Learn Finnish with Sakura

Learn Finnish with Sakura Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Learn Finnish with Sakura, Mandalay.

20/06/2025

Hyvää Juhannusta!🌹🪻🌸🌺🌷🌻🌼🥀🌷💐
Happy Mid Summer!🌹🪻🌸🌺🌷🌻🌼💐🥀

ပန်းလေးတွေအမြဲပန်တတ်တဲ့ အန်တီစု ကျန်းမာအသက်ရှည်ပါစေ မတရားအချုပ်အနှောင်ခံရခြင်းမှအမြန်ဆုံးလွှတ်မြောက်ပါစေ
19/06/2025

ပန်းလေးတွေအမြဲပန်တတ်တဲ့ အန်တီစု ကျန်းမာအသက်ရှည်ပါစေ မတရားအချုပ်အနှောင်ခံရခြင်းမှအမြန်ဆုံးလွှတ်မြောက်ပါစေ

ဒီနေ့ကျောင်းသွားရင်း မြန်မာပြည်မှာစျေးကြီးလှတဲ့ Lily of the valley ပန်းလေးတွေ လမ်းဘေးမှာအခင်းလိုက်ကြီးပွင့်နေလို့ပုံရိုက...
03/06/2025

ဒီနေ့ကျောင်းသွားရင်း မြန်မာပြည်မှာစျေးကြီးလှတဲ့ Lily of the valley ပန်းလေးတွေ လမ်းဘေးမှာအခင်းလိုက်ကြီးပွင့်နေလို့ပုံရိုက်လာခဲ့တယ်။
Lily of the valley ကို ဖင်းလို Kielo လို့ခေါ်ပါတယ်။
Kielo on Suomen kansalliskukka.
Lily of the valley က ဖင်လန်နိုင်ငံရဲ့နိုင်ငံတော်ပန်းဖြစ်ပါတယ်။

ဒါဆို မြန်မာရဲ့နိုင်ငံတော်ပန်းကရော ဘာဖြစ်မလဲ အဖြေတူ မတူပြောခဲ့ကြဦးနော်။

01/05/2025
Revontulet!!!
16/04/2025

Revontulet!!!

06/04/2025

မင်္ဂလာပါရှင်
ဒီတလောမှာ “ကျောင်းအင်တာဗျူးရထားတာ ဘာတွေမေးလေ့ရှိလဲ၊ ဘယ်လိုဖြေရမလဲမသိဘူး” ဆိုတာတွေ ​တွေ့နေရတော့ ကျောင်းအင်တာဗျူးနဲ့ပတ်သက်ပြီး သိလိုတာရှိရင် ဘယ်လိုအဖြေမျိုးဖြေတာကပိုကောင်းမလဲ အကြံဥာဏ်ရယူချင်တာမျိုးရှိရင် page ရဲ့ messenger မှာလာရောက်မေးမြန်းနိုင်ပါတယ်။
အရင်ထဲက လာမေးတဲ့သူတွေကိုအကြံဥာဏ်ပေးခဲ့တာမျိုးရှိခဲ့သလို ကျောင်းတွေလည်းရခဲ့ကြပါတယ်။ ကျမကိုယ်တိုင် ပြီးခဲ့တဲ့ နှစ်က ကျောင်း၂ကျောင်းကနေ ကျောင်းလက်ခံစာရရှိခဲ့ပါတယ်။ အင်တာဗျူးဖြေပြီးတာနဲ့ အင်တာဗျူးမေးတဲ့ဆရာမတွေက နှုတ်နဲ့ချက်ချင်းကျောင်းလက်ခံတယ်ဆိုတဲ့အကြောင်းပြောခဲ့ကြပါတယ်။(ဒါကတော့ စိတ်အားထက်သန်မှုရကြစေဖို့ထည့်ရေးရတာပါ၊ ကြွားဝါလိုခြင်းမဟုတ်ရပါ၊ ဖင်းဘာသာအပြောကို ကျမကိုယ်တိုင်လည်းပိုပြီးတိုးတက်ဖို့ ဆက်လက်ကြိုးစားနေပါတယ်)။
ပြီးခဲ့တဲ့လမှာ အမေဆုံးထားတာရယ် ကျမရဲ့ချစ်ရတဲ့မြို့လေး ငလျင်ဒဏ်ကြောင့်ပျက်စီးသွားတာတွေရယ်ကြောင့် စိတ်တည်ငြိမ်မှုရရှိဖို့ ဒီလထဲမှာဖွင့်မယ့်အတန်းတွေခဏနားထားပါတယ်။ အားလုံးခက်ခဲနေကြချိန်မှာ ကျမတတ်နိုင်တာလေး လုပ်ပေးချင်တာရယ်ကြောင့်ဒီစိတ်ကူးလေးကိုအကောင်အထည်ဖော်လိုက်တာပါ။ ကျမရဲ့ကျောင်းချိန်က မနက် ၈:၀၀-၄:၀၀ အထိဖြစ်တာကြောင့် ဖင်လန်အချိန်ညနေပိုင်းတွေမှာမေးခွန်းတွေကိုဖြေပေးပါမယ်ရှင်။
အားလုံးပဲ ဘေးရန်ကင်းပြီးအေးချမ်းကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်။

