Myo Thandar - ကမ္ဘာ့ရွှေအထူးအကြံပေး

  • Home
  • Myanmar
  • Mandalay
  • Myo Thandar - ကမ္ဘာ့ရွှေအထူးအကြံပေး

Myo Thandar - ကမ္ဘာ့ရွှေအထူးအကြံပေး Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myo Thandar - ကမ္ဘာ့ရွှေအထူးအကြံပေး, Business consultant, Between (103-103A), 62ASt, Mandalay.

သူငယ်ချင်းတွေနဲ့ အပြင်သွားတုန်းလေး အမှတ်တရ😊😁
28/04/2024

သူငယ်ချင်းတွေနဲ့ အပြင်သွားတုန်းလေး အမှတ်တရ😊😁

❣ #လက်တစ်စုံ❣🤝🤝🤝🤝🤝🤝ထမင်းတွေအကြိမ်ကြိမ်ခွံ့ကျွေးခဲ့တဲ့ "လက်တစ်စုံ"ပုခတ်တွေအကြိမ်ကြိမ်လွှဲပေးခဲ့တဲ့ "လက်တစ်စုံ"          ရ...
22/03/2024

❣ #လက်တစ်စုံ❣
🤝🤝🤝🤝🤝🤝

ထမင်းတွေအကြိမ်ကြိမ်
ခွံ့ကျွေးခဲ့တဲ့ "လက်တစ်စုံ"

ပုခတ်တွေအကြိမ်ကြိမ်
လွှဲပေးခဲ့တဲ့ "လက်တစ်စုံ"

ရေချိုးဂျီးတွန်းအကြိမ်ကြိမ်
လုပ်ပေးခဲ့တဲ့"လက်တစ်စုံ"

အကြိမ်ကြိမ်လဲကျတိုင်း
ဆွဲထူပေးခဲ့တဲ့"လက်တစ်စုံ"

ရင်ခွင်ထဲမှာအကြိမ်ကြိမ်
ထွေးပွေ့ချော့သိပ်ခဲ့တဲ့"လက်တစ်စုံ"

သားသမီးတိုင်း အတွက်
အနှိုင်းမဲ့ "လက်တစ်စုံ"

အဲဒါမိဘရဲ့လက်တစ်စုံပါ
အချိန်တန်အရွယ်ရောက်လို့
ကိုယ့်ခြေထောက်ပေါ်
ရပ်တည်လာနိုင်တဲ့အခါမှာ
ငါအတော်ဟုတ်ပါလား
ငါ့ဘာငါရပ်တည်နိုင်တာပဲလို့
မာနတွေထောင် ဘ၀င်လေဟပ်ပြီး
အဲဒီလက်တစ်စုံကိုပြန်မ ကို.က်မိစေနဲ့

အရာရာလဲပြိုကြပြီး ဘယ်သူမှ
ဆွဲထူပေးလို့မရတဲ့ဘ၀မျီုး
ရောက်သွားတတ်ပါတယ်တယ်"


Crd
#မောင်ဒီပါမှပြန်လည်မျှဝေခြင်းဖြစ်ပါသည် ။

ကျေးဇူးရှင် ပါချုပ်ဆရာတော်ကြီးက မိန့်တယ်🙏စိတ်ထား မကောင်းလိုက်တာ နဲ့ကိုယ့်ရဲ့ဘုန်းကံဟာအမြန်ကျဆင်းသွားပါတယ် ။စိတ်ထားမမှန်လ...
22/03/2024

