3 Brothers ဘိလပ်မြေဖြန့်ချိရေး

3 Brothers ဘိလပ်မြေဖြန့်ချိရေး Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from 3 Brothers ဘိလပ်မြေဖြန့်ချိရေး, Business Center, Mandalay.

ဆရာ ဘိလပ်မြေအိတ်တွေမှာပါတဲ့ 425 တို့ 525 တို့ဆိုတာ ဘာလဲဗျ။အဲဒါတွေက ဘိလပ်မြေရဲ ့ standard တွေပါ။ ဒီက ဘိလပ်မြေစက်ရုံတွေက တ...
13/03/2023

ဆရာ ဘိလပ်မြေအိတ်တွေမှာပါတဲ့ 425 တို့ 525 တို့ဆိုတာ ဘာလဲဗျ။

အဲဒါတွေက ဘိလပ်မြေရဲ ့ standard တွေပါ။ ဒီက ဘိလပ်မြေစက်ရုံတွေက တရုတ်နိုင်ငံက စက်တွေ နည်းပညာတွေနှင့်မို့ china standards တွေပေါ့။ 425 တို့ 525 တို့ဆိုတာက kg/cm2 တွေ။ 425 က 425kg/cm2 ဖိအားကို ခံနိုင်တယ်။ 525 က 525kg/cm2 ဖိအားကို ခံနိုင်တယ် ဆိုပါတော့။

အဲဒီ 425 တို့ 525 တွေမှာ တစ်ခါတစ်လေ R ဆိုတာပါပြီး 425R တို့ 525R တို့လဲ ရှိတယ်နော်။

ဟုတ်ပါတယ်။ R ဆိုတာက rapid hardening cement ကို ပြောတာပါ။ rapid hardening ဆိုပေမယ့် quick setting ကိုပြောတာ မဟုတ်ဘူး။ higher rate of early strength development ကိုပြောတာ။ ရက်တိုတိုနှင့် strength စောစောရတဲ့သဘော။ လုပ်ငန်းက အမြန်လိုလို့ formwork တွေ စောစောခွာချင်တဲ့အခါ အဲဒီ ဘိလပ်မြေကို သုံးလို့ရတယ်။

ခုနက 425kg/cm2 ဆိုတာ ဆရာတို့ပြောပြောနေတဲ့ psi နှင့်ဆို ဘယ်လောက်ရှိလဲဗျ။

425kg/cm2 ဆိုတာက 6044.92 psi ရှိမယ်။

psi က များလှချည်လားဆရာ။ ကျွန်တော်တို့ မှာမှာသုံးနေတဲ့ ready mixed concrete တွေက psi ၃ထောင်တို့ ၄ထောင်တို့လောက်ပဲ ရှိတာဆို။

အဲဒါက ကွန်ကရစ်ရဲ ့ strength ဗျ။ လောင်းမယ့်ကွန်ကရစ်ကို mould ယူပြီး compression test machine မှာ ခွဲကြည့်တာ။ အခုကျွန်တော်တို့ လောင်းနေတဲ့ ကွန်ကရစ်တွေက G25 တို့ G30 တို့။ အဲဒါတွေက Mpa တွေ။ N/mm2 နှင့်အတူတူပဲ။ psi နှင့်ဆို G25 ဆိုတဲ့ 25 Mpa က 3625.94 psi ရှိတယ်။ G30 ဆိုတဲ့ 30Mpa က 4351.13 psi ရှိတယ်။ ကွန်ကရစ်ဆိုတာက ဘိလပ်မြေ သဲ ကျောက်တွေကို ရေနှင့်ရောဖျော်တာ။ ခုနကပြောတဲ့ 425 တို့ 525 တို့က cement ရဲ ့ strength တွေ။ cement strength ကို သတ်မှတ်ဖို့ ဘိလပ်မြေ သဲ နှင့်ရေနှင့်ရောပြီး mortar သရွတ်ဖျော် mould ယူပြီး compression test machine မှာ ခွဲကြည့်တာ။ မတူဘူး။ အဲဒါကြောင့် သူက ခုနကပြောတဲ့ psi ၆ထောင်ကျော်တွေ ဘာတွေ ရတာ။ test လုပ်တဲ့ ပုံစံခြင်းမတူတာရယ် mortar ရဲ့ strength နှင့် ကွန်ကရစ်ရဲ ့ strength မတူတာရယ် ဘိလပ်မြေရဲ ့ standard နှင့် ကွန်ကရစ်ရဲ ့ standard မတူတာရယ် ဆိုပါတော့။

