ဗေဒသုတေသီ ဆရာမင်းဒဿ

ဗေဒသုတေသီ ဆရာမင်းဒဿ 🎯The Astrologist and The Author🎯
B.Sc,(Maths),PGDE(MUFL),MBA(Thesis)

Believe your zodiac sign!
သင့်မွေးသက္ကရာဇ်ကပြောတဲ့ရာသီခွင်လက္ခဏာတွေကိုယုံကြည်လိုက်ပါ။

၂၀၀၇ တွင်စာပေလောကထဲဝင်ရောက် ။ယနေ့တိုင် မဂ္ဂဇင်းဝတ္ထုတို ၊ ဘာသာပြန် ၊ ရသသုတဆောင်းပါး ၁၀၀ ဝန်းကျင်ရေးသားဖော်ပြခဲ့ပြီးဖြစ်။ မျိုးရိုးမှာဗေဒင်ပညာသည်မျိုးရိုးဖြစ်ပြီး ၁၂ နှစ်သားကတည်းက ဗေဒင်ပညာဆည်းပူးခဲ့။ ကြိုးစားနေခြင်းကို ဘဝဟုခံယူထားသူတစ်ဦးထက်မပိုသူ။

မိသင်္ဂဟ တွေ့ဆုံဆွေးနွေးခြင်းအစီအစဉ် - ၄ (Friendship Time Program - 4)————————————————————-ဒီအစီအစဉ်က ထုံးစံအတိုင်း မိတ်...
25/08/2026

မိသင်္ဂဟ တွေ့ဆုံဆွေးနွေးခြင်းအစီအစဉ် - ၄
(Friendship Time Program - 4)
————————————————————-

ဒီအစီအစဉ်က ထုံးစံအတိုင်း မိတ်ဆွေဟောင်းတွေနဲ့ အခမဲ့ဆွေးနွေးပေးတဲ့အစီအစဉ်ဖြစ်ပါတယ်။

ကျွန်တော့်ဆီ မေးနေကျမိတ်ဆွေတွေထဲမှာ တစ်ချို့က ပွင့်ပွင့်လင်းလင်းဆွေးနွေးတိုင်ပင်တာ ၊ ရင်ဖွင့်တာ တွေက်ု လွှတ်လွှတ်လပ်လပ် ပြောဆိုလိုကြတယ်။

သာမာန်အားဖြင့် အလုပ်များနေတဲ့အချိန်တွေဆိုရင် အချိန်မပေးဖြစ်တာတွေရှိတတ်တဲ့အတွက် ဒီအစီအစဉ်ကို Page စတည်ထောင်ခဲ့တဲ့ လွန်ခဲ့တဲ့ ၆ နှစ်ကတည်းက အခါအားလျှော်စွာစီစဉ်ပေးဖြစ်ခဲ့တာ အခုဆိုရင် အမှတ်စဉ် ၄ ကိုရောက်လာပါပြီ။

ဒီအတွက် ပါဝင်လိုသူက ကျွန်တော့်ထံ အနည်းဆုံးတစ်ကြိမ် မေးဖူးသူဖြစ်ရပါ့မယ်။ မေးဖူးကြောင်း အထောက်အထားတော့ ပြောပြဖို့လိုတာပေါ့။

ပါဝင်သူတွေအနေနဲ့ မိမိဇာတာအခမဲ့စစ်ဆေးခွင့်ရကြမှာဖြစ်တယ်။

ယခင်က အချိန်ပေးတာ ရက်နည်းခဲ့ပေမယ့် ယခုအစီအစဉ်မှာတော့ ၁၁ ရက်တိတိ ပေးထားပါတယ်။

၂၆.၈.၂၀၂၆ မှ ၅.၈.၂၀၂၆ ရက်နေ့အထိဖြစ်ပါတယ်။

ယခုပို့စ်ကို မသိသေးတဲ့ မိတ်ဆွေဟောင်းတွေသိရဖို့ ရှယ်ပေးခြင်းဖြင့်လည်း ကူညီနိုင်ပါတယ်။