ကျေးဇူးရှင် ပါချုပ်ဆရာတော်ကြီးက မိန့်တယ်🙏

စိတ်ထား မကောင်းလိုက်တာ နဲ့
ကိုယ့်ရဲ့ဘုန်းကံဟာ
အမြန်ကျဆင်းသွားပါတယ် ။

စိတ်ထားမမှန်လိုက်တာနဲ့
ကိုယ့်က အရင်
ပူလောင်ဆင်းရဲသွားရပါတယ် ။

သူများကို တိုက်ခိုက်ခြင်းဟာ
ကိုယ့်ဘဝကို တူးဖြိုနေတာပါ ။

သူများကို စိတ်တိုနေတာဟာ
ကိုယ့်ဘ၀ကို
အဆိပ်ရည်နဲ့လောင်းနေတာပါ ။

သူများကို မကောင်းကြံလို့လည်း
ကိုယ်အမြဲ အနိုင်ရမနေပါဘူး ။

ကိုယ့်အလှည့်ဆိုတာလည်း
ပြန်ကြုံလာတတ်သေးတဲ့အတွက်

ဘာဖြစ်ဖြစ် စိတ်မကွက်ပဲ
မေတ္တာစိတ်လေးထားပြီးတော့
စိတ်ထားမှန်အောင်သာကြိုးစားပါ ။

😍Civic Gluta HYA Lotion (180ml)လေး  #2ဘူးSoldOut✌တလောက်သုံးကြည့်ပီး အရမ်းကြိုက်​ကြတဲ့ Civic Gluta HYA Lotion (180ml)လေးမ...
11/03/2024

😍Civic Gluta HYA Lotion (180ml)လေး #2ဘူးSoldOut✌

တလောက်သုံးကြည့်ပီး အရမ်းကြိုက်​ကြတဲ့ Civic Gluta HYA Lotion (180ml)လေး
မှာယူအားပေးလို့ရပါပီ🤩

✅အသားဖြူချင်သူများတွက် review အများဆုံးပေးကြတဲ့ Civic အသားဖြူ Lotion

🌼အနံ့လေးကလဲ တနေကုန် မွှေးနေရောပဲ

Thailand made
တဘူး-7000
Mdy
09-799 069 247

🍀တကယ်ကို အနံ့လေးကမွှေးပီး
သုံးလိုက်တာနဲ့ အသားလေး ကြည်လင်စိုပြေသွားစေတာမျိုးလေး

🍀 အသားပေါ်တင်လိမ်းလိုက်တာနဲ့ စိမ့်ဝင်လွယ်ပြီး စေးကပ်ခြင်းလုံးဝမရှိဘူး

🍀 အသားအရေကြည်လာစေပီး နေလောင်ဒဏ်‌ကြောင့်ဖြစ်တဲ့ အမဲစက်နဲ့အသားအရေ
မညီညာခြင်းကိုလဲ သက်သာစေတယ်

🍀Vitamin E နဲ့ C နဲ့ပါဝင်လို့ အသားခြောက်ခြင်းကိုသက်သာစေတယ် Healthy bright ​ဖြစ်လို့ အသားအရေချောမွတ်နူးညံ့စေပါတယ်
#မန်းလေးအိမ်ရောက်ငွေချေရ

10/03/2024

ခါးနာရင်တော့ လိမ်းဆေးရှိတယ်
အားနာရင်တော့ လိမ်းဆေးမရှိဘူး

ဒါ့ကြောင့်

ငြင်းသင့်သာ ငြင်း
ပြတ်သားသင့်ရင် ပြတ်သားပါ

အားနာတတ်တဲ့အကျင့်ဟာ
ကောင်းကျိုးပေးတာ နည်းတယ်... ။

ဆွေး(ရွှေအိုင်)

credit

"ရှိတ်စပီးယား ပြောခဲ့သော စကား"========================ကျွန်ုပ် အမြဲပျော်ရွှင်တယ်၊ ဘာလို့လဲ သိလား?ဘာလို့လဲဆိုတော့..... ကျ...
03/03/2024

"ရှိတ်စပီးယား ပြောခဲ့သော စကား"
========================

ကျွန်ုပ် အမြဲပျော်ရွှင်တယ်၊ ဘာလို့လဲ သိလား?