ဆရာတို့ဟာတွေက ရှုပ်ပါတယ်ဗျာ။

အင်ဂျင်နီယာတွေအလုပ်ဆိုတာ ဒီလိုပါပဲ။ ခပ်ရှုပ်ရှုပ်တွေ ဆိုပါတော့။

ကျွန်တော်တို့တော့ ခေါင်းရှုပ်မခံချင်ဘူးဗျို့။ အဲဒါကြောင့် အင်ဂျင်နီယာ မလုပ်တာဗျ သိလား။

အေးပါဗျာ၊ အဲလိုကြားရတာ ၀မ်းသာပါတယ်။
Crd


ဒီအ ခြေခံတွေသိထားရင် သင်အိမ်ဆောက်လို့ရပြီ 👍👍(အိမ်ဆောက်နည်းအခြေခံသဘောတရားများ)မြေကြီးပုံသည့်အခါ တူးသည့်ကျင်း၏ ၂ပေ ၃ပေအကွာ...
26/10/2022

ဒီအ ခြေခံတွေသိထားရင် သင်အိမ်ဆောက်လို့ရပြီ 👍👍(အိမ်ဆောက်နည်းအခြေခံသဘောတရားများ)

မြေကြီးပုံသည့်အခါ တူးသည့်ကျင်း၏ ၂ပေ ၃ပေအကွာတွင် မြေကြီးပစ်ပုံထားရမည်။မြေကြီးပြန်လည်ဖို့သည့်အခါ တစ်ကြိမ်လျှင် ၆လက်မ အလွှာလိုက်ဖို့ပြီး သိပ့်သည်းအောင် ရေဖြန်း
ဒင်ဆောင့် လိုအပ်သည့် သိပ့်သည်းမှု့ အနေအထားရအောင် ဆောင်
ရွက်ပေးရမည်။

* အဆောက်အဦအတွက် ပတ်တန်းရိုက်သည့်အခါ တောင့်တင်းခိုင်
မာအောင်ရိုက်၍ ပတ်တန်းတိုင်အား မြေအဝင် ၃ပေ၄ပေ
ဝင်အောင်ရိုက်ထားသင့်ပါသည်။အဆောက်အဦ ကျင်တွယ်ဖမ်းသည့်အခါ အဆောက်အဦတစ်ခု၏ သုံးချိုးတစ်ချိုးတွင်ဖမ်းရမည်။
ကျင်တွယ်ဖမ်းနည်းကို အမျိုးမျိုးဖမ်းယူတတ်ကြသည်။ဥပမာ(၃၊၄၊၅)
(၆၊၈၊၁၀) (၁၅ ၊ ၂၀၊ ၂၅) တို့ဖြင့် အမျိုးမျိုးဖမ်းယူတတ်ကြသည်။

* အုတ်မစီခင် အုတ်ကို နှစ်နာရီ ကြိုတင်၍ ရေစိမ်ထားရမည်။
(သို့မဟုတ်)ရေလောင်းပေးရမည်။

* (၇)ပေအမြင့်ရှိသော ၊ (၇)ပေထက်ကျော်သော Slabဆိုလျှင်
အနည်းဆုံး(၁၀)ရက်ထားပြီးမှ ဖြုတ်ရပါမည်။