#တရက်နည်းနည်းလေ့လာဖင်လန်စာ

https://youtu.be/rltWaPCxSM8?si=6CmT37JQ9TAPjPUPကိုယ်က သီချင်းကြိုက်သူမို့ သီချင်းလေးတွေ အကြောင်းပြောဦးမယ်။ ဒီနေ့က ဖင်လန...
08/03/2025

https://youtu.be/rltWaPCxSM8?si=6CmT37JQ9TAPjPUP

ကိုယ်က သီချင်းကြိုက်သူမို့ သီချင်းလေးတွေ အကြောင်းပြောဦးမယ်။ ဒီနေ့က ဖင်လန်မှာ အမျိုးသမီးနေ့ ( Naistenpäivä) ဖြစ်တယ်။ မနေ့က ကျောင်းသွားရတော့ အတန်းပြီးခါနီး ဆရာမက မနက်ဖြန် Naistenpäivä ဖြစ်တယ်။ Naistenpäivä နဲကိုက်ညီမဲ့သီချင်းလေးတပုဒ်နားထောင်ရအောင်ရွေးပေးပါဦးဆိုတော့ ကိုယ့်ခေါင်းထဲချက်ချင်းပေါ်လာတာက ”Sä” ဆိုတဲ့ဒီသီချင်းလေးပေါ့နော်။ ဆရာမနဲ့ အတန်းဖော်တွေကလည်းကြိုက်ကြတယ်။ သီချင်းလေးကိုနားထောင်ကြည့်ပြီး အကြိုက်တူမတူပြောခဲ့ကြပါဦးနော်။ သီချင်းတွေကိုနားထောင်တဲ့အခါ စာသားကို Google မှာကြိုရှာထားပြီးလိုက်ဆိုလို့ရပါတယ်နော်။
ဒီသီချင်းလေးမှာအကြိုက်ဆုံးစာသားကတော့
” On ihanaa , et on sellainen tyyppi kuin sä”
“ မင်းလို လူရှိနေတာ ဝမ်းမြာက်ဖွယ်ရာကောင်းပါတယ်” တဲ့။

#တရက်နည်းနည်းလေ့လာဖင်လန်စာ

Kuuntele: https://lnk.to/SHsaID http://instagram.com/hapahaberhttp://fb.com/samuhaberofficial http://samuhaber.comSäv. & san. Samu Haber, Joonas Angeria, Jus...

Trend လေးတဖြတ်ပေါ့နော်။ ဘာရယ်မဟုတ်အပျော်ပါ🙂
29/01/2025

Trend လေးတဖြတ်ပေါ့နော်။ ဘာရယ်မဟုတ်အပျော်ပါ🙂

Huomenta!မင်္ဂလာနံနက်ခင်းပါရှင်။ဒီဘက်ကျောင်းရှိတဲ့မြို့ကိုရောက်လာပြီးတဲ့နောက်ပိုင်း page ကိုအာရုံစိုက်ပြီး စာတွေရေးမယ်အာ...
22/01/2025

