Shuang Feng

Shuang Feng စိုက်ပျိုးရေးသုံး ရေပိုက်နှင့် ဆက်?

24/07/2023

သဘာဝပေါင်းသတ်ဆေးပြုလုပ်နည်း

ပါဝင်ပစ္စည်းများ
-------
၁။ ဆား
၂။ရှာလကာရည်
၃။ပုလဲ(နိုက်တြိုဂျင်ဓာတ်မြေဩဇာ)

ပြုလုပ်ပုံ
-----
ဆား* ၆၀ကျပ်သား၊ပုလဲ* ၆၀ကျပ်သား၊ရှာလကာရည်*နို့ဆီဗူးတစ်ဗူး၊ ရေ၁၀လီတာတို့ကိုသမအောင်မွှေပေးပါ၊ပြီးလျှင်တစ်ညအိပ်ထားပါ။
အဖုံးကိုလေလုံအောင်ပိတ်ပါ၊

အသုံးပြုပုံ
------
ဆေးရည်နို့ဆီဗူးတဝက်ကိုဆပ်ပြာရည်၂ဇွန်း၊ရေလီတာ၂၀နဲ့ရောပြီးဖြန်းပေးပါ၊ဆပ်ပြာရည်ကစွဲကပ်အောင်ဖြစ်ပါတယ်။

ပေါင်းပင်ထူလျှင်ပထမအကြိမ်ဖြန်းပြီးအပင်များငြှိုးသွားချိန်နောက်တကြိမ်ပေါင်းပင်အောက်ခြေကိုထိအောင်ဖြန်းပေးပါ၊ဆားနဲ့ရှာလကာရည်ကပေါင်းပင်တွေကိုသေစေပြီးပုလဲကတော့သေသွားတဲ့ပေါင်းပင်တွေကိုမြေဩဇာပြန်ဖြစ်အောင်ပါ။
(သတိပြုရမှာကကိုယ်စိုက်ပျိုးထားတဲ့အပင်တွေကိုမထိပါစေနဲ့၊လောင်တတ်ပါသည်။)
အကောင်းဆုံးကမြေပြင်ချိန်မှာပေါင်းထူလျှင်အသုံးပြုတာပိုကောင်းပါတယ်။

ဩဂဲနစ်တောင်သူများသိလိုတဲ့သဘာဝမြက်သတ်ဆေး၊သဘာဝပေါင်းသတ်ဆေးအကြောင်းကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။(မှတ်ချက်ပေါင်းပင်ထူလျှင်ဆေးပိုထည့်နိုင်ပါသည်။
Crd
မူရင်းဆရာဦးဝင်းမြင့်(IQ) ၊
ဒေါ်စန်းစန်းညီအောင်

#စိုက်ပျိုးရေးသုံးရေပိုက်နှင့်ပိုက်ဆက်ပစ္စည်းမျိုးစုံကိုShuangFengမှာဝယ်လို့ရပါတယ်နော်

17/07/2023

တချို့ပစ္စည်းလေးတွေ စျေးနှုန်း
အပြောင်းအလဲရှိပါမယ်

အသေးစိတ်ကို Page Messenger မှာ မေးမြန်းနိုင်သလို
Viberနံပါတ် 09-962649091နှင့်
09-785873157 တို့မှာလည်း မေးမြန်းနိုင်ပါတယ်ခင်ဗျာ
စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ

ဆိုင်ကလုန်း မိုခါ တစ်နာရီလျှင် မိုင် ၁၆၀ နှုန်းဖြင့် တိုက်ခတ်နိုင်ကြောင်း သဘာဝဘေးစောင့်ကြည့်မှုအဖွဲ့ (GDACS) ထပ်တိုးခန့်...
14/05/2023

ဆိုင်ကလုန်း မိုခါ တစ်နာရီလျှင် မိုင် ၁၆၀ နှုန်းဖြင့် တိုက်ခတ်နိုင်ကြောင်း သဘာဝဘေးစောင့်ကြည့်မှုအဖွဲ့ (GDACS) ထပ်တိုးခန့်မှန်း၊ လူပေါင်း သန်းနှင့်ချီ ထိခိုက်နိုင်
----------------------------
ရခိုင်ကမ်းရိုးတန်းမှတစ်ဆင့် မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်တို့သို့ နာရီပိုင်းအတွင်း ဝင်ရောက်လာတော့မည့် ဆိုင်ကလုန်းမိုခါ၏ လေတိုက်နှုန်းသည် တစ်နာရီမိုင် ၁၆၀ နှုန်း ရှိနိုင်ကြောင်း ကမ္ဘာလုံးဆိုင်ရာ သဘာဝဘေးစောင့်ကြည့်မှုအဖွဲ့ (GDACS) ထပ်တိုးခန့်မှန်းချက်ကို ယနေ့ နံနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။

GDACS ၏ ခန့်မှန်းချက်အရ ရခိုင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသခံ ၁ သန်းစီ၊ ချင်းပြည်နယ်နှင့် မကွေးတိုင်းတို့မှ ဒေသခံ ၂၄၀,၀၀၀ စီတို့ ထိခိုက်နိုင်ကြောင်း ဆိုသည်။

မုန်တိုင်းသည် မြန်မာစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၃၀ တွင် ရခိုင်ကမ်းရိုးတန်းကို စတင်ဝင်ရောက်မည်ဖြစ်သည်။ ထိုမှတစ်ဆင့် စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ဧရာဝတီနှင့် ချင်းပြည်နယ်သို့ ရောက်ရှိကာ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၇၀) မှ မိုင်(၉၀) ခန့်အထိ ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ခန့်မှန်းထားသည်။

မုန်တိုင်းဖြတ်ကျော်စဉ် မုန်တိုင်းဒီရေသည် ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ကျောက်ဖြူခရိုင်နှင့် မောင်တောခရိုင်တို့ရှိ မြစ်ဝ၊ မြစ်လက်တက်များအတွင်း (၁၆) ပေမှ ပေ(၂၀) ခန့်အထိ မြင့်တက်လာနိုင်သည်ဟုလည်း မိုးဇလက ခန့်မှန်းသည်။

မုန်တိုင်းကြောင့် လေကြောင်းပျံသန်းမှုအားလုံး ပိတ်ပင်ထားပြီး ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်သို့ လုံးဝ (လုံးဝ) မထွက်ရန် မိုးဇလက တိုက်တွန်းထားသည်။

ထို့ပြင် မုန်တိုင်းဒီရေ မြင့်တက်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းတို့ ဖြစ်ပေါ်နိုင်သည်ဟုလည်း သတိပေးထားသည်။

(ပုံစာ GDACက ထုတ်ပြန်ထားသည် မုန်တိုင်းဝင်ရောက်မည့် လမ်းကြောင်းနှင့် လေတိုက်နှုန်းပြမြေပုံ)

မုန်တိုင်းနှင့် ပတ်သက်သည့် နောက်ဆုံးရသတင်းများကို Myanmar Now ဝက်ဆိုက် ထုတ်လွှင့်ချက်များကို ဤနေရာတွင် ဖတ်နိုင်ပါသည်
- https://myanmar-now.org/mm/news/36306/

မုန်တိုင်းမဝင်မီ မုန်တိုင်းအန္တရာယ် ကြိုတင်ပြင်ဆင်ရန် အချက်များ(ရခိုင်ဘာသာစကား) ဖြင့် ဖော်ပြချက်ကို ဤနေရာတွင် ကြည့်နိုင်ပါသည် − https://bit.ly/3I8jlLr

