Shar Maung Maung

Shar Maung Maung Digital Marketing Consultant. I'm a Digital marketing consultant passionate about helping businesses grow through strategic marketing.

Let's take your business to new heights!

18/08/2026

ခင်ဗျားလုပ်ငန်းကောင်းကြောင်း ဘယ်သူမှမပြောဘူး...

"ကျနော့် ပစ္စည်း ကောင်းရင်
လူတွေ အချင်းချင်း ပြောကြမှာပေါ့"
ဆိုတာ အခုခေတ်််််််််််မှာမလွယ်တော့ဘူး

Customer ဆိုတာ
ကိုယ့်ဘဝနဲ့ကိုယ် အလုပ်ရှုပ်နေတာမို့
စနစ်တကျ Incentive (ဆုလာဘ်) မပေးဘဲ
ကိုယ့် အကြောင်း လိုက်ပြောပေးဖို့ အချိန်မရှိပါဘူး။

ခင်ဗျား ကျနော့် Product ကို
သုံးကောင်းလို့အခြားသူဆီညွှန်းပေးရင်
ဘာအကျိုးခံစားခွင့်တွေရှိမလဲဆိုတာ
Customer တွေကို စနစ်စကျ
ပေးတိုင် ပြောနိုင်မှရမယ်

ထိုင်ပြီးမျှော်လင့်မနေပါနဲ့
စနစ်တကျ ဖိတ်ခေါ်ပါ။

ခင်ဗျားရော Customer တွေ
ညွှန်းပေးဖို့ ဘာ စနစ်ဆောက်ထားလဲ?


17/08/2026

စာပြန်နောက်ကျရင်
Customer က တခြားဆိုင်ရောက်သွားမယ်

Customer က စာပို့တဲ့အချိန်က
ဝယ်ချင်တဲ့ အရှိန် အမြင့်ဆုံး အချိန်မှာပါ။

၁၀ မိနစ်အတွင်း စာမပြန်နိုင်ရင်
ဝယ်ယူလိုစိတ် ၅၀% ကျသွားပါတယ်။

ညဘက်မှာ လူကိုယ်တိုင် စာမပြန်နိုင်ရင်
AI ကို Assistant အဖြစ် ခိုင်းထားပါ။

Customer မေးတာကို ချက်ချင်း ဖြေပေးပြီး
ဖုန်းနံပါတ်နဲ့ လိပ်စာကို တန်းတောင်းခိုင်းပါ။

အိပ်နေချိန်မှာတောင်
အော်ဒါတွေ အိတ်ထဲ ရောက်နေပါလိမ့်မယ်။

ခင်ဗျားရော စာပြန်နောက်ကျလို့ Customer လက်လွတ်ဖူးလား?



16/08/2026

စိတ်ဓာတ်ကြည့်ပြီး ခန့်ပါ

ခင်ဗျားတို့ ဝန်ထမ်းခန့်တဲ့အခါ
ဘယ်အရာကို အဓိကကြည့်ပြီး ရွေးသလဲ?

တော်တော်များများကတော့
Skill (ကျွမ်းကျင်မှု) ကိုပဲ ကြည့်ကြပါတယ်။
ဒါပေမယ့် ကျနော့်အတွေ့အကြုံအရ
Attitude (စိတ်နေစိတ်ထား) က
ပိုအရေးကြီးပါတယ်။

ဘာလို့လဲဆိုတော့ -

- Skill ဆိုတာ သင်ပေးလို့ ရတယ်
- Attitude ဆိုတာ ပြင်ပေးဖို့ ခက်တယ်

တော်ပေမယ့် စိတ်ဓာတ်မကောင်းတဲ့သူက
ခင်ဗျားတို့ရဲ့ Team တစ်ခုလုံးကို
ဖျက်ဆီးပစ်နိုင်ပါတယ်။

ဒါကြောင့် "Hire for Attitude, Train for Skill"
ဆိုတဲ့ စည်းမျဉ်းကို သုံးကြည့်ပါ။

အလုပ်ကို တကယ်ချစ်ပြီး
သင်ယူလိုစိတ်ရှိတဲ့သူတွေကို ရွေးချယ်ပါ။
ကျွမ်းကျင်မှုတွေကိုတော့ အလုပ်ထဲမှာ
သင်ပေးလို့ ရပါတယ်။

ခင်ဗျားတို့ရော ဝန်ထမ်းရွေးတဲ့အခါ
ဘာကို အဓိကကြည့်လဲ?