* Slabလောင်းပြီး ( ၂ ) ရက်အတွင်း ကွန်ကရစ် အစိတ်အပိုင်းအပေါ် မည်သည့် ဝန်မျှမတင်ရ။

* Slabအပြင်သို့ အဝဲထုတ်သည့်အခါ Slab၏ အဝဲထုတ်မည့်
အတွင်းခွင်ပေ၏ (၅) ဆ (၁) ဆ ထုတ်ခွင့်ရှိသည်။ လူတို့သောက်သုံးနိုင်သောရေသည် ကွန်ကရစ်လုပ်ငန်း၌သုံးရန်သင့်တော်သည်။
ငန်ပျပျ အရသာရှိသောရေသည် ကွန်ကရစ်လုပ်ငန်း၌ သုံးရန်မသင့်သောရေဖြစ်သည်။ သံကူကွန်ကရစ်များအတွက် ပင်လယ်ရေကို သုံးရန်မသင့်။ အက်ဆစ်အနည်းငယ်ပါဝင်သောသဘာဝရေသည်ကွန်ကရစ်လုပ်ငန်းများတွင်သုံးနိုင်သောရေဖြစ်၏။ရေ၌ဆာလဖိတ်ဓာတ်(၀.၅)ရာခိုင်နှုန်းပါဝင်လျှင်ကွန်ကရစ်၏
ဝန်ခံနိုင်အား(၄)ရာခိုင်နှုန်းကျဆင်းမည်။ထို့အတူရေ၌ရိုးရိုးဆား(၅)ရာခိုင်နှုန်းပါဝင်လျှင်ကွန်ကရစ်၏ဝန်ခံနိုင်အား(၃၀)ရာခိုင်နှုန်းကျဆင်းပေမည်။
* အုတ်စီလုပ်ငန်းပြီးစီးသွားသည့်အခါ နေ့စဉ်တစ်နေ့လျှင်(၃)ကြိမ်
(၇)ရက်အထိ ရေဖြန်းပေးရပါသည်။

* အုတ်စီနံရံ အမြင့်အားတစ်နေ့လျှင်(၃)ပေသာစီပြီးD.P.C(Damp Proof Course)
ကျောက်လောင်းထားခြင်းကပိုကောင်းပါသည်။

* ဝါးငြမ်းများဆင်သောအခါ အဆောက်အဦ အပြင်နံရံမှ (၃)ပေအကွာတွင်တိုင်ထောင်ခိုင်းပြီး ဝါးလုံးတစ်လုံးနှင့်တစ်လုံး (၂) ပေခွဲသာ
ခြားခြင်းဖြင့် ငြမ်း၏ တောင့်တင်းခိုင်မာမှု့ကို ရစေပါသည်။

* သံကိုဖြတ်တောက်သည့်အခါ (၄၅) ဒီဂရီချိုးချင်သော သံချောင်း
ကို မိမိလိုချင်သော ပေထက် ( ၂)လက်မပိုဖြတ်ရမည်။(၉၀)ဒီဂရီချိုးချင်သော သံချောင်းကို မိမိလိုချင်သော ပေထက် (၉)လက်မပိုဖြတ်ရမည်။ (၁၃၅) ဒီဂရီ ချိုးချင်သော သံချောင်းကို မိမိလိုချင်သော ပေထက်(၁၄)လက်မ ပိုဖြတ်ပါ။(မှတ်ချက်။R.C column သံနှင့် Beam သံတို့အတွက်ဖော်ပြခြင်းဖြစ်ပါသည်။)

* တံခါးရွက်များကို အဆောက်အဦတစ်ခုလုံး၊ အခြားလုပ်ငန်းများ
ပြီးစီးသည့်နေ့မှ တပ်ဆင်ရပါမည်။

* အုတ်ရိုးနှင့်ထိတွေ့မည့် သစ်သားမျက်နှာပြင်အားလုံးကို ဆေးကတ္တ
ရာဖြင့် သုတ်ထားရပါမည်။

