MrHmue

MrHmue Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MrHmue, Mandalay.

25/03/2026

𝐌𝐫𝐇𝐦𝐮𝐞'𝐬 𝐌𝐢𝐧𝐞𝐜𝐫𝐚𝐟𝐭 𝐜𝐫𝐞𝐚𝐭𝐢𝐨𝐧.

20/03/2026

𝐓𝐡𝐞 𝐟𝐢𝐫𝐬𝐭 𝐝𝐚𝐲 𝐈 𝐬𝐭𝐚𝐫𝐭𝐞𝐝 𝐩𝐥𝐚𝐲𝐢𝐧𝐠 𝐌𝐢𝐧𝐞𝐜𝐫𝐚𝐟𝐭.

#𝐌𝐢𝐧𝐞𝐜𝐫𝐚𝐟𝐭

18/03/2026

Happy Driving

17/03/2026

I'm playing a game happily Roblox Be A Hole


15/03/2026

He got pizza.

15/03/2026

The game has been lost🤣🤣🤣

အသက်အာမခံကသေမှ ရတယ် လို့ပဲ သိထားတာလား။ဒီအယူအဆ မှားတယ်လို့ မဆိုပေမယ့်အပြည့်အစုံ မှန်ကန်တာတော့ မဟုတ်ပါဘူး။အသက်အာမခံက မသေလည...
18/02/2023

အသက်အာမခံက
သေမှ ရတယ် လို့ပဲ သိထားတာလား။

ဒီအယူအဆ မှားတယ်လို့ မဆိုပေမယ့်
အပြည့်အစုံ မှန်ကန်တာတော့ မဟုတ်ပါဘူး။

အသက်အာမခံက မသေလည်း ရပါတယ်။
Product အမျိုးအစားနဲ့ အခြေအနေအရပ်ပေါ် မူတည်ပြီး ...
- မကျန်းမာလို့ ဆေးရုံတက်ကုသစရိတ် ပြန်ရတာရှိတယ်။
- မတော်တဆမှုတွေကြောင့် ဆေးကုသစရိတ်တွေ ပြန်ရတာရှိတယ်။
- ခရီးသွားနေစဥ် Accident ကြုံမိလို့ ဆေးကုသစရိတ်တွေ ပြန်ရတာရှိတယ်။
- သက်တမ်းပြည့်သွားရင် သွင်းခဲ့တဲ့ငွေအပြင် အမြတ်ပါ ထပ်ဆောင်းပြီး ပြန်ရတာရှိတယ်။ (ငွေစုခြင်းမျိုး)

ဆိုတော့ မိမိက ဘယ်လို အကာအကွယ် ခံစားခွင့်မျိုးကို လိုအပ်တာလဲ။ ရွေးချယ်ဖို့ အရေးကြီးပါတယ်။

အသက်အာမခံ Product အားလုံးကတော့ သေရင် ရတာချည်းပါပဲ။ သေရင် ရတယ်ဆိုတာ ကံအဆိုးဆုံးကြုံတွေ့ခဲ့ရင် အမြင့်ဆုံးရရှိမယ့် ခံစားခွင့်ကို ဆိုလိုတာပါ။ ဘယ်သူမှ သေခြင်းနဲ့စောစီးစွာ မကြုံချင်သလို ဘယ်သူမှလည်း ဘယ်ချိန်သေမလဲ မသိပါဘူး။

တစ်ချို့က သေမှ ရတဲ့အချက်ကို ဘဝင်မကျပါဘူး။ ဒါက သူကိုယ်တိုင်ခံစားခွင့် မရှိလို့ပါ။

မေးစရာ ပေါ်လာပါတယ်။
သေရင် ဘယ်သူရမှာလဲ။
ကိုယ်ချစ်ရတဲ့သူ တစ်ဦးဦးပေါ့။
ကိုယ့်မိဘ
ကိုယ့်ဇနီး/ခင်ပွန်း
ကိုယ့်သားသမီး စသဖြင့်ပေါ့။ သူတို့ ရမှာပေါ့။
ဒါဆို ကိုယ်သေရင် သူတို့ ရရှိခံစားခွင့်ရှိမှာကို ဘာကြောင့် မလိုလားသလဲ။
ကိုယ်အသက်ရှင်နေစဉ် ရှာဖွေလုပ်ကိုင်နေရတာကရော ဘယ်သူတွေအတွက်လဲ။ သူတို့အတွက်ပါပဲ။

