ရွှေလက်ပံ - Shwe Latt Pan

  • Home
  • ရွှေလက်ပံ - Shwe Latt Pan

ရွှေလက်ပံ - Shwe Latt Pan Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ရွှေလက်ပံ - Shwe Latt Pan, Wholesale & Supply Store, 62nd Street, between 128th and 129th Streets, Pyigyitagun Township, .

"မန္တလေးမြို့တွင်း (၃) တန်နှင့်အထက် Free Delivery! နယ်ဝေး Customer များအတွက် ပစ္စည်းများကို လနှင့်ချီ၍ စနစ်တကျ ထိန်းသိမ်းပေးထားပါသည်။ အရည်အသွေး စံချိန်စံညွှန်းမီ သံချောင်းများကို စိတ်ချလက်ချ ဝယ်ယူနိုင်ပါသည်။"
09409584400,09409585500,09409584499

သင်္ကြန်အလွန် ဈေးကွက်အခြေအနေ - ဘာတွေဖြစ်နေလဲ?၁။ ဈေးနှုန်း အတက်အကျ (Price Volatility)သင်္ကြန်မတိုင်ခင်သံချောင်းစျေးနှုန်း...
20/04/2026

သင်္ကြန်အလွန် ဈေးကွက်အခြေအနေ - ဘာတွေဖြစ်နေလဲ?

၁။ ဈေးနှုန်း အတက်အကျ (Price Volatility)

သင်္ကြန်မတိုင်ခင်သံချောင်းစျေးနှုန်းများ မှာ အနည်းငယ် ကျဆင်းမှုတွေ ရှိခဲ့ပါတယ်။ ဒါကြောင့် ဒီနေ့ ဈေးကွက်ပြန်ဖွင့်ချိန်မှာ ဈေးနှုန်းတွေဟာ သင်္ကြန်မတိုင်ခင်ကထက် စျေးနှုန်းတွေကျဆင်းသွားပါတယ်။ အထူးသဖြင့် HRB-500 သံချောင်းတွေဟာ HRB-400 သံချောင်းတွေထက် စျေးပိုကျသွားပါတယ်။ကျွန်တော်တိုက ဈေးနှုန်းကို ဖုံးကွယ်ထားမှာ မဟုတ်ပါဘူး။ အမှန်တကယ် ပြောင်းလဲသွားတဲ့ ဈေးနှုန်းအတိုင်းပဲ ပွင့်လင်းစွာ ပြောပြရောင်းချသွားမှာပါ။

၂။ ပစ္စည်းလိုအပ်ချက် မြင့်မားလာခြင်း (High Demand)

သင်္ကြန်တွင်းမှာ ရပ်နားထားတဲ့ လုပ်ငန်းတွေ အားလုံးက တစ်ပြိုင်နက် ပြန်စကြတာဖြစ်လို ပစ္စည်းလက်ကျန် (Stock) ရှိနေသေးပေမဲ့ အဝယ်လိုက်တဲ့ ဆိုဒ်တွေကတော့ ခဏတာ ပြတ်လပ်သွားနိုင်တာမျိုး ရှိတတ်ပါတယ်။ ဒါကြောင့် လုပ်ငန်းမကြန့်ကြာအောင် အမြန်ဆုံး အော်ဒါတင်ဖိုတော့ လိုပါလိမ့်မယ်။

၃။ ပိုဆောင်ရေး (Logistics)
နယ်ဝေးပိုဆောင်မှုတွေမှာ ပုံမှန်အတိုင်းပြန်လည်လုပ်ဆောင်ပေးနေပါပြီး။ ၃တန်နှင့်အထက် မန္တလေးမြိုတွင်းပိုဆောင်ပေးမှုများကိုလည်း ပြန်လည်ပိုဆောင်ပေးနဲပြီးဖြစ်ကြောင်း အသိပေးကြေညာအပ်ပါတယ်ခင်ဗျ။

"ရွှေလက်ပံ" မှာ ဝယ်ရင် ဘာတွေ စိတ်ချရမလဲ?
ဈေးကွက်က ဘယ်လောက်ပဲ ကမောက်ကမ ဖြစ်နေပါစေ ကျွန်တော်တိုရဲ့ Standard ကတော့ မပြောင်းလဲပါဘူး -
ဈေးတက်ရင် တက်တဲ့အကြောင်း၊ ကျရင် ကျတဲ့အကြောင်းကို အရှိအတိုင်း ပြောပါတယ်။
ဈေးနှုန်းထက် ပိုအရေးကြီးတာက အလေးချိန် (kg) ပါ။ ကျွန်တော်တိုဆီမှာ ဝယ်ယူတဲ့ သံချောင်းတိုင်းဟာ သတ်မှတ်ထားတဲ့ kg အပြည့်အဝ ရှိနေရပါမယ်။
ဈေးနှုန်းမြင့်နေတဲ့အချိန်မှာ ဘယ်လိုဝယ်ယူသင့်လဲ၊ ဘယ်အချိန်အထိ စောင့်သင့်လဲဆိုတာကို လူကြီးမင်းတို ဘက်ကနေပြီး အကြံပေးဆွေးနွေးပေးပါတယ်။