Viber / Messenger ကနေ ဆက်သွယ်နိုင်ပါတယ်။ အသံဖိုင် သို့မဟုတ် စာနဲ့ ပြောပေးပါ့မယ်။

09897640005
#ဗေဒသုတေသီဆရာမင်းဒဿ

ရာဇာယောဂ သို့မဟုတ် ရာဇာယုဂ်ပိုင်ဆိုင်သော ဇာတာရှင်များ———————————————————————————- ဇာတကစန္ဒြိကာ ဗေဒင်ကျမ်းအရ ရာဇယောဂ (Raj...
25/08/2026

ရာဇာယောဂ သို့မဟုတ် ရာဇာယုဂ်ပိုင်ဆိုင်သော ဇာတာရှင်များ
———————————————————————————-

ဇာတကစန္ဒြိကာ ဗေဒင်ကျမ်းအရ ရာဇယောဂ (Raja Yoga)ဆိုသည်မှာ ဇာတာရှင်အား အလွန်ကြီးကျယ်သော အောင်မြင်မှု၊ ဘုန်းတန်ခိုးနှင့် စည်းစိမ်ဥစ္စာတို့ကို ပေးစွမ်းနိုင်သည့် ထူးခြားသော ဂြိုဟ်အဆက်အသွယ်များကို ခေါ်ဆိုခြင်းဖြစ်သည် ။

ဤကျမ်းတွင် ဖော်ပြထားသော ရာဇယောဂနှင့် ပတ်သက်သည့် အဓိကဟောကွက်များကို အောက်ပါအတိုင်း ရှင်းလင်းဖော်ပြပေးလိုက်ပါသည် -

၁။ အခြေခံ ရာဇယောဂ ဖြစ်ပေါ်ပုံ

ရာဇယောဂ ဖြစ်ပေါ်ရန်အတွက် အဓိကအချက်မှာ ကေန္ဒြအိမ်ရှင်များ နှင့် တြိကောဏအိမ်ရှင်များ အပြန်အလှန် ဆက်သွယ်မှုရှိရန် ဖြစ်သည် ။

ကေန္ဒြအိမ်များ: ၁၊ ၄၊ ၇၊ ၁၀ တန့် အိမ်ရှင်များ ။

တြိကောဏအိမ်များ: ၁၊ ၅၊ ၉ တန့် အိမ်ရှင်များ

ဤအိမ်ရှင်နှစ်မျိုး ပူးယှဉ်မိခြင်း (သို့မဟုတ်) အပြန်အလှန် မြင်ခြင်းရှိပါက ဇာတာရှင်အတွက် အလွန်အစွမ်းကြီးသော ရာဇယောဂကို ဖြစ်ပေါ်စေပါသည် ။

၂။ အထူးထင်ရှားသော ရာဇယောဂ (၉ တန့်နှင့် ၁၀ တန့် ဆက်သွယ်မှု)**
ကျမ်းပြုဆရာက ၉ တန့် (ဘာဂျဘာဝ - ကံတရား)အိမ်ရှင်နှင့် ၁၀ တန့် (ကမ္မဘာဝ - အလုပ်အကိုင်)အိမ်ရှင်တို့၏ ဆက်သွယ်မှုကို အထူးအလေးပေး ဖော်ပြထားသည် ။

၉ တန့်အိမ်ရှင်နှင့် ၁၀ တန့်အိမ်ရှင်တို့သည် တစ်အိမ်တည်းတွင် အတူတူ ပူးယှဉ် (Conjunction)နေလျှင်သော်လည်းကောင်း ၊

တစ်ဦးအိမ်တွင် တစ်ဦး လဲလှယ်၍ အိမ်ချင်းလဲ (Exchange of signs)တည်ရှိနေလျှင်သော်လည်းကောင်း၊

အပြန်အလှန် အမြင် (Aspect)ရှိနေလျှင်သော်လည်းကောင်း ရာဇယောဂ ဖြစ်ပေါ်ပြီး ကြီးကျယ်သော ဘုန်းကံကို ရရှိစေသည် ။