မုန်တိုင်းဖြစ်ပေါ်နေချိန်နှင့် ဖြစ်ပြီးနောက်တွင် ရှောင်ရန် ဆောင်ရန် အချက်များကို ဤနေရာတွင် ကြည့်နိုင်ပါသည် − https://bit.ly/3M3vti1

#မိုခါ #မုန်တိုင်း #ရခိုင်ကမ်းရိုးတန်း

to Myanmar Now

Category 5 အဆင့်ဆိုတာ အမြင့်ဆုံးအဆင့်ပါ

ကျေးဇူးရှင်တောင်သူဦးကြီးများ အထူးသတိပြုနေထိုင်ကြပြီး ဘေးအန္တရာယ်ကင်းစွာဖြင့် ကျော်လွှားနိုင်ကြပါစေ ခင်ဗျာ

၂၀၂၃ ခုနှစ် မတ်လ ၂ ရက်နေ့တွင် ကျရောက်သောတောင်သူလယ်သမားနေ့အားShuang Feng Myanmarမှ ကြိုဆိုဂုဏ်ပြုလိုက်ပါတယ် ခင်ဗျာတောင်သူ...
02/03/2023

၂၀၂၃ ခုနှစ် မတ်လ ၂ ရက်နေ့တွင် ကျရောက်သော
တောင်သူလယ်သမားနေ့အား
Shuang Feng Myanmarမှ ကြိုဆိုဂုဏ်ပြုလိုက်ပါတယ် ခင်ဗျာ

တောင်သူဦးကြီးများ ကျန်းမာချမ်းသာစွာနဲ့
ဘေးဘယာကင်းဝေးကြပါစေ
သီးနှံများအထွက်တိုးကာ စီးပွားလာဘ်လာဘများ
အစဥ်ထာဝရ တိုးတက်ကြပါစေ ခင်ဗျာ

#တောင်သူလယ်သမားနေ့

မင်္ဂလာပါခင်ဗျာ 🙏German နည်းပညာသုံးPVC Pipeများနှင့် မိတ်ဆက်ပေးပါရစေခင်ဗျာစက်ရုံတိုက်ရိုက်ပါခင်ဗျပိုက်ဆက်များအနေဖြင့်Soc...
20/12/2022

မင်္ဂလာပါခင်ဗျာ 🙏
German နည်းပညာသုံး
PVC Pipeများနှင့် မိတ်ဆက်ပေးပါရစေခင်ဗျာ
စက်ရုံတိုက်ရိုက်ပါခင်ဗျ

ပိုက်ဆက်များအနေဖြင့်
Socket = 1/2",1",3/4",1",11/2",2",3",4",6"

90 Elbow = 1/2",3/4",1",11/4",11/2",2",3",4",6"

3ဖက်Tee = 1/2",3/4",1",11/2",2",3",4"

Valve Socket = 1/2",3/4",1",11/4",11/2",2",3",4"

Reducing Tee=1"3/4",11/2"1",2"1", 2" 11/2", 3"2",4"2",4"3",6"4"

45 Reducing Y = 3"×2",4"×2",4"×3"

90 Double TY = 4"

Cap Plug = 3/4",1",2", 3",4",6"

Saddle = 1/2",3/4",1",11/4",11/2",2"

Faucet = 1/2",3/4",1",11/2",2",3",4"

Reducing Socket = 1"3/4",11/2"1",11/2"1/4"
2"1",2"1",2"11/4",3"2",4"

45Elbow = 1/2",3/4",1",11/4",11/2",2",3",4"

Reducing Elbow = 1/2"3/4",1"3/4"

Faucet Elbow = 1/2",3/4",1"

Faucet Tee = 3/4"

Increaser = 2"11/2",3"2",4"2",4"3",6"4"

စသော အမျိုးအစားများအား အရည်အသွေးပြည့်မှီ
စျေးနှုန်းချိုသာစွာနဲ့ ရပါမည် ခင်ဗျာ

ပိုက်ရှည်များကိုတော့
1/2"
3/4"
1"
11/4"
11/2"
2"
2" ခွဲ
3"
4"
4"ခွဲ
5''
6''
8''
10"
12"
14" စသောပိုက်များကို

Class 5
Class 8.5
Class 13.5 ဆိုပြီး
အရှည် 5.8m ဖြင့်ရရှိပါမယ်

ထို့ပြင် Rain Gutterများကို
4'',5''
Class 13.5ဖြင့် အရှည် 5.8m ဖြင့်ရရှိပါမယ် ခင်ဗျ

စျေးနှုန်းသိလိုသည်ဖြစ်စေ
စုံစမ်းမေးမြန်းလိုသည်ဖြစ်စေ
Viber နံပါတ် 09-962649091ကိုသော်လည်းကောင်း Chat boxမှာသော်လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်သလို
ဖုန်းနံပါတ် 09-962649091/09-785873157တို့သို့လည်း ဆက်သွယ်မှာယူနိုင်ပါတယ်ခင်ဗျာ

အားလုံးပဲ မင်္ဂလာရှိသော နေ့ရက်လေး ပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ

စက်ရုံတိုက်ရိုက်ဖြစ်သဖြင့် ပိုက်ဆက်များကို သတ်မှတ်အရေအတွက်ဖြင့်သာ ရောင်းချပါသည်

#စက်ရုံတိုက်ရိုက်ထုတ်ကုန်

စိုက်ခင်းမှာပဲသုံးသုံး မြက်ခင်းတွေမှာပဲ ဖြန်းဖြန်းအရမ်းကို အဆင်ပြေတဲ့ ပစ္စည်းလေးပါစျေးနှုန်းလေးကလည်း တန်မှတန်နော်ဆက်သွယ်...
20/12/2022

စိုက်ခင်းမှာပဲသုံးသုံး မြက်ခင်းတွေမှာပဲ ဖြန်းဖြန်း
အရမ်းကို အဆင်ပြေတဲ့ ပစ္စည်းလေးပါ
စျေးနှုန်းလေးကလည်း တန်မှတန်နော်

ဆက်သွယ်မှာယူလိုပါက
Page Chat Boxမှာဖြစ်စေ
Viberနံပါတ် 09-962649091သို့ဖြစ်စေ
ဆက်သွယ်စုံးစမ်းမေးမြန်းနိုင်သလို

Ph - 09962649091 ကိုသော်လည်းကောင်း
Ph - 09785873157 သို့သော်လည်းကောင်း
ဆက်သွယ်မှာယူနိုင်ပါတယ် ခင်ဗျ

မင်္ဂလာရှိသောနေ့ရက်လေးကို ကိုယ်စီကိုယ်ငှ ပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ 🙏🙏🙏

Rangasthalam ထဲက မင်းသား Ram Charanသုံးတဲ့ ပိုက်အမျိုးအစားပါChitti Babuကတော့ ဝယ်တဲ့နေရာ ညွှန်းလိုက်ပြီနော်မိတ်ဆွေတို့ အန...
06/09/2022

Rangasthalam ထဲက မင်းသား Ram Charanသုံးတဲ့ ပိုက်အမျိုးအစားပါ
Chitti Babuကတော့ ဝယ်တဲ့နေရာ ညွှန်းလိုက်ပြီနော်
မိတ်ဆွေတို့ အနေနဲ့ ဆက်သွယ်မှာယူလိုပါက