🔔 ဒီနေ့ဈေးနှုန်းကို အခုပဲ မေးမြန်းလိုက်ပါ
ဈေးကွက်က အမြဲပြောင်းလဲနေတာကြောင့် ၄.၂၀.၂၀၂၆ ဒီနေ့ရဲ့ Update အရှိဆုံးဈေးနှုန်း ကို သိရှိဖို ကျွန်တော်တိုရဲ့ Hotline ဖုန်းနံပါတ်တွေဆီ အခုပဲ ဆက်သွယ်လိုက်ပါခင်ဗျာ။
📞 Hotline:
09-409584400
09-409585500
09-409584499
📍 ဆိုင်လိပ်စာ: ၆၂လမ်း၊ ၁၂၈လမ်းနှင့် ၁၂၉လမ်းကြား၊ မန္တလေးမြို။

နေ့စဉ်ပြောင်းလဲနေတဲ့ သံဈေးနှုန်းတွေကို အချိန်နဲ့တစ်ပြေးညီ တိတိကျကျ ဖြေကြားပေးနေပါပြီ။ဘတ်ဂျက်နဲ့ ကိုက်ညီမယ့် သံချောင်းအမျ...
19/04/2026

နေ့စဉ်ပြောင်းလဲနေတဲ့ သံဈေးနှုန်းတွေကို အချိန်နဲ့တစ်ပြေးညီ တိတိကျကျ ဖြေကြားပေးနေပါပြီ။
ဘတ်ဂျက်နဲ့ ကိုက်ညီမယ့် သံချောင်းအမျိုးအစားကိုလည်း အခမဲ့ ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။

သင်္ကြန်အလွန် ကာလမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေ ပြန်လည်စတင်တော့မယ့် လူကြီးမင်းတို့အတွက် ကျွန်တော်တို့ဆီမှာ ဝန်ဆောင်မှုအပြည့်နဲ့ စောင့်ကြိုနေပါတယ်။

၁။ ဆိုင်သို့ လူကိုယ်တိုင် လာရောက်ကြည့်ရှုနိုင်ခြင်း
သံချောင်းများကို လူကိုယ်တိုင် လာရောက်ကြည့်ရှု့လိုတဲ့ လူကြီးမင်းတို့အတွက် ဆိုင်ကို လာရောက်ဖို့ ဖိတ်ခေါ်ပါတယ်။ HRB-400 / HRB-500 သံချောင်းတွေကို မျက်မြင်စစ်ဆေးနိုင်ပါတယ်။
ကျွန်တော်တို့ရဲ့ ဝန်ထမ်းတွေက kg အလေးချိန် တိကျမှန်ကန်မှုကို လူကြီးမင်းတို့ရှေ့မှာတင် စနစ်တကျ ရှင်းပြပေးမှာ ဖြစ်ပါတယ်။

၂။ နောက်ဆုံး Update ဈေးနှုန်းများကို ဖုန်းဖြင့် စုံစမ်းနိုင်ခြင်း
သင်္ကြန်အပြီး ဈေးကွက်ပြန်ဖွင့်ချိန်မှာ ဈေးနှုန်းအတက်အကျတွေကို သိရှိနိုင်ဖို့ ကျွန်တော်တို့ရဲ့ Hotline ဖုန်းနံပါတ်တွေဆီကို အခုပဲ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

၃။ ပစ္စည်း Order များ စတင်လက်ခံနေပြီဖြစ်ခြင်း
လုပ်ငန်းခွင် အမြန်စတင်နိုင်ဖို့အတွက် အော်ဒါများကို ချက်ချင်း စတင်လက်ခံပေးနေပါတယ်။
မန္တလေးမြို့တွင်း (၃) တန်နှင့်အထက် မှာယူသူများအတွက် အခမဲ့ (Free Delivery) ပို့ဆောင်ပေးမယ့် ဝန်ဆောင်မှုလည်း ပုံမှန်အတိုင်း ပြန်လည်စတင်ပါပြီ။ နယ်ဝေးအော်ဒါများအတွက်လည်း ဂိတ်ပို့ဆောင်ပေးမှု့များကို စနစ်တကျ ပြန်လည်ဆောင်ရွက်ပေးနေပါပြီ။

