ရန်ခက်ခဲသောအဟန့်အတားဈေးတန်းများ
R1 - $1680
R2 - $1687
R3 - $1697

ယနေ့အတွက်ဖောက်ကျရန်ခက်ခဲသောအဟန့်အတားဈေးတန်းများ
S1 - $1663
S2 - $1653
S3 - $1646

👨🏻‍💻ယနေ့အတွက်ကမ္ဘာ့ရွှေ‌ေစျးနည်းပညာပိုင်း(TA)အရခန့်မှန်းသုံးသပ်ချက်

💵💵ယနေ့အတွက်ကမ္ဘာ့ရွှေ‌ေစျးကိုနည်းပညာပိုင်းသုံးသပ်ချက်(TA)အရခန့်မှန်းသုံးသပ်ရမည်ဆိုလျှင် $1660 ဈေးတန်းဝန်းကျင်ကို retrace ယူပြီးတော့ ပြန်တက်နိုင်ပါတယ်ဗျ။

Signalပေးချင်းမဟုတ်တဲ့အတွက်အရောင်းအဝယ်ပြုလုပ်ရာတွင် Sl/TP များစနစ်တကျထားရှိရ်ျအရောင်းအဝယ်ပြုလုပ်ဖို့အတွက်အကြံပေးချင်ပါတယ်‌ဗျ။

လူကြီးမင်းတို့အနေနဲ့forex trading နဲ့ပတ်သတ်ပြီးအသေးစိတ်သိရှိလိုရ်ျဖြစ်စေ၊သင်တန်းတက်လိုရ်ျဖြစ်စေ၊tradingအ​ေကာင့်ဖွင့်လိုရ်ျဖြစ်စေpage messanger (or)09441370392သို့ဆက်သွယ်မေးမြန်းပေးပါဗျ။





13/10/2022

အားလုံးပဲမင်္ဂလာရှိသောနံနက်ခင်းလေးပါဗျ🙏
(13.10.2022)
ယနေ့ကမ္ဘာ့ရွှေအဖွင့်စျေးလေးကတော့
1‌ေအာင်စ=$1673 ဖြစ်ပါတယ်ဗျ။

(12.10.2022)အတွက်တစ်‌ေန့တာကမ္ဘာ့ရွှေဈေးခန့်မှန်းသုံးသပ်ချက်များကိုတင်ပြပေးသွားမှာဖြစ်ပါတယ်။📢ယခုလက်ရ‌ှိဈေးတန်း(11:04 am) ...
12/10/2022

(12.10.2022)အတွက်တစ်‌ေန့တာကမ္ဘာ့ရွှေဈေးခန့်မှန်းသုံးသပ်ချက်များကိုတင်ပြပေးသွားမှာဖြစ်ပါတယ်။

📢ယခုလက်ရ‌ှိဈေးတန်း(11:04 am) - $1668

ယနေ့အတွက်ဖောက်တက်ရန်ခက်ခဲသောအဟန့်အတားဈေးတန်းများ
R1 - $1679
R2 - $1693
R3 - $1702

ယနေ့အတွက်ဖောက်ကျရန်ခက်ခဲသောအဟန့်အတားဈေးတန်းများ
S1 - $1656
S2 - $1647
S3 - $1633

👨🏻‍💻ယနေ့အတွက်ကမ္ဘာ့ရွှေ‌ေစျးနည်းပညာပိုင်း(TA)အရခန့်မှန်းသုံးသပ်ချက်

💵💵ယနေ့အတွက်ကမ္ဘာ့ရွှေ‌ေစျးကိုနည်းပညာပိုင်းသုံးသပ်ချက်(TA)အရခန့်မှန်းသုံးသပ်ရမည်ဆိုလျှင် $1660 ဈေးတန်းကိုဖောက်ကျပါကအကျအားဆက်ကောင်းနိုင်ပြီး ထိုဈေးတန်းကိုဖောက်မကျနိုင်ပါကရေတိုအတက်ဖြစ်နိုင်ပါတယ်ဗျ။

Signalပေးချင်းမဟုတ်တဲ့အတွက်အရောင်းအဝယ်ပြုလုပ်ရာတွင် Sl/TP များစနစ်တကျထားရှိရ်ျအရောင်းအဝယ်ပြုလုပ်ဖို့အတွက်အကြံပေးချင်ပါတယ်‌ဗျ။

လူကြီးမင်းတို့အနေနဲ့forex trading နဲ့ပတ်သတ်ပြီးအသေးစိတ်သိရှိလိုရ်ျဖြစ်စေ၊သင်တန်းတက်လိုရ်ျဖြစ်စေ၊tradingအ​ေကာင့်ဖွင့်လိုရ်ျဖြစ်စေpage messanger (or)09441370392သို့ဆက်သွယ်မေးမြန်းပေးပါဗျ။





Address

58B, 103× 104
Mandalay

Alerts

Be the first to know and let us send you an email when Only you posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Only you:

Share