ဖုန်း - 09962649091
ဖုန်း - 09785873157သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်သလို

Viberနံပါတ် 09 - 962649091
Viberနံပါတ် 09 - 785873157သို့လည်းကောင်း
Page Messengerမှာသော်လည်းကောင်း

အသေးစိတ် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ

''ထန်းပင်များကို တန်ဖိုးထားပါ မိတ်ဆွေခုတ်လှဲလိုက်ရတာ လွယ်ပေမယ့်ပေးဆပ်ရတာ အရမ်းများပါတယ်ပရိဘောဂလုပ်တဲ့နေရာမှာ အလွန်လှတာကြ...
03/05/2022

''ထန်းပင်များကို တန်ဖိုးထားပါ မိတ်ဆွေ
ခုတ်လှဲလိုက်ရတာ လွယ်ပေမယ့်
ပေးဆပ်ရတာ အရမ်းများပါတယ်
ပရိဘောဂလုပ်တဲ့နေရာမှာ အလွန်လှတာကြောင့်လည်း ထန်းပင်တွေကို လွယ်လင့်တကူရောင်းချနေကြပါတယ် ကိုယ့်အပင်ပဲ ကိုယ့်ဘာသာရောင်းတာ ဘာဖြစ်လဲဆိုပေမယ့် တစ်ချိန်မှာ အဲ့ဒီဒဏ်ကို ပြန်လည်ခံစားရမှာ နောက်မျိုးဆက်နဲ့ သဘာဝတရားကြီးပါ"

မဖြစ်မနေ ခုတ်ထွင်ရှင်းလင်းရလျှင်တောင်
ပြန်လည်စိုက်ပျိုးပေးကြဖို့ လိုပါတယ်
ပိုပိုပူအိုက်လာတဲ့ ကမ္ဘာကြီးအတွက်
ကျွန်တော်တို့ဆီက တတ်နိုင်တဲ့လုပ်ဆောင်ချက်လေးတွေနဲ့ ပြန်လည်ကုစားပေးကြရအောင်ပါ




စိုက်ပျိုးရေးသုံးရေပိုက်ပျော့၊ပိုက်ဆက်ပစ္စည်း၊ပလတ်စတစ်ဘောင်အုပ်လိပ်နှင့် အခြားဆက်စပ်ပစ္စည်းများကို ဆက်သွယ်မှာယူလိုပါက
Page Messengerမှာသော်လည်းကောင်း
Viberနံပါတ် 09-962649091ကိုသော်လည်းကောင်း
အသေးစိတ်မေးမြန်းနိုင်သလို
📲 09 - 962649091
📲 09 - 785873157သို့လည်း ဆက်သွယ်မှာယူနိုင်ပါတယ်ခင်ဗျာ

***အောက်မြန်မာပြည် ကွမ်းရွက်စိုက်ပျိုးနည်း***အောက်မြန်မာပြည်ဟု ဆိုသည့်အတိုင်း ပဲခူးတိုင်းမှစ၍အောက်ပိုင်းဒေသများကို ကိုယ်...
21/04/2022

***အောက်မြန်မာပြည် ကွမ်းရွက်စိုက်ပျိုးနည်း***

အောက်မြန်မာပြည်ဟု ဆိုသည့်အတိုင်း ပဲခူးတိုင်းမှစ၍အောက်ပိုင်းဒေသများကို ကိုယ်စားပြုပါသည်။ အနည်းအကျဉ်း ကွာခြားချက်များ ရှိသော်လည်း ယေဘူယျအားဖြင့် ကွာခြားမှုသိပ်မရှိလှပါ။

မြေပြုပြင်ခြင်း

ကွမ်းခြံအကျယ် စိုက်သူများအနေဖြင့် ကွမ်းခြံတည်မည့်နေရာကို နွားထယ်ထိုး၍ ထွန်တစ်စပ် ဝင်ကာမြေပြင်ကြသည်။ ထို့နောက် အမြင့် (၄) လက်မ ဗျက်အကျယ် (၂) ပေ ရှိ ဘောင်ရှည်များ ပြုလုပ်ကြသည်။ ဘောင်တစ်ဘောင်နှင့် တစ်ဘောင် (၃) ပေခြားသည်။ ဒေသအလိုက် အနည်းငယ် ကွာခြားသည်။

ကွမ်းခြံ အကျဉ်း စိုက်သူများ ကွမ်းတိုင် (၅၀၀) စိုက်မည့် သူများအနေဖြင့် (၃၀ x ၄၀) ပေ အရွယ် မြေကွက်သာ လိုရာနွားဖြင့် မြေမပြင်နိုင်ဘဲ ပေါက်ပြားဖြင့်ပင် ကွမ်းစိုက်ဘောင်များ ပြုလုပ်ကြသည်။ အမြင့် (၄) လက်မ ဘောင် ဗျက်အကျယ် (၃) ပေ နှင့် တစ်ဘောင်နှင့် တစ်ဘောင်ခြား တစ်ပေခွဲခြား ပြုလုပ်ထားသည်။

အချို့ ကွမ်းစိုက်သူများသည် နွားချေးဆွေးပင် မထည့်ချေ။ ဓါတ်မြေသြဇာ အနေဖြင့် တီစူပါမြေသြဇာကိုသာ ထည့်ပေးသည်။ အချို့ စိုက်ပျိုးသူများမှာ နွားချေးလည်း ထည့်သည်။ ယခင်က ယူရီးယား ထည့်သည်။ နောက်ပိုင်း သုံးမျိုးစပ် ကွန်ပေါင်းမြေသြဇာများကို သုံးသည်။ ထုံးမှုန့်၊ ဖိုပြာများကိုလည်း ထည့်လေ့ရှိသည်။ ထည့်ပြီးပါက ပေါက်ပြားဖြင့် ရောမွှေသမပြီး ရေဖျန်းကာ (၄-၅) ရက်ကြာ နှပ်ထားသည်။

ကွမ်းပင်ဆောက်ခြင်း

ကွမ်းစင်ကို (၇) ပေ အမြင့် ဆောက်လေ့ရှိသည်။ ဝါးလုံးများကိုသာ တိုင်အဖြစ် သုံးလေ့ရှိသည်။ အမိုးအကာကို အုန်းလက်၊ မြက်ခြောက်များ အသုံးပြုသည်။ ပေါ့ပေါ့ပါးပါးပုံစံများ ဖြစ်သည်။ အခိုင်အခံ့ဆောက်ခြင်း မရှိချေ။ ကွမ်းစိုက်တိုင်များကိုလည်း ဝါးလုံးကို ခွဲစိတ်၍ ဝါးခြမ်းပြားများကိုသာ သုံးသည်။ အချို့ မျှင်ဝါးလုံးကို မဖြတ်ဘဲ သုံးသည်။ အမိုးကိုမူ ဝါးလုံးများ ထိပ်တွင် ပြုလုပ်ခြင်း မဟုတ်ဘဲ (၇-၈) ပေ အမြင့်တွင်သာ ပြုလုပ်သည်။ သို့ဖြစ်၍ အချို့ခြံများတွင် ကွမ်းခြံပေါ်၌ ဝါးများ ထိုးထိုးထောင်ထောင် မြင်တွေ့ရခြင်း ဖြစ်သည်။

