09/08/2022
ရွှေဈေးအကြောင်း လာလာမေးကြလို့ Public post နဲ့ပဲ ကျွန်တော် ဖြေပေးလိုက်ပါတယ်။
World Gold က Technical သဘောတရား နှစ်ခုအရပြောမယ်ဆိုရင် ...
1️⃣ Descending Channel ကို Breakout ဖြစ်ထားပြီလို့ ယူဆနိုင်ပါတယ်။ အဲဒီအတွက် ကမ္ဘာ့ရွှေဈေးဟာ $1,800 အထက်ကို ခိုင်ခိုင်မာမာ ရပ်တည်သွားရင် Mid-term ကာလလတ်လောက်မှာ $1,880 ကို ပြေးပါလိမ့်မယ်။
▪️ကမ္ဘာ့စီးပွားရေး ကျဆင်းမှု Global Recession နဲ့ War News ဖြစ်တဲ့ ထိုင်ဝမ် 🇹🇼 အရေးတို့ကြောင့် ကမ္ဘာ့ရွှေဟာ အတက်ဘက် ပြန်ယိမ်းလာတာပါ။
2️⃣ နောက် Technical သဘောတရားတစ်ခု ဖြစ်တဲ့ EMA သဘောတရား အရကြည့်ရင် 2022 ဧပြီလောက်မှာ စခဲ့တဲ့ ကမ္ဘာ့ရွှေအကျ ဟာ 2022 ခုနှစ် August လဆန်းမှာပဲ Bullish Crossover ဖြစ်ပြီး ပြီးဆုံးခဲ့တာ တွေ့ရပါတယ်။
အဲဒီအတွက် ခြုံငုံပြောရရင် ကမ္ဘာ့ရွှေဟာ အတက်ဘက်ကို အားယူနေတယ်လို့ ပြောရပါတော့မယ်။
⚠️ ပုံမှန်ဆို ကမ္ဘာ့ရွှေတက်ရင် ဒေါ်လာကျပါတယ်။ ရွှေနဲ့ ဒေါ်လာဟာ ပြောင်းပြန်ပါ။
ဒါပေမယ့် ပြည်တွင်းဈေးကွက်မှာ ရွှေရော၊ ဒေါ်လာ USD နှစ်မျိုးလုံးက ဝယ်လိုအား Demand အရမ်းများနေပါတယ်။
နောက်တစ်ခုက ဗဟိုဘဏ် Rate 1,850 ကနေ 2,100 တင်လိုက်တဲ့ အတွက် ဒေါ်လာဈေး ပိုမာလာသလို ဆက်လည်း မာနေဖို့ပဲ ရှိပါတယ်။ ဒါက ပြည်တွင်းဈေးကွက် ကြောင့်ပါ။
⁉️ ဒါကြောင့် ကမ္ဘာ့ရွှေဈေးသာ 1,880$ ရောက်ခဲ့ရင် အနာဂတ် ပြည်တွင်းရွှေ ဘယ်လောက်ဖြစ်လာနိုင်သလဲ? ဆိုတာ ဆဝါးကြည့်ချင်သူတွေ အတွက် ...
ကမ္ဘာ့ရွှေဈေး ကို ၁.၈၇၅ နဲ့စား ဒေါ်လာဈေးနဲ့မြှောက် ပြီးတွက်လို့ရပါတယ်။
ဥပမာ ~ 1,880/ 1.875 x 2,650 = 2,657,000 ဆိုရင် ၂၇ သိန်း လောက် ရောက်နိုင်တာတွေ့ရပါမယ်။
USD $ ဈေးကတော့ Binance က BUSD ဈေးကို ပျမ်းမျှ ယူထားတာ ဖြစ်ပါတယ်။ $ ဈေး အတက်အကျက ရွှေဈေးပေါ် အများကြီးရိုက်ခတ်ပါလိမ့်မယ်။
အဲဒီတော့ ဒေါ်လာဈေးမာ၊ ရွှေဝယ်လိုအားလည်း များနေတဲ့ ပြည်တွင်းဈေးကွက် အတွက် ကမ္ဘာ့ရွှေ 1,880$ နားချဥ်းကပ်လာချိန်မှာကို Demand နဲ့ Safe Haven Asset ကြောင့် ကာလလတ်မှာ (၂၇) သိန်း လောက် ရောက်သွားခဲ့ရင်လည်း အံ့သြစရာ မရှိဘူးလို့ပဲ ဖြေချင်ပါတယ်။
⚠️ ဒါက ပျမ်းမျှ ကြိုတင်တွက်ချက်မှုပါ၊ နေ့စဥ် အချက်အလက် ပေါင်းများစွာက ဒီတွက်ချက်မှုပေါ် အကျိုးသက်ရောက်မှု ရှိမှာ ဖြစ်ပါတယ်။
မျိုးအိမ်ဇန်
သြဂုတ်လ ၉ ရက်၊ ၂၀၂၂