Owen-Online Shop

Owen-Online Shop Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Owen-Online Shop, Business consultant, 58B, 103-104, Mandalay.

❛⁠ လှည့်စားခြင်းဟာ   သစ္စာဖောက်ခြင်းထက် ဆိုးတယ်။   သစ္စာဖောက်ရတာမှာ   ခွင့်လွှတ်နိုင်ဖွယ်အကြောင်း   ရှိချင်ရှိလိမ့်ဦးမယ်...
21/04/2023

❛⁠ လှည့်စားခြင်းဟာ
သစ္စာဖောက်ခြင်းထက် ဆိုးတယ်။

သစ္စာဖောက်ရတာမှာ
ခွင့်လွှတ်နိုင်ဖွယ်အကြောင်း
ရှိချင်ရှိလိမ့်ဦးမယ်။

လှည့်စားတာမှာတော့ မူလကတည်းက
ရက်စက်တဲ့စေတနာ ရှိနှင့်တယ်။

•တက္ကသိုလ်ဘုန်းနိုင် (လွမ်းပါလေရစ် သည်သောင်နွေဦး)

#တက္ကသိုလ်ဘုန်းနိုင်
#လွမ်းပါလေရစ်သည်သောင်နွေဦး

ဘယ်တော့မှအစားမထိုးဘူး
10/04/2023

ဘယ်တော့မှအစားမထိုးဘူး

မိဘထက် ဘယ်သူမှ ပိုမချစ်ဘူး▪▪▪▪▪▪▪▪▪မိဘတွေကိုနာကျင်အောင် မပြောပါနဲ့။မိဘတွေကို အလုပ်မအားဘူးဆ်ိုပြီး ပစ်မထားပါနဲ့။မိဘတွေကို...
26/01/2023

မိဘထက် ဘယ်သူမှ ပိုမချစ်ဘူး
▪▪▪▪▪▪▪▪▪
မိဘတွေကို
နာကျင်အောင် မပြောပါနဲ့။

မိဘတွေကို
အလုပ်မအားဘူးဆ်ိုပြီး ပစ်မထားပါနဲ့။

မိဘတွေကို
ခေတ်အကြောင်း နားမလည်ဘူးဆိုပြီး
မချိုးနှိမ်လိုက်ပါနဲ့။

မိဘတွေကို
ငြင်းခုန်တုပြောပြီး အနိုင်မလိုချင်ပါနဲ့။

မိဘတွေကို
ဘာကြောင့်နဲ့မျှ
မျက်ရည်ကျအောင် မလုပ်ပါနဲ့။

မိဘတွေကို
အချိန်အကြာကြီး အဆက်အသွယ်
ဖြတ်မထားပါနဲ့။

သင့်ရဲ့ ဖြစ်တည်မှု
အကောင်း အဆိုး သတင်းတွေကို
နားစွင့်ပြီး
မျှော်နေတဲ့နေရာမှာ
မိဘထက် ဘယ်သူမှ မပိုပါဘူး။

သင့်ကို အမြင့်ဆုံးရောက်စေချင်ပြီး
အဆိုးဆုံးဘဝမှာ ရှိမနေစေချင်တာ

သင့်ကို ကောင်းစားစေချင်ပြီး
ဒုက္ခတွေ မရောက်စေချင်တာ

ဒီလို စေတနာ မေတ္တာတွေဆိုတာ
သင့်မိဘထက်တော့
သင့်အပေါ်ကို ဘယ်သူမှ ပိုမထားနိုင်ပါဘူး။

မိဘဟာ…
ခေတ်အကြောင်း မသိရင်နေမယ်။
ဘဝအကြောင်းတော့…
ကောင်းကောင်းသိတယ်။

မိဘဟာ…
ဂုဏ်ပကာသနနဲ့ ဘွဲ့ထူးဂုဏ်ထူးတွေ
မရှိရင်သာ နေမယ်။
အတွေ့အကြုံနဲ့
ဆင်ခြင်တုံတရား ရှိတယ်။

မိဘဟာ…
အောင်မြင်သူ ဖြစ်ချင်မှဖြစ်လိမ့်မယ်။
သေချာတာတော့…
ဖြူစင်ရိုးသားမှုတွေနဲ့
သင့်ဘဝကို
ရှေ့ဆောင် လမ်းပြပေးလိမ့်မယ်။