15/08/2026

ခင်ဗျားကိုယ်တိုင် Brand ဖြစ်ဖို့ လိုတယ်

အခုခေတ်မှာ လူတွေက ကုမ္ပဏီ Logo တွေကို
ယုံတာထက် လူအချင်းချင်းကို ပိုယုံကြပါတယ်။

ဒါကြောင့် ခင်ဗျားတို့ဟာ SME ပိုင်ရှင်ပဲဖြစ်ဖြစ်
Corporate တစ်ခုကို ဦးဆောင်နေသူပဲဖြစ်ဖြစ်
Personal Branding က မရှိမဖြစ် လိုအပ်လာပါပြီ။

ဘာလို့ လုပ်ငန်းရှင်ကိုယ်တိုင် Brand ဖြစ်သင့်တာလဲ?

- Trust (ယုံကြည်မှု) ကို ပိုပြီး မြန်မြန် တည်ဆောက်နိုင်တယ်
- ကိုယ့်ရဲ့ လုပ်ငန်းအပေါ်မှာ လူတွေ ပိုပြီး စိတ်ဝင်စားလာမယ်
- ပြိုင်ဘက်တွေကြားမှာ ကိုယ့်ကိုယ်ကိုယ် ထင်ထင်ရှားရှား ဖြစ်စေတယ်

Personal Brand ဆိုတာ Social Media မှာ
နာမည်ကြီးဖို့သက်သက် မဟုတ်ပါဘူး။
ခင်ဗျားတို့ရဲ့ တန်ဖိုး (Value) နဲ့
ကျွမ်းကျင်မှု (Expertise) ကို
လူတွေသိအောင် ပြသတာပါ။

ခင်ဗျားတို့ရော ကိုယ့်ရဲ့ Personal Brand ကို
ဘယ်လို တည်ဆောက်နေကြလဲ?

14/08/2026

Boost လုပ်တိုင်း ဘာလို့ မရောင်းရတာလဲ?

ပိုက်ဆံတွေအများကြီးသုံးပြီး
Boost နေပေမယ့်
ဘာလို့ Order တွေ တက်မလာတဲ့
ပြဿနာ ကြုံနေရတယ်ဟုတ်

Boost လုပ်တိုင်းရောင်းရမယ်လို့
ထင်နေရင်တော့ အဲဒါ အမှားကြီးပါ။

ခင်ဗျားတို့ Boost လုပ်တိုင်းမရောင်းရတဲ့
အဓိက အကြောင်းရင်း ၃ ချက် ရှိပါတယ်။

၁။ Hook မကောင်းတာ (ပထမ ၃ စက္ကန့်မှာ လူတွေကိုမဆွဲဆောင်နိုင်တာ)
၂။ Target Audience မှားနေတာ (ကိုယ့်ပစ္စည်းကို မလိုချင်တဲ့သူတွေကို သွားပြနေတာ)
၃။ Offer မဆွဲဆောင်နိုင်တာ (ဝယ်ချင်စိတ်ပေါက်အောင် မလုပ်နိုင်တာ)

Boost ဆိုတာ ခလုတ်နှိပ်လိုက်ရုံနဲ့
ပိုက်ဆံထွက်လာတဲ့ စက်မဟုတ်ပါဘူး။
Content ကောင်းမှ၊ Strategy မှန်မှ
ရောင်းအားတက်မှာပါ။

ခင်ဗျားတို့ Boost လုပ်ရင်ရော
ရောင်းရလား?

13/08/2026

ရောင်းကောင်းချင်ရင် ပုံပြောပါ

လူတွေက အချက်အလက် (Data) တွေကို
မှတ်မိတာထက် ပုံပြင် (Story) တွေကို
ပိုပြီး မှတ်မိတတ်ကြပါတယ်။

Marketing လုပ်တဲ့အခါ
ကိုယ့်ပစ္စည်းရဲ့ အကြောင်းကိုပဲ
တောက်လျှောက် ပြောနေမယ့်အစား
ဇာတ်လမ်းလေးတွေနဲ့ ပြောပြကြည့်ပါ။

Storytelling (ပုံပြော) ကောင်းရင်
ဘာဖြစ်လာမလဲ?

Customer တွေနဲ့
Emotional Connection
(စိတ်ခံစားမှုအရ ချိတ်ဆက်မှု) ရလာမယ်
ပစ္စည်းကို အတင်းရောင်းနေသလို
မခံစားရတော့ဘူး
လူတွေက ကိုယ့်အကြောင်းကို
တခြားသူတွေကို ပြန်ပြောပြချင်လာမယ်

ဇာတ်လမ်းဆိုတာ ခက်ခဲစရာ မလိုပါဘူး။
ကိုယ့်လုပ်ငန်း စတင်ခဲ့ပုံ၊ Customer တွေရဲ့
အခက်အခဲကို ဘယ်လိုဖြေရှင်းပေးခဲ့ပုံတွေကို
ရိုးရိုးရှင်းရှင်းလေး
ဘကုံးလေးလုံး Formula နဲ့
ပြောပြပေးရုံပါပဲ။

ခင်ဗျားတို့ရဲ့ လုပ်ငန်းမှာရော
ဘယ်လို ဇာတ်လမ်းလေးတွေ ရှိလဲ?
Comment မှာ မျှဝေပေးခဲ့ပါဦး။