ဆိုတော့ အသက်အာမခံ က
သေရင် ချစ်ရတဲ့သူတို့အတွက်။

မသေရင် ကိုယ့်အတွက်ရော/သူတို့အတွက်ရော။
ဘာတွေရမလဲ။
အထက်ကပြောခဲ့တဲ့အချက်တွေပေါ့။

- မကျန်းမာလို့ ဆေးရုံတက်ကုသစရိတ်အတွက်လား။
- မတော်တဆမှုတွေကြောင့် ဆေးကုသစရိတ် အတွက်လား။
- ခရီးသွားနေစဥ် Accident ကြုံမိလို့ ဆေးကုသစရိတ်တွေ အတွက်လား။
- သက်တမ်းပြည့်သွားရင် သွင်းခဲ့တဲ့ငွေအပြင် အမြတ်ပါဆောင်းပြီး ပြန်ရတာမျိုးလား။
(ငွေစုခြင်းမျိုး)

ကိုယ့်မိသားစုအတွက် အကာအကွယ်ဖြစ်ချင်တာနဲ့ ကြည့်ပြီး ရွေးချယ်ရမှာပါ။ ကိုယ့်အသက်နဲ့ အရင်းပြုပြီး မိသားစုအနာဂတ်ကို အကာအကွယ် ပြုထားတာပါ။ ချစ်ခြင်းမေတ္တာပါ ပါတဲ့ ဆောင်ရွက်မှုပါ။ ထားတဲ့သူအတွက် ပီတိလည်း ဖြစ်ရပါတယ်။

အိမ်ထောင်ဦးစီးတစ်ယောက်ဟာ မိသားစုရဲ့ Income Generator ငွေထုတ်စက်တစ်လုံး ဖြစ်ပါတယ်။ ထိုငွေထုတ်စက်သာ မမျှော်လင့်ဘဲ ရပ်တန့်သွားမယ်ဆိုရင်တောင် မိသားစုအခက်အခဲမရှိ ရပ်တည်နိုင်ဖို့ အတွက် အနည်းဆုံး ဝင်ငွေ ၃ နှစ်ကနေ ၅ နှစ်စာ ပမာဏတစ်ခု ကြိုတင်စီမံထားနိုင်ဖို့ အသက်အာမခံထားရှိထားဖို့ လိုပါတယ်။

ကိုယ်မျက်ကွယ်ပြုခဲ့ရင် ကိုယ့်မိသားစုအတွက်၊ ဇနီး/ခင်ပွန်းအတွက်၊ သားသမီးပညာရေးအနာဂတ်အတွက် အခက်အခဲမရှိ ငွေကြေးဖူဖူလုံလုံ မြောက်မြားစွာ ချန်ထားခဲ့နိုင်ပြီဆိုရင်တော့ အသက်အာမခံထားဖို့လည်း မလိုအပ်ပါ။

ဘဝမှာ ရှောင်လွှဲမရတဲ့ ကိစ္စရပ်တွေ ကြုံတွေ့ခဲ့မယ်ဆို အရင်ဆုံး စိတ်ပူမိတာ မိမိရဲ့ မိသားစုကိုပါ။

အထူးသဖြင့် မိမိကို မှီခိုနေရလေ စိုးရိမ်ပူပန်မှုတွေ များလေပါပဲ။

ဒါတွေကို လျော့ကျဖို့ အတွက်ဆို မှန်ကန်စိတ်ချရတဲ့
အသက်အာမခံဝယ်ယူထားခြင်းက အထောက်အကူကောင်းစွာ ရစေပါတယ်။