ဘယ်သူမှ မလိုအပ်တော့တဲ့အခါ
အိမ်ပြန်ပါ။
ဟိုမှာ အမေမျှော်နေတယ်။

ဘယ်သူမှ မကြည်ဖြူတော့တဲ့အခါ
အိမ်ပြန်ပါ။
ဟိုမှာ အမေစောင့်ကြိုနေတယ်။

ဘယ်သူမှ အနားမရှိတော့တဲ့အခါ
အိမ်ပြန်ပါ။
ဟိုမှာ အမေအချစ်တွေပေးဖို့
အိမ်ပြန်လမ်းမှာ မျှော်နေတယ်။

ကိုယ်က သား သမီးကောင်း ဖြစ်ပါမှ
မိဘကောင်းနေရာ ပြန်ရောက်ပြီး
သား သမီးကောင်း ရပါလိမ့်မယ်။

ကိုယ့်ရဲ့ သိတတ် ယဉ်ကျေးလိမ္မာမှု
အတွက်
လောကကြီးက တစ်နည်းနည်းနဲ့တော့
ကိုယ့်ကိုယ် ပြန်ကျေးဇူးပြုမှာပါ။

အ မေ က…
အသက်နဲ့ရင်းပြီး မွေးထားပေးတယ်။
အ ဖေ က…
ဘဝနဲ့ရင်းပြီး ကျွေးထားခဲ့တယ်။

ကိုယ်က နှလုံးသားနဲ့ရော
ဘဝနဲ့ပါ ပေါင်းပြီး
ကျေးဇူးပြန်ဆပ်ဖို့ လိုပါတယ်။

မင်းကို တစ်ယောက်ယောက်ကနေ
သေလောက်အောင်
ရူးမတတ် ချစ်ပါတယ်ဆိုတဲ့
အချစ်ဦးပုံပြင်တွေကို မယုံလိုက်ပါနဲ့။

တကယ်ပြောတာပါ
ဒီကမ္ဘာမှာ သင့်ကို
မိဘထက်တော့ ဘယ်သူမှ ပိုမချစ်ပါဘူး။

Credit_အရှင်ဇဝန
(ရွှေလင်းယုန်)ကိုယ်ပိုင်စာစုများ

မေတ္တာဖြင့်…✍️

ကိုယ့်ဘဝနဲ့ကိုပျော်ပျော်နေတာပဲကောင်းပါတယ်
25/12/2022

ကိုယ့်ဘဝနဲ့ကိုပျော်ပျော်နေတာပဲကောင်းပါတယ်

တစ်နေ့နေ့ပေါ့💔💔💔💔
25/12/2022

တစ်နေ့နေ့ပေါ့💔💔💔💔

💥မြွေပွေးလိုလူမဖြစ်စေနဲ့💥စပါးရိပ်ချိန်ဆိုရင် ခေါင်းဖြတ်ထားတဲ့ မြွေတွေကို အခွေလိုက်ထည့်ထားတဲ့ လင်ပန်းကိုယ်စီရွက်ပြီး မြွေ...
26/09/2022

💥မြွေပွေးလိုလူမဖြစ်စေနဲ့💥

စပါးရိပ်ချိန်ဆိုရင် ခေါင်းဖြတ်ထားတဲ့ မြွေတွေကို အခွေလိုက်ထည့်ထားတဲ့ လင်ပန်းကိုယ်စီရွက်ပြီး မြွေလိုက်ရောင်းတဲ့ မိန်းကလေးတွေကို မနက်ခင်းတိုင်း တွေ့ရတတ်တယ်။

ကျွန်တော်(စာရေးသူ) တို့ ဖဒိုမြို့က စျေးထဲမှာ
မြွေသည်တွေ အများကြီးရှိပါတယ်။

လင်းမြွေ ၊ ရေမြွေ ၊ မြွေပွေး အစုံပဲ..
မြွေပွေးဆိုရင်တော့ စျေးကြီးတယ်။
တစ်ကောင်ကို တစ်သောင်းဝန်းကျင် ပေးရတယ်။
လင်းမြွေတို့ ရေမြွေတို့က ပိသာချိန်နဲ့ရောင်းတာမို့ စျေးသိပ်မကြီးဘူး..။

ဒါကြောင့် မြွေဖမ်းသမားတွေက မြွေပွေးကို ဦးစားပေးလိုက်ရှာပြီး ဖမ်းကြတယ်။
တစ်ညကို နှစ်ကောင်ပဲရ..
နှစ်သောင်း နေ့တွက်စီပြီလေ..။

ကျွန်တော့် အိမ်နားမှာ မြွေလိုက်ဖမ်းတဲ့
မြွေမုဆိုး ကရင်ဖထီးကြီးတစ်ယောက်ရှိတယ်။
တစ်နေကုန် အရက်လေးသောက်လိုက်
အိပ်လိုက်နဲ့ ညကျမှ နှစ်ခွမှိန်းလေးကိုင်
ဝါးပလိုင်းလေးလွယ် ၊ ဓားမတိုလေး ခါးကြားထိုးပြီး ကွမ်းလေးတဖွီဖွီဝါးလို့ မြွေလိုက်ဖမ်းတော့တာပဲ။

