Shwe Lat Pan

Shwe Lat Pan Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shwe Lat Pan, Wholesale & Supply Store, 62/128 × 129 Street/Pyi Gyi Tagon, Mandalay.

အရည်အသွေး ပြည့်မှီသော ပန်းလုံးအမျိုးအစားအစုံ

Sizeအစုံကို တစ်နေရာထဲမှာရရှိနိုင်ပါတယ်။

ဆက်သွယ်ရန်ဖုန်းနံပါတ်များ👇

☎️ 09 409 584 499(Viber )

☎️ 09 409 584 400( Viber )

ဆိုင်လိပ်စာ📌62 - 128 × 129 ကြား မန္တလေးမြို့

ရွှေလက်ပံ သံနှင့် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်ရဲ့ ဇွန်လ ၂ ရက်နေ့မှ ဇွန်လ ၁၀ ရက်နေ့ အထိ စျေးနှုန်းတွေကို နှိုင်းယှဉ်သုံးသ...
11/06/2026

ရွှေလက်ပံ သံနှင့် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်ရဲ့ ဇွန်လ ၂ ရက်နေ့မှ ဇွန်လ ၁၀ ရက်နေ့ အထိ စျေးနှုန်းတွေကို နှိုင်းယှဉ်သုံးသပ်ထားသော ၁ ပတ်စာ ပန်းလုံးစျေးကွက်သုံးသပ်ချက် ဖြစ်ပါတယ်။

​အတိုချုပ်ပြောရရင် ၁ ပတ်တာကာလအတွင်း ပန်းလုံး (Rebar) မျိုးစုံ စျေးနှုန်းများ သိသိသာသာ ပြန်လည်မြင့်တက်လာကြောင်း တွေ့ရှိရပါတယ်။

​၁။ အဓိက သုံးသပ်ချက်နှင့် စျေးကွက်အခြေအနေ

​📌 HRB-500 စျေးကွက်

​Original-Import (တရုတ်/အိုမန်) - ပစ္စည်းအားလုံး တစ်တန်လျှင် ၁၅၀,၀၀၀ မှ ၂၇၀,၀၀၀ ကျပ် အထိ အသီးသီး စျေးတက်လာပါတယ်။ အထူးသဖြင့် တရုတ်နိုင်ငံထုတ် 5JY (10mm) သည် ၂၇၀,၀၀၀ ကျပ် ခန့် အမြင့်ဆုံး တက်သွားပြီး အိုမန်နိုင်ငံထုတ် Rouhina (18mm, 20mm) သည်လည်း တစ်တန်ကို ၁၇၀,၀၀၀ ကျပ် ဝန်းကျင် စျေးတက်လာပါတယ်။

🔩 ​Export Quality (မြန်မာ) ပြည်တွင်းထုတ် AS တံဆိပ် များအားလုံး Size အစုံ တစ်တန်ကို ၈၀,၀၀၀ ကျပ်အထိ စျေးတက်လာပါတယ်။

​📌 HRB-400 စျေးကွက်

​Original-Import - စျေးနှုန်းအပြောင်းအလဲ အများဆုံးအမျိုးအစား ဖြစ်ပါတယ်။ 413001JY တံဆိပ် များက Size အလိုက် ၁၃၀,၀၀၀ ကျပ် မှ ၁၅၀,၀၀၀ ကျပ် အထိ စျေးတက်လာသော်လည်း တစ်ခုတည်းသော ခြွင်းချက်အနေနဲ့ MMS (Grade 40) 10mm သည် ၅၀,၀၀၀ ကျပ် ခန့် စျေးအနည်းငယ် ပြန်ကျသွားပါတယ်။

​Export Quality & Local - (မြန်မာ)ပြည်တွင်းဖြစ် 5M ၊ UISN၊ RKS နှင့် 4FG အုပ်စုအားလုံးတွင်လည်း တစ်တန်လျှင် ၈၀,၀၀၀ ကျပ် မှ ၁၀၀,၀၀၀ ကျပ် ဝန်းကျင် အသီးသီး စျေးနှုန်းတွေ တက်လာခဲ့ပါတယ်။