* အခန်း၏အမြင့်ကို မူတည်၍ တံခါး၏ အချိုးအစားကို တွက်ယူလိုလျှင် တံခါး၏ အမြင့်သည် အခန်းအမြင့်၏ ၁/၄+၄ပေ၆လက်မ ရှိရမည်။ တံခါး၏ အကျယ်သည် တံခါး၏ အမြင့်ထက် (၄)ပေလျော့နည်းရမည်။

* လှေကားပြုလုပ်ရာတွင် လှေကားထစ်အရေအတွက်ကို "ရာဇ'' ၊
"မရဏ '' ၊ ''လာဘ'' ဟူ၍ အစဉ်လိုက် မှတ်ယူသွားရာ ''မရဏ''ကျသည့်
လှေကားထစ်များကို ရှောင်ကျဉ်ကျသည်။
ဥပမာ - ရာဇ. ၁ ၊ ၄ ၊ ၇ ၊ ၁၀
မရဏ. ၂ ၊ ၅ ၊ ၈ ၊ ၁၁
လာဘ. ၃၊ ၆ ၊ ၉ ၊ ၁၂
အထက်ပါ '' မရဏ '' လှေကားထစ်များဖြစ်ကြသော ၂ ၊ ၅ ၊ ၈၊ ၁၁
စသည်တို့သည် ရှောင်ကျဉ်ရမည့် လှေကားထစ် အရေအတွက်များဖြစ်သည်ဟု ဆိုလိုသည်။လှေခါး Landing သည် ခြေနင်းအလျားထက်ပိုကျယ်ရမည်။

* နံရံမချောမီ အုတ်နံရံကို ရေလောင်းပါ ။ အုတ်နံရံတွင် ကျောက်ထုပ်များရှိပါက spotရိုက်၍ ဗြုတ်ထအောင် ဘိလပ်မြေအရည်ဖျော်၍
ကြိုတင်တစ်ရက် ရိုက်ထားပါက လေခိုခြင်းကင်းဝေးပါမည်။ နံရံချောပြီးသည့်နေမှစ၍ တစ်နေ့တွင်ခုနှစ်ရက်ရက်တိတိ နံရံကို ရေဖြန်းပေးရပါမည်။

* ဆေးသုတ်သည့်အခါ သုတ်ဆေးကို တစ်ထပ်ထက်ပို၍ သုတ်မည်
ဆိုပါက မူလသုတ်ဆေးကောင်းစွာခြောက်မှ နောက်တစ်ထပ်ကို သုတ်ရပါမည်။ သုတ်ဆေးကို အသုံးမပြုသေးပါက လေ လုံအောင် ပိတ်ထား
ရပါမည်။ ရောစပ်ပြီး မွှေထားသော သုတ်ဆေးတို့ကို တစ်ဝက်တစ်ပျက်
အသုံးပြုပြီးဖြစ်လျှင် ပုံးထဲတွင် ကျန်ရှိနေသည့် သုတ်ဆေးအပေါ်မှ
ရေဖြည့်ထားရပါမည်။
မြေကြီးကျင်းထဲသို့ concrete မလောင်းမီ Level ပေး၍ မျက်နှာ
ပြင်ညီအောင် ညှိပေးရမည်။ Concrete လောင်းရာတွင်သုံးပေထက်မြင့်သောအမြင့်မှတိုက်ရိုက်လောင်းမချပဲ ၎င်းထက်နှိမ့်ချ၍လောင်းခြင်းကပိုမိုကောင်းပါသည်။ Concreteလောင်းချိန်vibrator အသုံးပြုရာတွင်rodတံကိုတည့်မတ်စွာထိုးရပါမည်။Rod တံကိုပြန်ထုတ်သည့်အခါRod တံထိုးသည့်နေရာသို့ကွန်ကရစ်အစားဝင်နိုင်ရေန်သတိပြုရမည်။Rod တံထိုးထည့်ထားရမည့်အချိန်မှာတစ်နေရာလျှင်အနည်းဆုံး(၁၅)စက္ကန့်မှအများဆုံး(၂၅)စက္ကန့်ထက်မကျော်စေရ။
Rod တံကိုအချိန်ကြာကြာထိုးစိုက်ထားလျှင်ကွန်ကရစ်များတစ်နေရာထဲတွင်မာခြင်းဖြစ်တတ်သည်ကိုသတိပြုရမည်။Rod တံကိုကိုင်တွယ်အသုံးပြုသူသည်အတွေ့အကြုံရှိပြီးကျွမ်းကျင်နားလည်သူဖြစ်ရမည်။ကွန်ကရစ်လောင်းပြီးသည့်အခါအမြဲတမ်းစိုစွတ်နေစေရန်ရေကိုအနည်းဆုံး တစ်နေ့သုံးကြိမ်လောင်းပေးသင့်ပါသည်။ရေကန်ငယ်ပြုလုပ်ပေးခြင်း၊စိုစွတ်သောအရာဝတ္ထုဖြင့်ကာရံဖုံးအုပ်ထားခြင်းတို့ဖြစ်ပါသည်။