သူ့ခြေထောက်တစ်ဖက်က နည်းနည်း ဆာနေတော့ လမ်းလျှောက်ရင် မြန်မြန်မလျှောက်နိုင်ဘူး။
ဒါပေမဲ့ ည ၃ နာရီလောက်ဆိုရင် အိမ်ရှေ့ကနေ တောစီးဖိနပ်သံ တဂွက်ဂွက်နဲ့ သူအိမ်ပြန်လာတဲ့အသံကိုကြားရတယ်။
ကရင်သီချင်းလေး ခပ်တိုးတိုး ဆိုလာပြီ ဆိုရင်တော့ ကျိန်းသေတယ်။
မြွေပွေး နှစ်ကောင်လောက် မိလာပြီ။

ခြေထောက် ဆာတာတာနဲ့ ဒီအတီးက
အင်မတန်လျှင်မြန်တဲ့ မြွေဆိုတဲ့ သတ္တဝါကို ဘယ်လိုဖမ်းလဲဆိုတာ ကျွန်တော်စိတ်ဝင်စားတယ်။
တစ်နေ့တော့ ကျွန်တော် အဲဒီအတီးအိမ်ကို သွားလည်ရင်း သူ့ကို အင်တာဗျူးတာပေါ့..။

"အတီး..အတီးက ခြေထောက်လည်း
မသန်ဘဲနဲ့ ဒီလောက်မြန်တဲ့ မြွေတွေကို
ဘယ်လိုဖမ်းလဲဗျ..''

ကျွန်တော့်စကားကို အတီးက ပြုံးပြီး
ကွမ်းတစ်ယာထုတ်ဝါးလို့ ပြန်ဖြေပါတယ်။

"ငါက ခြေထောက်မသန်တော့ လင်းမြွေတို့ ရေမြွေတို့ကို မဖမ်းနိုင်ဘူးကွ..
ဒီကောင်တွေက လူတွေ့ရင် ထွက်ပြေးရော.. ဒါကြောင့်ငါက မြွေပွေးပဲ ဖမ်းတယ်..''

"အတီးက မြွေပွေးကိုရော ဘယ်လိုဖမ်းလဲ..''

"မြွေပွေးက လူတွေ့ရင် ထွက်မပြေးဘူးကွ.. လူကို ရန်မူမယ်ဆိုပြီး အသင့်အနေအထားနဲ့ ငြိမ်နေတာ..သူက အဆိပ်ပြင်းတယ်လေ..
ဘယ်သူ့ကိုမှ ထီမထင်ဘူးကွ..
လာမထိနဲ့ သေသွားမယ်ဆိုတဲ့ မာန်ကအပြည့်..
အဆိပ်ပြင်းတဲ့ မြွေချင်းအတူတူ
ငန်းတော်ကျားက လူတွေ့ရင် ရှောင်သွားရော..
မြွေပွေးကတော့ သူ့ကိုထိရင် ဆတ်ခနဲ
လှမ်းပေါက်တာ.. အဲဒီတော့ သူ့ခေါင်းနားကို မှိန်းနဲ့ အသာလေးကပ်သွားပြီး ထိလုထိခင်ကျမှ မှိန်းနှစ်ခွနဲ့ ခေါင်းကိုအမြန်ထိုးချလိုက်ရင် ဒီကောင့်ကို မိတာပဲ..ဟဲဟဲ..
မြွေထဲမှာ အဆိပ်ပြင်းပါတယ်ဆိုတဲ့
မြွေပွေးက ဖမ်းလို့အလွယ်ဆုံးကွ..
ဒီကောင်က သူ့ကိုယ်သူ မာန်တက်နေတော့
ငါ့မှိန်းကို ဂရုမစိုက်ဘူး..''

"အော်....''

ကျွန်တော့်ရင်ထဲ အတွေးတွေ တသီကြီးနဲ့
ဖထီးအိမ်က ပြန်လာခဲ့တယ်။
အဆိပ်မရှိတဲ့ ရေမြွေတို့ လင်းမြွေတို့ကမှ
အန္တရာယ်က လွတ်နိုင်သေးတယ်..
ငါအဆိပ်ပြင်းတာပဲဆိုပြီး မာန်တက်နေတဲ့
မြွေပွေးကတော့ မြွေမုဆိုးလက်မှာ သေတာပဲ..
အဆိပ်တည်းဟူသော မာန်မာနကို
အားကိုးမိပြီး သူတစ်ပါးကို အထင်သေးမိတဲ့
မြွေပွေးတွေဟာ မြွေမုဆိုးအတွက်
ဖမ်းရအလွယ်ဆုံးဆိုပါလား...