12/08/2026

လူတိုင်းကိုမရောင်းနဲ့

လူတိုင်းကို ရောင်းဖို့ ကြိုးစားနေတာဟာ
ဘယ်သူ့ကိုမှ မရောင်းရတာနဲ့ အတူတူပါပဲ။

အခုခေတ်မှာ
"ငါ့ပစ္စည်းက လူတိုင်းနဲ့ ကိုက်ညီတယ်"
ဆိုတဲ့ စကားက မရောင်းရတော့ပါဘူး။

ဘာလို့ လူတစ်စု တစ်ခုကိုပဲ
သေချာရွေးပြီး ရောင်းသင့်တာလဲ?

- ပြိုင်ဘက် နည်းသွားမယ်
- ကိုယ့်ရဲ့ Target Audience ကို ပိုနားလည်မယ်
- Marketing Budget ကို
ပိုပြီး ထိထိရောက်ရောက် သုံးနိုင်မယ်

ဥပမာ - အဝတ်အထည်
ရောင်းမယ့်အစား
"SME လုပ်ငန်းရှင် အမျိုးသမီးတွေအတွက် ရုံးဝတ်စုံ"
ဆိုပြီး Niche လုပ်လိုက်တာက
ပိုထိရောက်ပါတယ်။

ခင်ဗျားတို့ရဲ့ လုပ်ငန်းကရော
ဘယ် Niche ကို ဦးတည်ထားလဲ?

11/08/2026

ဈေးကြီးတာရောင်းမလား၊
အများကြီးရောင်းမလား?

ရောင်းတဲ့တဲ့အခါ
High-ticket နဲ့ Low-ticket ဆိုပြီး
နှစ်မျိုးရှိပါတယ်။

လူတိုင်းက ဈေးပေါပေါနဲ့
အများကြီးရောင်းရမှ
အောင်မြင်မယ်လို့ ထင်နေကြတာပါ။

ဒါပေမယ့် တစ်ခါတလေမှာ
တန်ဖိုးရှိတဲ့သူတွေကို ဈေးကြီးကြီးနဲ့
နည်းနည်းပဲ ရောင်းတာက ပိုပြီး
Branding ကောင်းစေပါတယ်။

ဒီနှစ်ခုရဲ့ ကွာခြားချက်က -

- Low-ticket: လူအများကြီးဆီ ရောက်ဖို့လိုတယ် (Volume)
- High-ticket: ယုံကြည်မှုနဲ့ Quality က အဓိက (Value)

ခင်ဗျားတို့ရဲ့ Product က
ဘယ်အမျိုးအစားထဲမှာ ပါလဲ?
ဈေးပေါပေါနဲ့ အပြိုင်အဆိုင်
ရောင်းနေရတုန်းပဲလား?

တန်ဖိုးကို မြှင့်တင်ပြီး
ဈေးနှုန်းကို သတ်မှတ်ကြည့်ပါ။

10/08/2026

အမြတ် အကုန် မသုံးနဲ့

လုပ်ငန်းက အမြတ်ရနေတယ် ဆိုပြီး
အကုန် သုံးပစ်ရင်
အန္တရာယ်များပါတယ်

SME ဆိုတာ
အရင်းအနှီး ပြန်မထည့်နိုင်ရင်
လုပ်ငန်းရပ်သွားနိုင်ပါတယ်

အမြတ်ရဲ့ ရာခိုင်နှုန်းတစ်ခုကို
လုပ်ငန်းထဲ ပြန်မထည့်နိုင်ရင်
ခင်ဗျား လုပ်ငန်းဟာ
ကြီးထွားလာမှာ မဟုတ်ပါဘူး။

ခင်ဗျားရော အမြတ်ကို
လုပ်ငန်းထဲ ပြန်ရင်းနှီးရဲရဲ့လား?


10/08/2026

ဝန်ထမ်း ထပ်မခန့်ပါနဲ့ စနစ်ကို အရင် ပြင်ပါ

အလုပ်ရှုပ်နေတာကို
လုပ်ငန်း တိုးတက်နေတယ်လို့
အထင်မမှားပါနဲ့။

ဝန်ထမ်း ၅ ယောက် ခန့်ထားပေမဲ့
SOP မရှိရင်
Customer ၅၀ တောင် စနစ်တကျ
မကိုင်နိုင်ပါဘူး။

SOP စနစ်ရှိရင်
လူ ၃ ယောက်တည်းနဲ့
Customer ၁၀၀ ကို တိတိကျကျ စီမံနိုင်ပါတယ်။

အလုပ်များတာ မဟုတ်ဘူး
စနစ် မရှိတာပါ။


Address

Mandalay

Alerts

Be the first to know and let us send you an email when Shar Maung Maung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shar Maung Maung:

Shortcuts

Share