မတော်တဆထိခိုက်မှု/ ကျန်းမာရေးကိစ္စရပ်တွေကြောင့် ဆုံးရှုံးသွားတဲ့ငွေကြေးတွေအတွက် ကိုယ့်ရဲ့ အာမခံ အရင်းအနှီးကနေ ပြန်လည်အထောက်အကူ ရစေတယ်။

ရှောင်လွှဲမရတဲ့အရာတွေကြောင့် လူ့လောကကနေ မိမိအရင်နှုတ်ဆက်ရချိန်မှာ မိသားစုတွေ ကြုံတွေ့မယ့် စားဝတ်နေရေး၊ ငွေကြေးအခက်အခဲ၊ ကလေးကျောင်းစားရိတ် စသည့် ဘဏ္ဍာရေးလုံခြုံမှုကို ကိုယ့်ရဲ့ အာမခံ အရင်းအနှီးကနေ အကာအကွယ်ပေးထားတယ်။

တကယ်တော့ အသက်အာမခံဆိုတာ ကိုယ်ကျန်းမာနေစဉ် အလုပ်လုပ်ကိုင် ဝင်ငွေရှာဖွေနိုင်စဉ် ကာလမှာ ဝယ်ယူထားသင့်တဲ့ အာမခံမျိုး ဖြစ်ပါတယ်။ မျှော်လင့်မထားတဲ့ အခြေအနေများနဲ့ ကြုံတွေ့လာရတဲ့အခါမှာ ကျန်ရစ်သူ ဇနီး/ခင်ပွန်း၊ သားသမီး၊ မိဘ တို့အတွက် ငွေကြေးအရ ကာကွယ်ထောက်ပံ့မှု ရှိနေပါတယ်။ ကိုယ့်ဇနီး/ခင်ပွန်း ကြုံတွေ့လာနိုင်တဲ့ အခက်အခဲ၊ သားသမီးတွေရဲ့ ပညာရေးရည်မှန်းချက်၊ ချစ်ရသူတွေရဲ့ အနာဂတ်ကို ငွေကြေးအရ ထောက်ပံ့ကာကွယ်ပေးထားနိုင်တဲ့ ငွေကြေးရင်းနှီးမြှုပ်နှံမှု အစီအစဉ်တစ်ခုလည်း ဖြစ်ပါတယ်။

🍀  Life Insurance ဆိုတာမိမိရဲ့ဝင်ငွေကို Channel တစ်ခုခွဲထားပြီးစည်းကမ်းရှိစွာငွေစုထားခြင်းနဲ့အကာအကွယ်ယူထားခြင်းဆိုတဲ့အနှ...
06/02/2023

🍀 Life Insurance ဆိုတာမိမိရဲ့ဝင်ငွေကို Channel တစ်ခုခွဲထားပြီးစည်းကမ်းရှိစွာငွေစုထားခြင်းနဲ့အကာအကွယ်ယူထားခြင်းဆိုတဲ့အနှစ်သာရကိုသာ အပြုသဘောဆောင်တဲ့Account တစ်မျိုးပါ.

☘️ အဲ့ဒါကြောင့် Insurance Saving သပ်သပ်ထားပြီးကာကွယ်ထားရင်တော့ Emergency Cash လိုတဲ့အခါ ချက်ချင်း cover ရရှိမှာဖြစ်ပါတယ်.

☘️ 🌟🍀မိတ်ဆွေတို့အနေနဲ့ .....
တစ်ရက်ချင်းဆီမှာအကောင်းဆုံးနေထိုင်ရင်းအချိန်မနှောင်းခင်မှာ လုပ်သင့်လုပ်ထိုက်တာတေကိုစည်းကမ်းတကျ လုပ်ထားခဲ့မယ်ဆိုရင် ကိုယ့်ရဲ့အနာဂတ်ဟာ သေချာပေါက်စိတ်ချမ်းမြေ့စွာ လှပနေနိုင်မှာပဲဖြစ်ပါတယ်.

🍀အဲ့ဒါကြောင့်မိတ်ဆွေတို့ရဲ့မိသားစုနဲ့သားသမီးတွေအတွက် အရေးကြီးတဲ့ FINANCIAL COVER တွေကို မဆုံးရှုံးစေချင်ပါ.