စိုက်ပျိုးခြင်း

အောက်မြန်မာပြည် ကွမ်းစိုက်ခင်းများတွင် မျိုးအဖြစ် ကွမ်းညွန့်များကို အသုံးပြုကြသော်လည်း အညွန့်ဖြတ်ပိုင်းများသာ ဖြစ်သည်။ မြေထုပ်စီး မျိုးညွန့်များ အသုံးပြုမှု နည်းသည်။ မိမိတို့ စိတ်ကြိုက်ခြံမှ ကွမ်းညွန့်များကို တစ်ပေခွဲ ဖြတ်ယူ၍ စိုက်ပျိုးလေ့ရှိသည်။

ကွမ်းစိုက်နည်း နှစ်မျိုး အသုံးပြုသည်ကိုတွေ့ရသည်။ ပထမနည်းမှာ ဘောင်အလျားလိုက် မြောင်း (၂) မြောင်းဖော်သည်။ တစ်မြောင်းနှင့် တစ်မြောင်း တစ်ပေကွာသည်။ မြောင်းအနက် (၃-၄) လက်မ ရှိသည်။ ထို့နောက် မြောင်းတစ်လျှောက် (၁၀-၁၂) လက်မကွာ အမှတ်အသားပြုပြီး ဝါးခြမ်းပြားတိုင်အချို့ ဝါးလုံးများ စိုက်ထူပေးသည်။ ကွမ်းစိုက်ရန် တိုင်များ ဖြစ်သည်။ အချို့ ဝါးခြမ်းပြားတိုင်များ စိုက်ရာတွင် အခြေတွင် တစ်ပေကွာသော်လည်း အပေါ်တွင် တစ်ပေခွဲ ခွာထားသည်။ ဤသို့ပြုလုပ်ခြင်းဖြင့် လမ်းဖက်သို့ အနည်းငယ် ယိုင်နေသည့် ပုံစံမျိုး ဖြစ်သည်။

ထို့နောက် မြောင်းအတွင်း၌ ကွမ်းညွန့်များကို အရင်းပိုင်း အရွက် နှစ်ရွက်ဖြုတ်၍ မြောင်းအတွင်း အလျားလိုက်ချကာ မြေဖုံးပေးသည်။ နှစ်ဆစ်မြုပ်စိုက်သည့်စနစ် ဖြစ်သည်။ ကွမ်းစင်တိုင်များ၏ တစ်ဖက်သတ် အနေအထားဖြင့် ပြုပေးခြင်း ဖြစ်သည်။

ကွမ်းညွန့် အဖျားပိုင်းကို ခပ်ကွေးကွေး အနေအထားဖြင့် ကွမ်းတိုင်တွင် ငှက်ပျောလျှော်၊ သွင်အူတို့ဖြင့် ကွမ်းညွန့်လေးထောင်မတ်နေသည့် ပုံစံဖြင့် ချည်ပေးသည်။

ဒုတိယနည်းမှာ ကွမ်းစိုက်ရန် ပြင်ထားသောဘောင်ပေါ်တွင် ကန့်လန့်ဖြတ် တစ်ပေကြားမြောင်းများ ဆွဲပါသည်။ မြောင်းများထိပ်တွင် တစ်ပေကြား ကွမ်းတိုင်များ စိုက်ပေးပါသည်။ ထို့နောက် ကွမ်းညွန့်များကို တိုင်နှစ်တိုင်ကြားမြောင်းအတွင်း ယှဉ်ချ၍ နှစ်ဆစ်မြုပ်ကာ မြေဖုံးပါသည်။ ကွမ်းညွန့်လေးကို အနေတော်ကွေး၍ တိုင်တွင်ထောင်ကာလျှော်ကြိုးဖြင့် ချည်ပါသည်။ မြောင်းအတွင်း၌ ကွမ်းညွန့်နှစ်ညွန့်၏ အရင်းပိုင်းသည် အတူယှဉ်တွဲလျက် ရှိနေမည် ဖြစ်ပါသည်။

ကွမ်းညွန့်များ စိုက်စနစ် ကွာခြားသော်လည်း ပင်ကြားတန်းကြား အကွာအဝေးမှာ တစ်ပေသာရှိသည်။ အချို့သော ကွမ်းခြံများတွင် ပင်ကြား (၉) လက်မ ထားသည်လည်း ရှိပါသည်။

ပြုစု ဂရုစိုက်ခြင်း

ဓာတ်မြေဩဇာ အနေဖြင့် ဇီဝတီစူပါမှ တစ်ပါး အခြား ဓာတ်မြေဩဇာများ မသုံးသော ကွမ်းခြံများတွင် ထုံးမှုန့်ပင်လျှင် တစ်ခါတစ်ရံမှ သုံးသည်။ ရေကိုရေဖျန်းပုံးဖြင့် ဖျန်းပေးလေ့ရှိသည်။ ရေသွင်းခြင်း မရှိချေ။ မြေတင်ဘောင်လုံး ပြုလုပ်ပေးသည်။ တစ်ခါတစ်ရံ ရောဂါသတ်ဆေးများ ပက်ဖျန်းတတ်သည်။ ဤကဲ့သို့သော ကွမ်းခြံများသည် ကွမ်းခြံသက် (၃-၄) နှစ် ထားလေ့ရှိသည်။

ဓာတ်မြေဩဇာ သုံးသော ခြံများတွင် ယူရီးယား (၁၅) ပတ်လည် ကွန်ပေါင်း ဓာတ်မြေဩဇာ သုံးလေ့ရှိသည်။ မျိုးညွန့်များကို စထရက်တိုမိုက်စင် (Streptomycin) လူထိုးဆေးများကို အရည်ဖျော်၍ ကွမ်းညွန့်များစိမ်၍ စိုက်တတ်သည်။ ရွက်ဖျန်းမြေဩဇာများကိုလည်း ပက်ဖျန်းတတ်သည်။ ရောဂါသတ်ဆေးများကို ပုံမှန်နီးပါး ပက်ဖျန်းပေးသည်။ ရောဂါအကျများသည့် သဘောရှိသည်။ နွေရာသီရောက်သည်နှင့် ကွမ်းခြံကို ဖျက်၍ နောက်နှစ်တွင် စိုက်ရန်တိုင်များတန်းများကို သိမ်းထားပြီး ကွမ်းခြံနေရာကိုကောက်ရိုးဖြန့်၍ မီးရှို့ပစ်လေ့ရှိသည်။ ဤသို့သော ခြံမျိုးသည် ကွမ်းခြံသက် တစ်နှစ်ပင် အထားမခံချေ။ အချိန်တိုတိုနှင့် ကွမ်းရွက်များများ ထုတ်ယူသည့် စနစ်မျိုးဖြစ်သည်။

ကွမ်းစိုက်ဘောင်တွင် သစ်ရွက်များဖြန့် ဖုံးထားသော ဓလေ့ရှိတတ်သည်။ အချို့ကုက္ကိုရွက်ဖြင့် ဖုံးသည်။ အချို့တောဓညင်းရွက်ဖြင့် ဖုံးသည်။

ကျရောက်သောပိုးမွှားရောဂါများ

ပိုးမွှားများ မကျသလောက် ဖြစ်သည်ဟုဆိုသည်။ ဓာတုဗေဒ ပိုးသတ်ဆးများ မသုံးကြချေ။ ဆေးရွက်ကြီး၊ ထုံးမှုန့်တို့ကိုသာ သုံးလေ့ရှိသည်။