📞 အခုပဲ ဆက်သွယ်မှာယူလိုက်ပါ
လူကြီးမင်းတို့ရဲ့ လုပ်ငန်းခွင် ကြန့်ကြာမှုမရှိစေဖို့ အခုကတည်းက ကြိုတင်မှာယူထားဖို့ တိုက်တွန်းပါရစေခင်ဗျာ။
ဖုန်းနံပါတ်များ -
09-409584400
09-409585500
09-409584499
📍 ဆိုင်လိပ်စာ -
၆၂လမ်း၊ ၁၂၈လမ်းနှင့် ၁၂၉လမ်းကြား၊ မန္တလေးမြို့။

#ရွှေလက်ပံ #သံချောင်း #အိမ်ဆောက်ချင်သူများ #အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်

သံဈေး Update ကို ချက်ချင်းသိဖို့ Telegram Channel ကို ဘာလို့ Join သင့်တာလဲ?သံဈေးကွက်ထဲမှာ အခွင့်အရေးကို လက်မလွတ်စေဖို့ T...
11/04/2026

သံဈေး Update ကို ချက်ချင်းသိဖို့ Telegram Channel ကို ဘာလို့ Join သင့်တာလဲ?
သံဈေးကွက်ထဲမှာ အခွင့်အရေးကို လက်မလွတ်စေဖို့ Telegram က အကောင်းဆုံး လက်နက်တစ်ခု ဖြစ်ရတဲ့ အကြောင်းရင်း (၄) ချက် ရှိပါတယ် -
၁။ မြန်ဆန်တဲ့ Real-time Notifications
Facebook, မှာ ပို့စ်တစ်ခုတင်ရင် လူတိုင်းဆီ ချက်ချင်းမရောက်တတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ Telegram Channel မှာ ဈေးနှုန်း Update တင်လိုက်တာနဲ့ လူကြီးမင်းတို့ရဲ့ ဖုန်းထဲကို Message ချက်ချင်းဝင်လာမှာ ဖြစ်လို့ ဈေးတွေကျနေတုန်း အမိအရ ဝယ်ယူနိုင်မယ့် အခွင့်အရေးကို လက်မလွတ်တော့ပါဘူး။
၂။ ကြည်လင်ပြတ်သားတဲ့ Price List
Telegram မှာတော့ ကျွန်တော်တို့ရဲ့ HRB-400/500 Price List တွေကို ကြည်လင်ပြတ်သားတဲ့ ပုံရိပ်တွေ (သို့မဟုတ်) PDF File တွေအနေနဲ့ တိုက်ရိုက်ကြည့်ရှုနိုင်လို့ ပိုမိုလွယ်ကူမှာဖြစ်ပါတယ်။
၃။ ရှာဖွေရ လွယ်ကူခြင်း (Search History)
ယမန်နေ့က ဈေးနှုန်း ဒါမှမဟုတ် ပြီးခဲ့တဲ့ အပတ်က ဈေးနှုန်းတွေကို ပြန်ကြည့်ချင်ရင် Telegram ရဲ့ Search ကဏ္ဍမှာ ရက်စွဲရိုက်ထည့်ရုံနဲ့ ဈေးနှုန်းမှတ်တမ်းတွေကို အလွယ်တကူ ပြန်လည်ရှာဖွေနိုင်ပါတယ်။
၄။ အထူးသီးသန့် ပရိုမိုးရှင်းများ (Telegram Exclusive)
တစ်ခါတစ်ရံမှာ Telegram Channel မှာ Join ထားတဲ့ မိသားစုဝင်တွေအတွက်ပဲ သီးသန့်ပေးမယ့် "Flash Sale" အစီအစဉ်တွေနဲ့ "ပစ္စည်းသစ်တွေဝင်လာတဲ့ သတင်းများ" ကို Telegram မှာ ဦးဦးဖျားဖျား ကြေညာပေးသွားမှာ ဖြစ်ပါတယ်။

Join ရန် လွယ်ကူသော နည်းလမ်း
၁။ Link မှတစ်ဆင့် Join ရန်: https://t.me/shwelattpan ကို နှိပ်ပြီး "Join" လုပ်လိုက်ရုံပါပဲ။

ကျွန်တော်တို့ ရွှေလက်ပံ (Shwe Latt Pan) ဟာ မန္တလေးမြို့တည်ရှိတဲ့ သံချောင်းဖြန့်ချိရေး ဆိုင် ဖြစ်တာနဲ့အညီ လူကြီးမင်းတို့အတွက် အကောင်းဆုံး ဝန်ဆောင်မှုတွေကို နည်းပညာနဲ့ ပေါင်းစပ်ပြီး ပေးဆောင်နေပါတယ်။
ဈေးနှုန်းတွေ ရှုပ်ထွေးနေတဲ့ ခေတ်မှာ တိကျတဲ့ Update တွေကို လက်ဝယ်ပိုင်ပိုင် သိထားနိုင်ဖို့ အခုပဲ Join ထားလိုက်ကြရအောင်ဗျို့!
📞 အသေးစိတ်စုံစမ်းရန်: 09-409584400, 09-409585500, 09-409584499
📍 လိပ်စာ: ၆၂လမ်း၊ ၁၂၈လမ်းနှင့် ၁၂၉လမ်းကြား၊ မန္တလေးမြို့။
#သံဈေးနှုန်းများ #ရွှေလက်ပံ

