SUN SHINE Scaffolding Rental And Trading

SUN SHINE Scaffolding Rental And Trading လွယ်ကူလျှင်မြန် သက်သာဖို့
ဆန်းရှို?

27/11/2023
🙏ယနေ့သည် ဗုဒ္ဓဘာသာဝင်တို့ရဲ့  နေ့ထူးနေ့မြတ်ဖြစ်တဲ့       ဝါဆိုလပြည့်နေ့  "ဓမ္မစကြာ အခါတော်နေ့" ဖြစ်ပါတယ် 🙏 🙏ယခုလို ထူးခြ...
01/08/2023

🙏ယနေ့သည် ဗုဒ္ဓဘာသာဝင်တို့ရဲ့
နေ့ထူးနေ့မြတ်ဖြစ်တဲ့
ဝါဆိုလပြည့်နေ့
"ဓမ္မစကြာ အခါတော်နေ့" ဖြစ်ပါတယ် 🙏

🙏ယခုလို ထူးခြားလှတဲ့ မင်္ဂလာနေ့မြတ်မှာ ကုသိုလ်ကောင်းမှုများ ပြုလုပ်ပြီး သီလဆောက်တည်ကာ တရားဘာဝနာများ ပွားများအားထုတ် နိုင်ကြပါစေကြောင်း ဆုတောင်း မေတ္တာများ ပို့သလိုက်ရပါတယ်🙏🙏🙏

SUN SHINE Scaffolding Rental And Trading

🙏နှစ်သစ်မင်္ဂလာဆုတောင်း🙏🙏နှစ်သစ်ကူး    အခါသမယမှာ     ကောင်းမြတ်သော     မင်္ဂလာအပေါင်းနှင့်     ပြည့်စုံကြပါစေ...🙏ကျန်းမာ...
17/04/2023

🙏နှစ်သစ်မင်္ဂလာဆုတောင်း🙏

🙏နှစ်သစ်ကူး
အခါသမယမှာ
ကောင်းမြတ်သော
မင်္ဂလာအပေါင်းနှင့်
ပြည့်စုံကြပါစေ...

🙏ကျန်းမာချမ်းသာကြပြီး
စီးပွားဥစ္စာများလည်း
တိုးတက်အောင်မြင်ကြပါစေကြောင်း

🙏 Sunshine သံငြမ်းဆိုင်
မှ ဆုမွန်ကောင်းများ
တောင်းအပ်ပါတယ်..

Sunshine သံငြမ်းဆိုင်

🙏🙏🙏  Happy Diwali...
04/11/2021

🙏🙏🙏
Happy Diwali...

ကာကွယ်ဆေးနဲ့ ပတ်သက်လို့ သိထားသင့်တဲ့ အချက်တွေပါ...ရပ်ကွက်ထဲ COVID ကာကွယ်​ဆေးထိုးဖို့ နှိုး​ဆော်​သံ ကြားလို့ ဒီစာကို ​ရေး...
01/08/2021

ကာကွယ်ဆေးနဲ့ ပတ်သက်လို့ သိထားသင့်တဲ့ အချက်တွေပါ...
ရပ်ကွက်ထဲ COVID ကာကွယ်​ဆေးထိုးဖို့ နှိုး​ဆော်​သံ ကြားလို့ ဒီစာကို ​ရေးလိုက်ပါတယ်၊ ကိုယ် ထိုးရမယ့်​ဆေးရဲ့ ​ကောင်းကျိုးဆိုးကျိုး၊ ထိုးသင့်မသင့် ဗဟုသတ ရှိထားဖို့ပါ

💉 ဘယ်သူ​တွေ ကာကွယ်​ဆေး ထိုးလို့ရလဲ?
▪︎အသက် ၁၈နှစ်​အထက် ဖြစ်ရပါမယ်
▪︎Pfizer တံဆိပ်ဆိုရင် အသက် ၁၂နှစ်​ကျော်ရင် ရပါပြီ
▪︎Sinovac နဲ့ Sinopharm တံဆိပ်ဆိုရင်​တော့ ၁၈-၆၀နှစ်အတွင်းပဲ ထိုးသင့်ပါတယ်
▪︎ဆီးချို၊ ​သွေးတိုး၊ ​ကျောက်ကပ်၊ ပန်းနာရင်ကြပ်လိုနာတာရှည်​ရောဂါရှိသူ​တွေလဲ ထိုးလို့ရပါတယ် (​သွေးကျဲ​ဆေး ​သောက်​နေရလဲ ထိုးလို့ရပါတယ်)