*သံချောင်းဆက်ရာတွင် အချင်း၏လေးဆယ်ဆ (40D)အနည်းဆုံး
ရှိရပါမည်။သံချောင်းများအသုံးပြုသည့်အခါသံချေးများ၊အမဲဆီများ၊မြေကြီးများ၊ဆီများကင်းစင်စေရန်လိုအပ်ပါသည်။ Concrete RC Column တိုင်လောင်းရာတွင်တစ်နေ့
(12') အမြင့်ထိသာ လောင်းသင့်ပါသည်။

*အမိုးသွပ်မိုးသည့်အခါတစ်ချပ်နှင့်တစ်ချပ်ထပ်သည့်သွပ်ကိုနှစ်တွန့်တိတိထပ်စေရမည်။သွပ်ထိပ်ခြင်းဆက်သည့်အခါအနည်းဆုံး ခြောက်လက်မထပ်သင့်ပါသည်။

*Concrete 1m^3လျှင် 35.32ft^3 ရှိပါသည်။
* ရေကိုဂါလံတွက်သည့်အခါ အလျှား× အနံ × အမြင့် ×6.25နှင့်မြောက်လျှင့်ရေဂါလံရရှိပါမည်။ရေကိုလီတာဖြင့်တွက်သည့်အခါအလျား×အနံ×အမြင့်=ရလာတဲ့အဖြေကို4.54နှင့်မြှောက်ရပါမည်။

*(8"×8")ကြွေပြားတစ်ကျင်းလျှင်225ချပ်
(8"×12")ကြွေပြားတစ်ကျင်းလျှင်150ချပ်
(12"×12")ကြွေပြားတစ်ကျင်းလျှင်100ချပ်
(1 '×2')ကြွေပြားတစ်ကျင်းလျှင်50ချပ်
(2 '×2 ')ကြွေပြားတစ်ကျင်းလျှင်25ချပ်

*သစ်တစ်တန်တွင်ရှိရမည့် အတိုင်းအတာများ
(12"×1")=600'
(11"×1")=655'
(10"×1")=720'
(9"×1")=800'
(8"×1")=900'
(7"×1")=1029'
(6"×1")=1200'
(5"×1")=1440'
(4"×1")=1800'
(3"×1")=2400'
(2"×1")=3600'
(1"×1")=7200'
(2"×1-1/2")=7200 '
(3"×1-1/2")=1600 '
(6"×6")=200 '
( 3"×3")=800 '
(3"×2")=1200 '
(4"×4")=450 '
(4"×2")=900 '
(4"×1-1/2")=1200 '
(5"×5")=288 '
(5"×3")=480 '
(5"×2")=720 '
(6"×2")=600 '
(6"×1-1/2")=2400 '