ကျွန်တော် ဆက်ပြီး တွေးမိတယ်..

ကျွန်တော်တို့ လူ့ဘောင် လူ့ပတ်ဝန်းကျင်မှာလည်း
လူမြွေပွေးတွေ အများအပြား..
"ဟင်း...ငါ့ကိုလာမထိနဲ့နော်..သေသွားမယ်...
ငါ့ကို ဘာမှတ်နေလဲ...
ငါလုပ်လိုက်ရ မင်းဘဝပျက်သွားမယ်..
ဟေ့ကောင် သားကြီး..ငါနဲ့တော့ မငြိစေနဲ့နော်..''
ဆိုတဲ့ အစွယ်တဖွေးဖွေး လူမြွေပွေးတွေကို
တွေ့တိုင်း ခြေထောက်တစ်ဖက်ဆာနေတဲ့
မြွေမုဆိုး ကရင်ဖထီးကြီးကို ပြေးမြင်ပြီး
ကျွန်တော်ပြုံးမိပါတယ်။

ကိုယ့်ကိုယ်ကိုယ်လည်း ပြန်လည်ဆင်ခြင်တယ်။
စီးပွားရေးလေး အဆင်ပြေလာတိုင်း ၊
အောင်မြင်မှုတွေ ရလာတိုင်း ၊
နောက်ဆုံး...Facebook မှာ ဖော်လိုဝါလေး
တိုးလာတိုင်း ၊
ကိုယ့်ကိုယ် ချီးကျူးသံတွေ ညံလာတိုင်း
"ငါကွ..''ဆိုတဲ့ မာန်မာနတွေ တရိပ်ရိပ်တက်လာ
နေခဲ့ပါလား။
ကိုယ့်ခေါင်းပေါ်မှာ ဖထီးကြီးရဲ့ ခက်ရင်းနှစ်ခွ
မှိန်းကြီး လာဝဲနေပြီဆိုတာ မသိဘဲနဲ့
ယစ်မူးသာယာနေတဲ့ မာန်မာနအဆိပ်တွေ ၊
မာန်မာန အစွယ်တွေ...။

ဖထီးကြီးအိမ်ကနေ ပြန်လာပြီးနောက်ပိုင်း
ရင်ထဲမှာ အသိဥာဏ်တစ်ချို့ လင်းလက်လို့
သွားပါတော့တယ်။
မာန်တက်မယ်ကြံတိုင်း ကွမ်းလေးတဖွီဖွီနဲ့
ခြေထောက်မသန်တဲ့ ဖထီးကြီးရဲ့ ပုံရိပ်ကို
မြင်ယောင်ပြီး အသိ သတိဝင်လာတယ်။

မိတ်ဆွေတို့ ခေါင်းပေါ်မှာရော..
ဖထီးကြီးရဲ့ မှိန်းကြီး ရောက်နေပြီလား..
မော့ကြည့်ကြစေချင်ပါတယ်... ..

လူပီသသောလူ စာအုပ်မှ လူနှင့် မြွေယဉ်ကျေးမှု

crd_to_owner

ကျွန်တော့်နာမည်အောင်ခိုင်မင်းပါ

📊လူကြီးမင်းတို့အနေနဲ့forex ကိုစိတ်ဝင်စားလို့သင်တန်းတက်ချင်တာပဲဖြစ်ဖြစ်/trading account ဖွင့်လိုတာပဲဖြစ်ဖြစ်ကျွန်တော်အောင်ခိုင်မင်း၏ ☎️09453823298
ကိုဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ

📊ရုံးလိပ်စာ-

မန္တလေးရုံးချုပ်
-58(B) လမ်း/ 103 & 104 လမ်းကြား၊ ကံသာယာရ ပ်၊ချမ်းမြသာစည်မြို့နယ်၊မန္တလေးမြို့။

မန္တလေးရုံး
-62Aလမ်း/103 & 103Aလမ်းကြား မြို့သစ်ရပ်၊ချမ်းမြသာစည်မြို့နယ် မန္တလေးမြို့။

ရန်ကုန်ရုံး
-Soho Business Tower 9လွှာ၊ ဗိုလ်မြတ်ထွန်းလမ်း၊ဗိုလ်တစ်ထောင်မြို့နယ်၊ ရန်ကုန်မြို့။

ကျတော့page အား like & share ပြုလုပ်ပေးဖို့ တောင်းဆို ပါရစေ
-Forex business advisor