မိတ်ဆွေတို့အနေနဲ့ အသေးစိတ်ဆွေးနွေးတိုင်ပင်လိုပါက-

မှလည်းမေးမြန်ဆွေးနွေးလို့ရပါတယ်ရှင့်။



လူတိုင်း ကျန်းမာတဲ့အခါ ရှိသလို မကျန်းမာတဲ့အခါလည်း ရှိတယ်။ ကျန်းမာနေတဲ့ အချိန် လူတွေက ပျော်ရွှင်နေတော့ ဘာပဲလုပ်လုပ် အဆင်ပ...
30/01/2023

လူတိုင်း ကျန်းမာတဲ့အခါ ရှိသလို မကျန်းမာတဲ့အခါလည်း ရှိတယ်။ ကျန်းမာနေတဲ့ အချိန် လူတွေက ပျော်ရွှင်နေတော့ ဘာပဲလုပ်လုပ် အဆင်ပြေကြတယ်။ အဆင်ပြေနေပြီ ဆိုရင် ပျော်စရာတွေ လွှမ်းမိုးနေတာမို့ အားကိုးရာ သိပ်မရှာကြသလို ကျန်းမာရေးစရိတ် ကိုလည်း ပေါ့ပေါ့ပါးပါးပဲ တွေးကြတယ်။

မကျန်းမမာ ဖြစ်လာပြီဆိုရင်တော့ ကျန်းမာရေးစရိတ်အတွက် ပူပန်လာကြတယ်။ အားကိုး ရှာလာကြတယ်။ နောက်ပိုင်းမှာ မိသားစုအရေး ကိုယ့်ပေါ် အားထားနေရတဲ့ အခြေအနေဆိုရင် သောကပိုလာတယ်။ စိတ်ဓာတ်ကျလာတယ်။ ကိုယ်ရော သူရော အတူတူပါပဲ။

ပြီးခဲ့တဲ့ တစ်နှစ်ကျော်က ကျန်းမာရေးအာမခံ အကြောင်း မိတ်ဆွေ တစ်ယောက်ကို လေ့လာခိုင်းတော့ ...
- အကျိုးခံစားခွင့်က သူ့အတွက် မပြောပလောက်ပါဘူး
- အနည်းငယ်သာ ကျမယ့် ပရီမီယံကြေးပမာဏကိုလည်း မသွင်းချင်ဘူး နှမျောလို့ ဆိုပြီး ငြင်းပယ်ခဲ့တယ်။

ခုတော့ ကျန်းမာရေးအာမခံ အကျိုးခံစားခွင့်က မပြောပလောက်ပါဘူးဆိုပြီး ငြင်းပယ်ခဲ့တဲ့ သူကိုယ်တိုင်ပဲ ...
ကျန်းမာရေးကိစ္စ ကြုံလာတော့
ကျန်းမာရေးအာမခံ ထားဖို့ မေးလာတယ်
အကျိုးခံစားခွင့်ကို စိတ်ဝင်စားလာတယ်
သုံးရမယ့် ပရီမီယံကြေးကိုလည်း မနှမျောနိုင်တော့ဘူး။

စိတ်မကောင်းစွာနဲ့ပဲ အကျိုးအကြောင်းရှင်းပြပြီး ငြင်းပယ်ခဲ့
တယ်။
အာမခံ ဆိုတာ ကျန်းမာနေတဲ့ချိန်မှာကတည်းက ထားလို့ရတာ၊ ထားရမှာပါ။ ရောဂါခံစားလာချိန်မှ ထားလို့ မရတော့ပါဘူး။
ဖြစ်မယ် မဖြစ်ဘူး မသေချာတဲ့ အခြေအနေမှာ ... ကြိုတင်စီမံထားရတဲ့ သဘောပါ။ (အနာဂတ်မှာ ဖြစ်လာခဲ့ရင် အခက်အခဲ မဖြစ်ရအောင် ပြင်ဆင်ထားခြင်းပါ)