​2. Wire Rod Coil & Binding Wire

​Wire Rod Coil (Original) - အခြားပစ္စည်းများနှင့်မတူဘဲ စျေးနှုန်းအဆမတန် ခုန်တက်သွားခြင်းဖြစ်သည်။ တစ်တန်လျှင်6.5mm ရော 8mm ရောပါ ၄၀၀,၀၀၀ ကျပ် ၀န်းကျင် အထိ စျေးတက်ထားပါတယ်။

​Binding Wire (18Gate): စျေးကွက်အတွင်း တစ်ခုတည်းသော စျေးနှုန်းကျဆင်းသွားသည့် ပစ္စည်းဖြစ်ပြီး တစ်ခွေကို ၂,၀၀၀ကျပ် စျေးကျထားပါတယ်။

၃။ လုပ်ငန်းရှင်များအတွက် အကြံပြုချက်

​ သံစျေးနှုန်းများက ၁ ပတ်အတွင်း စျေးငြိမ်ခြင်းမရှိဘဲ အတက်ဘက်သို့ ဦးတည်နေပါတယ်။ အထူးသဖြင့် Import ပစ္စည်းများ ( HRB-500 / HRB 400 )က ပစ္စည်းရှားပါးမှု နှင့် သယ်ယူပို့ဆောင်ရေးစရိတ်အပေါ် မူတည်ပြီး စျေးထပ်တက်နိုင်ခြေ ရှိတာကြောင့် သံချောင်း၀ယ်ယူရမဲ့ ပရောဂျက်တွေရှိပါက ကြိုတင်ဝယ်ယူစုဆောင်းသင့်ပါတယ်။

လက်ရှိဆောက်လုပ်ဆဲ အင်ဂျင်နီယာများနှင့် ကန်ထရိုက်တာများအနေဖြင့် ပစ္စည်းခန့်မှန်းခြေကုန်ကျစရိတ် (Estimation) ကို ယခုအပတ် စျေးကွက်ပေါက်စျေးအသစ်ဖြင့် အမြန်ဆုံး Update ပြုလုပ်ရန် လိုအပ်ပါလိမ့်မယ်ခင်ဗျာ။

#ရွှေလက်ပံသံဆိုင် #အိမ်ဆောက်ချင်သူများ #အိမ်ဆောက်ပစ္စည်း #သံစျေး #စျေးကွက်သုံးသပ်ချက်

10/06/2026

အိမ်ဆောက်ချင်တဲ့သူတိုင်း သိထားသင့်တဲ့ ပန်းလုံး 1 Ton မှာပါတဲ့ အချောင်းအရေအတွက်လေးတွေနဲ့ မြန်မာလိုအခေါ်လေးတွေကို သေချာလေး ပြောပြပေးထားတာမို့လို့ အဆုံးထိ ကြည့်သွားပေးပါအုံးခင်ဗျာ။
#ရွှေလက်ပံသံဆိုင် #အိမ်ဆောက်ချင်သူများ #ဆောက်လုပ်ရေးဗဟုသုတ #အိမ်ဆောက်ပစ္စည်း #ပန်းလုံး

09/06/2026

စျေးကွတ်ထဲမှာရှိတဲ့ အသုံးပြုမှု အများဆုံး သံချောင်းတံဆိပ်တွေကို သိထားမယ်ဆိုရင် သံချောင်း၀ယ်ယူရတဲ့အခါမျိုးမှာ ကိုယ့်အဆောက်အဦးနဲ့ ကိုက်ညီမဲ့ တံဆိပ်တွေကို ရွှေးချယ်နိုင်မှာဖြစ်ပါတယ်။

ဒီ Video လေးထဲမှာဆိုရင် စျေးကွတ်ထဲမှာ အသုံးများတဲ့ သံချောင်းတံဆိပ်တွေကို ပြောပြပေးထားပါတယ်ခင်ဗျာ။

မိတ်ဆွေတို့ရော ဘယ်တံဆိပ်တွေကို အသုံးပြာဖြစ်နေလဲဆိုတာ Comment မှာ ပြောခဲ့ပေးပါအုံးခင်ဗျာ။