ဘာလို့လဲဆိုတော့.....
ကျွန်ုပ် ဘယ်သူ့ဆီကမှ ဘာမှ မမျှော်လင့်ဘူး။

မျှော်လင့်တာတွေက အမြဲနာကျင်စေပါတယ်။

ဘဝက တိုတောင်းလှပါတယ်။
ဒါကြောင့်..... သင့်ဘဝကို ချစ်ပါ။

ပျော်ရွှင်ပါ၊ ပြုံးလျှက်နေပါ။

သင့်အတွက်ပဲ သင် အသက်ရှင်ပါ။

စကားမပြောခင် နားထောင်ပါ။

မရေးသားခင် စဉ်းစားပါ။

မသုံးခင် ဝင်ငွေရှာပါ။

ဆုမတောင်းခင် ခွင့်လွှတ်ပါ။

ထိခိုက်အောင် မလုပ်ခင် ခံစားကြည့်ပါ။

မမုန်းခင် ချစ်ခြင်းမေတ္တာပြပါ။

အရှုံးမပေးခင် ကြိုးစားပါ။

01/03/2024

ဒန့်သလွန် အဆီ 3ပုလင်း
ဒန့်သလွန် ဆပ်ပြာ 5ခဲ
Sold Out😁😍

01/03/2024

လူမှန်က
စကားမာတယ်...✅

လူလည်က
စကားကြွယ်တယ်...✅

လူလိမ်က
နှုတ်ချိုတယ်...✅

ဒီအချက် ( ၅ )ချက်ပါအောင် ဘုရားရှိခိုးပါ‼️အရှင်ဘုရားက ဆိုတယ်-ဒကာကြီးဘုရားဘုရားရှိခိုးတာ အချက်( ၅ )ချက် ပြည့်အောင်ကန်တော့ရ...
29/02/2024

ဒီအချက် ( ၅ )ချက်ပါအောင် ဘုရားရှိခိုးပါ‼️

အရှင်ဘုရားက ဆိုတယ်-

ဒကာကြီး

ဘုရား

ဘုရားရှိခိုးတာ အချက်( ၅ )ချက် ပြည့်အောင်
ကန်တော့ရဲ့လား-

မှန်ပါ တပည့်တော်လည်း ဘုရားရှိခိုးတာပဲ ဘုရား။

ဒါပေမယ့် အချက်( ၅ )ချက်ပြည့်အောင်
ဘယ်လိုရှိခိုးရမလဲ ဆိုတာတော့ တပည့်တော် မသိပါဘုရား.....

အေး...ဒကာ သိအောင် ပြောပြမယ်...

( ၁ ) ဘုရား ၊ တရား ၊ သံဃာ ၊ မိဘ ၊ ဆရာ တို့ကို
အရင် ရှိခိုးဦးချ ကန်တော့ပါ။ ✅

( ၂ ) အပါယ် ဖျက်ရတယ်....✅

ဒီအချက်က လူတိုင်း မသိကြဘူး။
အပါယ်ဖျက်တာ လွယ်ပါတယ်။
လူတိုင်း မဖျက်တတ်ကြလို့ပါ...

ဘယ်လို ဖျက်ရမလဲ ဆိုတော့.....

"(ယခုဘဝ)ဘဝ အဆက်ဆက်က တော်စပ်ခဲ့ကြသော မိဘ ဘိုးဘွားများ ဆရာသမားများ
မပြစ်မှားအပ်သော ပုဂ္ဂိုလ်များ တို့ကို
ပြစ်မှားမိသည်ရှိသော် ရှိခိုး ဝန်ချ တောင်းပန်ပါ၏။"

ဒီလို တောင်းပန်ရင်လောလောဆယ် ဒကာ့မှာ
ပိတ်နေတဲ့ လာဘ်တွေပွင့်မယ်။

ပြီးတော့ ကားတိုက်လို့ပဲ ဖြစ်ဖြစ် ရေနစ်လို့ပဲ ဖြစ်ဖြစ် အစိမ်း မသေတော့ဘူး။

တောင်းပန်ရင်ဘာကြောင့်_ကျေလဲ_ဆိုတော့_

ဒီအကြောင်းကို ဒကာတို့ နားလည်အောင် ပြောရရင်

ကျော်ဟိန်းတောင် ရုပ်ရှင် ရိုက်ထားတဲ့

"ဒေါင်းယောင်ဆောင်သော__ကျီး"

ဇာတ်ကားမှာ လိုပေါ့.....

