22/10/2022
FATF ရဲ့ Black List ထဲမှာ မြန်မာနိုင်ငံကို ပါဝင်ကြောင်း ကြော်ငြာချက်ထုတ်ပြန်လိုက်ပါတယ်
အရင်က အီရန် နဲ့ မြောက်ကိုးရီးယား ၂ နိုင်ငံပဲပါဝင်ခဲ့တာဖြစ်ပြီး တတိယမြောက် နိုင်ငံ အနေနဲ့ မြန်မာနိုင်ငံ ပါဝင်လာခဲ့တာပါ
Financial Action Task Force (FATF) ဆိုတာ high money laundering and terrorism financing risk ငွေကြေးခဝါချမှုတွေကို စောင့်ကြည့်တဲ့ကမ္ဘာ့ အဖွဲ့အစည်း တခုဖြစ်ပါတယ်
ဖေဖော်ဝါရီ 2021 က စပြီးMyanmar's casinos and illicit cross-border trade, synthetic drugs and online gambling တွေများသထက်များလာတာ ကြောင့်လဲပါဝင်ပါတယ်
အရင်တုန်းကလဲ မြန်မာနိုင်ငံဟာ Blacklist ထဲမှာပါဝင်ပါတယ် မြန်မာ့စစ်တပ်ဟာ နိုင်ငံကို နောက်ပြန်ဆွဲနေပြီး တိုင်းပြည်ကို ထိန်းချုပ်နေလို့ပါ ဖေဖော်ဝါရီ 2016 ခုနှစ်မှာတော့ Gray List ကို ပြောင်းပေးလိုက်ပြီး သမ္မတ ဦးသိန်းစိန် အောင်ဆန်းစုကြည်ကို အာဏာလွှဲပြောင်းပေးလိုက်ချိန်မှာတော့ criminalizing terrorism financing ကနေ တိုးတက်လာပြီ ယူဆပြီး Delist (List ကနေ လုံးဝ) ထုတ်ပေးလိုက်ပါတယ် ဒါကြောင့်မို့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ အများအပြား ဝင်ရောက်လာခဲ့တာပါ
FATF Black Listed ဖြစ်သွားတဲ့ မယ်ဆိုရင် အောက်ပါ အချက်အလက်တွေ ကို မြန်မာနိုင်ငံ အနေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။
၁) IMF, ကမ္ဘာ့ဘဏ်နဲ့ ADB တို့ က နေပြီး စီးပွားရေး ပိတ်ဆို့ ပြစ်ဒါဏ်ချမှုတွေ ကိုရင်ဆိုင်ရနိုင်ပါတယ်
၂)အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှု နဲ့ အခြားသော နိုင်ငံတွင်း ကို စီးဝင်လာမယ့် Cash တွေ တားဆီးခံရတာ ငြင်းပယ်ခံရတာမျိုးဖြစ်နိုင်ပါတယ်။
၃) နိုင်ငံတွင်းမှာရှိတဲ့ နိုင်ငံပိုင်ပုဂ္ဂလိက ပိုင်ငွေရေးကြေးရေးနဲ့ ဘဏ္ဍာရေး အဖွဲ့ အစည်းတွေ အပေါ် သူတို့ရဲ့ နိုင်ငံတကာမှာရှိတဲ့ သက်ဆိုင်ရာ မိတ်ဖက် အဖွဲ့အစည်းတွေရဲ့ယုံကြည်မှု ကျနိုင်ပါတယ်
၄) Export Trade တွေ Payment ကြာပါမယ်။
၅) International Bank Charge တွေ မြင့်လာပါလိမ့်မယ်။ Correspondant Bank ရှားလာပါမယ်။
၆)နိုင်ငံရဲ့ Credit Rating ကျလာပါမယ်။ အကျိုးဆက်က Fx inflow နှေးလာမယ်နည်းလာပါမယ်။
အကျိုးဆက်က
Export Company တွေ Competitive Adventage ကျ လာပါမယ်
USD ရှားလာပါမယ်
Import တွေ ဈေးတက်ပါမယ်
ငွေကြေးဖောင်းပွမှုတွေ ကုန်ဈေးနှုန်းတွေ ပိုမိုမြင့်တက်လာပါလိမ့်မယ်
Credit #
Reference : Nikki Asia, Michael