အပြောအဆို ခံလိုက်ရပြီး ဘာမှ ပြန်မပြောခြင်းဟာလူကြီးဆန်ခြင်း တစ်မျိုးပါ။အစော်ကား ခံလိုက်ရပြီး ဘာမှ ပြန်မပြောခြင်းဟာခွင့်လွ...
21/09/2022

အပြောအဆို ခံလိုက်ရပြီး ဘာမှ ပြန်မပြောခြင်းဟာ
လူကြီးဆန်ခြင်း တစ်မျိုးပါ။

အစော်ကား ခံလိုက်ရပြီး ဘာမှ ပြန်မပြောခြင်းဟာ
ခွင့်လွှတ်ခြင်း တစ်မျိုးပါ။

အထင်လွဲခံလိုက်ရပြီး ဘာမှ ပြန်မပြောခြင်းဟာ
သဘောထား ကြီးခြင်း တစ်မျိုးပါ။

အဖြစ်အပျက် အမှန်ဆိုတာ
အချိန်က စကားပြောသွားပါလိမ့်မယ်။

စိတ်ထိခိုက်သွားပြီး ဘာမှ ပြန်မပြောခြင်းဟာ
စိတ်ရင်းကောင်းခြင်း တစ်မျိုးပါ။

မေတ္တာရဲ့ အအေး အနွေး ဟာ
အချိန်ကသာ သက်သေပြသွားပါလိမ့်မယ်။

ဘာကိစ္စ အတွက်ပဲ ဖြစ်ဖြစ် စိတ်လောပြီး မငြင်းဆိုပါနဲ့...

ဘာအကြောင်းအရာကိုမှ စိတ်လောပြီး မရှင်းပြပါနဲ့...

နားလည်ပြီးသား သူအတွက် ရှင်းပြဖို့ မလိုအပ်သလို...

နားမလည်ချင်တဲ့ သူအတွက်၍ရှင်းပြလည်း အပို ဖြစ်နေတတ်တယ်။

စကားပြောတတ်ဖို့ နှစ်,နှစ် ပဲ သင်လိုက်ရပေမဲ့
ပါးစပ် ပိတ်တတ်ဖို့တစ်သက်တာ ကြိုးစားကြရမယ်။

လောက နိယာမအရ... အနစ်နာခံတဲ့လူဟာ
နောက်ဆုံးမှာ တကယ်မနစ်နာသလို

ငြင်းခုံမှုမှာ အရှူံးပေးတဲ့ သူဟာလည်း
နောက်ဆုံးမှာ တကယ် မရှူံးပါဘူး.....

ခွင့်လွှတ်ပေးသူက မြတ်ပြီးသားပါ။
Crd.
#ဘဝရဲ့ခရီးသည်

ကျွန်တော့်နာမည်အောင်ခိုင်မင်းပါ

ကျတော့page အား like & share ပြုလုပ်ပေးဖို့ တောင်၏းဆို ပါရစေ
-Forex business advisor




ယနေ့ လူငယ်များအတွက် ဖတ်စေချင်---------------------------အသုံးမကျတဲ့လူ မဖြစ်စေနဲ့။---------------------အသက် ၃၅ နှစ် ပြည့်...
17/09/2022

ယနေ့ လူငယ်များအတွက် ဖတ်စေချင်
---------------------------

အသုံးမကျတဲ့လူ မဖြစ်စေနဲ့။
---------------------

အသက် ၃၅ နှစ် ပြည့်တဲ့အချိန်ထိ ခင်ဗျားဟာ တီဗီလေး ကက်ဆက်လေး တစ်လုံးတောင် မပိုင်သေး တဲ့အခါ ဘယ်သူမှ ခင်ဗျားကို သနားနေလိမ့်မယ် မထင်နဲ့။

စျေးကွက်ထဲ ယှဉ်ပြိုင်မှုကြောင့် ခင်ဗျား ကျရှုံးခဲ့တဲ့ အခါမှာလည်း ဘယ်ပြိုင်ဘက်ကမှ ခင်ဗျားကို ကိုယ်ချင်းစာတယ် ဆိုပြီးတော့ ရှော်ပေးလိမ့်မယ် မထင်နဲ့။ ကလေးကွက်နင်းနေတဲ့လူ စီးပွားရေး လောကမှာ တစ်ယောက်မှ မပါဘူး။

ကိုယ့်ချစ်သူက ပိုက်ဆံမရှိလို့ လမ်းခွဲသွားတဲ့အခါရော။ ဘယ်သူကမှ ခင်ဗျားကို စာနာလို့့ ဆိုပြီးတော့ ကြယ်ငါးပွင့် ဟော်တယ်မှာ မင်္ဂလာဆောင်ပေးမယ် မထင်နဲ့။