ရဟန္တာကို ပြစ်မှားလို့ ယောက်ျားက မိန်းမ ဖြစ်တာလေ။ မိန်းမ ဖြစ်တဲ့ ဘဝမှာပဲ ရဟန္တာကို တောင်းပန်လိုက်တော့ ယောက်ျား ပြန်ဖြစ်သွားတယ်။

ဒီမှာ ပြောချင်တာကအဲဒီယောက်ျား ပြစ်မှားတာကို ရဟန္တာတောင် မသိလိုက်ဘူး။ မနောကံနဲ့ ပြစ်မှားမိတာပါ။ ဒါကြောင့်ကိုယ်က သိလို့ပဲ ဖြစ်ဖြစ် မသိလို့ပဲ ဖြစ်ဖြစ် ကာယကံ၊ ဝစီကံ ၊ မနောကံ နဲ့ ပြစ်မှားမိတာကို တောင်းပန်ရပါမယ်။

( ၃ ) မိမိကိုယ်ကို_မေတ္တာ_ပို့ပါ_✅

ဒကာတို့ ကျန်းမာ၊ချမ်းသာမှ ဘုရားအလုပ် လုပ်နိုင်မယ်။ တရားအလုပ် လုပ်နိုင်မယ်။
အူမတောင့်မှ သီလ စောင့်နိုင်မှာလေ။

( ၄ ) ဒကာတို့_လုပ်နေကျအတိုင်း_

ပုတီးစိပ်၊
ဘုရားစာရွတ်
မေတ္တာပွား ပေါ့.....✅

( ၅ ) သစ္စာဆို_အမျှဝေပါ_✅

ဒီအချက်က ဒကာတို့ ပြုတဲ့ ကုသိုလ်ကောင်းမှုကို
သစ္စာဆို အမျှဝေရပါမယ်။ ဒကာတို့ ဘာကုသိုလ်ပဲ လုပ်လုပ် သစ္စာဆို အမျှဝေလို့ ရပါတယ်။

ဥပမာ_

ဘုရားပန်း လှူတာ ဖြစ်ဖြစ်၊
တိရစ္ဆာန်တွေကို အစာကျွေးတာပဲ ဖြစ်ဖြစ်၊
တခြား အလှူတွေလည်း
သစ္စာဆို အမျှဝေလို့ ရပါတယ်။

ဘယ်လို_သစ္စာဆို_အမျှဝေရမှာလဲ_ဆိုတော့_

ဥပမာ_

"ကျွန်တော် ဘုရားပန်း တင်လှူပါတယ်။
ဤဘုရားပန်း တင်လှူတာ မှန်ကန်ပါတယ် ဆိုတာကို သစ္စာဆိုပါတယ်။

ဤ__သစ္စာစကား_မှန်ကန်ပါက_

ဘုရားပန်းတင်လှူသော ကုသိုလ်ကို အထက်ဘဝဂ် အောက်အဝီစိ အထိ သုံးဆယ့်တစ်ဘုံ ကျင်လည်ကြကုန်သော ဝေနေယျ သုခိတ ဒုက္ခိတ သတ္တဝါ အပေါင်းတို့အား အမျှပေးဝေပါတယ် "

လို့ အမျှပေးလိုက်ပါ.....

ဒကာတို့ ပေးတဲ့ အမျှကို
လူ နတ် ဗြဟ္မာ သတ္တဝါ အပါယ်ဘုံသား အားလုံး
ရပါတယ်။

ဒကာတို့ ပို့တဲ့ အမျှဝေခြင်းက
သူတို့အတွက် တန်ဖိုးကြီးပါတယ်။

ဒကာတို့ ဘာအခက်အခဲပဲ ဖြစ်ဖြစ်
သူတို့က ကူညီပါတယ်။

ဒကာတို့ ပို့တဲ့ အမျှဝေခြင်းက
သူတို့အတွက် ( ၁ဝဝ )တန်ရင်
ဒကာတို့ကို ကူညီတာက
သူတို့အတွက်
( ၁ဝ )တန်လောက်ပဲ ရှိတာပါ။

ဒကာတို့ရဲ့ အခက်အခဲကို
သူတို့က ကူညီမှာပါ။

ဒကာတို့ ဘုရားရှိခိုးတာကို
ဒီအချက် ( ၅ )ချက်နဲ့ ကန်တော့ပါ။

ဒါဆို ဒကာ ဘုရားရှိခိုးတာ တတ်ပါပြီ။

မှန်ပါ- သာဓု သာဓု သာဓုပါ ဘုရား

ပါမောက္ခချုပ်ဆရာတော်
(ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ)