၃။ ဂြိုဟ်တို့၏ သဘာဝထက် အိမ်ရှင်စနစ်က ပိုအရေးကြီးပုံ

ဤကျမ်း၏ ထူးခြားချက်မှာ ဂြိုဟ်တစ်ခုသည် ၎င်း၏ သဘာဝအရ ဆိုးသောဂြိုဟ် (ပါပဂြိုဟ်) ဖြစ်နေစေကာမူ ရာဇယောဂ ဖြစ်စေသော အိမ်ရှင်များ ဖြစ်လာပါက ကောင်းကျိုးကိုသာ ပေးတတ်သည်ဟု ဆိုခြင်းဖြစ်သည် ။ ဥပမာအားဖြင့် အင်္ဂါ (သို့မဟုတ်) စနေဂြိုဟ်သည် ၉ တန့်နှင့် ၁၀ တန့် အိမ်ရှင်များ ဖြစ်နေပါက ၎င်းတို့ ဆက်သွယ်မိသောအခါ ရာဇယောဂအကျိုးကို အပြည့်အဝ ပေးနိုင်ပါသည် ။

၄။ ရာဇယောဂ ပျက်ပြားနိုင်သော အခြေအနေများ

ရာဇယောဂ ဖြစ်ပေါ်နေသော်လည်း အောက်ပါအချက်များရှိပါက အကျိုးပေး အပြည့်အဝ မရနိုင်ကြောင်း သတိပေးထားသည် -

အကယ်၍ ထိုရာဇယောဂ ဖြစ်စေသော ဂြိုဟ်များသည် အခြားသော အဆိုးပေး အိမ်ရှင်များ (ဥပမာ- ၈ တန့်၊ ၁၁ တန့်အိမ်ရှင်)** နှင့် သွားရောက် ပူးယှဉ်မိပါက ရာဇယောဂ၏ အစွမ်းသတ္တိများ လျော့ပါး ပျက်ပြားသွားနိုင်သည်။

ဂြိုဟ်တို့၏ အားနည်းမှု (နိစ္စဖြစ်ခြင်း၊ ရန်အိမ်ရောက်ခြင်း) တို့ရှိပါကလည်း အကျိုးပေး နှောင့်နှေးတတ်သည် ။

၅။ လက်တွေ့ဟောကွက် နမူနာ
ကျမ်းတွင် နမူနာပြထားသော ရာဇယောဂဇာတာတစ်ခုတွင်

- ၁ တန့် (ကေန္ဒြ/တြိကောဏ) နှင့် ၉ တန့် (တြိကောဏ) အိမ်ရှင်များ ဆက်သွယ်ခြင်း၊
- ထိုဂြိုဟ်တို့သည် ကောင်းသော ဘာဝများတွင် ရပ်တည်ခြင်းတို့ကြောင့် ဇာတာရှင်သည် ဘုရင်ကဲ့သို့သော စည်းစိမ်နှင့် အာဏာကို ရရှိနိုင်ကြောင်း တွက်ချက်ပြထားပါသည် ။

အချုပ်အားဖြင့်ဆိုရသော် ရာဇယောဂဟောကွက်များသည် ကံ (၉ တန့်)နှင့် ကံ၏ အကျိုးအလုပ် (၁၀ တန့်)တို့ ပေါင်းစပ်မိခြင်းအပေါ် အခြေခံပြီး ဇာတာရှင်၏ ဘဝတွင် အမြင့်ဆုံးသော အခြေအနေသို့ ရောက်ရှိစေမည့် နိမိတ်ပုံများပင် ဖြစ်ပါသည် ။

#ဗေဒသုတေသီဆရာမင်းဒဿ

09897640005
(မှီငြမ်း - ဇာတာက စန္ဒြိကာ ကျမ်းမှ -)