မိဘတွေကို ဆေးရုံဆေးခန်း ကောင်းကောင်းမှာ ဆေးကုချင်တယ်။ ဘယ်သူကမှ ခင်ဗျားကို ချစ်လို့ ဆိုပြီးတော့ ခင်ဗျားမိဘကို အကောင်းစား ဆေးရုံ ပို့ပေးမယ် မထင်နဲ့။

မိသားစု ဆင်းရဲလို့ မချမ်းသာလာတာပေါ့။ ဟုတ်သလား။ အသိပညာ မဆင်းရဲ စမ်းပါနဲ့။ ဆင်ခြေတွေ အလီလီပေးနိုင်တဲ့ အတွက် ဘယ်သူကများ တော်လွန်းလို့ ဆိုပြီးတော့ ပိုက်ဆံလာပေးတုန်း။ မပေးဘူးနော်။

ကိုယ်လုပ်တဲ့အလုပ်ရဲ့ ရလဒ်ကို ကြိုမမြင်နိုင်တဲ့လူ ဆင်းရဲမှာပဲ။

ခိုင်မာတဲ့ဆုံးဖြတ်ချက်နဲ့ လျှောက်ရဲတဲ့ သတ္တိ မရှိတဲ့လူ ဆင်းရဲမှာပဲ။

စွန့်စားရမှာကို ကြောက်နေတဲ့ လူဟာ ဆင်းရဲမှာပဲ။

ချမ်းသာချင်စိတ် မပြင်းပြတဲ့လူဟာ ဆင်းရဲမှာပဲ။

အသွေးထဲ အသားထဲကနေ ချမ်းသာချင်လာတဲ့လူဟာ နိမ့်ကျမှုတွေ အားလုံးကို ဂရုမစိုက်နိုင် တော့ ဘူး။ ပျောက်သွားတယ်။ ချမ်းသာဖို့ ဆိုရင် ၁၀၀% အပြည့် ကိုယ့် ခွန်အားကို ထုတ်သုံးဖို့ အဆင်သင့် ဖြစ်နေကြတဲ့ လူတွေ ဖြစ်တယ်။

အသွေးထဲ အသားထဲကနေ ချမ်းသာချင်လာတဲ့လူဟာ ဘာကြီးပဲ ဖြစ်နေနေ အသစ်တွေ သင်ယူဖို့ကို ဆာလောင်မွတ်သိပ်လာတယ်။ အမြဲတစေ ကိုယ့်အနေနဲ့ အဘက်ဘက်က ပြီးပြည့်စုံဖို့အတွက် တိုက်ချွတ် လေ့လာ နေလေ့ ရှိတယ်။
အသွေးထဲ အသားထဲကနေ ချမ်းသာချင်လာတဲ့လူဟာ ကျရှုံးခဲ့ရင်တောင် အဲဒီကျရှုံးမှုကို ဘေးဖယ် ထုတ်ပြီး ဘယ်သူမှ စိတ်မကူးရဲတဲ့ အားထုတ်ခြင်း အသစ်တစ်ခုနဲ့ ဖြစ်စဉ်ကို ချက်ချင်း ပြောင်းပြန်လှန် ပစ်ချင်သူတွေ ဖြစ်တယ်။

ဒါပဲ။ ဒီတော့ ခင်ဗျား စဉ်းစားတော့။ ဆင်ခြေတွေ ဘေးဖယ် ထားလိုက်စမ်းပါဗျာ။ ခင်ဗျား ရှေ့ဆက် ရမယ့် လမ်းက နှစ်လမ်းပဲ ရှိတယ်။ ငွေပုံရှိရာ လမ်းရယ် အိမ် အပြန် လမ်းရယ်။ နှစ်ခု ထဲက တစ်ခုကို ရွေးရလိမ့်မယ်။ ရပ်မနေနဲ့နော်။ ခင်ဗျား အသုံးမကျတဲ့လူဖြစ်သွားလိမ့်မယ်

ကျတော့page အား like & share ပြုလုပ်ပေးဖို့တောင်းဆိုပါရစေခင်ဗျ
-Forex business advisor




📵 တနေ့တနေ့ သူများလက်အောက်မှာပဲ အလုပ်လုပ်နေတုန်းပဲလား အလိုလုပ်နေရင်တော့ ကိုယ့်ဘဝရဲ့ တက်လမ်းရှိပ့မလားဗျာ❗ကိုယ့်ဘဝရဲ့ လမ်းစ...
16/09/2022

📵 တနေ့တနေ့ သူများလက်အောက်မှာပဲ အလုပ်လုပ်နေတုန်းပဲလား အလိုလုပ်နေရင်တော့ ကိုယ့်ဘဝရဲ့ တက်လမ်းရှိပ့မလားဗျာ

❗ကိုယ့်ဘဝရဲ့ လမ်းစအသစ်ကိုရော ရှာဖွေဖူးလား မိတ်ဆွေတို့ အနေနဲ့ ကိုယ်ပိုင်စီးပွားရေးတခုနဲ့ သူများလက်အောက်ကနေရုန်းထွက်သင့်နေပါပြီ...