Credit

ဝေဖန်ရေး လူတစ်ယောက်ဟာ ပန်းချီဆွဲပြီး သူ့ရဲ့ ပန်းချီကားကို လူတွေဘယ်လိုပြောကြမလဲဆိုတာ အရမ်းသိချင်မိတယ် ။ အဲ့ဒါနဲ့ ဈေးထိပ်တ...
01/02/2024

ဝေဖန်ရေး

လူတစ်ယောက်ဟာ
ပန်းချီဆွဲပြီး သူ့ရဲ့ ပန်းချီကားကို
လူတွေဘယ်လိုပြောကြမလဲဆိုတာ အရမ်းသိချင်မိတယ် ။

အဲ့ဒါနဲ့ ဈေးထိပ်တစ်‌နေရာမှာ
ပန်းချီကားချပ်ကို ချိတ်ထားပြီး
အပေါ်မှာစာတစ်ကြောင်းရေးထားလိုက် တယ် ။

ရေးတဲ့စာကတော့ ....
"အဆင်မပြေတာတွေ့ရင်_ဝေဖန်နိုင်ပါတယ်"...ပေါ့ ။

ဈေးသွားဈေးလာလူတွေအားလုံးက
ပန်းချီကားကို ကြည့်ပြီး တစ်ယောက်တစ်မျိုး ဝေဖန်ကြတယ် ။

သူကြားသမျှကတော့ အားလုံး အပြစ်တင်တာချည်းပဲ
တစ်ခုမှ အဆင်မပြေဘူး... တဲ့ ။

ပန်းချီဆရာလည်း စိတ်ပျက်လက်ပျက်နဲ့
ပန်းချီကားကို ယူပြီး အိမ်ပြန်လာခဲ့တယ် ။

အိမ်ရောက်တော့ သူ့အဖေကိုတွေ့တယ်ဆိုရင်ပဲ
ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်တယ် ။

စိတ်ဓာတ်လည်း အတော်ကျနေရှာတယ် ။

အဖေဖြစ်သူကအကြံပေးတယ် ။
"ငါ့သား...အပေါ်ကစာကြောင်းလေး ပြောင်းရေးကြည့်ပါ."..တဲ့ ။

ဘယ်လို ရေးခိုင်းလဲဆိုတော့... ။
အဆင်မပြေတာရှိရင်_ပြင်ဆင်ဖြည့်စွက်_ရေးဆွဲသွားကြပါ.'. ဆိုပြီး ခေါင်းစဉ်ပြောင်းချိတ်..ခိုင်းတယ်။

နောက်တနေ့ရောက်တော့ ပန်းချီဆရာလည်း
သူ့အဖေ မှာတဲ့အတိုင်း ပန်ချီကားကိုဈေးထိပ်မှာချိတ်တယ်။

ထူးထူးဆန်းဆန်းပဲ !!

ဒီတခါတော့ ဈေးသွားဈေးလာလူတွေအားလုံးက
ဘာအသံမှ မထွက်ကြတော့ဘူး..။

ဘယ်သူမှလည်း ပန်းချီကားကိုအပြစ်မပြောကြ ‌တော့ဘူး။

ကိုယ်တိုင်လည်း ဘယ်သူကမှ
ပန်ချီကားမှာ ဖြည့်စွက် ပြီး ဝင်မဆွဲကြဘူး..တဲ့

ဘာလို့လဲဆိုတော့ ....

သူတို့မှာ သူတစ်ပါးလုပ်တာကိုကြည့်ပြီး
ဝေဖန်ကြဖို့ ‌လောက်ပဲ အသိရှိကြတယ်။

ကိုယ်တိုင်က လုပ်တတ်တဲ့ အရည်အချင်း မရှိကြလို့ပဲ။


#စာအုပ်စင်လေး

Address

Between (103-103A), 62ASt
Mandalay
05041

Telephone

+959799069247

Website

Alerts

Be the first to know and let us send you an email when Myo Thandar - ကမ္ဘာ့ရွှေအထူးအကြံပေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myo Thandar - ကမ္ဘာ့ရွှေအထူးအကြံပေး:

Share