ရောဂါအနေဖြင့် ရိုးမဲဆစ်ပြုတ်ရောဂါ၊ ကြက်တူရွေးမျက်စေ့ရောဂါများ ကျတတ်သည်။ ခြံလုံးပြုတ်သည်အထိ ဖြစ်ခဲသည်ဟုဆိုသည်။ နေ့စဉ် စစ်ဆေးမှုများ ပြုလုပ်၍ အရိပ်အရောင်တွေ့ပါက နှုတ်ယူမီးရှို့ ဖျက်ဆီး ပစ်ကြခြင်းကြောင့် ဖြစ်သည်။

အချို့သော ခြံများ မှိုသတ်ဆေး အနည်းငယ် သုံးစွဲကြသည်။

ကွမ်းရွက်ခူးယူခြင်း

ကွမ်းရွက်ခူးယူခြင်းမှာ အထက်မြန်မာပြည်ကဲ့သို့ (၁၅) ရက် တစ်ပတ်လည်း ခူးကြသည်။ ပဥ္စမမြောက်အရွက်ကို ခူးယူကြသည်။ မူလပင်မကြီးမှ အရွက်များကိုလည်း ခူးယူတတ်ကြသည်။

ကွမ်းခွေခြင်း

ခြံသက် တစ်နှစ်သာ ထားသောခြံများသည် ကွမ်းခွေခြင်း လုပ်လေ့လုပ်ထ မရှိချေ။ အချို့သောခြံများနွေရာသီ ကွမ်းခြံဖျက်ချိန်တွင် မဖျက်ဘဲ ရေလောင်းမြေဩဇာကျွေး၍ မျိုးညွန့် ထုတ်လုပ်တတ်ကြသည်။

ခြံသက် (၃-၄) နှစ်ထားသော ခြံများ ကွမ်းခွေခြင်း ပြုလုပ်ကြလေ့ ရှိသော်လည်း ကွမ်းပင်စည်ကို ကွမ်းတိုင်ခြေရင်းတွင်ခွေ၍ ချထားရုံသာ ချထားသည်။ မြေဖုံးခြင်းမရှိပေ။ အပင်ရှည်နေ၍ခွေချ ထားသည့် သဘော ဖြစ်သည််။

Source - Greenwaymyanmar
မူရင်းရေးသားသူ - စိုက်ပျိုးရေးဦးစီးဌာန

လူကြီးမင်းတို့အနေဖြင့်
စိုက်ပျိုးရေးသုံး ရေပိုက်ပျော့၊ရေဘား၊ပလတ်စတစ်ဘောင်အုပ်လိပ်နှင့် ပိုက်ဆက်ပစ္စည်းများကို ဆက်သွယ်မှာယူလိုပါက

Page Messengerမှာသော်လည်းကောင်း
Viber နံပါတ် 09962649091ကိုသော်လည်းကောင်း
အသေးစိတ်မေးမြန်းနိုင်သလို

📲09-962649091
📲09-785873157သို့လည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ

**အထက်မြန်မာပြည် ကွမ်းစိုက်ပျိုးနည်း**       အထက်မြန်မာပြည်ဟု ခြုံငုံ၍ ဆိုရသော်လည်း အဓိကမှာ မန္တလေးတိုင အလယ်ပိုင်းနှင့် ...
09/04/2022

**အထက်မြန်မာပြည် ကွမ်းစိုက်ပျိုးနည်း**

အထက်မြန်မာပြည်ဟု ခြုံငုံ၍ ဆိုရသော်လည်း အဓိကမှာ မန္တလေးတိုင အလယ်ပိုင်းနှင့် စစ်ကိုင်းတိုင်းအောက်ပိုင်းတို့တွင် စိုက်ပျိုးသော နည်းစနစ် ဖြစ်ပါသည်။ ယင်းဒေသ နှစ်ခုစလုံးသည် အပူချိန် မြင့်၍ မိုးရေချိန် (၄၀- ၆၀) လက်မသာ တစ်နှစ်ပတ်လုံး ရွာသွန်းပါသည်။ သို့ဖြစ်၍ ချောင်းရေ၊ မြောင်းရေ၊ ကန်ရေ၊ လက်တွင်း၊ စက်ရေတွင်းများကို အားကိုး စိုက်ပျိုးကြသည်။ လယ်ရှိစိုက်ပျိုးသော သူများမှာ တစ်ဖက်မှ လယ်လုပ်ရင်း ကွမ်းကိုလည်း ဂရုတစိုက်နှင့် အလေးထား စိုက်ပျိုးကြသည်။ အဓိကမှာ (၁၅) ရက် တစ်ကြိမ် ဝင်ငွေရသော သီးနှံပင်ဖြစ်၍ငွေကြေး မြုပ်နှံ၍ စိုက်ပျိုးကြခြင်း ဖြစ်သည်။

မြေပြုပြင်ခြင်း

ညီညာ ပြန့်ပြူးသော မြေကွက်ကို ကွမ်းစိုက်ရန်အတွက်ရွေးချယ် သတ်မှတ်ကြသည်။ အကွက် အရွယ်အစားကို သတ်မှတ်ရာတွင် အလျားကော အနံပါ (၆) နှင့် စား၍ ပြတ်ရုံတင်မက (၉) နှင့် စားလျှင်ပါ ပြတ်သော ဂဏန်းကို ယူလေ့ ယူထရှိသည်။ (၆) နှင့် စားလျှင် ပြတ်ရသည့် ရည်ရွယ်ချက်မှာ ကွမ်းစင်တိုင်များကိုလေးတောင် (၆ပေ) ထားမည် ဖြစ်သည့် အတွက်ဖြစ်သည်။ (၉) နှင့် စားလျှင် ပြတ်ရသည့် ရည်ရွယ်ချက်မှာ ရိုးရာ မြန်မာ အယူအဆ တစ်ခုကြောင့်ဖြစ်သည်။

ကွမ်း + ရွက်

တနင်္လာ + ရာဟု

ဂြိုလ်သက် ၁၅ + ၁၂ = ၂၇ = ၉

ရိုးရာအယူအဆအရ (၉) ဂဏန်းကို ကြိုက်နှစ်သက်သောကြောင့် ဖြစ်သည်။ ဥပမာ- အလျား (၁၀၈)ပေ၊ အနံ (၅၄) ပေ ခြံအကျယ် သတ်မှတ်ပါက (၆) နှင့် စားလည်း ပြတ်သည်။

ဤအချက်ကိုထောက်ရှုခြင်းဖြင့် မြန်မာလူမျိုးများသည် လုပ်ငန်းတစ်ခုကို အဖက်ဖက်မှစေ့စေ့စပ်စပ်နှင့် အဓိပ္ပာယ်ရှိရှိ လုပ်တတ်ကြောင်း ထင်ရှားပေသည်။ အယူအဆ တစ်ခုသည် မည်သည့် တစ်ဦးတစ်ယောက်ကိုမျှ မထိခိုက်ပါက လုပ်သင့်သော အလုပ်ဟု လက်ခံယုံကြည်ကြသည်မှာ မြန်မာလူမျိုးများ၏ စရိုက်ဟု ဆိုရမည်ဖြစ်သည်။