မန္တလေးမြို့ခံ အိမ်ရှင်များနှင့် ကန်ထရိုက်တာကြီးများအတွက် သင်္ကြန်ပိတ်ရက်မတိုင်ခင် လုပ်ငန်းခွင်အမီ ပစ္စည်းပို့ဆောင်နိုင်...
07/04/2026

မန္တလေးမြို့ခံ အိမ်ရှင်များနှင့် ကန်ထရိုက်တာကြီးများအတွက် သင်္ကြန်ပိတ်ရက်မတိုင်ခင် လုပ်ငန်းခွင်အမီ ပစ္စည်းပို့ဆောင်နိုင်ဖို့ ရွှေလက်ပံ (Shwe Latt Pan) မှ အရေးကြီးသတိပေးချက်လေး ထုတ်ပြန်လိုက်ပါတယ်ခင်ဗျာ။

📢 မန္တလေးမြို့တွင်း (၃) တန်ပို့ဆောင်မှုအတွက် "နောက်ဆုံးရက်" သတိပေးချက်!
သင်္ကြန်အတာရေသဘင်ပွဲတော်ကြီး နီးကပ်လာတာနဲ့အမျှ လမ်းမကြီးတွေပေါ်မှာ မဏ္ဍပ်တွေဆောက်တာ၊ ကားအသွားအလာ ကန့်သတ်တာတွေ ရှိလာတော့မှာဖြစ်သလို ကုန်တင်ကားကြီးတွေ သွားလာဖို့လည်း ခက်ခဲလာပါတော့မယ်။
ဒါကြောင့် လူကြီးမင်းတို့ရဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေ သင်္ကြန်တွင်းမှာ လုပ်ငန်းမရပ်နားစေဖို့နဲ့ ပစ္စည်းပြတ်လပ်မှုမရှိစေဖို့ မန္တလေးမြို့တွင်း (၃) တန်နှင့်အထက် အခမဲ့ပို့ဆောင်ပေးမည့် အစီအစဉ်ကို အောက်ပါအတိုင်း သတ်မှတ်လိုက်ပါတယ် -
🗓 ပို့ဆောင်မှု နောက်ဆုံးရက် - ၁၀.၄.၂၀၂၆ (သောကြာနေ့)
ဧပြီလ ၇ ရက်နေ့မှ စတင်ပြီး ဧပြီလ ၁၀ ရက်နေ့ အထိသာ မန္တလေးမြို့တွင်း (၃) တန်နှင့်အထက် မှာယူသူများကို ကျွန်တော်တို့ရဲ့ ရွှေလက်ပံမှ အိမ်အရောက် အခမဲ့ (Free Delivery) ပို့ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။
ဘာကြောင့် အခုပဲ အမြန်မှာယူသင့်တာလဲ?
၁။ လမ်းပိတ်ဆို့မှုများကို ရှောင်ရှားနိုင်ခြင်း
ဧပြီလ ၁၀ ရက်နေ့နောက်ပိုင်းမှာ လမ်းကြောင်းအခက်အခဲတွေကြောင့် ကားကြီးတွေ ဝင်ရောက်ဖို့ ခက်ခဲသွားနိုင်ပါတယ်။ ပစ္စည်းအချိန်မီမရောက်ရင် လုပ်ငန်းကြန့်ကြာသွားနိုင်လို့ အခုကတည်းက ကြိုတင်မှာထားဖို့ တိုက်တွန်းပါရစေ။

၂။ ဈေးနှုန်းအကျဘက်မှာ ရှိနေတုန်း ဝယ်ယူနိုင်ခြင်း
ပြီးခဲ့တဲ့ (၄) ရက်နေ့ကတင် HRB-500 သံချောင်းတွေ ဈေးထပ်မံကျဆင်းထားတာကြောင့် အခုဝယ်ရင် "ဈေးလည်းသက်သာ - ပို့ခလည်းမကုန်" တဲ့ အကောင်းဆုံးအချိန် ဖြစ်ပါတယ်။
၃။ လုပ်ငန်းခွင် အဆင်သင့်ဖြစ်နေစေခြင်း
သင်္ကြန်ပြီးတာနဲ့ လုပ်ငန်းချက်ချင်းပြန်စနိုင်ဖို့ သံချောင်းတွေကို ဆိုဒ်ထဲမှာ အဆင်သင့်ရှိနေစေခြင်းက ပိုင်ရှင်အတွက်ရော၊ အင်ဂျင်နီယာအတွက်ပါ စိတ်အေးရဆုံးပါပဲ။