❗ကိုယ်ပိုင်စီးပွားရေး တခုအနေနဲ့ ဘာကိုစလုပ်သင့်လဲ?

👉 Forex Tradingမှာရော လေ့လာဖို့ စင်းစားမိကြလားဗျ ဒီလုပ်ငန်းကို မကောင်းဘူးထင်နေကြလား အလိုပြောတဲ့လူတွေကရော ဘာလို့ပြောတာလဲ ဆိုရင် သူတိူ့က ဒီလုပ်ငန်းမှာ မကြိုးစားပဲ အကျိူးမြတ်ပဲ လိုချင်တဲ့အခါ အရှုံးတွေနဲ့ရင်ဆိူင်လာကြတယ် အဲ့အခါမှာ သူ့အနေနဲ့ ဒီလုပ်ငန်းကို မကောင်းဘူးပဲပြောကြလိမ့်မယ်

👉 တကယ်အဆင်ပြေတဲ့လူတွေ ဒီလုပ်ငန်းမှာ အောင်မြင်နေတဲ့လူတွေအေးဆေးနဲ့ အသံမထွက်ကြဘူး သူတို့ကိုယ်တိုင်လုပ်ကိုင်နေကြပြီး အမြတ်များစွာပိုင်ဆိုင်နေကြပါပြီ

❗ မိတ်ဆွေရော မလေ့လာချင်ဘူးလား မကြိုးစားကြည့်ချင်ဘူးလား လေ့လာဖို့ရာလဲ ရှာစရာမလိုပါဘူး သင်တန်းအနေနဲ့လဲ အရင်လို မခက်ခဲတော့ပဲ ကျနော့်ဆီမာ တိုက်ရိုက်တက်လို့ရပါတယ် Offline ရော Onlineပါမကျန် တက်ရောက်လို့ရပါတယ်ဗျ

သင်တန်းမှာဘာတေသင်ကြားပေးမှာလဲ
💁လေ့လာသင်ကြားပေးမည့်အရာများ................
(1)Forex Marketဆိုတာဘယ်လိုမျိုးလဲ

(2)Stock Market/Bond Mafket ဗဟုသုတများ

(3)Onlineမှအရောင်းအဝယ်လုပ်နည်း

(4)ကမ္ဘာ့ရွှေကိုဘယ်လိုမျိုးအရောင်းအဝယ်လုပ်ရမလဲ

(5)Meta trader4/Meta trader5အသုံးပြုပုံ

(6)နည်းပညာအရစျေးကွက်ခန့်မှန်းနည်း

(7)သတင်းအခြေအနေအရစျေးကွက်ခန့်မှန်းနည်း
(8)အမြတ်တေရရှိအောင်ဘယ်လိုမျိုးအရောင်းအဝယ်လုပ်မလဲ

(9)နည်းပညာအရအရောင်းအဝယ်လုပ်ရာတွင် အသုံးဝင်သောcandle/indicatorများ၊toolsများအသုံးပြုနည်း

💁စသည်တိုကြို Demo
Accountဖြင့် ကိုယ်တိုင်ကိုယ်ကျစျေးကွက်ခန့်မှန်းကာအရောင်းအဝယ်လုပ်ကိုင်နိုင်သည််အထိစာတွေ့လက်တွေ့လေ့ကျင့်သင်ကြားပေးမှာဘဲဖြစ်ပါတယ်ဗျ

💁သင်တန်းပြီးဆုံးသွားရင်ရရှိမည့်အကျိုးကျေးဇူးများ.....✨✨✨

💁ဒီကမ္ဘာ့ရွှေနှင့်နိုင်ငံတကာငွေကြေးအရောင်းအ
ဝယ်ပညာရပ်ကို သင်ယူတက်မြောက်သွားပါက
ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းတစ်ခုကိုစတင်နိုင်မှာဘဲဖြစ်ပါတယ်ဗျ၊