1Ton တွင်ရှိသောသံချောင်းအရေအတွက်များ
တစ်ချောင်းလျှင်12mm=40ft
6.5mm=0.26kg/m
1ton=3834m
1 viss = 20.22=20'-3"

8mm=0.395kg/m
1ton=2531m
1 viss = 13.35=13'-4"

10mm=135 ချောင်း
12mm=88 ချောင်း
16mm=53 ချောင်း
18mm=41 ချောင်း
20mm=33 ချောင်း
22mm=27 ချောင်း
25mm=21 ချောင်း
1m=3.28ft
1 inch=25.4mm
1m^3=35.32ft^3
Water 1ft^3=62.4 lb
Water 1ft^3=624 Gal
Water 1 Gal=10lb
Water 1 Gal=4.54 Liter
1 Ton = 2240 Lb
1 Acre-ft=1234m^3
1 Acre=0.405 hectares
1 meter= 3.281 feet
1 km= 0.621 Mile
1 sq mile =2.59 sq km

တစ်ဧကလျှင် 208.71 ft ပတ်လည်ရှိသည်။
တစ်ဧက=43560 စတုရန်းပေ
ဘိလပ်မြေတစ်အိတ်လျှင် 50kg လေးပါသည်။
တစ်တန်လျှင် 1000 kg
ဘိလပ်မြေ 20 အိတ်လျှင် တစ်တန်ရှိပါသည်။

Sand(သဲ)
Sand coarse(သဲကြမ်း)
Sand fine(သဲ နု)
Gravel(ကျောက်စရစ်)
Cement(ဘိလပ်မြေ)
Water(ရေ)
Brick(အုတ်)
Brickwork (အုတ်စီခြင်း)
Plastering work(နံရံချောခြင်း)
Stair plastering work (လှေခါးချောခြင်း)
Bamboo( ဝါးလုံး)
Earth(soil)မြေတူး
Plywood(အထပ်သားပြား)
Dig earth(soil)မြေကြီးတူး
Earth (soil) compaction construction(မြေကြီးကြိတ်ခြင်း)
Earth(soil) leveling construction(မြေကြီးညှိခြင်း)
Water pump(ရေစုပ်စက်)
Backhoes(မြေတူး၊မြေကုတ်ကား)
Construction roller(မြေကြိတ်စက်)
Plate compactor(မြေရိုက်စက်)
Shrine room(ဘုရားခန်း)
Living room(ဧည့်ခန်း)
Single bed room (တစ်ယောက်အိပ်ခန်း)
Master bed room(မိသားစုအိပ်ခန်း)
Kitchen room(မီးဖိုခန်း)
Dining room(ထမင်းစားခန်း)
Bath room( ရေချိုးခန်း)
Toilet(အိမ်သာခန်း)
Common toilet(အများသုံးအိမ်သာခန်း)
Lounge room(sitting)အပန်းဖြေခန်း
Basement (cellar)မြေအောက်ခန်း
Study room(စာကြည့်ခန်း)
Roof (အမိုး)
Lighting rod(မိုးကြိုးလွှဲ)
Gutter(ရေတလျောက်)
Attic(ထပ်ခိုး)
Gable(မြင်းမိုရ်ပိတ်)
Water Tank(ရေလှောင်ကန်)
Ceiling(မျက်နှာကျက်)
Balcony(လသာဆောင်)
Verandah(ဝရံတာ)
Windows(ပြတင်းပေါက်များ)
Doors(တံ ခါးများ)
Ventilator(လေဝင်လေထွက်ပေါက်)
Portico(အိမ်ရှေ့ပေါ်တီကို)
Staircase/stairs(လှေခါးများ)
Gate(ဝင်းတံခါး)
Fence(ခြံစည်းရိုး)
Garden home(ဥယျာဉ်)
Letter box(အိမ်ရှေ့စာတိုက်ပုံး)
Door bell(အိမ်ရှေ့အချက်ပေးဘဲလ်)
Drain(ရေမြောင်း)