ကျွန်တော်တို့ရဲ့ ဝန်ထမ်းများဟာ သင်္ကြန်မတိုင်ခင် နောက်ဆုံးအော်ဒါတွေကို အချိန်မီ ပို့ဆောင်ပေးနိုင်ဖို့ အစွမ်းကုန် ကြိုးစားနေကြပါတယ်။ HRB-400 / HRB-500 သံချောင်းတွေကို kg တိကျစွာဖြင့် လူကြီးမင်းတို့ ဆိုဒ်အရောက် ပို့ဆောင်ပေးသွားမှာပါ။
သတိပြုရန်: ၁၀.၄.၂၀၂၆ နောက်ပိုင်း မှာယူသည့် အော်ဒါများကို သင်္ကြန်ရုံးပိတ်ရက်အပြီးမှသာ ပြန်လည်ပို့ဆောင်ပေးနိုင်မည် ဖြစ်ပါသဖြင့် အမြန်ဆုံး မှာယူကြပါရန် နှိုးဆော်အပ်ပါသည်။
📞 အော်ဒါတင်ရန် ဖုန်းနံပါတ်များ - 09-409584400, 09-409585500, 09-409584499
📍 ဆိုင်လိပ်စာ - ၆၂လမ်း၊ ၁၂၈လမ်းနှင့် ၁၂၉လမ်းကြား၊ မန္တလေးမြို့။
#ရွှေလက်ပံ #သံချောင်းပို့ဆောင်ရေး

မြန်မာတို့ရဲ့ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကြီး ရောက်ဖို့ ရက်ပိုင်းပဲ လိုပါတော့တယ်။ သင်္ကြန်ဆိုတာ ပျော်ရွှင်စရာကောင်းသလိ...
06/04/2026

မြန်မာတို့ရဲ့ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကြီး ရောက်ဖို့ ရက်ပိုင်းပဲ လိုပါတော့တယ်။ သင်္ကြန်ဆိုတာ ပျော်ရွှင်စရာကောင်းသလို တစ်ဖက်မှာလည်း ရုံးပိတ်ရက်၊ ဂိတ်ပိတ်ရက်တွေရှည်တာကြောင့် ဆောက်လုပ်ရေးပစ္စည်းတွေမှာ "ပစ္စည်းပြတ်လပ်တာ" နဲ့ "ဈေးနှုန်းမတည်ငြိမ်တာ" တွေ ဖြစ်လေ့ရှိပါတယ်။
ဒါကြောင့် သင်္ကြန်တွင်းမှာ ရေကစားရင်း၊ ကုသိုလ်ယူရင်းနဲ့ သံဈေးတွေအကြောင်း တွေးပြီး စိတ်မပူရလေအောင်...ကျွန်တော်တို့ ရွှေလက်ပံ မှာ အော်ဒါများလက်ခံနေပါပြီ။

ဘာကြောင့် သင်္ကြန်မတိုင်ခင် ဝယ်ထားသင့်တာလဲ?
၁။ ဈေးနှုန်းကို Lock လုပ်ထားနိုင်ခြင်း
သင်္ကြန်ပြီးရင် ဈေးကွက်ပြန်ဖွင့်တဲ့အခါ ဝယ်လိုအားများနိုင်တာကြောင့် ဈေးနှုန်းတွေက အတက်ဘက်ကို ဦးတည်သွားတတ်ပါတယ်။ အခုဈေးအေးနေတုန်း ဝယ်ယူထားခြင်းက သင့်ရဲ့ ဘတ်ဂျက်ကို အထိရောက်ဆုံး ကာကွယ်ထားနိုင်ပါတယ်။ "ပစ္စည်းဝယ်ထားမှ... အေးဆေးရေကစား" လို့ ရမှာပါ။

၂။ အခုဝယ် - နောက်မှသယ် ဆိုဒ်ထဲမှာ ပစ္စည်းချဖို့ နေရာမရှိသေးဘူး
သင်္ကြန်တွင်း စောင့်မယ့်သူမရှိဘူး ဆိုပြီး ဝေခွဲမရဖြစ်နေလား? စိတ်မပူပါနဲ့။ ရွှေလက်ပံ မှာ အခုပဲ အော်ဒါတင် ငွေချေထားလိုက်ပါ။ လူကြီးမင်းတို့ လိုအပ်တဲ့အချိန် (သင်္ကြန်ပြီးမှ) သယ်ယူနိုင်ဖို့ ကျွန်တော်တို့ရဲ့ ဂိုဒေါင်မှာ အခမဲ့ စနစ်တကျ သိမ်းဆည်းပေးထားမှာ ဖြစ်ပါတယ်။