#ဆောက်လုပ်ရေးဗဟုသုတ #ရွှေလက်ပံသံဆိုင် #ပန်းလုံး #အိမ်ဆောက်ချင်သူများ #အိမ်ဆောက်ပစ္စည်း

Shwe Lat Pan Update Price List (8-Jun-26 | 9:00 AM)​🔩 HRB-500 Original-Import​10mm (5JY) | China | Weight: 7.3 KG | Pric...
08/06/2026

Shwe Lat Pan Update Price List (8-Jun-26 | 9:00 AM)

​🔩 HRB-500 Original-Import

​10mm (5JY) | China | Weight: 7.3 KG |
Price: 3,750,000 MMK

​12mm (5JY) | China | Weight: 10.2 KG |
Price: 3,300,000 MMK

​16mm (5JY) | China | Weight: 18.5 KG |
Price: 3,600,000 MMK

​18mm (Rouhina) | Oman | Weight: 23.5 KG |
Price: 3,850,000 MMK

​20mm (Rouhina) | Oman | Weight: 28.6 KG |
Price: 3,950,000 MMK

​25mm (5JY) | China | Weight: 43.6 KG |
Price: 3,750,000 MMK

🔩 HRB-400 Original-Import

​10mm (413001JY) | China | Weight: 5.7 KG |
Price: 3,400,000 MMK

​10mm (MMS Grade 40) | China | Weight: 7.2 KG | Price: 3,400,000 MMK

​12mm (Rouhina) | Oman | Weight: 7.2 KG |
Price: 2,730,000 MMK

​16mm (413001JY) | China | Weight: 13.7 KG |
Price: 3,200,000 MMK

​16mm (Rouhina) | Oman | Weight: 13.8 KG |
Price: 3,200,000 MMK

​18mm (413001JY) | China | Weight: 18.1 KG |
Price: 3,250,000 MMK

​20mm (4EJX) | China | Weight: 22.2 KG |
Price: 3,300,000 MMK

​🔩 HRB-500 Export Quality

​10mm (AS) | Myanmar | Weight: 7.2 KG |
Price: 3,280,000 MMK

​12mm (AS) | Myanmar | Weight: 10.2 KG |
Price: 3,050,000 MMK

​16mm (AS) | Myanmar | Weight: 18.5 KG |
Price: 3,280,000 MMK

​20mm (AS) | Myanmar | Weight: 28.6 KG |
Price: 3,180,000 MMK

​🔩 HRB-400 Export Quality

​10mm (5M) | Myanmar | Weight: 5 KG |
Price: 2,060,000 MMK

​12mm (UISN) | Myanmar | Weight: 7 KG |
Price: 1,960,000 MMK

​16mm (RKS) | Myanmar | Weight: 13 KG |
Price: 2,200,000 MMK

​20mm (RKS/413001JY) | Myanmar | Weight: 22 KG | Price: 2,400,000 MMK

​🔩HRB-400 Local (မြောင်းတကာ)

​10mm (4FG/4JY) | Myanmar | Weight: 5(3.9) KG | Price: 1,790,000 MMK

​12mm (4FG/4YL) | Myanmar | Weight: 6.1 KG |
Price: 1,720,000 MMK

​16mm (4FG) | Myanmar | Weight: 12.1 KG |
Price: 1,960,000 MMK

​18mm (4FG) | Myanmar | Weight: 17 KG |
Price: 2,100,000 MMK

​20mm (4FG/4JY) | Myanmar | Weight: 20 KG |
Price: 2,100,000 MMK

​🔩 Wire Rod Coil-Original

​6.5mm (Coil) | China | 1Viss = 6300 Ks |
1 Coils = 189,000 MMK

​8mm (Coil) | China | 1 Viss = 6500 Ks |
1 Coils 195,000 MMK

စ​တားကွင်း | Myanmar | 1 Viss = 5200 Ks

​🔩Binding Wire (18Gate)