Credit *

25/09/2022

ဘိလပ်မြေ မပေါ်ပေါက်မီ
ကမ္ဘာတစ်ဝှမ်းလုံး ထုံး၊အင်္ဂတေကို
သုံးစွဲခဲ့ကြစဉ်က မြန်မာနိုင်ငံတွင်လည်း
မြန်မာ့ရိုးရာ အင်္ဂတေကို မြန်မာ့နည်း
မြန်မာ့ဟန်ဖြင့် ဖော်စပ်သုံးစွဲခဲ့ကြပါတယ်။

ပုဂံခေတ်အင်္ဂတေစပ်နည်းကတော့
အုံတုံအပင်က အခေါက်ကိုခွာပြီးကြိုရတဲ့
အရည်ငါးဆ ကျွဲကော်ရည် (ကျွဲသားရေ
နွားသားရေ ကြိုပြီးရတဲ့အရည်) ခြောက်ဆ
ဥသျှစ်သီးမှရတဲ့ အစေးတစ်ဆ၊
တင်လဲရည်နှစ်ဆ တို့နဲ့ ထုံးနဲ့သဲဇတူစပ်ပြီး
အင်္ဂတေကို ပြုလုပ်ကြပါတယ်။

ပုဂံမင်းတို့သည်ဘုရားတည်ရာတွင်ပန်းရံဆရာသည်အုတ်တစ်လွှာနှင်တစ်လွှာကြားမဆလာဖြည့်ရာတွင်နေရာလွတ်မရှိစေရပါ။လေခိုမှာဆိုး၍အုတ်တစ်လွှာနှင့်တစ်လွှာကြားမဆလာသိပ်သည်းနေစေရန် အပ် နှင့်ထိုး၍စပ်သပ်ကြပါတယ်။ အကယ်၍အုတ်ရိုးကြားအပ်ဝင်သွားပါက ပန်းရံဆရာ၏လက်အားသံလျက်ဖြင့်ခုတ်ဖြတ်သည်ဟုလဲမှတ်သားဖူးပါတယ်။

နောက်တစ်နည်းကကျွဲကော်၊ ရေ၊ အုံတုံ၊
ဥသျှစ်၊ နွားနို့အသစ်၊ လက်ပံရေ၊ ကောက်ညှင်း၊
ထမင်းနယ် ပျားရည် ရှားစောင်း သဖန်းခါး
လက်ပံသီးကရတဲ့ လဲဝါချဉ်ရည် စတဲ့
အရာတွေနဲ့လည်း အင်္ဂတေစပ်ပါတယ်။

နောက်တနည်းကကျွဲကော်ရည် အုံတုံ၊
ဥသျှစ်၊ နွားနို့ လက်ပံတရော်၊ ကောက်ညှင်း၊
ထမနဲပျားရည်၊ တင်လဲဖုတ်ခြောက်ချင်ရွေးရှားစောင်း၊ သဖန်းခါးလက်ဝါ စတဲ့ဆယ်မျိုး
ကိုဆယ့်နှစ်ခါပြန်ထောင်းပြီး ပြုလုပ်ပါတယ်။

အုံတုံသတ္တ၊ နဝကျွဲကော်
ဒွေးနော်တင်လဲ ၊ အုတ်သျှစ်ခွဲနှင့်
လဲဝါတစ်ဆုတ်၊ ဆီတစ်မှုတ်ကို
မယုတ်စုပေါင်း ညက်စွာထောင်းတော့
ဥသျှစ်ဧကေး၊ တင်လဲဒွေးနှင့်
အုံတုံပဉ္စ၊ ကျွဲကော်ဆ
မှတ်ကြ အင်္ဂတေ