💉 ဘယ်သူ​တွေ ကာကွယ်​ဆေး ထိုးလို့မရဘူးလဲ
▪︎ဖျား​နေတဲ့သူ​တွေ
▪︎ကိုယ်ဝန်​ဆောင် အမျိုးသမီးများ (သု​တေသန မလုံ​လောက်​​သေး)
▪︎ကာကွယ်​ဆေးနဲ့မတည့်သူ
▪︎​သွေးမတိတ်​ရောဂါရှိသူ (bleeding disorders)
▪︎HIV သမား CD4 ၂၀၀ ​အောက် ကျ​နေတဲ့အခါ
▪︎အခြားကာကွယ်​ဆေးတစ်မျိုးမျိုး ထိုးထားတာ ၂ပတ် မပြည့်​သေးတဲ့အခါ

💉 COVID ဖြစ်ပြီးရင် ကာကွယ်​ဆေးထိုးဖို့ လို​သေးလား
▪︎COVID ဖြစ်ပြီးရင် ခန္ဓာကိုယ်တွင်းက Antibody ထွက်ပါတယ်၊ ၆-၈လအထိ ခံတာမို့ ပုံမှန်​တော့ ထိုးဖို့ ညွှန်း​လေ့မရှိပါ
▪︎လူတစ်​ယောက်နဲ့တစ်​ယောက် Antibody ထွက်တဲ့ပမာဏချင်း မတူနိုင်တာမို့ စိတ်မချလို့ ထပ်ထိုးချင်လဲ ရပါတယ်

💉​ကာကွယ်ဆေးထိုးပြီးရင် COVID ပြန်ဖြစ်နိုင်လား
▪︎ပြန်ဖြစ်နိုင်ပါတယ်၊ ကာကွယ်​ဆေးက ၁၀၀% အပြည့်မကာကွယ်ပါဘူး၊ ​အတိုင်းအတာ တစ်ခုအထိ ရောဂါမပြင်းထန်​အောင် ကူညီတာပါ၊
▪︎ဒါ​ကြောင့် Maskတပ်, လက်​ဆေး, ၆​ပေခွာ​နေ ဆက်ကျင့်ကြံရပါမယ်

💉 ကာကွယ်​ဆေး မထိုးခင် ဘာ​တွေပြင်ဆင်မလဲ
▪︎ကိုယ် ထိုးရမယ့် ကာကွယ်​ဆေးအ​ကြောင်း ​လေ့လာပါ
▪︎နဂို ​သောက်လက်စ ​ဆေး​တွေရှိရင် ဆက်​သောက်ပါ
▪︎အိပ်​ရေးဝဝအိပ်ပါ၊ ​ရေများများ​သောက်ပါ
▪︎ဖြစ်နိုင်ရင် ​ကော်ဖီ, အရက် တစ်ရက် ကြို​ရှောင်ပါ

💉 ကာကွယ်​ဆေးထိုးပြီး ဘာ​တွေ သတိထားမလဲ
▪︎ထိုးပြီးပြီးချင်း နာရီဝက် ငြိမ်ငြိမ်​နေပါ၊ ဓါတ်မတည့်မှု ရှိမရှိ ​စောင့်ကြည့်ပါ
▪︎နာကျင်ကိုက်ခဲလျှင် ပါရာစီတ​မော ​သောက်လို့ရပါတယ်
▪︎၂ပတ်အတွင်း အခြားကာကွယ်​ဆေး မထိုးသင့်ပါ

💉​ ​ဆေးရဲ့ ​ဘေးထွက်ဆိုးကျိုး​တွေ ခံစားရတာက ​ဆေး​အောင်တာလား
▪︎မဆိုင်ပါဘူး

💉 ​ကာကွယ်ဆေးထိုးပြီးရင် Antigen ထွက်တာလား, Antibody ထွက်တာလား
▪︎Antibody ထွက်တာပါ
▪︎Antigen ထွက်​နေတယ်ဆို အဲဒါ COVID ဖြစ်​နေတာပါ၊ ​ဆေး​အောင်တာ မဟုတ်ပါဘူး

💉 ကာကွယ်​ဆေးထိုးပြီးရင် ဘယ်အချိန် Antibody စ,ထွက်လဲ? ဘယ်​လောက်ခံလဲ?
▪︎​ဆေးထိုးပြီး ၂ပတ်​လောက်ဆို Antibody စ,ထွက်ပါပြီ၊ ​
▪︎ဆေး ၂ကြိမ် အပြည့်ထိုးထားရင် ၆လအထိ ခံ​လေ့ရှိပါတယ်

💉 ပထမတစ်ကြိမ်မှာ တံဆိပ်တစ်မျိုး ထိုးပြီး ​နောက်တစ်ကြိမ် အခြားတံဆိပ် ​ပြောင်းထိုးရင်​ကော အာနိသင်ရလား?
▪︎တိကျတဲ့ သုတေသန အ​ဖြေမထွက်​သေးပါဘူး
▪︎ဖြစ်နိုင်ရင် တံဆိပ်တစ်မျိုးတည်းကိုပဲ ၂ကြိမ်အပြည့် ထိုး​စေချင်ပါတယ်