၃။ ပစ္စည်းပြတ်လပ်မှုကို ကြိုတင်ကာကွယ်ခြင်း
သင်္ကြန်ပြီးခါစကာလမှာ အိမ်ဆောက်သူတွေ ပြိုင်တူမှာယူလေ့ရှိတာကြောင့် လိုချင်တဲ့ ဆိုဒ် (Size) နဲ့ kg (အလေးချိန်) မရမှာကို စိုးရိမ်ရပါတယ်။ အခုကတည်းက ကြိုတင်မှာယူထားရင်တော့ လူကြီးမင်းစိတ်ကြိုက် HRB-400 / HRB-500 Original သံချောင်းတွေကို စိတ်ချလက်ချ ရရှိမှာပါ။

🛠️ ရွှေလက်ပံ (Shwe Latt Pan) မှာ ဘာတွေရနိုင်လဲ?
HRB-500 (10mm - 32mm): အပူဒဏ်ခံ၊ ခိုင်ခံ့မှုအမြင့်ဆုံး (Original & Export)
HRB-400 (10mm - 20mm): စံချိန်မီ အသားပြည့်သံချောင်းများ
နန်းကြိုး၊ ကွိုင် နှင့် စတားကွင်းများ: ဆိုဒ်အစုံ၊ အလေးချိန်အပြည့်

🔔 မနှောင့်နှေးပါနဲ့... သင်္ကြန်ပိတ်ရက်မတိုင်ခင် နောက်ဆုံးအော်ဒါတွေ လက်ခံနေပါပြီ!
စိတ်ရှုပ်စရာတွေကို ရွှေလက်ပံမှာ ထားခဲ့ပြီး ပျော်ရွှင်စရာ သင်္ကြန်ပွဲတော်ကိုပဲ အေးအေးဆေးဆေး ဖြတ်သန်းလိုက်ပါ။ သင်္ကြန်ပြီးရင်တော့ ခိုင်ခံ့တဲ့ သံချောင်းတွေက သင့်လုပ်ငန်းခွင်ထဲကို အဆင်သင့် ရောက်ရှိနေပါလိမ့်မယ်။
📞 အော်ဒါတင်ရန် ဖုန်းနံပါတ်များ - 09-409584400, 09-409585500, 09-409584499
📍 ဆိုင်လိပ်စာ - ၆၂လမ်း၊ ၁၂၈လမ်းနှင့် ၁၂၉လမ်းကြား၊ မန္တလေးမြို့။
#ရွှေလက်ပံ #ပစ္စည်းဝယ်ထားအေးဆေးကစား #သံချောင်းဈေးနှုန်း

ဒီနေ့ ဧပြီလ (၄) ရက်နေ့မှာတော့ အိမ်ဆောက်ဖို့ ပြင်ဆင်နေသူတွေအတွက် ရင်အေးစေမယ့် သတင်းကောင်းတစ်ခု ရှိလာပါပြီ။ ရွှေလက်ပံ (Shw...
04/04/2026

ဒီနေ့ ဧပြီလ (၄) ရက်နေ့မှာတော့ အိမ်ဆောက်ဖို့ ပြင်ဆင်နေသူတွေအတွက် ရင်အေးစေမယ့် သတင်းကောင်းတစ်ခု ရှိလာပါပြီ။ ရွှေလက်ပံ (Shwe Latt Pan) ရဲ့ အရည်အသွေးအမြင့်ဆုံး HRB-500 သံချောင်းဈေးနှုန်းတွေ ထပ်မံကျဆင်းသွားပါပြီ!

📉 ဧပြီလရဲ့ အအေးမြဆုံးသတင်း - HRB-500 ဈေးနှုန်းများ ထပ်မံကျဆင်း!
"ဈေးကျမှာကို စောင့်နေကြတဲ့ လူကြီးမင်းတို့အတွက် အခွင့်ကောင်း ရောက်လာပါပြီ"

ဒီနေ့ ၄.၄.၂၀၂၆ ရက်နေ့မှာတော့ ဆောက်လုပ်ရေးလောကရဲ့ အကောင်းဆုံး Grade တစ်ခုဖြစ်တဲ့ HRB-500 သံချောင်းဈေးနှုန်းတွေဟာ အောက်ပါဆိုဒ်တွေမှာ သိသိသာသာ ထပ်မံကျဆင်းသွားပါတယ် -

