15/08/2026
𝗦𝗛𝗪𝗘 𝗡𝗔𝗡 𝗠𝗬𝗜𝗡𝗧 𝗨𝗻𝗶𝗳𝗼𝗿𝗺 𝗦𝗵𝗼𝘄𝗿𝗼𝗼𝗺 မှ ဩဂုတ်လ၊ ၁၁ ရက်၊ ၂၀၂၆ ခုနှစ် အင်္ဂါနေ့ရက်စွဲဖြင့် မြန်မာ့အလင်းသတင်းစာ၏ စာမျက်နှာ (၂၇) ပါကြော်ငြာချက်အား ဖော်ပြပါအတိုင်း "အများသိစေရန် ထပ်ဆင့် ကြေညာခြင်း” ဖြစ်ပါသည်။
လေးစားစွာဖြင့် အသိပေးအပ်ပါသည်
𝗦𝗛𝗪𝗘 𝗡𝗔𝗡 𝗠𝗬𝗜𝗡𝗧 𝗨𝗻𝗶𝗳𝗼𝗿𝗺 𝗦𝗵𝗼𝘄𝗿𝗼𝗼𝗺
============================
“အများသိစေရန်ကြေညာခြင်း“
မန္တလေးမြို့၊ မြို့သစ်(၃)ရပ်ကွက်၊ အကွက်(င-၃)၊ အိမ်အမှတ်(၇၇) ၆၄လမ်း၊ ၁၀၈ နှင့် ၁၀၉ လမ်းကြားတွင် တည်ထောင်ဖွင့်လှစ်ထားသော ရွှေနန်းမြင့် Uniform Showroom (လုပ်ငန်းလိုင်စင်အမှတ် - ၀၄၄၇၅၁၀၅၂၉၁၉)၏ လုပ်ငန်းပိုင်ရှင် ဦးဇော်ရဲထက်၏လွှဲအပ်ညွှန်ကြားချက်အရ အောက်ပါအတိုင်း အများသိစေရန် ကြေညာအပ်ပါသည်။
ဦးဇော်ရဲထက်သည် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးအဖြစ် ကောင်းမွန်သော ဂုဏ်သတင်း၊ သိက္ခာနှင့် ယုံကြည်မှုတို့ကို ထိန်းသိမ်း၍ စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသူဖြစ်ပြီး၊ “ရွှေနန်းမြင့်” အထည်ဆိုင် (Uniform Showroom) သည်လည်း မန္တလေးမြို့တွင် အခြေပြု၍ တည်ဆဲဥပဒေများနှင့်အညီ တရားဝင်တည်ထောင်ဖွင့်လှစ်ထားသော စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်ပါသည်။
“ရွှေနန်းမြင့်” အထည်ဆိုင် (Uniform Showroom) အနေဖြင့် မြန်မာတစ်ပြည်လုံးသို့ ကျောင်းသုံး၊ လုပ်ငန်းသုံး၊ ဆေးရုံသုံး၊ စက်ရုံသုံး၊ ရုံးသုံး Uniform များ၊ Salon Uniform များ၊ Polo Shirt၊ T-Shirt၊ Formal Shirt၊ Style Pant & Skirt၊ Tracksuit၊ Jacket၊ ကြော်ငြာအင်္ကျီအမျိုးမျိုး၊ ထီး၊ မိုးကာ၊ ဦးထုပ်စသည့် အဝတ်အထည်နှင့် အသုံးအဆောင်ပစ္စည်းများကို ထုတ်လုပ်၊ ဖြန့်ချီ၊ ရောင်းချလျက်ရှိပါသည်။ ထို့အပြင် အသင်းအဖွဲ့များနှင့် စီးပွါးရေးလုပ်ငန်းများအတွက် လိုအပ်သည့် အမှတ်တံဆိပ် (Logo) များကို ရိုက်နှိပ်ပေးခြင်းအပါအဝင် Uniform နှင့် ဆက်စပ်ပစ္စည်းများကို တစ်နေရာတည်းတွင် အပြီးအစီးရရှိနိုင်သည့် (One Stop Service) ဝန်ဆောင်မှုကိုလည်း ပေးအပ်လျက်ရှိသော Uniform Showroom တစ်ခုဖြစ်ပါသည်။
ထို့ကြောင့် မည်သူမဆို လုပ်ငန်းပိုင်ရှင် ဦးဇော်ရဲထက်နှင့် “ရွှေနန်းမြင့်” Uniform Showroom တို့၏ ဂုဏ်သိက္ခာ၊ ကုန်အမှတ်တံဆိပ်နှင့် အကျိုးစီးပွားတို့ကို ထိခိုက်နစ်နာစေရန် ရည်ရွယ်၍ဖြစ်စေ၊ အဆိုပါလုပ်ငန်းနှင့် ဆက်နွယ်သည့် စီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ လက်ရှိတာဝန်ထမ်းဆောင်နေသောဝန်ထမ်းများနှင့် စီးပွားရေးလုပ်ငန်း ပါတနာများ၏ ဂုဏ်သိက္ခာကို ထိခိုက်နစ်နာစေရန် ရည်ရွယ်၍ဖြစ်စေ၊ လုပ်ငန်း၏ စီးပွားရေးဆိုင်ရာ အရေးပါသော သတင်းအချက်အလက်များကို ထိခိုက်နစ်နာစေရန် ရည်ရွယ်၍ဖြစ်စေ၊ ယင်းတို့နှင့် စပ်လျဉ်းသည့် သတင်းအချက်အလက်များကို ခွင့်ပြုချက်မရှိဘဲ ရယူခြင်း၊ အသုံးပြုခြင်း၊ ဖော်ပြခြင်း၊ ပေးပို့ခြင်း၊ ဖြန့်ဝေခြင်း၊ တစ်ဆင့်ပြန်လည်မျှဝေခြင်း သို့မဟုတ် ယင်းလုပ်ရပ်များအား အားပေးကူညီခြင်းတို့ကို နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ လူမှုကွန်ယက် အမျိုးမျိုးတွင်ဖြစ်စေ၊ အခြားနည်းလမ်း တစ်ရပ်ရပ်ဖြင့်ဖြစ်စေ မပြုလုပ်ကြပါရန် အသိပေးကြေညာအပ်ပါသည်။
အကယ်၍ ဤအသိပေးကြေညာချက်အား မလိုက်နာဘဲ ကျူးလွန်ဆောင်ရွက်မှု တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ကျူးလွန်သူများအား သက်ဆိုင်ရာတည်ဆဲဥပဒေများနှင့်အညီ ရာဇဝတ်ကြောင်းအရဖြစ်စေ၊ တရားမကြောင်းအရဖြစ်စေ တရားစွဲဆိုခြင်းအပါအဝင် ဥပဒေရေးရာ လုပ်ဆောင်ချက်များကို ထိထိရောက်ရာက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများသိစေရန်အသိပေး ကြေညာအပ်ပါသည်။
"လွှဲအပ်ညွှန်ကြားချက်အရ”
ဦးစိုးညီညီဝင်း (စဉ် - ၁၃၆၀၀)
တရားလွှတ်တော်ရှေ့နေ
MBA, LL.B, DBL, DPS, D.Phil
ဒေါ်သီတာအောင် (စဉ် - ၁၄၇၁၄)
တရားလွှတ်တော်ရှေ့နေ
MBA, LL.B, LL.M, DBL, DIL, DPS,
DOS, D.Phil
================================
#အသိပေးကြေငြာခြင်း
#သတင်းစာ #မြန်မာ့အလင်းသတင်းစာ
#ကြေညာခြင်း