​18Gate (Binding Wire) | China | Weight: 21 KG |
Price: 115,000 MMK

​(မှတ်ချက် - အချိန်နှင့်အမျှ ဈေးနှုန်းအပြောင်းအလဲ ရှိနိုင်ပါသည်။)

#ရွှေလက်ပံ #စတားကွင်း #အိမ်ဆောက်ချင်သူများ #ဆောက်လုပ်ရေးပစ္စည်း #အိမ်ဆောက်ပစ္စည်း

07/06/2026

ဆောက်လုပ်ရေး လုပ်ငန်းခွင်းတိုင်းမှာ အသုံးပြုနေရတဲ့ စတားကွင်းတွေကို ကျွန်တော်တို့ ရွှေလက်ပံ သံဆိုင်မှာ Original Coils များ ၊ ကြိတ်လုံးများ အပြင် ပန်းလုံးတွေနဲ့ပါ ရရှိနိုင်ပါပြီ။ ရိုးရိုးကွေး ( 90° ) ၊ ဂျိတ်ကွေး (135° ) နှစ်မျိုးစလုံး ရရှိနိုင်ပါပြီ။
#ရွှေလက်ပံ #အိမ်ဆောက်ချင်သူများ #ဆောက်လုပ်ရေးပစ္စည်း #ကန်ထရိုက်တာ #အိမ်ဆောက်ပစ္စည်း #စတားကွင်း

05/06/2026

စျေးနှုန်းမတည်ညိမ်မှုတွေကြောင့် စျေးသက်သာတဲ့အချိန် ၀ယ်ထားချင်ပေမဲ့ ထားစရာ နေရာအခက်အခဲရှိတဲ့ မိတ်ဆွေတွေအတွက် ကျွန်တော်တို့ ရွှေလက်ပံသံဆိုင်ရဲ့ "အခု၀ယ် ၊ နောက်မှသယ် " ၀န်ဆောင်မှုလေးအကြောင်း အသေးစိတ် ပြောပြပေးထားပါတယ်ခင်ဗျာ။

#ရွှေလက်ပံ #အိမ်ဆောက်ချင်သူများ #ဆောက်လုပ်ရေးပစ္စည်း #အိမ်ဆောက်ပစ္စည်း #ကန်ထရိုက်တာ

04/06/2026

လတ်တလော စျေးနှုန်းတွေအရ HRB 400 နဲ့ စာရင် HRB 500 ကို
ဘာကြောင့် သုံးသင့်တာလဲ?
#ရွှေလက်ပံ #အိမ်ဆောက်ချင်သူများ #ဆောက်လုပ်ရေးပစ္စည်း

Price List (4-Jun-26 | 9:00 AM)​🔩 HRB-500 Original-Import (China/Oman)​10mm (5JY) | China | Weight: 7.3 KG | Price: 3,73...
04/06/2026

Price List (4-Jun-26 | 9:00 AM)

​🔩 HRB-500 Original-Import (China/Oman)

​10mm (5JY) | China | Weight: 7.3 KG | Price: 3,730,000 MMK

​12mm (5JY) | China | Weight: 10.2 KG | Price: 3,250,000 MMK

​16mm (5JY) | China | Weight: 18.5 KG | Price: 3,580,000 MMK

​18mm (Rouhina) | Oman | Weight: 23.5 KG | Price: 3,830,000 MMK

​20mm (Rouhina) | Oman | Weight: 28.6 KG | Price: 3,900,000 MMK

​25mm (5JY) | China | Weight: 43.6 KG | Price: 3,750,000 MMK

​🔩 HRB-400 Original-Import (China/Oman)

​10mm (413001JY) | China | Weight: 5.7 KG | Price: 3,400,000 MMK

​10mm (MMS Grade 40) | China | Weight: 7.2 KG | Price: 3,400,000 MMK

​12mm (Rouhina) | Oman | Weight: 7.2 KG | Price: 2,730,000 MMK

​16mm (413001JY) | China | Weight: 13.7 KG | Price: 3,180,000 MMK

​16mm (Rouhina) | Oman | Weight: 13.8 KG | Price: 3,200,000 MMK

​18mm (413001JY) | China | Weight: 18.1 KG | Price: 3,250,000 MMK

​20mm (4EJX) | China | Weight: 22.2 KG | Price: 3,280,000 MMK

​🔩HRB-500 Export Quality (Myanmar)