ခု မိတ်ဆွေ (ငွေကြေးတက်နိုင်တဲ့သူတောင်) တကယ်ဖြစ်လာတော့ ကိုယ့်အိတ်ထဲက ငွေကြေး ထုတ်သုံးရမှာ နှမျောတယ်၊ အာမခံလျော်ကြေးကို မျှော်မှန်း အားကိုးလာတယ်။ ဒါပေမယ့် အချိန်နှောင်းခဲ့ပါတယ်။

ဆိုတော့ ကျနော်တို့လို သာမာန် လူတန်းစားအတွက် အာမခံ အကာအကွယ်က ပိုလို့တောင် လိုအပ်ပါတယ်။ ကျန်းမာရေးကုန်ကျစရိတ်ဆိုတာ ဈေးဆစ်လို့မရပါဘူး။ မရှိလည်း ပေါင်နှံရောင်းချ ကုသကြတာပဲ။ ကျန်းမာမှ ဝင်ငွေပြန်ရှာနိုင်မှာကိုး။

သွင်းရတဲ့ ပရီမီယံက ကိုယ်တက်နိုင်တဲ့ ပမာဏကို ရွေးချယ်လို့ ရလို့ လက်လှမ်းမီတဲ့ အခြေအနေမျိုးပါ။
တချို့ ကျန်းမာရေးအာမခံအမျိုးအစားဆို ဖြစ်ရင်လည်း အကျိုးခံစားခွင့်ရတယ် ... ဘာမှ မဖြစ်ရင်လည်း သွင်းထားတဲ့ ငွေ အတိုင်းအတာတစ်ခုထိ ပြန်ရလို့ ငွေစုထားသလိုတောင် ဖြစ်ပါတယ်။

အာမခံစနစ်ဆိုတာ ...
ချမ်းသာအောင် မလုပ်ပေးနိုင်ပေမယ့် လက်ရှိထက် မနိမ့်ပါးသွားအောင် မိသားစု ရည်မှန်းချက်တွေ မပျက်စီးအောင် ကာကွယ်ပေးနိုင်ပါတယ်။

Insurance service

Financial Planner တစ်ယောက်အဖြစ်ရပ်တည်ဖို့ စိတ်ဝင်စားတဲ့ အမျိုးသမီးများကို ကျွန်တော်တို့ Dai-ichi Life Insurance Myanmar ...
13/11/2022

Financial Planner တစ်ယောက်အဖြစ်ရပ်တည်ဖို့ စိတ်ဝင်စားတဲ့ အမျိုးသမီးများကို ကျွန်တော်တို့ Dai-ichi Life Insurance Myanmar မှ လက်တွဲလုပ်ကိုင်ဖို့ ဖိတ်ခေါ်ပါရစေခင်ဗျာ။
သင်ဟာ -
✔️လက်ရှိကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်လျက်ရှိပြီး အပိုဝင်ငွေထပ်ဆောင်းရလိုသူ
✔️အိမ်ရှင်မတစ်ယောက်အဖြစ်ရပ်တည်ရင်း မိမိအားလပ်ချိန်တွင် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရှာလိုသူ
✔️မြင့်မားသောကုန်ကျစရိတ်များကြောင့် ဝင်ငွေကို တိုးပွားလိုသူ

အထက်ဖော်ပြပါအချက်များမှ တစ်ချက်ချက်ဖြင့် ကိုက်ညီတဲ့သူ တစ်ဦး ဆိုရင်တော့ Financial Planner တစ်ယောက်အဖြစ်လုပ်ကိုင်ဖို့ အသင့်တော်ဆုံးပဲဖြစ်ပါတယ်။

သင့်အတွက်အနာဂတ်ငွေကြေးအလားအလာကောင်းမွန်စေမယ့် Financial Planner တစ်ယောက်အဖြစ်ရပ်တည်လိုပါက အခုပဲ ယခုလင့် https://bit.ly/3h4MZ9L တွင် စာရင်းပေးသွင်းလိုက်ပါ။

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when MrHmue posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share