Huomenta!
မင်္ဂလာနံနက်ခင်းပါရှင်။
ဒီဘက်ကျောင်းရှိတဲ့မြို့ကိုရောက်လာပြီးတဲ့နောက်ပိုင်း page ကိုအာရုံစိုက်ပြီး စာတွေရေးမယ်အားခဲထားပေမဲ့လည်း ၈:၀၀-၄:၀၀ ထိကျောင်းတက်၊ ကျောင်းဆင်းရင် အိမ်အမြန်ပြေးပြန်လာပြီး အတန်းတွေသင်၊ ပြီးသွားရင် ညစာချက် စား ခဏနား ရေမိုးချိုးပြီးနောက်ရက်အတွက်ပေးလာတဲ့အိမ်စာတွေနဲ့ online ကနေ ကိုယ့်ဘာသာ စာလိုက်ဖတ်ပြီးလုပ်ရတဲ့ verkkokurssi တွေနဲ့လုံးလည်လိုက်နေပါတယ်။ မြို့ကိုတောင် ဘယ်နားဘာရှိတယ်လိုက်မကြည့်အားသေးဘူးကွယ်။ အောက်ကပုံလေးတွေကတော့ ဒီဘက်မြို့မှာကျောင်းတက်နေတဲ့ အမနဲ့အကို ကအိမ်လာလည်ရင်းတညနေ ရောက်သွားရတဲ့ မြစ်ကမ်းနားလေးပါ။ အိမ်နဲ့လည်းနီးနီးလေး၊ အရမ်းလှတဲ့နေရာလေးပါ။ အခုနေတဲ့မြို့မှာ မြန်မာအရမ်းနည်းပါတယ်။ ကံကောင်းတာက ကိုယ့်စီအတန်းတက်နေတဲ့ အမနဲ့အကိုရှိနေတယ်။ အများကြီးကူညီပေးပါတယ်။အရင်နေခဲ့တဲ့မြို့မှာတော့မြန်မာတွေများပြီး ကိုယ့်စီအတန်းတက်ဖူးတဲ့သူတွေရော တက်လက်စသူတွေရောရှိတာမို့ အပြင်ထွက်တာနဲ့တယောက်မဟုတ်တယောက်နဲ့ဆုံပြီး မြန်မာစကားပြောဖြစ်ကြတယ်။ အရင်နေတဲ့မြို့မှာလည်း ကိုယ့်စီအတန်းတက်ဖူးတဲ့ အမနဲ့အကိုမိသားစုက မရောက်ခင်ထဲကရော ရောက်ပြီးနောက်ပိုင်းရော အများကြီးကူညီပေးကြတယ်။ (ရောက်လေရာ ကိုယ့်အပေါ်စေတနာမေတ္တာထားကြတဲ့သူတွေနဲ့ဆုံတွေ့ရတာ ဘုရားကျေးဇူးတော်ပါပဲ။ )ဒီမှာတော့မြန်မာစကားပြောချင်ရင် နေ့လည်စာစားတဲ့အချိန် တကူးတကသွားတွေ့မှပဲပြောရတာပေါ့နော်။ အတန်းထဲမှာလည်း native တွေပဲမို့လို့ သူတို့ နဲ့စကားပြောရင် ဒေသိယစကားနဲ့ ဘန်းစကားတွေနဲ့ဆိုတော့ နားလည်ဖို့မနည်းလိုက်နားထောင်ရတယ်။ ဘာသာစကားကကျယ်ပြန့်ပါတယ်၊ ဒေသတခုနဲ့တခု စကားပြောပုံတွေကလည်းကွဲပြားတယ်၊ ဥပမာ ကချင်ပြည်နယ်ဘက်ကပြောတဲ့မြန်မာစကားပြောနဲ့ ရန်ကုန်ကပြောတဲ့မြန်မာစကားပြောမတူသလိုမျိုးပေါ့လေ။ ဘယ်လိုပဲဖြစ်ဖြစ်ကြိုးစားနေရင်အဆင်ပြေသွားမှာပါ။

#တရက်နည်းနည်းလေ့လာဖင်လန်စာ

Parveke ကလှမ်းမြင်ရတဲ့ မနက်အာရုံဦးရဲ့အလှ
17/01/2025

Parveke ကလှမ်းမြင်ရတဲ့ မနက်အာရုံဦးရဲ့အလှ

31/12/2024

Hyvää Uutta Vuotta!
နှစ်သစ်မှာ အားလုံးဘေးရန်ကင်းရှင်းပြီး လိုရာပန်းတိုင်ကိုအမြန်ဆုံးရောက်နိုင်ပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်။

#တရက်နည်းနည်းလေ့လာဖင်လန်စာ

Address

Mandalay

Telephone

+959797166821

Website

Alerts

Be the first to know and let us send you an email when Learn Finnish with Sakura posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Learn Finnish with Sakura:

Share