​10mm (AS) | Weight: 7.2 KG | Price: 3,200,000 MMK

​12mm (AS) | Weight: 10.2 KG | Price: 2,980,000 MMK

​16mm (AS) | Weight: 18.5 KG | Price: 3,200,000 MMK

​20mm (AS) | Weight: 28.6 KG | Price: 3,100,000 MMK

​🔩HRB-400 Export Quality (Myanmar)

​10mm (5M) | Weight: 5 KG | Price: 2,000,000 MMK

​12mm (UISN) | Weight: 7 KG | Price: 1,900,000 MMK

​16mm (RKS) | Weight: 13 KG | Price: 2,150,000 MMK

​20mm (RKS/413001JY) | Weight: 22 KG | Price: 2,300,000 MMK

​🔩 HRB-400 Local (မြောင်းတကာ)

​10mm (4FG/4JY) | Weight: 5(3.9) KG | Price: 1,750,000 MMK

​12mm (4FG/4YL) | Weight: 6.1 KG | Price: 1,680,000 MMK

​16mm (4FG) | Weight: 12.1 KG | Price: 1,920,000 MMK

​18mm (4FG) | Weight: 17 KG | Price: 2,060,000 MMK

​20mm (4FG/4JY) | Weight: 20 KG | Price: 2,060,000 MMK

​🔩 Wire Rod Coil-Original

​6.5mm (Coil) | China | 1 Viss = 6200 Ks | Price: 186,000 MMK

​8mm (Coil) | China | 1 Viss =

6400 Ks | Price: 192,000 MMK

​စတားကွင်း | Myanmar | Weight: 5200 KG

​🔩Binding Wire (18Gate)

​18Gate (Binding Wire) | China | Weight: 21 KG | Price: 115,000 MMK

​(မှတ်ချက် - အချိန်နှင့်အမျှ ဈေးနှုန်းအပြောင်းအလဲ ရှိနိုင်ပါသည်။)

#ရွှေလက်ပံ #အိမ်ဆောက်ချင်သူများ #အိမ်ဆောက်ပစ္စည်း #ဆောက်လုပ်ရေးပစ္စည်း #သံစျေး

ခိုင်ခံ့စိတ်ချရတဲ့ အဆောက်အအုံတစ်ခုအတွက် Rebar (ပန်းလုံး) အမျိုးအစားတွေကို မှန်ကန်စွာ သိရှိရွေးချယ်တက်ဖို့ လိုပါတယ်။​ဆောက...
03/06/2026

ခိုင်ခံ့စိတ်ချရတဲ့ အဆောက်အအုံတစ်ခုအတွက် Rebar (ပန်းလုံး) အမျိုးအစားတွေကို မှန်ကန်စွာ သိရှိရွေးချယ်တက်ဖို့ လိုပါတယ်။

​ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုရဲ့ ပင်မကျောရိုးဖြစ်တဲ့ သံချောင်း (Rebar) တွေရဲ့ အရည်အသွေးဟာ အဆောက်အအုံရဲ့ သက်တမ်းနဲ့ ကြံ့ခိုင်မှုအတွက် အသက်သက်မျှ အရေးကြီးပါတယ်ခင်ဗျာ။

​အင်ဂျင်နီယာကြီးများနဲ့ ကန်ထရိုက်တာကြီးတို့ လုပ်ငန်းခွင်အလိုက် Specifications တွက်ချက်ရ အဆင်ပြေစေဖို့အတွက် "ရွှေလက်ပံသံဆိုင်" မှ လက်ရှိစျေးကွက်ထဲမှာရှိတဲ့ ပန်းလုံး (Deformed Bar) အမျိုးအစားတွေနဲ့ Grade ခွဲခြားပုံတွေကို အသေးစိတ် မျှဝေပေးချင်ပါတယ်။