✅ (၃မူး) 10mm

✅ (၅မူး) 12mm

✅ (၆မူး) 16mm

ဘာကြောင့် အခုဝယ်သင့်တာလဲ?
၁။ အကောင်းဆုံးကို အသက်သာဆုံးနဲ့ ရနိုင်ခြင်း
HRB-500 ဆိုတာ သံသားပါဝင်မှု အပြည့်ဆုံးနဲ့ ခံနိုင်ရည်အား (Tensile Strength) အမြင့်ဆုံး Grade ပါ။ ပုံမှန်ဆိုရင် ဈေးအမြင့်မှာ ရှိနေတတ်ပေမဲ့ အခုလို ဈေးကျဆင်းနေတဲ့အချိန်မှာ ဝယ်ယူခြင်းက သင့်အိမ်အတွက် အကောင်းဆုံးရင်းနှီးမြှုပ်နှံမှု ဖြစ်မှာပါ။

၂။ သင်္ကြန်မတိုင်ခင် အော်ဒါပိတ်ထားနိုင်ခြင်း
ရုံးပိတ်ရက်ရှည်မတိုင်ခင် ဈေးအေးနေတုန်း အော်ဒါတင်ထားခြင်းဖြင့် နောက်ပိုင်း ဈေးပြန်တက်လာနိုင်တဲ့ အန္တရာယ်ကနေ ကြိုတင်ကာကွယ်နိုင်ပါတယ်။

၃။ "ဈေးကျပေမဲ့ အရည်အသွေးကတော့ မကျပါဘူး"
ဈေးနှုန်းတွေ ကျဆင်းသွားပေမဲ့ ကျွန်တော်တို့ ရွှေလက်ပံ ရဲ့ ထုံးစံအတိုင်း ပစ္စည်းမှန်၊ kg အပြည့်နဲ့ အာမခံချက်တွေကိုတော့ ယခင်အတိုင်း အပြည့်အဝ ပေးဆောင်သွားမှာ ဖြစ်ပါတယ်။

အချိန်မဆွဲပါနဲ့... အခုပဲ ဖုန်းဆက်လိုက်ပါ!
ဈေးနှုန်းတွေဟာ အချိန်နဲ့အမျှ ပြောင်းလဲနိုင်တာကြောင့် အခုကျဆင်းနေတဲ့ Update ဈေးနှုန်း ကို အသေးစိတ်သိရှိဖို့ ကျွန်တော်တို့ဆီကို အမြန်ဆုံး ဆက်သွယ်လိုက်ပါ။

📞 အော်ဒါတင်ရန် ဖုန်းနံပါတ်များ -

09-409584400

09-409585500

09-409584499

📍 ဆိုင်လိပ်စာ -
၆၂လမ်း၊ ၁၂၈လမ်းနှင့် ၁၂၉လမ်းကြား၊ မန္တလေးမြို့။

အိမ်ဆောက်မယ့်သူတွေ အမေးအများဆုံးဖြစ်တဲ့ "သံချောင်းဆိုဒ်ချင်း တူတူပဲကို... kg တွေက ဘာလို့ ကွာနေတာလဲ?" ဆိုတဲ့ အချက်ကို ပွင...
03/04/2026

အိမ်ဆောက်မယ့်သူတွေ အမေးအများဆုံးဖြစ်တဲ့ "သံချောင်းဆိုဒ်ချင်း တူတူပဲကို... kg တွေက ဘာလို့ ကွာနေတာလဲ?" ဆိုတဲ့ အချက်ကို ပွင့်လင်းမြင်သာစွာ ရှင်းပြပေးချင်ပါတယ်ခင်ဗျာ။
မသိသေးတဲ့သူတွေအတွက်တော့ ဒါဟာ ဈေးဝယ်ရာမှာ အကြီးမားဆုံး အမှားတစ်ခု ဖြစ်သွားနိုင်လို့ အဆုံးထိ ဖတ်ကြည့်ဖို့လိုအပ်ပါတယ်။

💡 "10mm ချင်းတူပေမယ့်... kg မတူရင် တန်ဖိုးချင်း မတူပါဘူး"
ကျွန်တော်တို့ဆီက ဈေးနှုန်းစာရင်းကို ကြည့်ရင် ဥပမာအားဖြင့် (၃မူး) 10mm သံချောင်းချင်း တူနေတာတောင်
HRB-400 Original: 5.7 kg ရှိပြီး ဈေးက ၃,၄၃၀,၀၀၀ ကျပ်
HRB-400 Export Quality: 5kg ရှိပြီး ဈေးက ၂,၄၈၀,၀၀၀ ကျပ်
HRB-400 Local: 3.9 kg ပဲရှိပြီး ဈေးက ၂,၁၆၀,၀၀၀ ကျပ်
"ဘာလို့ ဒီလောက်တောင် ကွာနေရတာလဲ?" အဖြေကတော့ "သံသား ပါဝင်မှု (Volume/Density)" ကြောင့်ပါပဲ။