ဖော်ပြပါ အလျား (၁၀၈) ပေ၊ အနံ (၅၄) ပေ အကျယ်မြေကွက်ကို နွားထယ်ဖြင့် ထယ်ထိုးခြင်း ထွန်မွှေခြင်းများဖြင့်မြေကို စတင်ပြုပြင်သည့် စိုက်ကွက်မြေသည် သဲလွန်ဆန်မြေဖြစ်ပါက လယ်မြေ သို့မဟုတ် စနယ်မြေများ ထည့်ပေးကြသည်။ ထို့နောက် ယင်းအကျယ်အဝန်းကို မဖေါက် ထုံးတစ်တင်း၊ ဖွဲအိတ် (၃) အိတ်၊ ဆေးရွက်ကြီး အမှုန့်တစ်တင်းခွဲအိတ် (၃) အိတ်၊ နွားချေးတင်း (၆၀) နှင့် တီဆူပါ ဓာတ်မြေသြဇာ (၅၀) ကီလို ဝင် အိတ်ကိုနေရာအနှံ ဖြူးထည့်ပေးပါသည်။

စိုက်ကွက်၏ဘေးပတ်လည် (၅) ပေ ခွာ၍ (၂) ပေ အကျယ် (၂)ပေ အနက်ရေမြောင်း ပတ်ပတ်လည် တူးဖော်ပြီး ရရှိသောမြေစာများကို အကွက် ပတ်လည်တွင် ကန်သင်းပြုလုပ်ခြင်း၊ ပိုသောမြေကို စိုက်ခင်း အတွင်း ဖြန့်ဖြူးခြင်းများ ပြုလုပ်ပါသည်။ ထို့နောက် ထွန်ဖြင့်မွှေ၍ သမစေပြီး တစ်ကွက်လုံးကို ရေသွင်းပေးပါသည်။ ရေသွင်းရင်းအကွက်ကို မျက်နှာပြင် ညီညာစေရန်လည်း ပြုပြင်ပေးသည်။

စိုက်ကွက်ကိုရေသွင်းပြီးနောက် တစ်ပတ်ခန့် နှပ်ထားပါသည်။ ရေအစိုဓာတ်ပေါ် မူတည်၍ နှစ်ပတ်သုံးပတ်လည်း ထားတတ်ပါသည်။ အထူးသဖြင့် နွားချေးအဆွေး လိုသေးပါက တစ်ပတ်ခန့် နှပ်ထားပါသည်။ ရေအစိုဓာတ်ပေါ် မူတည်၍ နှစ်ပတ်သုံးပတ်လည်း ထားတတ်ပါသည်။ အထူးသဖြင့် နွားချေးအဆွေး လိုသေးပါက ကြာကြာနှပ်ထားတတ်သည်။

မြေပြုပြင်ခြင်း လုပ်ငန်းကိုမေလလယ်တွင် အပြီးဆောင်ရွက်ကြသည်။

ကွမ်းစင်ဆောက်ခြင်း

မြေပြုပြင်ပြီးသော အကွက်တွင်လေးတောင် (၆) ပေ ပတ်လည်နေရာများ သတ်မှတ်၍ ကျင်းတူးကာမျှောတိုင် အငယ်စားများကို ကွမ်းစင်တိုင်အဖြစ် စိုက်ထူကြသည်။ တိုင်များသည်မြေပေါ် (၁၃) ပေ အမြင့် ရှိသည်။ ထို့နောက် ဝါယားများဖြင့် ထုတ်တန်းသဖွယ် တန်းဖြစ်ကြပြီး ၎င်းအပေါ်မှ ယောက်သဖွယ်တန်းများ ကန့်လန့်တင်၍ အခိုင်အမာချည်သည်။ ကန့်လန့်ဖြတ် ထုတ်တန်း ဝါးပေါ်တွင် တိုင်များကို တစ်ပေခွဲခွာ၍ ဝါးတန်းများ ထပ်တင်ကာ ချည်နှောင်ပေးရသည်။ ယင်းဝါးတန်းများသည် တစ်တန်းနှင့် တစ်တန်း (၃)ပေကွာ ဖြစ်သည်။ ကွမ်းပင် စိုက်တိုင်များ စိုက်သောအခါ မှီတွယ်ရန် ဖြစ်သည်။

ကွမ်းစင်ပေါ်တွင် အရိပ် ရရှိရန်အတွက် အုန်းလက်များ တင်ပေးကြသည်။ အကာအရံအနေဖြင့် ကွမ်းစင်မှ (၃)ပေခွာ၍ တိုင်များ စိုက်ကာ ခြံစည်းရိုးကာ ဝါးကပ်များကို ခိုင်ခိုင်မာမာနှင့် ကာရံကြသည်။ လေပြင်းလေပူမှ ကာကွယ်ရန်နှင့် သူခိုး၊ ခွေး၊ နွားများ မဝင်စေရန် ဖြစ်သည်။

စိုက်ပျိုးခြင်း

“ကွမ်းစိုက်ဝါဆို၊ ကွမ်းခွေပြာသို” ဆိုစကားနှင့် အညီ ကွမ်းပင်များကို ဝါဆိုလ (ဇွန်လ) တွင် စိုက်ပျိုးကြရမည် ဖြစ်သည်။ စိုက်ပျိုးရာတွင် စိုက်နည်းနှစ်နည်းကို အသုံးပြုကြသည်။ မြေဆီ ထက်သန်မှုပေါ် မူတည်၍ စိုက်ပျိုးကြခြင်း ဖြစ်သည်။

လေးတောင်လေး ဇယားစိုက်နည်း

လေးတောင် ပတ်လည် ကွက်တွင် ကွမ်းလေးပင် စိုက်သည့် စနစ်ဖြစ်သည်။ ကွမ်းစင်တိုင်လေးတိုင်သည် လေးတောင် (၆ပေ) ပတ်လည် ဖြစ်ရာ ယင်းအကွက် အလည်တွင် ကွမ်းပင် (၄) ပင်ကို (၃) ပေ ကွာ လေးကွက်ကြား စိုက်ပျိုးခြင်း ဖြစ်သည်။

လေးတောင်ခြောက် ဇယားစိုက်နည်း

လေးတောင် ပတ်လည်ကွက်တွင် ကွမ်းပင် (၆) ပင် စိုက်သည့် စနစ် ဖြစ်သည်။ ကွမ်းပင်များကို တိုင်များနှင့် တစ်တန်းတည်း စိုက်ပြီး ကြားတွင် တစ်တန်း ထပ်ထည့်ခြင်း ဖြစ်သည်။ ကွမ်းပင်များမှာ (၃) ပေကွာ လေးကွက်ကြားပင် ဖြစ်သည်

လေးတောင်ခြား စိုက်နည်းသည် လေးတောင်လေး ဇယားစိုက်နည်းထက် (၂) ပင် ပိုဝင်သည်ကိုတွေ့ရမည် ဖြစ်သည်။

ဖော်ပြပါ ကွမ်းစိုက်မည့်နေရာများ သတ်မှတ်ပြီးနောက်မြေပေါ် (၈) ပေ အမြင့် ကွမ်းတိုင် အဖြစ် မျှင်ဝါးများ စိုက်ထူပေးကာ စင်ပေါ်မှ ဝါးတန်းတွင် တွဲချည်ပေးထားပါသည်။ အချို့ ခြံများတွင် (၁၃) ပေ အမြင့် ကွမ်းတိုင်များ တစ်ခါတည်း စိုက်ထားတတ်ကြသည်။ (၈) ပေ အမြင့်တိုင်များမှာမူ နောင်တစ်ချိန်တွင် ဆက်ပေးရမည် ဖြစ်သည်။ လောလောဆယ်တိုင်တိုများ အသုံးပြုထားခြင်း ဖြစ်သည်။