​🔩 Grade အလိုက် ခွဲခြားခြင်း
​စျေးကွက်ထဲမှာ အဓိကအားဖြင့် Tensile Strength (ဆွဲဆန့်ခံနိုင်ရည်) အပေါ် မူတည်ပြီး Grade (၂) မျိုး ခွဲထားပါတယ်။
📌 ​HRB 400 - အိမ်ရာဆောက်လုပ်ရေးနှင့် အလတ်စား အဆောက်အအုံတွေရဲ့ Beam, Slab နဲ့ Column တွေမှာ အသုံးများတဲ့ Grade ဖြစ်ပါတယ်။

📌 ​HRB 500 - High-rise Building (အထပ်မြင့်အဆောက်အအုံ) တွေနဲ့ Heavy-duty Structure တွေအတွက် အဓိကသုံးစွဲရပြီး ခိုင်ခံ့မှုမြင့်မားတဲ့ Grade ဖြစ်ပါတယ်။

​🎯 အရည်အသွေးနှင့် ထုတ်လုပ်မှုအလိုက် (၃) မျိုး ထပ်မံခွဲခြားထားပါသေးတယ်။

Grade တွေကိုမှ ထုတ်လုပ်တဲ့ စက်ရုံနဲ့ တင်သွင်းမှုစနစ်အပေါ် မူတည်ပြီး အောက်ပါအတိုင်း အမျိုးအစား (၃) မျိူး ကွဲပြားသွားပါတယ်။

📌 ​Original (ပြည်ပမှတင်သွင်းတဲ့ ပန်းလုံးများ)
​နိုင်ငံတကာစံချိန်စံညွှန်းမီ လျှပ်စစ်မီးဖိုစနစ် (EAF/IF) များဖြင့် စနစ်တကျ ထုတ်လုပ်ထားပြီး ပြည်ပနိုင်ငံများမှ တိုက်ရိုက်တင်သွင်းလာတဲ့ သံချောင်းများ ဖြစ်ပါတယ်။ Standard Weight နှင့် Specification တိကျမှုအပိုင်းမှာ စိတ်ချရဆုံးအမျိုးအစား ဖြစ်ပါတယ်။

📌​ Export Quality (ပြည်တွင်းထုတ် နိုင်ငံတကာအဆင့်မီ ပန်းလုံးများ)
​ပြည်တွင်းရှိ စက်ရုံကြီးများမှ စံချိန်စံညွှန်းပြည့်မီစွာ ထုတ်လုပ်ပြီး ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်မည့် High-grade အရည်အသွေးသတ်မှတ်ချက်အတိုင်း ထုတ်လုပ်ထားတဲ့ ပြည်တွင်းထုတ် သံချောင်းများ ဖြစ်ပါတယ်။ အရည်အသွေးပိုင်း ကောင်းမွန်ပြီး စျေးနှုန်းအသင့်အတင့်ဖြင့် ရရှိနိုင်ပါတယ်။

📌 ​Local (ပြည်တွင်းစက်ရုံထုတ် ပန်းလုံးများ)
​မြောင်းတကာ၊ ဘဲလင်း၊ ရွှေစာရံ စတဲ့ ပြည်တွင်းစက်ရုံအသီးသီးကနေ ထုတ်လုပ်ထားတဲ့ သံချောင်းများ ဖြစ်ပါတယ်။ Structure အသေးစားများနှင့် အထွေထွေဆောက်လုပ်ရေးလုပ်ငန်းများအတွက် ကုန်ကျစရိတ် သက်သာစေဖို့ ရွေးချယ်ကြပါတယ်။

#ရွှေလက်ပံ #အိမ်ဆောက်ပစ္စည်း #အိမ်ဆောက်ချင်သူများ

02/06/2026

မေလရဲ့ အရောင်းရဆုံး ပန်းလုံးတံဆိပ်များ😍

#ရွှေလက်ပံသံဆိုင် #ဆောက်လုပ်ရေးပစ္စည်း #ဆောက်လုပ်ရေး #

Address

62/128 × 129 Street/Pyi Gyi Tagon
Mandalay
100105

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Shwe Lat Pan posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share