ပြည်သူများ ကပ်​ဘေးမှ အမြန်ဆုံး ​ကျော်လွှားနိုင်ကြပါ​စေ

Dr. NI (​ဒေါက်တာနီနီ)


(P.S - ပုံထဲက %​တွေက စာဖတ်တဲ့ website ​ပေါ် မူတည်ပြီး ကွဲလွဲမှု ရှိနိုင်ပါတယ်)

ငြမ်းပစ္စည်းများကို ငှားပြီး အပြင်မှာ သူခိုးဈေးနဲ့ရောင်းစားသော လူလိမ်သူခိုး 2ယောက်ပါ ဥပဒေအရ အရေးယူသွားမှာပါ အားလုံး လူလိ...
26/07/2021

ငြမ်းပစ္စည်းများကို ငှားပြီး အပြင်မှာ သူခိုးဈေးနဲ့ရောင်းစားသော လူလိမ်သူခိုး 2ယောက်ပါ
ဥပဒေအရ အရေးယူသွားမှာပါ အားလုံး လူလိမ်ကိုသိရအောင်လို့ တင်လိုက်ပါတယ် ကလေးပုံကတော့ သူ့ကလေးပုံပါ

🙏🙏🙏  " မဟာသမယ အခါတော်နေ့ "နယုန်လပြည့်နေ့မှာ မြန်မာပြည်သူပြည်သားအားလုံးသက်ရှည် ကျန်းမာ ဘေးရန်ကွာ ကြပါစေကြောင်း "Sun Shine...
24/06/2021

🙏🙏🙏

" မဟာသမယ အခါတော်နေ့ "

နယုန်လပြည့်နေ့မှာ

မြန်မာပြည်သူပြည်သားအားလုံး

သက်ရှည် ကျန်းမာ ဘေးရန်ကွာ ကြပါစေကြောင်း

"Sun Shine သံငြမ်းဆိုင်" မှ ဆုတောင်းမေတ္တာ

ပို့သအပ်ပါတယ်။

🙏🙏🙏

1.1.2021နေ့✨ HAPPY NEW YEAR                  2021🙏နှစ်ဟောင်းမှ အဆင်မပြေမှုများ    စိတ်ညစ်စရာများကို   ချန်ရစ်ကာထားခဲ့ပြီ...
01/01/2021

1.1.2021နေ့
✨ HAPPY NEW YEAR
2021

🙏နှစ်ဟောင်းမှ အဆင်မပြေမှုများ
စိတ်ညစ်စရာများကို
ချန်ရစ်ကာထားခဲ့ပြီး
🙏နှစ်သစ်မှာ ကျန်းမာကာ
ပျော်ရွှင်စရာများဖြင့်
ပြည့်စုံပြီး စီးပွားဥစ္စာများ
တိုးတက်ကြပါစေကြောင်း SUN SHINE Scaffoldingမှ
🙏နှစ်သစ်ကူး ဆုတောင်း မေတ္တာများ ပို့သအပ်ပါတယ်....

26/09/2020

66လမ်း38*39ကြား စန္ဒကူးသံငြမ်းဆိုင် 26.9.2020မှစ၍ ယာယီပိတ်ထားပါသည်။သံငြမ်း ငှား၊အပ် ၊ဝယ်ခြင်းများအတွက်
68လမ်း သာယာဝတီနှင့်ပျူစောထီးကြား စန္ဒကူးသံငြမ်းဆိုင် 09772007477
62လမ်း သဇင်နှင့်မြဝတီမင်းကြီးလမ်းကြား ဆန်းရှိုင်းသံငြမ်းဆိုင် 09963634750
62လမ်း အေးသုခနှင့်ရတနာလမ်းကြား ဆန်းရှိုင်းသံငြမ်းဆိုင် 09441039227
58လမ်း 109လမ်းနှင့် မနော်ဟရီ 110လမ်းကြား ဆန်းရှိုင်းသံငြမ်းဆိုင် 09696931067။ ဆိုင်များသို့ ငှားရမ်းခြင်း၊ အပ်နှံခြင်း ၊ဝယ်ယူခြင်းများ ပြု့လုပ်နိုင်ပါသည် ။ မိတ်ဆွေများအားလုံး COVID ရန်မှကင်းဝေးပြီး စီးပွားလာဘ်လာဘများတိုးပွားနိုင်ကြပါစေ 🙏🙏🙏🙏🙏

Address

၆၂လမ်း အေးသုခ နှင့် ရတနာကြား စက်မှု (၁)
Mandalay
351988

Telephone

+959972068555

Website

Alerts

Be the first to know and let us send you an email when SUN SHINE Scaffolding Rental And Trading posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share