အချို့သော ကွမ်းစိုက်သူများသည် ကွမ်းစိုက်ရန် သတ်မှတ်ထားသောနေရာများတွင် (၃) ပေ ရှည် ဝါးခြမ်း ပြားကို ယာယီတိုင်အဖြစ် အသုံးပြု၍ ကွမ်းညွန့်ကို ဝါးခြမ်းတွင် ချည်ပေးထားသည်။ ဝါးခြမ်း အဖျားသို့ ကွမ်းညွန့်ရောက်လာသောအခါမှသာ တိုင်ရှည်ကို ဝါးခြမ်းပြားနှင့် စိုက်ထူကြသည်။ စတင် စိုက်ပျိုးစဉ်ငွေကုန်အကျများသဖြင့် လောလောဆယ်ငွေချွေတာသည့်အနေဖြင့် ဤစနစ်ကို အသုံးပြုခြင်း ဖြစ်သည်။

တိုင်ခြေရင်းတွင် (၆) လက်မအနက် (၈-၁၀) လက်မရှည် မြောင်းရှည်လေးများကို တိုင်များ၏ တစ်ဖက်သတ်တည်းတွင် တူးပေးထားသည်။ ထို့နောက် မြေထုပ်စီး ကွမ်းမျိုးညွန့်များကို ပလတ်စတစ်ကို ခွာ၍မြောင်းအတွင်း အလျားလိုက် ချပေးက တူးဖယ်ထားသောမြေဖြင့်ပင် ပြန်လည် ဖုံးအုပ်ပေးသည်။ မျိုးညွန့်ကို ကွမ်းတိုင်တွင် အသာအယာကွေးယူ၍လျှော်ကြိုး၊ သင်းအူများဖြင့် ချည်နှောင်ပေးသည်။

အချို့ကွမ်းစိုက်သူများမှာမြေထုပ်စီး ကွမ်းညွန့်ကို အလျားလိုက် လှဲမစိုက်ဘဲထောင်လိုက်အတိုင်း စိုက်ကြသည်။ မည်သို့ပင် စိုက်သည်ဖြစ်စေမြေလုံးမကွဲစေရန် ဂရုတစိုက် လုပ်ဆောင်ကြသည်။ (၁၀၈ x ၅၄) ပေ မြေကွက်တွင် လေးတောင်လေး ဇယားနည်းဖြင့် ကွမ်းပင်ပေါင်း (၆၄၈) ပင် ဝင်ဆန့်မည် ဖြစ်ပါသည်။ လေးတောင်ခြောက် ဇယားနည်းဖြင့် စိုက်ပါက (၆၈၄) ပင် ဝင်ဆန့်မည်ဖြစ်သည်။

ပြုစုဂရုစိုက်ခြင်း

စိုက်ပျိုးပြီး ကွမ်းပင်များကိုရေပန်းခရားဖြင့် ရေဝအောင်လောင်းပေးရသည်။ မြေချစိုက်ကာစဖြစ်၍ အရိပ်ကိုလည်း လုံလောက်စွာပေးထားရန်လိုအပ်ပါသည်။ ကွမ်းညွန့်များမှာမြေထုပ်စီးအပင်များဖြစ်၍ အရှိန်မပျက် ဆက်လက်ကြီးထွားသည်။ တစ်ပတ်ကြာသောအခါ ထုံးမှုန့်ပါးပါး ဖြူးပေးရသည်။ အချို့ ဆေးရွက်ကြီးမှုန့်ရောထည့်သည်။ ပြီးလျှင် ကွမ်းပင်တန်း နှစ်တန်းကြားတွင် လမ်း တစ်ပေခွဲခန့် ချန်၍ လမ်းမြေကို အနက်(၃)လက်မခန့် ယူကာ ကွမ်းပင်ခြေရင်းသို့ ပြန်ဖုံးပေးသည်။ ထိုအခါ ကွမ်းပင်တန်းများပေါ်လာပြီ ဖြစ်သည်။ ထို့နောက် လမ်းအတိုင်း ရေပြည့်အောင် ရေစုပ်စက်များဖြင့် ရေသွင်းပေးပါသည်။ ဘောင်ပေါ်သို့ ရေလျှံခြင်း မဖြစ်စေပဲ လမ်းအပြည့်သာ ရေသွင်းခြင်း ဖြစ်သည်။

ကွမ်းစိုက်ထားသည့်ဘောာင်ပေါ်သို့ သစ်ရွက်ကောက်ရိုး ဖုံးအုပ်ခြင်းစနစ် အသုံးပြုမှု နည်းပါးသည်။ နေ့စဉ် ကွမ်းပင်များကို စစ်ဆေးသည့်ရောဂါကျရောက်သည်ဟု ယူဆရသော အပင်များကို ချက်ချင်း နုတ်ယူဖျက်ဆီးပစ်သည်။ ပိုးမွှားရောဂါကျရောက်မှု အလွန်နည်းသည်ဟုဆိုသည်။

အပင် တစ်လခွဲသား အရွယ်တွင် နွားချေးဆွေး၊ ဆိတ်ချေးဆွေး၊ ထုံးမှုန့်၊ ဆေးရွက်ကြီးမှုန့်များကို ဘောင်များပေါ်တွင် ပက်ဖြူးပေး၍ လမ်းအကျယ် တစ်ပေသာချန်ကာမြောင်းကို ထပ်မံတူး၍ ကွမ်းစိုက်ဘောင်ကို တစ်ပေခွဲခန့် မြင့်အောင် ဘောင်တင်ပေးရသည်။ ပြီးလျှင် လမ်းတစ်လျှောက် ဘောင်အမြင့် တစ်ဝက်ရောက်သည်အထိ ရေသွင်းခြင်းကို ဆောင်ရွက်ရသည်။ ရေသွင်းသည့်အချိန်မှစ၍ ရေဖြန်းပုံးဖြင့် ရေဖြန်းခြင်းပြုလုပ်ပေးခြင်း မရှိတော့ချေ။ ဆောင်းရာသီ၊ နွေရာသီတို့တွင် (၁၅) ရက် တစ်ကြိမ်ရေသွင်းပေးလေ့ရှိသည်။ ပူလွန်းသော ရက်များတွင် (၁၀) ကြိမ် သွင်းပေးရသည်။

ဓာတ်မြေသြဇာကျွေးလေ့ မရှိသော်လည်း ရွက်ဖြန်းမြေသြဇာ ပက်ဖြန်းခြင်းကိုမူ အသုံးပြုတတ်ကြသည်။ ပေါင်းများရှင်းပြီး ထုံးမှုန့်နှင့်ဆေးရွက်ကြီးမှုန့်တို့ကိုသာ တစ်လတစ်ကြိမ် ဖြူးပေး၍မြေဆွပေးသည်။