⚖️ ၁။ KG ကွာတာဟာ 'သံသားပါဝင်မှု့ အနည်း အများ' ကွာတာပါ
သံချောင်းတစ်ချောင်းရဲ့ kg ဆိုတာ အဲဒီသံချောင်းထဲမှာ သံသား ဘယ်လောက် အခိုင်အမာ ပါဝင်သလဲဆိုတာကို တိုင်းတာတာပါ။
Original (Standard Weight): နိုင်ငံတကာ စံချိန်စံညွှန်းအတိုင်း သံသားအပြည့် ထုတ်လုပ်ထားတာမို့ ပိုလေးပါတယ်။ အိမ်ရဲ့ ဝန်ကို အပြည့်အဝ ခံနိုင်ပါတယ်။
Export/Local : ဒါကို ဈေးကွက်ထဲမှာ "ပြည်တွင်း ထုတ်" လို့လည်း ခေါ်ကြပါတယ်။ မျက်စိနဲ့ ကြည့်ရင် 10mm ချင်း တူသလို ထင်ရပေမဲ့ သံသားပါဝင်မှု နည်းတဲ့အတွက် ပေါ့ပါတယ်။ ဒါကြောင့် ဈေးလည်း ပိုသက်သာသွားတာပါ။ Export Quality သံချောင်းထက် local သံချောင်းတွေက kg ပိုနည်းပါတယ်။
🏗️ ၂။ အိမ်ဆောက်ရင် ဘာလို့ kg ကို ကြည့်သင့်တာလဲ?
အင်ဂျင်နီယာတွေ တွက်ချက်တဲ့အခါမှာ သံချောင်းရဲ့ "အချင်း" ထက် "သံသားရဲ့ ခံနိုင်ရည်အား" ကို ပိုကြည့်ပါတယ်။
သင်က kg လျော့တဲ့ သံချောင်းကို သုံးမိရင် အင်ဂျင်နီယာ တွက်ချက်ထားတဲ့ ဝန် (Load) ကို အိမ်က တကယ်တမ်းမှာ မခံနိုင်တော့ဘဲ နံရံအက်တာ၊ ကြမ်းပြင်နိမ့်ဆင်းတာတွေ ဖြစ်လာနိုင်ပါတယ်။
"ဈေးသက်သာလို့ ဝယ်လိုက်တယ်" ဆိုပေမဲ့ သံသားပါဝင်မှုချင်း နှိုင်းယှဉ်ရင် တကယ်တမ်းမှာ သံသားပြည့်တဲ့ သံချောင်းကသာ တန်ဖိုး (Value) အရှိဆုံး ဖြစ်ပါတယ်။
💰 ၃။ "ရွှေလက်ပံ" မှာ ဘာကြောင့် အစုံထားပေးတာလဲ?
ဝယ်ယူသူတွေရဲ့ ဘတ်ဂျက်နဲ့ လိုအပ်ချက်ချင်း မတူတာကြောင့် ကျွန်တော်တို့က အစုံတင်ပေးထားတာပါ။ ဒါပေမဲ့ ကျွန်တော်တို့က "ဘယ်ဟာကတော့ kg ဘယ်လောက်ရှိတယ်" ဆိုတာကို ပွင့်ပွင့်လင်းလင်း ဖော်ပြပါတယ်။
"ဈေးတစ်ခုတည်းကိုပဲ မကြည့်ပါနဲ့... kg (အလေးချိန်) ကိုပါ တွဲကြည့်မှသာ အိမ်အတွက် အမှန်ကန်ဆုံး ဆုံးဖြတ်ချက်ကို ချနိုင်မှာပါ"
"သံချောင်းဝယ်ရင် kg မေးဖို့ မမေ့ပါနဲ့"။
📞 ဆက်သွယ်ရန် -09-409584400, 09-409585500, 09-409584499
📍 လိပ်စာ -၆၂လမ်း၊ ၁၂၈လမ်းနှင့် ၁၂၉လမ်းကြား၊ မန္တလေးမြို့။
#သံချောင်းဈေးနှုန်းများ #သံချောင်းဗဟုသုတ #ရွှေလက်ပံ

Address

62nd Street, Between 128th And 129th Streets, Pyigyitagun Township

05000

Opening Hours

Monday 08:00 - 17:30
Tuesday 08:00 - 17:30
Wednesday 08:00 - 17:30
Thursday 08:00 - 17:30
Friday 08:00 - 17:30
Saturday 08:00 - 17:30
Sunday 08:00 - 17:30

Alerts

Be the first to know and let us send you an email when ရွှေလက်ပံ - Shwe Latt Pan posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Business?

Share