အထက်ဖော်ပြပါအလင်္ကာသည်
အင်္ဂတေဖော်စပ်နည်း သံပေါက်များမှာ
များစွာသော ဖော်စပ်နည်း များမှ
ထုတ်နှုတ်တင်ပြခြင်းသာဖြစ်ပါသည်။

ကမ္ဘာကျော်ရွှေတိဂုံစေတီတော်ကြီး တည်ရာမှာ အသုံးပြုခဲ့တဲ့ အင်္ဂတေစပ်နည်းကတော့
ကြဇုသီးတစ်ဆ၊ တင်လဲနှစ်ဆ၊ ဥသျှစ်သုံးဆ၊
ကျွဲကော်ရည်ခြောက်ဆ၊ အုံတုံဆယ့်နှစ်ဆ
ကို ရောပြီး ကော်ရည် ကိုစပ်ပါတယ်။
ရလာတဲ့ကော်ရည်ကိုအချိုးညီတဲ့ (ဆတူ)
သဲနဲ့ထုံးတို့ရောစပ်ပြီး မောင်းနဲ့ တခါ ထောင်း
အဲ့ဒီမှာ အင်္ဂတေရပါတယ်
အဲ့ဒီမယ်ကြဇုသီးကိုသုံးတာက
ထုံးသည် အုတ်ကို စားခြင်းကနေ ကာကွယ်ဖို့၊
တင်လဲ ကြတော့အင်္ဂတေကိုမာစေဖို့၊ ဥသျှစ်ကြ
တော့ ခိုင်ခံ့ပြီးအရောင်ကောင်းစေဖို့ ဖြစ်ပါတယ်။

မြန်မာ့ အင်္ဂတေသည်လည်း
အခြားကမ္ဘာ့နိုင်ငံအသီးသီးတွင် သုံးစွဲကြသည့်
Lime Motor များနည်းတူ ထုံးနှင့်သဲကိုပင်
အခြေခံပါသည်။
သို့သော် မြန်မာ့အင်္ဂတေ၏ ထူးခြားမှုမှာ
အင်္ဂတေအား အုတ်လွှာများနှင့် ကောင်းစွာ
တွဲကပ်စေရန်အတွက် ကျွဲကော်ရည်၊ အုံတုံ
ခေါက်ပြုတ်ရည်၊ တင်လဲရည်၊ ဥသျှစ်စေး၊
အစရှိသော Organic Glue များနှင့် ကောင်းစွာ
သမအောင်ရောစပ်ပြီး အသုံးပြုခဲ့ကြသည်။

ထုံးတစ်တင်းနှင့် သဲတစ်တင်းမှာ အခြေခံ
ဖြစ်ပြီး အပိုထည့်သွင်းသော Additive များကို
သံပေါက်စပ်၍ မှတ်သားခဲ့ကြသည်။
ဒါကတော့ရှေးမြန်မာတို့ရဲ့ စေတီပုထိုးဘုရားကျောင်းကန်တွေကို တည်ထား ဆောက်လုပ်
တဲ့အခါ အဓိကသုံးရမဲ့အင်္ဂတေကို မြန်မာ့နည်း
မြန်မာ့ဟန်နဲ့ တီထွင်ကြံဆလုပ်ခဲ့ကြတဲ့
ပြုလုပ်ပုံ သမိုင်းအကျဉ်းလေးဖြစ်ပါတယ်။

အခြားပြုလုပ်ပုံ တည်ဆောက်ပုံတွေလည်း
ရှိနိုင်သေးပေမဲ့ လေ့လာမိသလောက် ဗဟု
သုတရစေရန်အလို့ငှာ ဖော်ပြပေးလိုက်ပါတယ်။




Address

Mandalay

Telephone

+959757197184

Website

Alerts

Be the first to know and let us send you an email when 3 Brothers ဘိလပ်မြေဖြန့်ချိရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share