💁ကမ္ဘာ့ရွှေစျေး၊ဆီစျေးအတက်အကျများအပြင်နိုင် ငံတကာငွေကြေးအတက်အကျများကိုပါသိ
ရှိနိုင်မှာဖြစ်တာကြောင့်မိမိက တခြားနိုင်ငံများမှ
ပို့ကုန်သွင်းကုန်များကို ငွေစျေးအတက်အကျများကိုသိရှိထားပါက များစွာအထောက်အကူဖြစ်စေပါတယ်

💁သင်တန်းပြီးလို့ ကိုယ်တိုင် အရောင်းအဝယ်လုပ်လိုသူများအတွက် အရောင်းအဝယ်အကောင့်ဖွင့် ပေးခြင်းငွေသွင်းငွေထုတ် များကို အရောင်းအဝယ်လုပ်လို့ရသည်အထိအခမဲ့ဆောင်ရွက်ပေးသွားမှာဘဲဖြစ်ပါတယ်ဗျ

💁သင်တန်းကြာချိန်ကတော့ (4)ရက်ကနေ(8)ရက်
အတွင်းကြာနိုင်ပါတယ် ၊သင်ကြာရန်အချိန်ညှိုနိုင်ပါတယ်၊ကိုယ်တိုင်လည်းလက်တွေ့ လေ့ကျင့်ရမှာဖြစ်ပါတယ်ဗျ

💁ရွေးချယ်တက်နိုင်သောသင်တန်းများ..............
One By One Online/Offline Class.....

💁သင်တန်းကြေး-150000ကျပ်ကျသင့်မှာဖြစ်ပြီး
ဆရာနှင့်ရန်ကုန်၊မန္တလေးရုံးများသို့ ကိုယ်တိုင်လာ ရောက်၍ဖြစ်စေ ၊အွန်လိုင်မှဖြစ်စေ အချိန်ညှိနှိုင်းသင်ကြားရမှာဖြစ်ပါတယ်ဗျ

💁Video Lesson Class...........
သင်တန်းကြေး-90000ကျပ်ကျသင့်မှာဖြစ်ပြီး
သင်ခန်းစာများကို မြန်မာဘာသာဖြင့် သင်ကြား
ထားသည့် ဗွီဒီယို Groupကို Joinပေးမှာဖြစ်ပါ
တယ်ဗျ၊နားမလည်သည်များကိုလည်း Messengerမှာ စိတ်ကြိုက်မေးမြန်းနိုင်မှာဖြစ်ပြီး တစ်သက်တာ လေ့လာခွင့်ရမှာဖြစ်ပါတယ်ဗျ
အချိန်တကူးတက မပေးနိုင်သူများအတွက်သင့်တော်ပါတယ်

💁Group Class.......
သင်တန်းကြေး-120000ကျပ်ကျသင့်မှာဖြစ်ပြီး
မိမိရဲ့မိသားစု၊သူငယ်ချင်း၊မိတ်ဆွေများနှင့် (4)
ယောက်မှစတင်၍ တက်ရောက်နိုင်မှာဘဲဖြစ်ပါတယ်ဗျ

💁သင်တန်းကြောင်းအသေးစိတ်မေးမြန်းလိုသူများ
နှင့်Forex Trading Live Accountဖွင့်လိုသူများအ‌ေနနဲ့

☎️09-453823298ကိုအသေးစိတ်ဆက်သွယ်မေး
မြန်းနိုင်ပါတယ်ဗျ

💁ရုံးသို့လာရောက်လေ့လာစုံစမ်းချင်သူများအတွက်လည်း Aung Khine Min ☎️09453823298 မှတဆင့် ကြိုတင် appointment ရယူကာ လာရောက်လေ့လာနိုင်ပါတယ် ။

ကျွန်တော့်နာမည်အောင်ခိုင်မင်းပါ

📊ရုံးလိပ်စာ-

မန္တလေးရုံးချုပ်
-58(B) လမ်း/ 103 & 104 လမ်းကြား၊ ကံသာယာရ ပ်၊ချမ်းမြသာစည်မြို့နယ်၊မန္တလေးမြို့။

မန္တလေးရုံး
-62Aလမ်း/103 & 103Aလမ်းကြား မြို့သစ်ရပ်၊ချမ်းမြသာစည်မြို့နယ် မန္တလေးမြို့။

ရန်ကုန်ရုံး
-Soho Business Tower 9လွှာ၊ ဗိုလ်မြတ်ထွန်းလမ်း၊ဗိုလ်တစ်ထောင်မြို့နယ်၊ ရန်ကုန်မြို့။

ကျတော့page အား like & share ပြုလုပ်ပေးဖို့ တောင်းဆို ပါရစေ
-Forex business advisor




Address

58B, 103-104
Mandalay

Alerts

Be the first to know and let us send you an email when Owen-Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share