ဆွတ်ခူးခြင်း

အပင် သက်တမ်း (၃) လ ကြာမှ စ၍ ကွမ်းရွက် စတင်ခူးပါသည်။ ကွမ်းရွက်ခူးရာတွင် မူလ ပင်စည်မှ ကွမ်းရွက်များကို ခူးယူခြင်း မဟုတ်ဘဲ ပင်ခြေပိုင်းဘေးတက်များမှ (စလင်းတက်) မှ အရွက်များကို ဆွတ်ခူးခြင်း ဖြစ်သည်။ ကွမ်းရွက်ကို (၁၅) ရက် တစ်ကြိမ် ခူးယူပြီး ကွမ်းရွက်များကို အမျိုးအစား အဆင့်အတန်း ခွဲခြားသည်။ ခူးယူသည့် အရွက်မှာ စတုတ္ထမြောက် အရွက်ဖြစ်သည်။

ကွမ်းစင်ကို မြင့်တင်ပေးခြင်း

ကွမ်းပင်များမှာ တစ်ဖြည်းဖြည်း ရှည်လာရာ (၇) ပေ အမြင့်သို့ရောက်သည်နှင့် စင်ပေါ်မှ အမိုးများကို ခွာပြီး ကွမ်းတိုင်ကို (၁၃) ပေ အမြင့်ရောက်အောင် ထပ်ဆက်၍ စင်ထပ်တင်ပေးသည်။ အမိုးအကာများကိုလည်း ဆက်လက် လုပ်ပေးသည်။ ကွမ်းရွက်ခူးသည့်အခါ ပထမစင်ပေါ်တွင် ဝါးတန်းများပစ်၍ လူတက်ကာ ခူးယူကြသည်။

ကွမ်းခွေခြင်း

ကွမ်းခွေခြင်းကို တစ်နှစ်လျှင် နှစ်ကြိမ်ခန့် လုပ်ဆောင်ပေးလေ့ ရှိသည်။ နွေရာသီ မတ်လ၊ ဧပြီနှင့်ဆောင်းအဝင် အောက်တိုဘာလတွင် လုပ်ကိုင်လေ့ရှိသည်။ တစ်ခါတစ်ရံ အချို့သော ကွမ်းခြံများမှာနွေရာသီရောက်သည့်တိုင် ကွမ်းထွက်ကောင်းနေတတ်သဖြင့် ယင်းနှစ်နွေရာသီတွင် ကွမ်းမခွေကြတော့ချေ။ ပုံမှန်အားဖြင့် ကွမ်းပင် ဒုတိယဆင့် အမိုးထိရောက်သည့်အချိန်တွင် ကွမ်းခွေတတ်ကြသည်။ ကွမ်းခွေတော့မည် ဆိုပါက ကွမ်းပင် အဖျားပိုင်း (၂) ပေ လောက်ချန်၍ ကျန်အဆစ်များမှ အရွက်များ ဘေးတက်များ အားလုံးကို ဖယ်ရှားပစ်ကြသည်။

ကွမ်းမခွေမှီ ကြိုတင်ပြင်ဆင်ထားသည့် တစ်ချက်မှာ ကွမ်းဘောင် တင်ထားသောမြေပုံကို ပေါက်တူးဖြင့် ခုတ်ချ၍ ကွမ်းခြံတစ်ခုလုံးကို မြေပြင် တစ်ပြင်တည်း ဖြစ်အောင် ပြုလုပ်လိုက်သည်။ ထို့နောက်မှ မူလ စိုက်တိုက်ထားသောနေရာ၏ ဆန့်ကျင်ဘက်နေရာတွင် ကျင်းတူးကာ ကွမ်းပင်ကို မကျိုးမပဲ့စေဘဲချွေချပေးက အပေါ်ပိုင်းအညွန့်ရှိရာ (၂)ပေ အမြင့်ကို ကွမ်းတိုင်တွင် ချည်ပေးပြီး တွင်းတူးထားသောကျင်းစာဖြင့်ပင်ပြန်ဖုံးပေးခြင်းဖြစ်သည်။

ပြီးပါက ပထမ စိုက်ပျိုးစဉ်က အတိုင်းရေဖျန်းခြင်း၊ ဘောင်တင်ခြင်းများ ပြုလုပ်ပေးသည်။ နွားချေး၊ ထုံးမှုန့်၊ ဆေးရွက်ကြီးမှုန့်၊ တီစူပါဝါတို့ကို ထည့်ပေသည်။

ကွမ်းခွေခြင်းစနစ်ကို အသုံးပြုသဖြင့် ကွမ်းခြံတစ်ခြံသည် (၁၀-၁၅) နှစ်ထိ သက်တမ်းရှိ ကြသည်။

ကျရောက်သော ပိုးမွှားရောဂါများ

ပိုးမွှားများ မကျသလောက် ဖြစ်သည်ဟု ဆိုသည်။ ဓါတုဗေဒ ပိုးသတ်ဆးများ မသုံးကြချေ။ ဆေးရွက်ကြီး၊ ထုံးမှုန့်တို့ကိုသာ သုံးလေ့ရှိသည်။

ရောဂါအနေဖြင့် ရိုးမဲဆစ်ပြုတ်ရောဂါ၊ ကြက်တူရွေး မျက်စေ့ရောဂါများ ကျတတ်သည်။ ခြံလုံးပြုတ်သည်အထိ ဖြစ်ခဲသည်ဟု ဆိုသည်။ နေ့စဉ် စစ်ဆေးမှုများ ပြုလုပ်၍ အရိပ်အရောင်တွေ့ပါက နှုတ်ယူမီးရှို့ ဖျက်ဆီးပစ်ကြခြင်းကြောင့်ဖြစ်သည်။ အချို့သော ခြံများ မှိုသတ်ဆေး အနည်းငယ် သုံးစွဲကြသည်။

ကွမ်းထွက်ရာသီ

နွေရာသီတွင်ရေပေး၍ ကွမ်းအထွက်ကောင်းအောင် ဆောင်ရွက်ပေးကြသည်။ မိုးရာသီတွင် ကွမ်းအထွက် အကောင်းဆုံးဖြစ်သည်။ ဆောင်းရာသီတွင် အပူချိန်နိမ့်သဖြင့် ကွမ်းပင်အထနှေးသည်ဟု ဆိုသည်။ သို့ဖြစ်၍ ကွမ်းပင်ကို အနားပေးသည့် အနေဖြင့်ဆောင်းရာသီတွင် ကွမ်းခွေခြင်းပြုလုပ်ကြသည်။

ကိုးကား - Greenwaymyanmar
မူရင်း ရေးသားသူ - စိုက်ပျိုးရေး ဦးစီးဌာန

မိတ်ဆွေတို့အနေဖြင့် စိုက်ပျိုးရေးသုံးရေပိုက်ပျော့၊ရေဘား၊ပလတ်စတစ်ဘောင်အုပ်၊ပိုက်ဆက်ပစ္စည်းများနှင့် အသီးခြင်းခွံများကို စျေးသက်သက်သာသာဖြင့် ဝယ်ယူသုံးစွဲလိုပါက
Page Messengerမှာသော်လည်းကောင်း
Viberနံပါတ် 09962649091ကိုသော်လည်းကောင်း အသေးစိတ်မေးမြန်းလို့ရသလို
📲09-962649091
📲09-785873157သို့လည်း ဖုန်းဆက်မေးမြန်းနိုင်ပါတယ် ခင်ဗျာ

Address

Mandalay

Telephone

+959962649091

Website

Alerts

Be the first to know and let us send you an email when Shuang Feng posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shuang Feng:

Share