#ဗေဒင် #အချစ်ရေး #အိမ်ထောင်ရေး #ဇာတာဖူးစာ #သုံးပွင့်ဆိုင် # ယတြာ

24/08/2026

၇ ရက်ပဲ ကျန်ပါတော့တယ် ☺️

ဝါကျွတ်ရင် ယူဖို့ တစ်ချို့က မင်္ဂလာရက် ဆွမ်းကျွေးရက်တွေ ရွေးနေကြပြီ။တစ်ချို့ကျတော့လည်း 🤭 မျော်နေသူကြီးတွေပေါ့လေ 🤨
23/08/2026

ဝါကျွတ်ရင် ယူဖို့ တစ်ချို့က မင်္ဂလာရက် ဆွမ်းကျွေးရက်တွေ ရွေးနေကြပြီ။

တစ်ချို့ကျတော့လည်း 🤭 မျော်နေသူကြီးတွေပေါ့လေ 🤨

22/08/2026

ဝန်ထမ်းဘဝနဲ့ ဖြတ်သန်းရမှာလား
လုပ်ငန်းရှင်ဖြစ်မှာလား

ဗေဒသုတေသီဆရာမင်းဒဿ
09897640005

ကောင်လေးက ပြတ်မယ် တကဲကဲလုပ်လို့ ၊ အပြီးပြတ်ဖို့အထိ ဆုံးဖြတ်ထားတဲ့အတွက် ကောင်မလေးက အစီအမံအပ်ခဲ့တယ်။ အစီအမံစီမံပြီး ၂ လအကြ...
20/08/2026

ကောင်လေးက ပြတ်မယ် တကဲကဲလုပ်လို့ ၊ အပြီးပြတ်ဖို့အထိ ဆုံးဖြတ်ထားတဲ့အတွက် ကောင်မလေးက အစီအမံအပ်ခဲ့တယ်။ အစီအမံစီမံပြီး ၂ လအကြာမှာတော့ အေးဆေးဖြစ်သွားပြီ။ ပုံမှန်အတိုင်းဖြစ်သွားပြီ။ ☺️ ယူဖို့ပဲ လိုနေ။ သတင်းကျွတ်ရင်တော့ ယူလို့ရပါပြီ။ 🤨 ပလန်ဆွဲလိုက်တော့ ။

18/08/2026

ဇာတာဖူးစာ အိမ်ထောင်ရေး ၅၀ % သက်သာခွင့်

ဗေဒသုတေသီဆရာမင်းဒဿ
09897640005

အင်း ဆွဲရတာ လွယ်တာမှတ်လို့။အခုခေတ်တော့ ဘလော့တုံးတွေ ရိုက်ပြီး ၊ မိတ္တူတွေဆွဲပြီး စီမံကြတာများတယ်။အရင်ခေတ်ကတော့ ပေတံ ၊ စု...
16/08/2026

အင်း ဆွဲရတာ လွယ်တာမှတ်လို့။

အခုခေတ်တော့ ဘလော့တုံးတွေ ရိုက်ပြီး ၊ မိတ္တူတွေဆွဲပြီး စီမံကြတာများတယ်။

အရင်ခေတ်ကတော့ ပေတံ ၊ စုတ်သွား ၊ ဖောင်တိန် ၊ ခဲတံတွေနဲ့ မှိုင်းခံစက္ကူပေါ်မှာ ရေးဆွဲကြရတယ်။

တကွက်မှ အမှားမခံတဲ့အတွက် ရေးကြတဲ့အခါ ဂရုစိုက်ရေးကြရတယ်။

ပြီးမှ သိဒ္ဓိတင် ဂါထာရွတ် ။ အဆင့်ဆင့်လုပ်ဆောင်ရတဲ့အင်းတွေ စမတွေပါပဲ။ ထိရောက်မူရှိကြတယ်။ မိမိလိုရာအတွက် မူတည်ပြီး အင်းစမတွေကို စီမံကြတယ်။

Address

Mandalay

Alerts

Be the first to know and let us send you an email when ဗေဒသုတေသီ ဆရာမင်းဒဿ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share